Home Family ကိုယ်ဝန်ဆောင် ပထမလမှာ စားသုံးရမယ့် အစားအစာနှင့် ရှောင်ရှားရမယ့် အစားအစာများ

ကိုယ်ဝန်ဆောင် ပထမလမှာ စားသုံးရမယ့် အစားအစာနှင့် ရှောင်ရှားရမယ့် အစားအစာများ

0
50

ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေတဲ့ မိခင်လောင်းတွေနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ကိုယ်ဝန် ပထမလအတွင်းမှာ ထည့်သွင်းစားသုံးရမယ့်အစားအစာနဲ့ ရှောင်ရှားရမယ့် အစားအစာတွေကို မျှဝေပေးလိုက်ပါတယ်။

-Advertisement-

အောက်ပါအုပ်စုများထဲက အစားအစာတွေဟာ ကိုယ်ဝန်ဆောင် ပထမလမှာ စားသုံးရမယ့် အစားအစာများဖြစ်ပါတယ်။

ဖောလစ်အက်ဆစ်ကြွယ်ဝတဲ့ အစားအစာ

အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ပဲပင်၊ ထောပတ်သီး၊ ပဲနီလေး၊ လိမ္မော်ဖျော်ရည်၊ ပဲနှင့် စီရီရယ်အစားအစာတွက ဖောလစ်အက်ဆစ်ကြွယ်ဝတဲ့ အစားအစာများ ဖြစ်ပါတယ်။ ဖောလစ်အက်ဆစ်က သန္ဓေသား၏ ဦးနှောက်နှင့် ကျောရိုး ဖွံ့ဖြိုးတိုးတတ်မှုအတွက် မရှိမဖြစ်အာဟာရဓါတ်ဖြစ်ပါတယ်။ ဒါက ကိုယ်ဝန်ဆောင်စဉ်အတွင်း သွေးဖွဲ့စည်းခြင်းမှာ ကူညီပေးပြီး ကလေးတွေမှာ အာရုံကြောပြွန်ချို့ယွင်းမှုကို တားဆီးပေးပါတယ်။

နို့နှင့် နို့ထွက်ပစ္စည်းများ

ဒိန်ချဥ်နှင့် ချိစ်ကဲ့သို့သော နို့နှင့် နို့ထွက်ပစ္စည်းများဟာ ကယ်လစီယမ်ရဲ့ အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပါတယ်။ ကယ်လစီယမ်က သန္ဓေသားနှလုံးနှင့် အာရုံကြောလုပ်ဆောင်ချက်များအတွက် မရှိမဖြစ် အရေးပါပြီး အရိုး၊ သွားနှင့် ကြွက်သားများ သန်မာဖွံ့ဖြိုးခြင်းမှာ အကူအညီပေးပါတယ်။

သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီ၊ citrusနှင့် ဘရပ်ဆဲလ်ပင်ပေါက်များမှာ ကလေးရဲ့ သွားနှင့်အရိုး ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်စီကြွယ်ဝပါတယ်။ ဝမ်းချုပ်ခြင်းကိုသက်သာစေဖို့နှင့် အူလှုပ်ရှားမှုကို ပုံမှန်ဖြစ်စေဖို့ သင့်အစားအစာထဲမှာ အုတ်ဂျုံ၊ ပေါင်မုန့်ညို၊ ပဲတောင့်ရှည်များ၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ ကဲ့သို့အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာများကို ထည့်သွင်းပါ။

အဆီနည်းတဲ့ အသားများ

ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ သွေးအားနည်းတာက သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ သွေးအားနည်းတဲ့အခါ သန္ဓေသားဆီကို ပို့နေကျဖြစ်တဲ့ အောက်စီဂျင်တွေကို သွေးနီဆဲလ်က သယ်ပို့နိုင်ခြင်း နည်းသွားပါတယ်။ အဆီနည်းတဲ့ အသားများက ဟေမိုဂလိုဘင် အားကောင်းစေခြင်းမှာ အကူအညီပေးတဲ့ သံဓါတ်နှင့် ပရိုတိန်းကြွယ်ဝသော အစားအစာများဖြစ်ပါတယ်။

အစေ့အဆန်များနှင့် အခွံမာသီးများ

အစေ့အဆန်များနှင့် အခွံမာသီးများက ရင်သားနှင့် သားအိမ်ကြွက်သားတွေကို ပြန်လည်ပြုပြင်ခြင်းနှင့် သန္ဓေသားတစ်ရှုးများ ဖွံ့ဖြိုးခြင်းမှာ အကူအညီပေးတဲ့ ပရိုတိန်းကြွယ်ဝသော အစားအစာများဖြစ်ပါတယ်။

အိုင်အိုဒင်းဆား

Iodized ဆားဟာ ကလေးရဲ့ အာရုံကြောစနစ်နှင့် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အိုင်အိုဒင်းရဲ့ အဓိက အရင်းအမြစ်ဖြစ်ပါတယ်။

ဗီတာမင်ဒီ

ဗီတာမင်ဒီရဲ့ အဓိကအရင်းအမြစ်က နေရောင်ခြည်ပဲဖြစ်ပါတယ်။ အာဟာရထပ်ဖြည့်ထားသောနို့၊ ငါးသေတ္တာ၊ တူနာငါး၊ ကြက်ဥ၊ မှိုနှင့် စီရီရယ်ကဲ့သို့သော အစားအစာများက ဗီတာမင်ဒီကြွယ်ဝသော အစားအစာများဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း နေ့စဉ်စားသုံးရမယ့် အာဟာရအကြံပြုချက်များ

ကိုယ်ဝန်ဆောင်စဉ်အတွင်း ရှောင်ကြဉ်ဖို့လိုအပ်တဲ့ အစားအစာများ

ဒိန်ခဲပျော့- သူတို့မှာ listeria ဘက်တီးရီးယား ပါဝင်နိုင်ပါတယ်။
ကြက်ဥအစိမ်းများ- ကြက်ဥအစိမ်းများမှာ salmonella ဘက်တီးရီးယားများ ပါဝင်နိုင်လို့ ရှောင်ရှားသင့်ပါတယ်။
မကျက်တကျက်အသားများ- မကျက်တကျက် ချက်ထားတဲ့ အမဲသားနှင့် ကြက်သား/ဘဲသားတွေမှာ E. coli ပိုး၊ Campylobacter, salmonella, နှင့် Toxoplasma gondii ဘက်တီးရီးယားများ ပါဝင်နိုင်ပါတယ်။
ပြဒါးဓါတ်ပါဝင်မှုမြင့်မားသောငါးများနှင့် ငါးစိမ်းများ- tilefish၊ ငါးကွမ်းရှပ်ကဲ့သို့သော ပြဒါးဓါတ်ပါဝင်မှု မြင့်မားသောငါးများနှင့် ဆူရှီ၊ ဆာရှိမိကဲ့သို့ ငါးစိမ်းများကို ရှောင်ပါ။ ရေချိုဆော်လမွန်ငါး၊ bass ငါး၊ ထရောက်ငါး စတဲ့ ငါးတွေမှာ အဆိပ်အတောက် ဒြပ်ပေါင်းတွေဖြစ်တဲ့ PCB (polychlorinated biphenyls) မြင့်မားစွာပါဝင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
သတ်မှတ်အပူချိန်ထိ အပူပေး ပိုးမသတ်ထားတဲ့ နွားနို့၊ ဖျော်ရည်၊ ciderတို့မှာ အီကိုလီပိုး သို့မဟုတ် listeria ဘက်တီးရီးယားများ ပါဝင်နိုင်တာကြောင့် မသောက်ပါနဲ့။
ပဲပင်ပေါက်အစိမ်းများမှာ E.coli salmonella ပိုးတွေ ပါဝင်နိုင်တာကြောင့် အစိမ်းတို့စားတာ မပြုလုပ်သင့်ပါဘူး။
သန္ဓေသားကြီးထွားမှုကို သက်ရောက်စေတာကြောင့် အရက်သောက်သုံးခြင်းကို ရှောင်ပါ။
နာနက်သီး၊ သင်္ဘောသီးစိမ်းကဲ့သို့သော အသီးများကိုရှောင်ပါ။
ဒါ့အပြင် ကိတ်များ၊ ပီဇာ၊ ပြည့်ဝဆီ ပမာဏမြင့်မားတဲ့အကြော်အစားအစာများ၊ စီးပွားဖြစ်ဘာဂါများကို စားသုံးမှု ကန့်သတ်ပါ။
ဆားနှင့် သကြားပါဝင်တဲ့ စွမ်းအားဖြည့်အချိုရည်တွေ သောက်သုံးမှုကို ကန့်သတ်ပါ။
တစ်နေ့ကို ၂-၃ခွက် သို့မဟုတ် ၂၀၀-၃၀၀ဂရမ်ထက်ပိုပြီး ကဖိန်းဓါတ်သောက်သုံးခြင်းက ကိုယ်ဝန်ပျက်ကျမှုကို ဖြစ်ပေါ်စေနိုင်တာကြောင့် ကန့်သတ်ပြီး သောက်ရပါမယ်။

ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ မှန်ကန်တဲ့အစားအစာ၊ မှန်ကန်တဲ့ပမာဏကို ရွေးချယ်ခြင်းက မရှိမဖြစ်အရေးပါပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင် ပထမလအတွက် အစားအသောက် အကြံပြုချက်အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။
ရေဓါတ်ကို ပြန်လည်ဖြည့်တင်းရန် အရည်များများသောက်ပါ။
ဗီတာမင်ကြွယ်ဝတဲ့ အစားအသောက်များကို နေ့စဉ်စားသုံးပါ။
မနက်စာ၊နေ့လည်စာ၊ညစာအပြင် ကြားကာလမှာ သရေစာ စားသုံးနိုင်ပါတယ်။
ရင်ပူစေတဲ့ ဆီပြန်နှင့် အစပ်အစားအစာများကို ရှောင်ပါ။
ကျန်းမာတဲ့ အစားအစာများကို စားသုံးခြင်းက သင့်ဘေဘီလေးကို ကျန်းမာစွာဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်အာဟာရဓါတ်များ ရရှိစေပါတယ်။ မှန်ကန်စွာ စားသုံးခြင်းအပြင် ကိုယ်ဝန်ဆောင်ဗီတာမင်ကိုလည်း သောက်သုံးခြင်းက အရေးပါပါတယ်။

LM_Nandar

Lifestyle_Myanmar

Source-momjunction

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here