ကိုယ္ဝန္ေဆာင္စဥ္အတြင္း ေရွာင္ရွားရမယ့္ အစားအစာမ်ား

0
51

သန္ဓေသားရော၊ မိခင်လောင်းပါ ကျန်းမာဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ဂရုစိုက်ခြင်းက အရမ်းကို အရေးပါပါတယ်။ အနေအထိုင် ကျန်းမာရေးအပြင် အစားအသောက်ကအစ ဂရုစိုက်ရမှာပါ။ ချဉ်ခြင်းတပ်တာက ကိုယ်ဝန်ဆောင်စဉ်တွင်းမှာ သာမန်သာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ အစားအစာတွေကို မျှမျှတတစားဖို့လိုသလို မတည့်တဲ့အစားအစာကို ပါးစပ်အလိုလိုက်ပြီး စားလို့မရပါဘူး။ အချို့သော အစားအစာများကို ရှောင်ကြဉ်ခြင်းက မိခင်နဲ့ ကလေးကို အန္တရာယ်ကင်းပြီး ကျန်းမာစေဖို့ သေချာပါတယ်။ အစားအစာအများစုက ဘေးကင်းတဲ့အစားအစာရှိသလို အကန့်အသတ်နဲ့ စားသင့်တဲ့ အစားအစာတွေရှိပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင် ၉လအတွင်းမှာ ရှောင်ကြဉ်ရမယ့် အစားအစာစာရင်းကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ မာကျူရီ(ပြဒါး) ပါဝင်တဲ့ ငါးများ

မာကျူရီကို သမုဒ္ဒရာတွေ၊ ချောင်းတွေ၊ ကန်တွေမှာ တွေ့ရှိနိုင်ပြီး လူ့ခန္ဓာကိုယ်ထဲမှာ မီသိုင်းမာကျူရီအဖြစ် ပြောင်းပေးတဲ့ ဒြပ်စင် တစ်ခုဖြစ်ပါတယ်။ ပြဒါးက ဦးနှောက်ပျက်စီးမှုနှင့်ကလေးမှာ ဖွံ့ဖြိုးမှုဆိုင်ရာ နှောင့်နှေးခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။ ငါးမန်းလိုငါးမျိုးမှာ မာကျူရီပါဝင်မှု မြင့်မားပါတယ်။ ပြဒါးအဆင့်နိမ့်တဲ့ တူနာငါး၊ ဆော်လမွန်ငါး၊ ငါးခူ၊ ပင်လယ်ငါးသလောက်၊ ငါးသေတ္တာငါး၊ ငါးသေးသေးလေးတွေကို ရွေးချယ်နိုင်ပါတယ်။ အမေရိကန် FDAရဲ့အဆိုအရ တစ်ပတ်ကို ငါး ၈အောင်စမှ ၁၂အောင်စအထိ စားနိုင်တယ်လို့ ဆိုပါတယ်။ တူနာငါးအဖြူစားသုံးခြင်းကို တစ်ပတ်မှာ ၆အောင်စလောက်ပဲ အကန့်အသတ်နဲ့ စားသင့်တယ်လို့ ဆိုပါတယ်။
ဖြေရှင်းနည်း။ ကလေးရဲ့ နှလုံးနဲ့ ဦးနှောက်ဖွံဖြိုးမှုကို အထောက်အကူပြုတဲ့ အိုမီဂါ 3ဖက်တီးအက်ဆစ်ကြွယ်ဝတဲ့ ငါးတွေကို ရွေးချယ်ပါ။ ပရိုတိန်းဓါတ်မြင့်မားပြီး မာကျူရီနိမ့်တဲ့ ငါးဖြစ်ရပါမယ်။ ငါးမှာ ပါဝင်တဲ့ အမိုင်နိုင်အက်ဆစ်နဲ့ ပရိုတင်းဓါတ်တွေဟာ သန္ဓေသားလေး ကြွက်သား၊ ဆံပင်၊ အရိုးတွေ သန်မာစေဖို့ လိုအပ်တဲ့ ဆဲလ်တွေ ဖြစ်ပေါ်စေပါတယ်။ သင်စားလို့ရနိုင်မယ့် ငါးတွေအကြောင်းသိဖို့ တတ်သိနားလည်တဲ့ ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။

၂။ ပင်လယ်စာ
ကိုယ်ဝန်ဆောင်ချိန်မှာ ပင်လယ်စာတွေ ရှောင်ရှားသင့်ပါတယ်နော်။ ပင်လယ်စာတွေမှာ Listeria monocytogenes bacteria တွေ ပါဝင်တာကြောင့် မွေးကင်းစကလေးတွေမှာ နာမကျန်းဖြစ်ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် ကလေးအသေမွေးခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီဘက်တီးရီးယားက ဝမ်းလျှောခြင်းနှင့် အန်ခြင််း်ကဲ့သို့သော လက္ခဏာတွေနဲ့ ဆက်စပ်နေပါတယ်။ ဒါ့အပြင် ပင်လယ်စာများမှာ သွေးတိုးခြင်းနှင့် ခန္ဓာကိုယ်အစိတ်အပိုင်း ရောင်ရမ်းခြင်းတို့ကို ဦးတည်စေနိုင်တဲ့ ဆားမြင့်မားစွာ ပါရှိပါတယ်။
ဖြေရှင်းချက်။ လတ်လတ်ဆတ်ဆတ်ငါးတွေကို မရရှိနိုင်တဲ့အခါ သို့မဟုတ် ရံဖန်ရံခါ စားချင်တဲ့အခါ ပင်လယ်စာ စည်သွပ်ဘူးကို စားလို့ရပါတယ်။ သို့သော် တတ်နိုင်သလောက် ထိုကဲ့သို့သော အစားအစာများကို ရှောင်ပါ။

၃။ ညစ်ညမ်းတဲ့ရေထဲက ငါးတွေ

တချို့ စက်ရုံ ညစ်ညမ်းရေဆိုးတွေစီးဆင်းတဲ့ မြစ်ချောင်း၊ ရေကန်ထဲက ငါးတွေဟာ အန္တရာယ်ရှိစေတဲ့ polychlorinated biphenyls (PCBs) အဆင့်တွေ ပါဝင်ပါတယ်။ ဒီညစ်ညမ်းမှုဖြစ်စေတဲ့ အရာတွေနဲ့ ထိတွေ့မှုက ကလေးတွေကို ပေါင်မပြည့်တာ၊ ခေါင်းအရွယ်အစားသေးတာ၊ မှတ်ဉာဏ်ပြဿနာနဲ့ သင်ယူမှုမသန်စွမ်းတာတွေကို ဖြစ်စေနိုင်ပါတယ်။

၄။ shellfish အစိမ်းတွေ

အခွံမာငါးတွေဖြစ်တဲ့ ပြည်ကြီးငါး၊ ခရု၊ ဂုံးတွေက ကယ်လ်စီယမ်မြင့်မားတာကြောင့် သန္ဓေသားဖွံ့ဖြိုးမှုအတွက် သင့်တော်ပါတယ်။ ဒါပေမယ့် ကနုကမာ၊ ယောက်သွာ၊ းဂုံးနှင့်ခရုကဲ့သို့သော ပင်လယ်စာ အခွံမာငါးအစိမ်းတွေက အစာအဆိပ်သင့်ခြင်းနှင့် နာမကျန်းခြင်းတွေကို ဖြစ်စေတာကြောင့် ရှောင်ကြဉ်ရပါမယ်။ သူတို့က သင့်ကို နေမကောင်းဖြစ်စေမယ့် အဆိပ်တွေ၊ အန္တရာယ်ရှိ ဘက်တီးရီးယားတွေ ပါဝင်ပါတယ်။
ဖြေရှင်းချက်။ ထို shellfish တွေကို အစိမ်းစားမယ့်အစား ကျက်အောင် ချက်ပြုတ်ပြီး မှ စားပေးပါ။

၅။ ကြက်ဥအစိမ်းနဲ့ မကျတ်တကျက်တွေ

မကျက်တကျတ်ကြက်ဥတွေနဲ့ ကြက်ဥအစိမ်းတွေက အစာအဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေတဲ့ အန္တရာယ်ရှိ salmonella bacteria ပါဝင်တာကြောင့် မစားသင့်ပါဘူး။ ဝမ်းလျှောခြင်း၊၊ အပြင်းအထန်အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်းနှင့် အပူချိန်မြင့်ခြငး်တို့ကို ခံစားရနိုင်ပါတယ်။ ဒီရောဂါလက္ခဏာတွေက သင့်ကလေးကို ထိခိုက်စေမှု မဖြစ်နိုင်သော်လည်း သင့်ရဲ့ကိုယ်ခံစွမ်းအားစနစ်က ကလေးရဲ့ဖွံ့ဖြိုးတိုးတတ်မှုအပေါ် သက်ရောက်တာကြောင့် ဖြစ်ပါတ.ယ်။
ကြက်ဥ အစိမ်းပါဝင်တဲ့ အစားအစာများကို ရှောင်ကြဉ်ပါ။

၆။ အသားစိမ်းများ

ပန်းရောင်ဖြစ်နေတဲ့အသားတွေ၊ သွေးပါနေသေးတဲ့ အသားတွေကို ရှောင်ရှားရပါမယ်။ ကြက်သား၊ ဘဲသား၊ အမဲသားစိမ်းတွေမှာ toxoplasma ကပ်ပါးပိုးနှင့် အန္တရာယ်ရှိ ဘက်တီးရီးယား Salmonella တို့ပါရှိပါတယ်။ Salmonell ဘက်တီးရီးယားက အစာအဆိပ်သင့်မှုကို တိုးပွားစေပြီး Toxoplasma ကပ်ပါးပိုးက စားသုံးပြီး ရက်သတ္တပတ်အတွင်းမှာ တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေပါတယ်။ ဒါက ကိုယ်ဝန်ဆောင်စဉ်အတွင်း သန္ဓေသားအသေမွေးခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် အသင့်စားအသားတွေကိုလည်း ရှောင်ရှားသင့်ပါတယ်။ ဟော့ဒေါ့၊ အသားညှပ်ပေါင်မုန်ကဲ့သို့သော အသင့်စားအစားအစာများမှာ ပါဝင်တဲ့အသားတွေက သန္ဓေသားသေဆုံးခြင်းအပြင် ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်စေပါတယ်။
ဖြေရှင်းချက်။ ကောင်းမွန်စွာ ချက်ပြုတ်ထားတဲ့ ပူပူနွေးနွေး အသား တွေကိုစားပါ။

၆။ နွားနို့အစိမ်း

ကိုယ်ဝန်ဆောင်စဉ်အတွင်း နွားနို့အစိမ်း သို့မဟုတ် သတ်မှတ်အပူချိန်ဖြင့် အပူမပေးထားတဲ့ နွားနို့တွေကို သောက်တာက ဘေးကင်းမှု မရှိပါဘူး။ ၎င်းမှာ သင်နဲ့ သင့်ကလေးကို အန္တရာယ်ရှိစေနိုင်တဲ့ salmonella, listeria, E.coli, နှင့် cryptosporidium ကဲ့သို့သော ဘက်တီးရီးယားတွေ ပါဝင်ပါတယ်။
ဖြေရှင်းနည်း။ နွားနို့သောက်တော့မယ်ဆိုရင် အပူချိန်မြင့်မြင့်နဲ့ ပွက်ပွက်ဆူအောင်ကြိုထားတဲ့ နွားနို့ကို သောက်ပါ။ soy milk, rice milk, almond milk, နှင့် oat milk တို့မှာ အလားတူအာဟာရဓါတ်များ ပါဝင်ပြီး ဘေးကင်းတာကြောင့် ရွေးချယ်နိုင်ပါတယ်။

၇။ မဆေးကြောထားတဲ့ သစ်သီးများနဲ့ ဟင်းသီးဟင်းရွက်များ

မဆေးကြောထားတဲ့ သစ်သိးများနဲ့ ဟင်းသီးဟင်းရွက်များမှာ ကလေးဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ Toxoplasma ကပ်ပါးပိုးတွေ သယ်ဆောင်ပါတယ်။ အသီးအရွက်နဲ့ သစ်သီးတွေ စိုက်ပျိုးတဲ့အခါ ပိုးသတ်ဆေးဖြန်းတာကြောင့် ပြောင်အောင်မဆေးဘဲ စားမယ်ဆိုရင် အန္တရာယ်ရှိပါတယ်။
ဖြေရှင်းနညး်ကတော့ အသီးအနှံများနဲ့ ဟင်းသီးဟင်းရွက်များကို ရေများများနဲ့ သေသေချာချာဆေးပါ။ သစ်သီးများကို အခွံနွှာစားပါ။ ဟင်းသီးဟင်းရွက်များကို ချျက်ပြုတ်စားပါ။

၈။ ပဲပင်ပေါက်အစိမ်းများ

ပဲတီစိမ်း၊ မုန်လာဥ၊ ပန်းဂေါ်ဖီစိမ်း၊ နေကြာ၊ ကြက်သွန်နီ၊ ပဲပုပ်နဲ့ snowpea အပင်ပေါက်အပါအဝင် အညှောင့်ထွက်ပင်ပေါက်အစိမ်းတွေကို မစားပါနဲ့ ။ သူတို့မှာ listeria, salmonella, နဲ့ E.coli ဘက်တီးရီးယားတွေ ပါဝင်ပါတယ်။ ဒါ့ကြောင့် ပဲပင်ပေါက်တွေကို ချက်ပြုတ်ပြီးမှသာ စားသုံးသင့်ပါတယ်။

၉။ ကဖိန်းဓါတ်အလွန်အကျွံသောက်ခြင်း

ကဖိန်းဓါတ်ကို တရက် ၂၀၀ mg သာ သောက်သုံးမှုကို ကန့်သတ်သင့်ပါတယ်။ ကဖိန်းဓါတ်ပမာဏမြင့်မားခြငး်က ကိုယ်ဝန်ပျက်ကျခြင်းနှင့် ပေါင်မပြည့်ကလေးမွေးစေပါတယ်။ ကဖိန်းဓါတ်ကို လက်ဖက်ရည်၊ ကော်ဖီ၊ ချောကလက်၊ စွမ်းအင်ဖြည့်အချိုရည်များမှာ တွေ့နိုင်ပါတယ်။ တချို့သုတေသနလေ့လာမှုများမှာ ကဖိန်းဓါတ်က လမစေ့မီကလေးမွေးဖွားခြင်း တို့နဲ့ဆက်စပ်နေတယ်လို့ ဖော်ပြထားပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း တခြား ရှောင်ရှားရမှာက ဆိုဒါအချိုရည်၊ အရက်နှင့် iced tea တို့ဖြစ်ပါတယ်။
ဖြေရှင်းချက်။ ကိုယ်ဝန်ပျက်ကျမှုအန္တရာယ်မြင့်မားတာကြောင့် အထူးသဖြင့် ပထမဆုံးသုံးလပတ်အတွင်းမှာ ကဖိန်းဓါတ်မပါတဲ့ ဖျော်ရည်သောက်သုံးဖို့ ရွေးချယ်ပါ။

၁၀။ စည်သွပ်အစားအစာများ

သံဗူးအစားအစာရဲ့ နံရံများမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို နှလုံးရောဂါ၊ အသည်းရောဂါ၊ ကင်ဆာနဲ့ ဖွံ့ဖြိုးမှု ပြဿနာများကို ဖြစ်ပေါ်စေပြီး သန္ဓေသား endocrine လှုပ်ရှားမှုအပေါ် သက်ရောက်စေတဲ့ အဆိပ် substance တစ်ခုဖြစ်တဲ့ Bisphenol A (BPA) ပါဝင်ပါတယ်။ စည်သွပ်အစားအစာတွေက ရက်ပေါင်းကြာရှည်စွာထားတာကြောင့် အန္တရာယ်ရှိ ဘက်တီးရီးယားတွေပါဝင်နိုင်ပါတယ်။
စည်သွပ်ခေါက်ဆွဲ၊ ဟင်းချို၊့ မွေးကင်းစ ဖော်မြူလာတွေမှာ BPA levels မြင့်မားစွာပါဝင်ပါတယ်။ ဒါ့အပြင် စည်သွပ်တူနာငါးနဲ့ တူနာငါးသုပ်တွေမှာ မိခင်နဲ့ သန္ဓေသားကို ထိခိုက်စေတဲ့ ပြဒါးဓါတ်ပါဝင်မှု မြင့်မားပါတယ်။

၁၁။ နိုက်ထရိတ်ကြွယ်ဝတဲ့အစားအစာများ

အသားညှပ်ပေါင်မုန့်၊ ဘေကွန်၊ အသင့်စား အစားအစာများ၊ ဝက်အူချောင်း၊ ဆလာမီ၊ ဟော့ဒေါ့တွေမှာ နိုက်ထရိတ်ပါဝင်တာကြောင့် ရှောင်ပါ။ နိုက်ထရိတ်က အစားအစာအရောင်ကို ပိုကောင်းစေပြီး အထားခံစေပါတယ်။ နိုက်ထရိတ်ပါဝင်သောအစားအစာများမှာ ဆိုဒီယမ်နှင့် ပြည့်ဝဆီတွေလည်း ပါဝင်ပါတယ်။

၁၂။ သကြားကြွယ်ဝတဲ့အစားအစာများ

သကြားလုံး၊ ကိတ်မုန့်၊ ရေခဲမုန့် ၊ဘီစကွတ်၊ ချောကလတ်နှင့် သကြားဓါတ်ကြွယ်ဝတဲ့ အဖျော်ယမကာတွေကို စားသုံးမှု လျော့ချပါ။ သူတို့က ပျို့အန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ရင်ပူခြငး်းတို့ကို ဖြစ်စေပါတယ်။ ကိုယ်အလေးချိန်ကို တိုးစေပြီး ကိုယ်ဝန်ဆီးချိုရောဂါကို ဖြစ်စေပါတယ်။
ဖြေရှင်းချက်- ရံဖန်ရံခါ စားလို့ရပေမယ့် အကန့်အသတ်နဲ့ စားပါ။ သကြားပါဝင်သော အစားအစာအဖြစ် သစ်တော်သီး၊ ကျွဲကောသီး၊ စွန်ပလွံသီးကဲ့သို့သော အစားအစာများကို ရွေးချယ်ပါ။

Lifestyle_Myanmar

LM_Nandar

Unicode

သေႏၶသားေရာ၊ မိခင္ေလာင္းပါ က်န္းမာဖို႔အတြက္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဂရုစိုက္ျခင္းက အရမ္းကို အေရးပါပါတယ္။ အေနအထုိင္ က်န္းမာေရးအျပင္ အစားအေသာက္ကအစ ဂရုစိုက္ရမွာပါ။ ခ်ဥ္ျခင္းတပ္တာက ကိုယ္ဝန္ေဆာင္စဥ္တြင္းမွာ သာမန္သာျဖစ္ပါတယ္။ ကိုယ္ဝန္ေဆာင္စဥ္မွာ အစားအစာေတြကို မွ်မွ်တတစားဖို႔လိုသလို မတည့္တဲ့အစားအစာကို ပါးစပ္အလိုလိုက္ၿပီး စားလို႔မရပါဘူး။ အခ်ိဳ႕ေသာ အစားအစာမ်ားကို ေရွာင္ၾကဥ္ျခင္းက မိခင္နဲ႔ ကေလးကို အႏၱရာယ္ကင္းၿပီး က်န္းမာေစဖို႔ ေသခ်ာပါတယ္။ အစားအစာအမ်ားစုက ေဘးကင္းတဲ့အစားအစာရွိသလို အကန္႔အသတ္နဲ႔ စားသင့္တဲ့ အစားအစာေတြရွိပါတယ္။ ဒါ့ေၾကာင့္ ကိုယ္ဝန္ေဆာင္ ၉လအတြင္းမွာ ေရွာင္ၾကဥ္ရမယ့္ အစားအစာစာရင္းကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။

၁။ မာက်ဴရီ(ျပဒါး) ပါဝင္တဲ့ ငါးမ်ား

မာက်ဴရီကို သမုဒၵရာေတြ၊ ေခ်ာင္းေတြ၊ ကန္ေတြမွာ ေတြ႕ရွိႏိုင္ၿပီး လူ႕ခႏၶာကိုယ္ထဲမွာ မီသိုင္းမာက်ဴရီအျဖစ္ ေျပာင္းေပးတဲ့ ျဒပ္စင္ တစ္ခုျဖစ္ပါတယ္။ ျပဒါးက ဦးေႏွာက္ပ်က္စီးမႈႏွင့္ကေလးမွာ ဖြံ႕ၿဖိဳးမႈဆိုင္ရာ ေႏွာင့္ေႏွးျခင္းတို႔နဲ႔ ဆက္စပ္ေနပါတယ္။ ငါးမန္းလိုငါးမ်ိဳးမွာ မာက်ဴရီပါဝင္မႈ ျမင့္မားပါတယ္။ ျပဒါးအဆင့္နိမ့္တဲ့ တူနာငါး၊ ေဆာ္လမြန္ငါး၊ ငါးခူ၊ ပင္လယ္ငါးသေလာက္၊ ငါးေသတၱာငါး၊ ငါးေသးေသးေလးေတြကို ေရြးခ်ယ္ႏိုင္ပါတယ္။ အေမရိကန္ FDAရဲ႕အဆိုအရ တစ္ပတ္ကို ငါး ၈ေအာင္စမွ ၁၂ေအာင္စအထိ စားႏိုင္တယ္လို႔ ဆိုပါတယ္။ တူနာငါးအျဖဴစားသံုးျခင္းကို တစ္ပတ္မွာ ၆ေအာင္စေလာက္ပဲ အကန္႔အသတ္နဲ႔ စားသင့္တယ္လို႔ ဆိုပါတယ္။
ေျဖရွင္းနည္း။ ကေလးရဲ႕ ႏွလံုးနဲ႔ ဦးေႏွာက္ဖြံၿဖိဳးမႈကို အေထာက္အကူျပဳတဲ့ အိုမီဂါ 3ဖက္တီးအက္ဆစ္ၾကြယ္ဝတဲ့ ငါးေတြကို ေရြးခ်ယ္ပါ။ ပရိုတိန္းဓါတ္ျမင့္မားၿပီး မာက်ဴရီနိမ့္တဲ့ ငါးျဖစ္ရပါမယ္။ ငါးမွာ ပါဝင္တဲ့ အမိုင္ႏိုင္အက္ဆစ္နဲ႔ ပရိုတင္းဓါတ္ေတြဟာ သေႏၶသားေလး ၾကြက္သား၊ ဆံပင္၊ အရိုးေတြ သန္မာေစဖို႔ လိုအပ္တဲ့ ဆဲလ္ေတြ ျဖစ္ေပၚေစပါတယ္။ သင္စားလို႔ရႏိုင္မယ့္ ငါးေတြအေၾကာင္းသိဖို႔ တတ္သိနားလည္တဲ့ ဆရာဝန္ႏွင့္ တိုင္ပင္သင့္ပါတယ္။

၂။ ပင္လယ္စာ
ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ပင္လယ္စာေတြ ေရွာင္ရွားသင့္ပါတယ္ေနာ္။ ပင္လယ္စာေတြမွာ Listeria monocytogenes bacteria ေတြ ပါဝင္တာေၾကာင့္ ေမြးကင္းစကေလးေတြမွာ နာမက်န္းျဖစ္ျခင္း၊ ကိုယ္ဝန္ပ်က္က်ျခင္း သို႔မဟုတ္ ကေလးအေသေမြးျခင္းတို႔ ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒီဘက္တီးရီးယားက ဝမ္းေလွ်ာျခင္းႏွင့္ အန္ျခင္္း္ကဲ့သို႔ေသာ လကၡဏာေတြနဲ႔ ဆက္စပ္ေနပါတယ္။ ဒါ့အျပင္ ပင္လယ္စာမ်ားမွာ ေသြးတိုးျခင္းႏွင့္ ခႏၶာကိုယ္အစိတ္အပိုင္း ေရာင္ရမ္းျခင္းတို႔ကို ဦးတည္ေစႏိုင္တဲ့ ဆားျမင့္မားစြာ ပါရွိပါတယ္။
ေျဖရွင္းခ်က္။ လတ္လတ္ဆတ္ဆတ္ငါးေတြကို မရရွိႏိုင္တဲ့အခါ သို႔မဟုတ္ ရံဖန္ရံခါ စားခ်င္တဲ့အခါ ပင္လယ္စာ စည္သြပ္ဘူးကို စားလို႔ရပါတယ္။ သို႔ေသာ္ တတ္ႏိုင္သေလာက္ ထိုကဲ့သို႔ေသာ အစားအစာမ်ားကို ေရွာင္ပါ။

၃။ ညစ္ညမ္းတဲ့ေရထဲက ငါးေတြ

တခ်ိဳ႕ စက္ရံု ညစ္ညမ္းေရဆိုးေတြစီးဆင္းတဲ့ ျမစ္ေခ်ာင္း၊ ေရကန္ထဲက ငါးေတြဟာ အႏၱရာယ္ရွိေစတဲ့ polychlorinated biphenyls (PCBs) အဆင့္ေတြ ပါဝင္ပါတယ္။ ဒီညစ္ညမ္းမႈျဖစ္ေစတဲ့ အရာေတြနဲ႔ ထိေတြ႕မႈက ကေလးေတြကို ေပါင္မျပည့္တာ၊ ေခါင္းအရြယ္အစားေသးတာ၊ မွတ္ဥာဏ္ျပႆနာနဲ႔ သင္ယူမႈမသန္စြမ္းတာေတြကို ျဖစ္ေစႏိုင္ပါတယ္။

၄။ shellfish အစိမ္းေတြ

အခြံမာငါးေတြျဖစ္တဲ့ ျပည္ၾကီးငါး၊ ခရု၊ ဂံုးေတြက ကယ္လ္စီယမ္ျမင့္မားတာေၾကာင့္ သေႏၶသားဖြံ႕ၿဖိဳးမႈအတြက္ သင့္ေတာ္ပါတယ္။ ဒါေပမယ့္ ကႏုကမာ၊ ေယာက္သြာ၊ းဂံုးႏွင့္ခရုကဲ့သို႔ေသာ ပင္လယ္စာ အခြံမာငါးအစိမ္းေတြက အစာအဆိပ္သင့္ျခင္းႏွင့္ နာမက်န္းျခင္းေတြကို ျဖစ္ေစတာေၾကာင့္ ေရွာင္ၾကဥ္ရပါမယ္။ သူတို႔က သင့္ကို ေနမေကာင္းျဖစ္ေစမယ့္ အဆိပ္ေတြ၊ အႏၱရာယ္ရွိ ဘက္တီးရီးယားေတြ ပါဝင္ပါတယ္။
ေျဖရွင္းခ်က္။ ထို shellfish ေတြကို အစိမ္းစားမယ့္အစား က်က္ေအာင္ ခ်က္ျပဳတ္ၿပီး မွ စားေပးပါ။

၅။ ၾကက္ဥအစိမ္းနဲ႔ မက်တ္တက်က္ေတြ

မက်က္တက်တ္ၾကက္ဥေတြနဲ႔ ၾကက္ဥအစိမ္းေတြက အစာအဆိပ္သင့္ျခင္းကို ျဖစ္ေပၚေစတဲ့ အႏၱရာယ္ရွိ salmonella bacteria ပါဝင္တာေၾကာင့္ မစားသင့္ပါဘူး။ ဝမ္းေလွ်ာျခင္း၊၊ အျပင္းအထန္အန္ျခင္း၊ ေခါင္းကိုက္ျခင္း၊ ဝမ္းဗိုက္နာက်င္ျခင္းႏွင့္ အပူခ်ိန္ျမင့္ျခငး္တုိ႔ကို ခံစားရႏိုင္ပါတယ္။ ဒီေရာဂါလကၡဏာေတြက သင့္ကေလးကို ထိခိုက္ေစမႈ မျဖစ္ႏိုင္ေသာ္လည္း သင့္ရဲ႕ကိုယ္ခံစြမ္းအားစနစ္က ကေလးရဲ႕ဖြံ႕ၿဖိဳးတိုးတတ္မႈအေပၚ သက္ေရာက္တာေၾကာင့္ ျဖစ္ပါတ.ယ္။
ၾကက္ဥ အစိမ္းပါဝင္တဲ့ အစားအစာမ်ားကို ေရွာင္ၾကဥ္ပါ။

၆။ အသားစိမ္းမ်ား

ပန္းေရာင္ျဖစ္ေနတဲ့အသားေတြ၊ ေသြးပါေနေသးတဲ့ အသားေတြကို ေရွာင္ရွားရပါမယ္။ ၾကက္သား၊ ဘဲသား၊ အမဲသားစိမ္းေတြမွာ toxoplasma ကပ္ပါးပိုးႏွင့္ အႏၱရာယ္ရွိ ဘက္တီးရီးယား Salmonella တို႔ပါရွိပါတယ္။ Salmonell ဘက္တီးရီးယားက အစာအဆိပ္သင့္မႈကို တိုးပြားေစၿပီး Toxoplasma ကပ္ပါးပိုးက စားသံုးၿပီး ရက္သတၱပတ္အတြင္းမွာ တုပ္ေကြးကဲ့သို႔ ေရာဂါလကၡဏာမ်ားကို ျဖစ္ေပၚေစပါတယ္။ ဒါက ကိုယ္ဝန္ေဆာင္စဥ္အတြင္း သေႏၶသားအေသေမြးျခင္း၊ ကိုယ္ဝန္ပ်က္က်ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒါ့အျပင္ အသင့္စားအသားေတြကိုလည္း ေရွာင္ရွားသင့္ပါတယ္။ ေဟာ့ေဒါ့၊ အသားညွပ္ေပါင္မုန္ကဲ့သို႔ေသာ အသင့္စားအစားအစာမ်ားမွာ ပါဝင္တဲ့အသားေတြက သေႏၶသားေသဆံုးျခင္းအျပင္ ျပင္းထန္တဲ့ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားကို ျဖစ္ေစပါတယ္။
ေျဖရွင္းခ်က္။ ေကာင္းမြန္စြာ ခ်က္ျပဳတ္ထားတဲ့ ပူပူေႏြးေႏြး အသား ေတြကုိစားပါ။

၆။ ႏြားႏို႔အစိမ္း

ကိုယ္ဝန္ေဆာင္စဥ္အတြင္း ႏြားႏို႔အစိမ္း သို႔မဟုတ္ သတ္မွတ္အပူခ်ိန္ျဖင့္ အပူမေပးထားတဲ့ ႏြားႏို႔ေတြကို ေသာက္တာက ေဘးကင္းမႈ မရွိပါဘူး။ ၎မွာ သင္နဲ႔ သင့္ကေလးကို အႏၱရာယ္ရွိေစႏိုင္တဲ့ salmonella, listeria, E.coli, ႏွင့္ cryptosporidium ကဲ့သို႔ေသာ ဘက္တီးရီးယားေတြ ပါဝင္ပါတယ္။
ေျဖရွင္းနည္း။ ႏြားႏို႔ေသာက္ေတာ့မယ္ဆိုရင္ အပူခ်ိန္ျမင့္ျမင့္နဲ႔ ပြက္ပြက္ဆူေအာင္ႀကိဳထားတဲ့ ႏြားႏို႔ကို ေသာက္ပါ။ soy milk, rice milk, almond milk, ႏွင့္ oat milk တို႔မွာ အလားတူအာဟာရဓါတ္မ်ား ပါဝင္ၿပီး ေဘးကင္းတာေၾကာင့္ ေရြးခ်ယ္ႏိုင္ပါတယ္။

၇။ မေဆးေၾကာထားတဲ့ သစ္သီးမ်ားနဲ႔ ဟင္းသီးဟင္းရြက္မ်ား

မေဆးေၾကာထားတဲ့ သစ္သိးမ်ားနဲ႔ ဟင္းသီးဟင္းရြက္မ်ားမွာ ကေလးဖြံ႕ၿဖိဳးမႈကို ထိခိုက္ေစတဲ့ Toxoplasma ကပ္ပါးပိုးေတြ သယ္ေဆာင္ပါတယ္။ အသီးအရြက္နဲ႔ သစ္သီးေတြ စိုက္ပ်ိဳးတဲ့အခါ ပိုးသတ္ေဆးျဖန္းတာေၾကာင့္ ေျပာင္ေအာင္မေဆးဘဲ စားမယ္ဆိုရင္ အႏၱရာယ္ရွိပါတယ္။
ေျဖရွင္းနညး္ကေတာ့ အသီးအႏွံမ်ားနဲ႔ ဟင္းသီးဟင္းရြက္မ်ားကို ေရမ်ားမ်ားနဲ႔ ေသေသခ်ာခ်ာေဆးပါ။ သစ္သီးမ်ားကို အခြံႏႊာစားပါ။ ဟင္းသီးဟင္းရြက္မ်ားကို ခ််က္ျပဳတ္စားပါ။

၈။ ပဲပင္ေပါက္အစိမ္းမ်ား

ပဲတီစိမ္း၊ မုန္လာဥ၊ ပန္းေဂၚဖီစိမ္း၊ ေနၾကာ၊ ၾကက္သြန္နီ၊ ပဲပုပ္နဲ႔ snowpea အပင္ေပါက္အပါအဝင္ အေညွာင့္ထြက္ပင္ေပါက္အစိမ္းေတြကို မစားပါနဲ႔ ။ သူတုိ႔မွာ listeria, salmonella, နဲ႔ E.coli ဘက္တီးရီးယားေတြ ပါဝင္ပါတယ္။ ဒါ့ေၾကာင့္ ပဲပင္ေပါက္ေတြကို ခ်က္ျပဳတ္ၿပီးမွသာ စားသံုးသင့္ပါတယ္။

၉။ ကဖိန္းဓါတ္အလြန္အကၽြံေသာက္ျခင္း

ကဖိန္းဓါတ္ကို တရက္ ၂၀၀ mg သာ ေသာက္သံုးမႈကို ကန္႔သတ္သင့္ပါတယ္။ ကဖိန္းဓါတ္ပမာဏျမင့္မားျခငး္က ကိုယ္ဝန္ပ်က္က်ျခင္းႏွင့္ ေပါင္မျပည့္ကေလးေမြးေစပါတယ္။ ကဖိန္းဓါတ္ကို လက္ဖက္ရည္၊ ေကာ္ဖီ၊ ေခ်ာကလက္၊ စြမ္းအင္ျဖည့္အခ်ိဳရည္မ်ားမွာ ေတြ႕ႏိုင္ပါတယ္။ တခ်ိဳ႕သုေတသနေလ့လာမႈမ်ားမွာ ကဖိန္းဓါတ္က လမေစ့မီကေလးေမြးဖြားျခင္း တုိ႔နဲ႔ဆက္စပ္ေနတယ္လုိ႔ ေဖာ္ျပထားပါတယ္။ ကိုယ္ဝန္ေဆာင္စဥ္အတြင္း တျခား ေရွာင္ရွားရမွာက ဆိုဒါအခ်ိဳရည္၊ အရက္ႏွင့္ iced tea တို႔ျဖစ္ပါတယ္။
ေျဖရွင္းခ်က္။ ကိုယ္ဝန္ပ်က္က်မႈအႏၱရာယ္ျမင့္မားတာေၾကာင့္ အထူးသျဖင့္ ပထမဆံုးသံုးလပတ္အတြင္းမွာ ကဖိန္းဓါတ္မပါတဲ့ ေဖ်ာ္ရည္ေသာက္သံုးဖို႔ ေရြးခ်ယ္ပါ။

၁၀။ စည္သြပ္အစားအစာမ်ား

သံဗူးအစားအစာရဲ႕ နံရံမ်ားမွာ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြကို ႏွလံုးေရာဂါ၊ အသည္းေရာဂါ၊ ကင္ဆာနဲ႔ ဖြံ႕ၿဖိဳးမႈ ျပႆနာမ်ားကို ျဖစ္ေပၚေစၿပီး သေႏၶသား endocrine လႈပ္ရွားမႈအေပၚ သက္ေရာက္ေစတဲ့ အဆိပ္ substance တစ္ခုျဖစ္တဲ့ Bisphenol A (BPA) ပါဝင္ပါတယ္။ စည္သြပ္အစားအစာေတြက ရက္ေပါင္းၾကာရွည္စြာထားတာေၾကာင့္ အႏၱရာယ္ရွိ ဘက္တီးရီးယားေတြပါဝင္ႏိုင္ပါတယ္။
စည္သြပ္ေခါက္ဆြဲ၊ ဟင္းခ်ိဳ၊့ ေမြးကင္းစ ေဖာ္ျမဴလာေတြမွာ BPA levels ျမင့္မားစြာပါဝင္ပါတယ္။ ဒါ့အျပင္ စည္သြပ္တူနာငါးနဲ႔ တူနာငါးသုပ္ေတြမွာ မိခင္နဲ႔ သေႏၶသားကို ထိခိုက္ေစတဲ့ ျပဒါးဓါတ္ပါဝင္မႈ ျမင့္မားပါတယ္။

၁၁။ ႏိုက္ထရိတ္ၾကြယ္ဝတဲ့အစားအစာမ်ား

အသားညွပ္ေပါင္မုန္႔၊ ေဘကြန္၊ အသင့္စား အစားအစာမ်ား၊ ဝက္အူေခ်ာင္း၊ ဆလာမီ၊ ေဟာ့ေဒါ့ေတြမွာ ႏိုက္ထရိတ္ပါဝင္တာေၾကာင့္ ေရွာင္ပါ။ ႏိုက္ထရိတ္က အစားအစာအေရာင္ကို ပိုေကာင္းေစၿပီး အထားခံေစပါတယ္။ ႏိုက္ထရိတ္ပါဝင္ေသာအစားအစာမ်ားမွာ ဆိုဒီယမ္ႏွင့္ ျပည့္ဝဆီေတြလည္း ပါဝင္ပါတယ္။

၁၂။ သၾကားၾကြယ္ဝတဲ့အစားအစာမ်ား

သၾကားလံုး၊ ကိတ္မုန္႔၊ ေရခဲမုန္႔ ၊ဘီစကြတ္၊ ေခ်ာကလတ္ႏွင့္ သၾကားဓါတ္ၾကြယ္ဝတဲ့ အေဖ်ာ္ယမကာေတြကို စားသံုးမႈ ေလ်ာ့ခ်ပါ။ သူတို႔က ပ်ိဳ႕အန္ျခင္း၊ ဝမ္းခ်ဳပ္ျခင္း၊ ရင္ပူျခငး္းတို႔ကို ျဖစ္ေစပါတယ္။ ကိုယ္အေလးခ်ိန္ကို တိုးေစၿပီး ကိုယ္ဝန္ဆီးခ်ိဳေရာဂါကို ျဖစ္ေစပါတယ္။
ေျဖရွင္းခ်က္- ရံဖန္ရံခါ စားလို႔ရေပမယ့္ အကန္႔အသတ္နဲ႔ စားပါ။ သၾကားပါဝင္ေသာ အစားအစာအျဖစ္ သစ္ေတာ္သီး၊ ကၽြဲေကာသီး၊ စြန္ပလြံသီးကဲ့သို႔ေသာ အစားအစာမ်ားကို ေရြးခ်ယ္ပါ။

Chit_MayMay

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here