ကိုယ်ဝန်ဆောင်ချိန် အမှတ်တရ ဓါတ်ပုံလေးတွေကို အလန်းစား ရိုက်ကူးနိုင်မယ့် အိုင်ဒီယာ (၁၆)ခု

0
1119

ခုနောက်ပိုင်း ကိုယ်ဝန်ဆောင်မေမေတို့ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အမှတ်တရဖြစ်အောင် အလှဓါတ်ပုံလေးတွေ ရိုက်လာကြတာကို တွေ့ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန် အမှတ်တရ ဓါတ်ပုံလေးတွေ ရိုက်ထားရင် သားသားမီးမီးတွေ အရွယ်ရောက်လာတဲ့အခါ အဲဒီဓါတ်ပုံလေးတွေကြည့်ပြီး မိဘတွေအနေနဲ့ပီတီဖြစ်ရသလို သားသားမီးမီးတွေအတွက်လည်း အဖိုးတန်တဲ့ အမှတ်တရလေးတွေဖြစ်မှာ အသေအချာပါပဲ။

-Advertisement-

ဒါ့ကြောင့် ကိုယ်ဝန်ဆောင် မေမေတို့အတွက် ကိုယ်ဝန်ဆောင်ချိန် အမှတ်တရဓါတ်ပုံလေးတွေကို အလန်းစားဖြစ်အောင် ဘယ်လိုရိုက်ကူးနိုင်မလဲဆိုတဲ့ အိုင်ဒီယာတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ပန်းပွင့်လေးတွေ ကိုင်ထားတဲ့ပုံရိုက်မယ်

ကိုယ်ဝန်ဆောင်ဓါတ်ပုံလေးကို ရောင်စုံပန်းပွင့်လေးတွေနဲ့ အမိုက်စား ရိုက်ကူးနိုင်ပါတယ်နော်။ ကိုယ်ဝန် ၁လမှာရိုက်ကူးတာဆိုရင် ပန်းလေးတစ်ပွင့်ကိုင်ထားတာ၊ ကိုယ်ဝန် ၂လဆိုရင် ပန်းနှစ်ပွင့်နဲ့ ဓါတ်ပုံရိုက်တာ စသဖြင့် ကိုယ်ဝန်လအလိုက် ပန်းလေးတွေနဲ့ ရိုက်ကူးလို့ရပါတယ်နော်။

၂။ မိသားစုနှင့်အတူ ဆင်တူဝတ်ဆင်ပြီး ဓါတ်ပုံရိုက်မယ်

တစ်မိသားစုလုံး အရောင်တူလေးတွေ ဝတ်ဆင်ပြီး ဓါတ်ပုံရိုက်မယ်ဆိုရင် ချစ်စရာကောင်းမှာ သေချာပါတယ်။ ကဲ မေမေတို့လည်း ဝတ်စုံအရောင်တူလေးတွေ ဝယ်ပြီး ဓါတ်ပုံလှလှလေးရိုက်ကြည့်ပါနော်။

၃။ ကိုယ်ဝန်ဆောင် ဓါတ်ပုံလှလှလေးကို အဖွဲ့လိုက်ရိုက်ကူးမယ်

သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်ထဲမှာ ကိုယ့်လိုပဲ အတူတူ ကိုယ်ဝန်ဆောင်တဲ့သူ ရှိမှာပါနော်။ အချစ်ဆုံးသူငယ်ချင်းနှင့် အတူတူရိုက်လို့ရသလို ကိုယ်ဝန်ဆောင် ယောဂသင်တန်းက မိတ်ဆွေတွေနဲ့လည်း ရိုက်လို့ရပါတယ်။ ဒီဓါတ်ပုံလေးတွေက ချစ်စရာကောင်းတဲ့ အမှတ်တရလေးတွေ ဖြစ်မှာအမှန်ပါပဲ။

၄။ နတ်သမီးပုံပြင်ထဲကလို လှလှလေး ရိုက်ကူးမယ်

သင်ဟာ သင့်ဘဝရဲ့ ဘုရင်မတစ်ပါး ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်သူမှမရိုက်ကူးသေးတဲ့ အိုင်ဒီယာနဲ့ နန်းဆန်ဆန်လေး ရိုက်ကူးနိုင်ပါတယ်နော်။ မိသားစုပုံလေးကို အမှတ်တရလေး ဖြစ်နေစေဖို့ ကလေးတို့ ဖေဖေကို ဘုရင်လို ဝတ်စေပြီး ကလေးတွေကို မင်းသား၊ မင်းသမီးလေးတွေအဖြစ် ဝတ်ဆင်ရိုက်ကူးနိုင်ပါတယ်နော်။

၅။ ဝမ်းဗိုက်ပေါ်မှာ ဆေးရောင်စုံပန်းချီဆွဲပြီး ရိုက်မယ်

တခြား စိတ်ဝင်စားဖို့ ကောင်းတဲ့ အိုင်ဒီယာတစ်ခုက သင့်ဝမ်းဗိုက်ပေါ်မှာ ပန်းချီအနုပညာရှင်တစ်ယောက်ဖြင့် ဆေးရောင်စုံခြယ်ပြီး ပရော်ဖက်ရှင်နယ် တစ်ယောက်နဲ့ မှတ်တမ်းတင်ဓါတ်ပုံရိုက်တာပဲ ဖြစ်ပါတယ်။ ဗိုက်ပေါ်မှာ ပန်းချီဆွဲတဲ့အခါ ရုပ်ပြောင်ပန်းချီလေးတွေ၊ ကောင်လေး သို့ ကောင်မလေးတစ်ယောက်ပုံ ကာတွန်းလေးတွေ၊ မေမေနဲ့ ကလေး သို့မဟုတ် ကိုယ်နှစ်သက်တာ တစ်ခုခုကို ရေးဆွဲဖို့ အကြံပြုပါတယ်။

၆။ အဖြူအမည်း ဓါတ်ပုံ

ဓါတ်ပုံအိုင်ဒီယာတစ်ခုကတော့ အဖြူအမည်း portrait ရိုက်ဖို့ ဖြစ်ပါတယ်။ မေမေတို့ရဲ့ ကိုယ်ဝန်ဆောင်ဘဝ ဓါတ်ပုံကို ဒီလိုလေးရိုက်ကြည့်ပါနော်။ ရလဒ်က အံ့သြစရာကောင်းပါလိမ့်မယ်။

၇။ ရယ်စရာကောင်းတဲ့ ကိုယ်ဝန်ဆောင်ဓါတ်ပုံလေးတွေ ရိုက်ပါ

ကိုယ်ဝန်ဆောင်ဓါတ်ပုံလေးတွေကို ရယ်စရာကောင်းအောင် ရိုက်ကြည့်ပါနော်။ သင်စိတ်ဓါတ်ကျနေတဲ့အချိန်မှာ ဒီလိုအမှတ်တရဓါတ်ပုံလေးတွေက ဘဝမှာပျော်စရာကောင်းတဲ့ အချိန်တွေကို အောက်မေ့သတိရစေပါတယ်။ ရယ်စရာကောင်းတဲ့ အမှတ်တရလေးတွေ ဖြစ်စေဖို့ သူငယ်ချင်းတွေနှင့်အတူ၊ သင့်ခင်ပွန်း သို့မဟုတ် သားသားမီးမီးတွေနှင့်အတူ ရိုက်ကူးလို့ရပါတယ်။

၈။ ပထမကလေးနဲ့ မကြာမီလာမယ့် ကလေးလေးနှင့်အတူ ဓါတ်ပုံတစ်ပုံရိုက်ကူးပါ

ပထမကိုယ်ဝန်ဆောင်တုန်းက မရိုက်လိုက်ရလို့ စိတ်မကောင်းမဖြစ်ပါနဲ့နော်။ ဒုတိယကိုယ်ဝန်နဲ့လည်း ရိုက်ကူးလို့ရပါသေးတယ်နော်။ ပထမကလေးနဲ့ မကြာခင်မွေးတော့မယ့် ကိုယ်ဝန်နှင့်အတူ ဓါတ်ပုံရိုက်ကူးပေးပါ။ ဘာကြိုးစားအားထုတ်မှုမှ မလိုဘဲ ဓါတ်ပုံကောင်းတစ်ပုံ ရလာပါလိမ့်မယ်။

၉။ ရေအောက်ဓါတ်ပုံ ရိုက်ကူးမယ်

ဒါက ကိုယ်ဝန်ဆောင် ဓါတ်ပုံရိုက်ကူးမှုအတွက် ထူးထူးခြားခြား အိုင်ဒီယာတစ်ခုဖြစ်ပါတယ်။ အချိန်ယူဖို့ လိုအပ်ပြီး ရေအောက်ဓါတ်ပုံရိုက်ကူးတာအတွေ့အကြုံရှိတဲ့ ဓါတ်ပုံဆရာနဲ့ ရိုက်ကူးဖို့ လိုပါတယ်။ ရိုက်ကူးနေစဉ်မှာ အန္တရာယ်ကင်းအောင် မှန်ကန်တဲ့ တည်နေရာရွေးချယ်ဖို့ လိုအပ်ပါတယ်နော်။

၁၀။ ကျန်းကျန်းမာမာ မိခင်တစ်ယောက်ပုံ ရိုက်မယ်

သင်ဟာ ကာယကြံ့ခိုင်ပြီး အားကစားလိုက်စားတဲ့ မေမေဖြစ်ပါသလား? သင့်ရဲ့ ကြွက်သားများနဲ့ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ခန္ဓာကိုယ်ကို ကိုယ်ဝန်ဆောင် ဓါတ်ပုံရိုက်ကူးခြင်းကတဆင့် ပြသလို့ရပါတယ်။ ကိုယ်ဝန်ဆောင်ယောဂ ကစားနေတဲ့အချိန်၊ လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ snaps photo လေးတွေ ရိုက်ကူးထားလို့ရပါတယ်။

၁၁။ သဘာဝအလှဓါတ်ပုံ

ကိုယ်ဝန်ဆောင်ချိန်ဟာ အလှပဆုံးအဆင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ကိုယ်ဝန်ဆောင်ဓါတ်ပုံကို သဘာဝဆက်တင်ကြားထဲမှာ မှတ်တမ်းတင်လို့ရပါတယ်။ စိမ်းလန်းပြီး လှပသော ရှုခင်းများနှင့်အတူ သဘာဝနဲ့ အနီးစပ်ဆုံးတည်နေရာကို ရွေးချယ်ပြီး ရိုက်ကူးပါ။

၁၂။ အစားကောင်းကြိုက်တဲ့မေမေ

သူတို့လေးတွေကို ကိုယ်ဝန်ဆောင်ထားရတဲ့အချိန်က ဘယ်လောက်တောင် ဆာလောင်ကြောင်း သားသားမီးမီးတွေကို သိစေချင်ပါသလား။ မေမေတို့ရဲ့ ကိုယ်ဝန်ဆောင်ဓါတ်ပုံလေးတွေကို အရသာရှိတဲ့ အစားအစာတွေနှင့်အတူ ဖန်တီးနိုင်ပါတယ်နော်။

၁၃။ အရိပ်ဓါတ်ပုံ

တခြားစိတ်ဝင်စားဖို့ကောင်းတဲ့ အိုင်ဒီယာက ဓါတ်ပုံ ရိုက်ကူးမှုအတွက် ကိုယ်ဝန်လွယ်ထားတဲ့ပုံ အရိပ်ပေါ်မှာ focus လုပ်ဖို့ပါပဲ။ ဒါက ရိုးရိုးလေးနဲ့ အမှတ်တရ ဖြစ်သွားစေပါတယ်။

၁၄။ ကိုယ်ဝန်ဆောင်စုံတွဲပုံ

မင်္ဂလာမဆောင်ခင်နဲ့ ဆောင်ပြီးနာက်မှာ စုံတွဲပုံလေးတွေ ရိုက်သလိုပဲ သင်ကိုယ်ဝန်ဆောင်တဲ့အခါမှာလည်း ရိုက်ကူးထားပါ။ ဒါက ချစ်စရာကောင်းတဲ့ အိုင်ဒီယာတစ်ခုဖြစ်ပါတယ်။ သင်အလုပ်ရှုပ်တဲ့ မိဘဖြစ်မလာခင်မှာ သင့်ခင်ပွန်းနှင့် အတူတူ အချိန်ကောင်းတစ်ချို့ကို ဖြုန်းပါ။

၁၅။ ကမ်းခြေဓါတ်ပုံ

ကိုယ်ဝန်ဆောင်မေမေတို့ရေ ကမ်းခြေရောက်တဲ့အခါ ခင်ပွန်းနှင့်အတူ special အမှတ်တရတစ်ချို့ကို ရိုက်ကူးလို့ရပါတယ်နော်။ အလှဆုံးပုံလေးတွေ ဖြစ်နေမှာ သေချာပါတယ်။

၁၆။ ကိုယ်ဝန်ဆောင် ၁၀လခရီး

ကိုယ်ဝန်ဆောင် လတစ်လချင်းစီကို မှတ်တမ်းတင်ရင်း ဒီလိုဓါတ်ပုံလေးတွေ ရိုက်ကူးလို့ရပါတယ်။ သင့်ဘဝရဲ့ အကောင်းဆုံးအမှတ်တရတစ်ခုအဖြစ် ကိုယ်ဝန်ဆောင် ၁၀လ ဓါတ်ပုံအားလုံးကို collage တစ်ခုဖန်တီးပြီး ဘောင်လေးတစ်ခုဖြင့် အမှတ်တရသိမ်းထားလို့ရပါတယ်။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here