ကိုယ်ဝန်ဆောင်ချိန်မှာ နောက်ကျောနာကျင်ခြင်း နဲ့ပတ်သတ်ပြီး ပျိုမေတို့သိထားသင့်တဲ့ အရာများ

0
64

ကိုယ္ဝန္သည္အမ်ားစုဟာ ခါးနာျခင္းေဝဒနာကို ခံစားေနရၿပီး ယခုလိုေနာက္ေက်ာနာက်င္ျခင္းဟာ မိန္းကေလးတိုင္းလိုလို ႀကဳံေတြ႕ရမယ့္ ျပႆနာတစ္ခုပါ။ ဒီလိုနာက်င္မႈဟာ သဘာဝအေလွ်ာက္ မလြဲမေရွာင္သာ ႀကဳံေတြ႕ရမယ့္ အေျခအေနဆိုေပမယ့္ နာက်င္မႈသက္သာေအာင္နဲ႔ နာက်င္မႈကိုကာကြယ္ႏိုင္တဲ့ နည္းလမ္းေတြလည္း ရွိပါတယ္။

-Advertisement-

ကိုယ္ဝန္ေဆာင္ခ်ိန္ ေနာက္ေက်ာနာက်င္ျခင္းရဲ႕ အဓိကအေၾကာင္းရင္း

၁။ သင့္ရဲ႕ဆြဲအားဗဟို ( centre of gravity) ေျပာင္းလဲမႈေၾကာင့္
ကိုယ္ဝန္ေဆာင္ေနတဲ့အခ်ိန္ဆိုရင္ သင့္ရဲ႕သားအိမ္ထဲက ႀကီးထြားေနတဲ့ကေလးကို ေထာက္ကူေပးဖို႔နဲ႔ သင့္ရဲ႕ကိုယ္အေလးခ်ိန္ကို balance ျဖစ္ေစဖို႔အတြက္ ကိုယ္ခႏၶာဗဟိုခ်က္ဟာ ေရွ႕ကို အနည္းငယ္ေ႐ႊ႕သြားတာေၾကာင့္ ခါးအနည္းငယ္ေကာ့သြားပါတယ္။ ဒီလိုသင့္ရဲ႕ပုံမွန္ကိုယ္ဟန္အေနအထားနဲ႔ မတူညီတဲ့လႈပ္ရွားမႈအကြာအေဝးေၾကာင့္ ေနာက္ေက်ာနာက်င္ျခင္းကို ျဖစ္ေစတာျဖစ္ပါတယ္။

၂။ ႂကြက္သားကြဲမႈ ျဖစ္ေပၚမႈေၾကာင့္
သင့္ရဲ႕သားအိမ္ကို ခ်ဲ႕ထြင္ဖို႔အတြက္ ႏွစ္ဖက္အၿပိဳင္ရွိေနတဲ့ ႂကြက္သားႏွစ္ဖက္ဟာ ကြဲလာၿပီး တိုးခ်ဲ႕လာမႈေၾကာင့္ ေနာက္ေက်ာဖက္နာက်င္မႈကို ျဖစ္ေစတာျဖစ္ပါတယ္။

၃။ ကိုယ္အေလးခ်ိန္တိုးလာမႈေၾကာင့္
ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အမ်ားအားျဖင့္ ကိုယ္အေလးခ်ိန္တိုးလာမႈေၾကာင့္ ေက်ာ႐ိုးမႀကီးက တိုးလာတဲ့ကိုယ္အေလးခ်ိန္အတြက္ ပိုၿပီးေထာက္ကူေပးရပါတယ္။ ဒါ့ေၾကာင့္ ေသြးေၾကာေတြနဲ႔ တင္ပါးဆုံ႐ိုးမွာရွိတဲ့ နာဗ့္ေၾကာေတြမွာ ဖိအားတိုးျမင့္လာၿပီး ေက်ာ႐ိုးနာဗ့္ေၾကာအေပၚ ပိုအားစိုက္ရတာေၾကာင့္ ေနာက္ေက်ာနာက်င္မႈကို ခံစားရတာျဖစ္ပါတယ္။

၄။ ကိုယ္အေနအထား မမွန္မႈဟာလည္း အဓိကအေၾကာင္းရင္းျဖစ္ႏိုင္
အခ်ိန္ၾကာျမင့္စြာရပ္ျခင္း၊ ထိုင္ျခင္း၊ ေကြးေနျခင္း နဲ႔ ေလးလံတဲ့အရာေတြကို မျခင္းေၾကာင့္ ေက်ာ႐ိုးအေပၚ ဖိအားျဖစ္ေစၿပီး ေနာက္ေက်ာနာက်င္ျခင္းကို ျဖစ္ေစတာပါ။

၅။ ေဟာ္မုန္း ႐ုတ္တရက္ တိုးလာမႈေၾကာင့္
ကိုယ္ဝန္ေဆာင္ေနစဥ္မွာ ေမြးဖြားဖို႔အတြက္ ျပင္ဆင္ျခင္းနဲ႔ တင္ပါးေနရာနဲ႔ အဆုံေတြကို သက္ေတာင့္သက္သာျဖစ္ေအာင္ ကူညီေပးဖို႔အတြက္ relaxin လိုေဟာ္မုန္းေတြဟာ တိုးပြားလာပါတယ္။ ဒီလိုကိုယ္ခႏၶာအတြင္း ေျပာင္းလဲမႈဟာ ေက်ာ႐ိုးမတည္ၿငိမ္မႈကိုျဖစ္ေစၿပီး ေနာက္ေက်ာကိုနာက်င္ေစတာပါ။

၆။ စိတ္ပိုင္းဆိုင္ရာဖိစီးမႈ
ကိုယ္ဝန္သည္အားလုံးဟာ သူတို႔ဘဝမွာရွိတဲ့ စိတ္ညစ္စရာကိစၥရပ္ေတြအကုန္လုံးကို ေမ့ေပ်ာက္ေစရန္အတြက္ ဆရာဝန္ေတြအားလုံးက အႀကံျပဳၾကပါတယ္။ တကယ္လို႔ကိုယ္ဝန္သည္တစ္ေယာက္ဟာ စိတ္ဖိစီးမႈရွိလာရင္ သူတို႔ရဲ႕ေနာက္ေက်ာဖက္ႂကြက္သားေတြမွာ တင္းမာမႈျဖစ္လာပါတယ္။
ဒါ့ေၾကာင့္ စိတ္ဖိစီးမႈမ်ားတဲ့ ကိုယ္ဝန္သည္ေတြဟာ ေနာက္ေက်ာနာမႈကို ပိုခံစားရတာျဖစ္ပါတယ္။

ေနာက္ေက်ာနာက်င္မႈအတြက္ ကုထုံးနဲ႔ အိမ္တြင္းေဆး


ဒီလိုမ်ားျပားတဲ့အခ်က္ေတြေၾကာင့္ ကိုယ္ဝန္သည္ေတြ ေနာက္ေက်ာမနာက်င္ဖို႔ ေမွ်ာ္လင့္ရတာခက္ခဲမွာပါ။ ဒါေပမယ့္ သတင္းေကာင္းကေတာ့ နာတာရွည္ခါးနာမႈမဟုတ္လွ်င္ ေနာက္ေက်ာနာမႈကိုသက္သာေအာင္ကူညီေပးႏိုင္တဲ့ နည္းလမ္းေတြရွိပါတယ္။

၁။ အခ်ိန္တိုင္း ေကာင္းမြန္တဲ့ကိုယ္ဟန္အေနအထားျဖစ္ေအာင္ ေလ့က်င့္ေနပါ
သင့္ရဲ႕ဗိုက္ထဲမွာ ႀကီးထြားလာေနတဲ့ကေလးနဲ႔အတူ ကိုယ္ခႏၶာကို ဟန္ခ်က္ညီေအာင္ ထိန္းသိမ္းရတာ လြယ္ေတာ့မလြယ္ပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ေကာင္းမြန္တဲ့ကိုယ္ဟန္အေနအထားျဖစ္ေအာင္ေတာ့ အခ်ိန္တိုင္းဂ႐ုစိုက္ေနရပါမယ္။
(၁) အေထာက္အပံ့နဲ႔ထိုင္ျခင္း
တကယ္လို႔ ခုံမွာထိုင္ရင္ ပုဝါတစ္ခုကိုေခါက္ၿပီး ခါးေနာက္မွာ ခုထားေပးပါ။ ကိုယ္ခႏၶာကိုမတ္မတ္ထိုင္ၿပီး ေျခေထာက္ေတြလြတ္ေနတဲ့အခါ ေအာက္ကျမင့္တာတခုခုခံထားပါ။ အခ်ိန္ၾကာျမင့္စြာမထိုင္ပဲ မၾကာခဏမတ္တပ္ရပ္ပါ။ မတ္တပ္ရပ္တဲ့အခါမွာလည္း အခ်ိန္မၾကာေစပဲ မၾကာခဏထိုင္ေပးပါ။

(၂) အိပ္ျခင္းနဲ႔ အိပ္ရာထတဲ့အခါ
အိပ္တဲ့အခါ ကိုယ္ဝန္သည္ေခါင္းအုံးကို ဒူးႏွစ္ေခ်ာင္းၾကားမွာ ညႇပ္ထားပါ။ အိပ္ရာကထတဲ့အခါ ဒူကိုအေပၚကိုေကြးၿပီး ေဘးကိုျဖည္းျဖည္းခ်င္းေစာင္ၿပီးမွ ထပါ။ လက္ႏွစ္ဖက္က ၾကမ္းျပင္ကိုအားစိုက္တြန္းၿပီးမွ ထဖို႔မေမ့ပါနဲ႔။

(၃) လမ္းေလွ်ာက္ျခင္းနဲ႔ မတ္တပ္ရပ္ျခင္း
အခ်ိန္ၾကာျမင့္စြာလမ္းေလွ်ာက္ျခင္းနဲ႔ မတ္တပ္ရပ္ျခင္းကို ေရွာင္ရွားဖို႔လိုပါတယ္။ မၾကာခဏထိုင္ျခင္းနဲ႔ထျခင္းကို ျပဳလုပ္တဲ့အခါ တခုခုကိုအားျပဳၿပီးမွ ထိုင္ထလုပ္ပါ။ ဖိနပ္စီးတဲ့အခါ ေဒါက္ဖိနပ္လို ျမင့္တဲ့ဖိနပ္ေတြကို မဝတ္ဆင္ပဲ ဖိနပ္ပါးနဲ႔သက္ေတာင့္သက္သာျဖစ္ေစတာမ်ိဳးကို ေ႐ြးခ်ယ္စီးပါ။

၂။ ေလ့က်င့္ခန္းနဲ႔ မျခင္းမ်ား
ဆရာဝန္ေတြကေတာ့ ကိုယ္ဝန္သည္ေတြအတြက္ မျပင္းထန္တဲ့ေလ့က်င့္ခန္းေတြကိုသာ အႀကံျပဳၾကပါတယ္။ လမ္းေလွ်ာက္ျခင္းနဲ႔ ေရကူးျခင္းလို အေျခခံေလ့က်င့္ခန္းေတြကို ပုံမွန္လုပ္ေပးႏိုင္ပါတယ္။
ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေလ့က်င့္ခန္းလုပ္ျခင္းဟာ အေရးႀကီးတဲ့အရာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သင့္ရဲ႕ႂကြက္သားေတြကို သန္မာေစဖို႔နဲ႔ အဆစ္၊ အဆုံေနရာေတြကိုပိုၿပီး သက္ေတာင့္သက္သာျဖစ္ေစတာေၾကာင့္ ကေလးေမြးတဲ့အခါ လြယ္ကူေစပါတယ္။
တကယ္လို႔ ေလ့က်င့္ခန္းလုပ္တဲ့အခါ သင့္ရဲ႕ေနာက္ေက်ာကို လုံးဝမနာက်င္ေစေလာက္တဲ့ပမာဏေလာက္သာ လုပ္ေပးပါ။ ေလးလံတဲ့အရာေတြကို မတဲ့အခါ တကယ့္ကိုဂ႐ုစိုက္ေပးပါ။ တခုခုကိုေကာက္တဲ့အခါ ခါးကုန္းၿပီးေကာက္ျခင္းကို မျပဳလုပ္သင့္ၿပီး ထိုင္ၿပီးမွေကာက္ပါ။ ေယာဂေလ့က်င့္ခန္းအခ်ိဳ႕ဟာလည္း ကိုယ္ဝန္ေဆာင္ေတြအတြက္ အထူးသင့္ေလွ်ာ္ပါတယ္။

၃။ ေဘးကိုေစာင္းအိပ္ျခင္း
ကိုယ္ဝန္ေဆာင္ေနတဲ့အခ်ိန္မွာ သင့္ရဲ႕ဘယ္ဖက္ကိုေစာင္းၿပီးအိပ္ဖို႔ အႀကံျပဳပါတယ္။ အိပ္တဲ့အခါ ေျခေထာက္တစ္ေခ်ာင္း သို႔မဟုတ္ ႏွစ္ေခ်ာင္းကိုေကြးထားၿပီး ဒူးေခါင္းၾကားေခါင္းအုံးညႇပ္အိပ္ပါ။

၄။ အပူအေအး ဂ႐ုစိုက္ပါ
ေနာက္ေက်ာမၾကာခဏနာက်င္တဲ့အခါ ေႏြးတဲ့အရာသို႔မဟုတ္ ေအးတဲ့အရာကို ေနာက္ေက်ာအား မိနစ္ႏွစ္ဆယ္ေလာက္ကပ္ေပးျခင္းျဖင့္ သက္သာေစပါတယ္။ ေသခ်ာေစဖို႔အတြက္ ဆရာဝန္နဲ႔ေတာ့ အေသအခ်ာေမးျမန္းဖို႔ အႀကံျပဳပါတယ္။ ယခုလိုကပ္တဲ့အခါ သင့္ရဲ႕ဗိုက္ဖက္ကိုမေရာက္ပါေစနဲ႔။

၅။ ကုထုံးေတြကို မေမ့ပါနဲ႔
တကယ္လို႔ မၾကာခဏနာက်င္ေနရင္ ကိုယ္ဝန္ေဆာင္နဲ႔ပတ္သတ္ၿပီး ကြၽမ္းက်င္ပညာရွင္ေတြ၊ ကုထုံးပညာရွင္ေတြကို အားကိုးပါ။ က်န္းမာေရးေစာင့္ေရွာက္မႈဟာ အေရးႀကီးပါတယ္။

၆။ ႏွိပ္နယ္ပါ
ကြၽမ္းက်င္တဲ့ အႏွိပ္ပညာရွင္ေတြဆီမွာ အႏွိပ္ခံျခင္းဟာ သင့္ကိုလန္းဆန္းေစၿပီး ေနာက္ေက်ာနာက်င္ျခင္းကို သက္သာေစႏိုင္ပါတယ္။

တကယ္လို႔ သင့္ေနာက္ေက်ာနဲ႔ ပတ္သတ္ၿပီး ယခုလိုလကၡဏာေတြျဖစ္ေနရင္ ဆရာဝန္နဲ႔ျပၿပီး ေဆးကုသမႈခံဖို႔ မေမ့ပါနဲ႔။

ႏွစ္ပတ္ထက္ပိုၿပီးနာက်င္ေနရင္
႐ုတ္တရက္ နာက်င္မႈတိုးျမင့္လာျခင္း
နံ႐ိုးတစ္ဖက္ သို႔မဟုတ္ ႏွစ္ဖက္လုံးကနာက်င္ေနရင္
သင့္လက္၊ ေျခေထာက္နဲ႔ အျခားအစိတ္အပိုင္းေတြမွာ ထုံက်ဥ္သလိုခံစားေနရျခင္း
ဆီးသြားတဲ့အခါ ခက္ခဲျခင္း
ေနာက္ေက်ာနာၿပီး ေယာနိကေသြးထြက္ျခင္း
အဖ်ားလကၡဏာ
ဒီလကၡဏာေတြဟာ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း အပါအဝင္ ကိုယ္ဝန္ေဆာင္က်န္းမာေရးျပႆနာတစ္ခုခုနဲ႔ သက္ဆိုင္ေနတာေၾကာင့္ လုံးဝေပါ့ဆလို႔မရပါဘူး။
LM_Naung_Naung
Lifestyle_Myanmar

Unicode

ကိုယ်ဝန်သည်အများစုဟာ ခါးနာခြင်းဝေဒနာကို ခံစားနေရပြီး ယခုလိုနောက်ကျောနာကျင်ခြင်းဟာ မိန်းကလေးတိုင်းလိုလို ကြုံတွေ့ရမယ့် ပြဿနာတစ်ခုပါ။ ဒီလိုနာကျင်မှုဟာ သဘာဝအလျှောက် မလွဲမရှောင်သာ ကြုံတွေ့ရမယ့် အခြေအနေဆိုပေမယ့် နာကျင်မှုသက်သာအောင်နဲ့ နာကျင်မှုကိုကာကွယ်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။

ကိုယ်ဝန်ဆောင်ချိန် နောက်ကျောနာကျင်ခြင်းရဲ့ အဓိကအကြောင်းရင်း

၁။ သင့်ရဲ့ဆွဲအားဗဟို ( centre of gravity) ပြောင်းလဲမှုကြောင့်
ကိုယ်ဝန်ဆောင်နေတဲ့အချိန်ဆိုရင် သင့်ရဲ့သားအိမ်ထဲက ကြီးထွားနေတဲ့ကလေးကို ထောက်ကူပေးဖို့နဲ့ သင့်ရဲ့ကိုယ်အလေးချိန်ကို balance ဖြစ်စေဖို့အတွက် ကိုယ်ခန္ဓာဗဟိုချက်ဟာ ရှေ့ကို အနည်းငယ်ရွှေ့သွားတာကြောင့် ခါးအနည်းငယ်ကော့သွားပါတယ်။ ဒီလိုသင့်ရဲ့ပုံမှန်ကိုယ်ဟန်အနေအထားနဲ့ မတူညီတဲ့လှုပ်ရှားမှုအကွာအဝေးကြောင့် နောက်ကျောနာကျင်ခြင်းကို ဖြစ်စေတာဖြစ်ပါတယ်။

၂။ ကြွက်သားကွဲမှု ဖြစ်ပေါ်မှုကြောင့်
သင့်ရဲ့သားအိမ်ကို ချဲ့ထွင်ဖို့အတွက် နှစ်ဖက်အပြိုင်ရှိနေတဲ့ ကြွက်သားနှစ်ဖက်ဟာ ကွဲလာပြီး တိုးချဲ့လာမှုကြောင့် နောက်ကျောဖက်နာကျင်မှုကို ဖြစ်စေတာဖြစ်ပါတယ်။

၃။ ကိုယ်အလေးချိန်တိုးလာမှုကြောင့်
ကိုယ်ဝန်ဆောင်ချိန်မှာ အများအားဖြင့် ကိုယ်အလေးချိန်တိုးလာမှုကြောင့် ကျောရိုးမကြီးက တိုးလာတဲ့ကိုယ်အလေးချိန်အတွက် ပိုပြီးထောက်ကူပေးရပါတယ်။ ဒါ့ကြောင့် သွေးကြောတွေနဲ့ တင်ပါးဆုံရိုးမှာရှိတဲ့ နာဗ့်ကြောတွေမှာ ဖိအားတိုးမြင့်လာပြီး ကျောရိုးနာဗ့်ကြောအပေါ် ပိုအားစိုက်ရတာကြောင့် နောက်ကျောနာကျင်မှုကို ခံစားရတာဖြစ်ပါတယ်။

၄။ ကိုယ်အနေအထား မမှန်မှုဟာလည်း အဓိကအကြောင်းရင်းဖြစ်နိုင်
အချိန်ကြာမြင့်စွာရပ်ခြင်း၊ ထိုင်ခြင်း၊ ကွေးနေခြင်း နဲ့ လေးလံတဲ့အရာတွေကို မခြင်းကြောင့် ကျောရိုးအပေါ် ဖိအားဖြစ်စေပြီး နောက်ကျောနာကျင်ခြင်းကို ဖြစ်စေတာပါ။

၅။ ဟော်မုန်း ရုတ်တရက် တိုးလာမှုကြောင့်
ကိုယ်ဝန်ဆောင်နေစဥ်မှာ မွေးဖွားဖို့အတွက် ပြင်ဆင်ခြင်းနဲ့ တင်ပါးနေရာနဲ့ အဆုံတွေကို သက်တောင့်သက်သာြဖစ်အောင် ကူညီပေးဖို့အတွက် relaxin လိုဟော်မုန်းတွေဟာ တိုးပွားလာပါတယ်။ ဒီလိုကိုယ်ခန္ဓာအတွင်း ပြောင်းလဲမှုဟာ ကျောရိုးမတည်ငြိမ်မှုကိုဖြစ်စေပြီး နောက်ကျောကိုနာကျင်စေတာပါ။

၆။ စိတ်ပိုင်းဆိုင်ရာဖိစီးမှု
ကိုယ်ဝန်သည်အားလုံးဟာ သူတို့ဘဝမှာရှိတဲ့ စိတ်ညစ်စရာကိစ္စရပ်တွေအကုန်လုံးကို မေ့ပျောက်စေရန်အတွက် ဆရာဝန်တွေအားလုံးက အကြံပြုကြပါတယ်။ တကယ်လို့ကိုယ်ဝန်သည်တစ်ယောက်ဟာ စိတ်ဖိစီးမှုရှိလာရင် သူတို့ရဲ့နောက်ကျောဖက်ကြွက်သားတွေမှာ တင်းမာမှုဖြစ်လာပါတယ်။
ဒါ့ကြောင့် စိတ်ဖိစီးမှုများတဲ့ ကိုယ်ဝန်သည်တွေဟာ နောက်ကျောနာမှုကို ပိုခံစားရတာဖြစ်ပါတယ်။

နောက်ကျောနာကျင်မှုအတွက် ကုထုံးနဲ့ အိမ်တွင်းဆေး
ဒီလိုများပြားတဲ့အချက်တွေကြောင့် ကိုယ်ဝန်သည်တွေ နောက်ကျောမနာကျင်ဖို့ မျှော်လင့်ရတာခက်ခဲမှာပါ။ ဒါပေမယ့် သတင်းကောင်းကတော့ နာတာရှည်ခါးနာမှုမဟုတ်လျှင် နောက်ကျောနာမှုကိုသက်သာအောင်ကူညီပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။

၁။ အချိန်တိုင်း ကောင်းမွန်တဲ့ကိုယ်ဟန်အနေအထားဖြစ်အောင် လေ့ကျင့်နေပါ
သင့်ရဲ့ဗိုက်ထဲမှာ ကြီးထွားလာနေတဲ့ကလေးနဲ့အတူ ကိုယ်ခန္ဓာကို ဟန်ချက်ညီအောင် ထိန်းသိမ်းရတာ လွယ်တော့မလွယ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ကောင်းမွန်တဲ့ကိုယ်ဟန်အနေအထားဖြစ်အောင်တော့ အချိန်တိုင်းဂရုစိုက်နေရပါမယ်။
(၁) အထောက်အပံ့နဲ့ထိုင်ခြင်း
တကယ်လို့ ခုံမှာထိုင်ရင် ပုဝါတစ်ခုကိုခေါက်ပြီး ခါးနောက်မှာ ခုထားပေးပါ။ ကိုယ်ခန္ဓာကိုမတ်မတ်ထိုင်ပြီး ခြေထောက်တွေလွတ်နေတဲ့အခါ အောက်ကမြင့်တာတခုခုခံထားပါ။ အချိန်ကြာမြင့်စွာမထိုင်ပဲ မကြာခဏမတ်တပ်ရပ်ပါ။ မတ်တပ်ရပ်တဲ့အခါမှာလည်း အချိန်မကြာစေပဲ မကြာခဏထိုင်ပေးပါ။

(၂) အိပ်ခြင်းနဲ့ အိပ်ရာထတဲ့အခါ
အိပ်တဲ့အခါ ကိုယ်ဝန်သည်ခေါင်းအုံးကို ဒူးနှစ်ချောင်းကြားမှာ ညှပ်ထားပါ။ အိပ်ရာကထတဲ့အခါ ဒူကိုအပေါ်ကိုကွေးပြီး ဘေးကိုဖြည်းဖြည်းချင်းစောင်ပြီးမှ ထပါ။ လက်နှစ်ဖက်က ကြမ်းပြင်ကိုအားစိုက်တွန်းပြီးမှ ထဖို့မမေ့ပါနဲ့။

(၃) လမ်းလျှောက်ခြင်းနဲ့ မတ်တပ်ရပ်ခြင်း
အချိန်ကြာမြင့်စွာလမ်းလျှောက်ခြင်းနဲ့ မတ်တပ်ရပ်ခြင်းကို ရှောင်ရှားဖို့လိုပါတယ်။ မကြာခဏထိုင်ခြင်းနဲ့ထခြင်းကို ပြုလုပ်တဲ့အခါ တခုခုကိုအားပြုပြီးမှ ထိုင်ထလုပ်ပါ။ ဖိနပ်စီးတဲ့အခါ ဒေါက်ဖိနပ်လို မြင့်တဲ့ဖိနပ်တွေကို မဝတ်ဆင်ပဲ ဖိနပ်ပါးနဲ့သက်တောင့်သက်သာဖြစ်စေတာမျိုးကို ရွေးချယ်စီးပါ။

၂။ လေ့ကျင့်ခန်းနဲ့ မခြင်းများ
ဆရာဝန်တွေကတော့ ကိုယ်ဝန်သည်တွေအတွက် မပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကိုသာ အကြံပြုကြပါတယ်။ လမ်းလျှောက်ခြင်းနဲ့ ရေကူးခြင်းလို အခြေခံလေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ပေးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အရေးကြီးတဲ့အရာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့ကြွက်သားတွေကို သန်မာစေဖို့နဲ့ အဆစ်၊ အဆုံနေရာတွေကိုပိုပြီး သက်တောင့်သက်သာဖြစ်စေတာကြောင့် ကလေးမွေးတဲ့အခါ လွယ်ကူစေပါတယ်။
တကယ်လို့ လေ့ကျင့်ခန်းလုပ်တဲ့အခါ သင့်ရဲ့နောက်ကျောကို လုံးဝမနာကျင်စေလောက်တဲ့ပမာဏလောက်သာ လုပ်ပေးပါ။ လေးလံတဲ့အရာတွေကို မတဲ့အခါ တကယ့်ကိုဂရုစိုက်ပေးပါ။ တခုခုကိုကောက်တဲ့အခါ ခါးကုန်းပြီးကောက်ခြင်းကို မပြုလုပ်သင့်ပြီး ထိုင်ပြီးမှကောက်ပါ။ ယောဂလေ့ကျင့်ခန်းအချို့ဟာလည်း ကိုယ်ဝန်ဆောင်တွေအတွက် အထူးသင့်လျှော်ပါတယ်။

၃။ ဘေးကိုစောင်းအိပ်ခြင်း
ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ သင့်ရဲ့ဘယ်ဖက်ကိုစောင်းပြီးအိပ်ဖို့ အကြံပြုပါတယ်။ အိပ်တဲ့အခါ ခြေထောက်တစ်ချောင်း သို့မဟုတ် နှစ်ချောင်းကိုကွေးထားပြီး ဒူးခေါင်းကြားခေါင်းအုံးညှပ်အိပ်ပါ။

၄။ အပူအအေး ဂရုစိုက်ပါ
နောက်ကျောမကြာခဏနာကျင်တဲ့အခါ နွေးတဲ့အရာသို့မဟုတ် အေးတဲ့အရာကို နောက်ကျောအား မိနစ်နှစ်ဆယ်လောက်ကပ်ပေးခြင်းဖြင့် သက်သာစေပါတယ်။ သေချာစေဖို့အတွက် ဆရာဝန်နဲ့တော့ အသေအချာမေးမြန်းဖို့ အကြံပြုပါတယ်။ ယခုလိုကပ်တဲ့အခါ သင့်ရဲ့ဗိုက်ဖက်ကိုမရောက်ပါစေနဲ့။

၅။ ကုထုံးတွေကို မမေ့ပါနဲ့
တကယ်လို့ မကြာခဏနာကျင်နေရင် ကိုယ်ဝန်ဆောင်နဲ့ပတ်သတ်ပြီး ကျွမ်းကျင်ပညာရှင်တွေ၊ ကုထုံးပညာရှင်တွေကို အားကိုးပါ။ ကျန်းမာရေးစောင့်ရှောက်မှုဟာ အရေးကြီးပါတယ်။

၆။ နှိပ်နယ်ပါ
ကျွမ်းကျင်တဲ့ အနှိပ်ပညာရှင်တွေဆီမှာ အနှိပ်ခံခြင်းဟာ သင့်ကိုလန်းဆန်းစေပြီး နောက်ကျောနာကျင်ခြင်းကို သက်သာစေနိုင်ပါတယ်။

တကယ်လို့ သင့်နောက်ကျောနဲ့ ပတ်သတ်ပြီး ယခုလိုလက္ခဏာတွေဖြစ်နေရင် ဆရာဝန်နဲ့ပြပြီး ဆေးကုသမှုခံဖို့ မမေ့ပါနဲ့။
နှစ်ပတ်ထက်ပိုပြီးနာကျင်နေရင်
ရုတ်တရက် နာကျင်မှုတိုးမြင့်လာခြင်း
နံရိုးတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးကနာကျင်နေရင်
သင့်လက်၊ ခြေထောက်နဲ့ အခြားအစိတ်အပိုင်းတွေမှာ ထုံကျဉ်သလိုခံစားနေရခြင်း
ဆီးသွားတဲ့အခါ ခက်ခဲခြင်း
နောက်ကျောနာပြီး ယောနိကသွေးထွက်ခြင်း
အဖျားလက္ခဏာ
ဒီလက္ခဏာတွေဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း အပါအဝင် ကိုယ်ဝန်ဆောင်ကျန်းမာရေးပြဿနာတစ်ခုခုနဲ့ သက်ဆိုင်နေတာကြောင့် လုံးဝပေါ့ဆလို့မရပါဘူး။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here