ကိုယ်လက် မသန်စွမ်းတဲ့ဖောက်သည်ကောင်လေးကို ကိုယ်တိုင်ခေါက်ဆွဲခွံ့ကျွေးတဲ့ စာပွဲထိုးလေး

0
298
စားပွဲထိုးကောင်လေး
စားပွဲထိုးကောင်လေး

မလေးရှားလမ်းဘေးစားသောက်ဆိုင်တစ်ဆိုင်မှာ ခေါက်ဆွဲလာစားတဲ့ ကိုယ်လက်မသန်စွမ်းတဲ့ကောင်လေးကို ဆိုင်မှာအလုပ်လုပ်တဲ့ စားပွဲထိုးကောင်လေးက အစာခွံ့ကျွေးပြီးနောက်မှာတော့ ဒီပုံရိပ်လေးဟာ အွန်လိုင်းမှာပြန့်နှံ့ခဲ့ပြီး အင်တာနက်သူစွဲသူတွေကို ကြည်နူးမှုဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီသတင်းဟာ အလျင်အမြန်ပဲ လူမှုကွန်ယက်မှာ ပြန့်နှံခဲ့ပြီး ထိမိတဲ့ ဒီပုံရိပ်လေးကို Facebook မှာ မျှဝေသူ အများအပြားရရှိခဲ့ပါတယ်။

-Advertisement-

Andy Lau ဆိုတဲ့ လူတစ်ဦးက အဆိုပါဆိုင်မှာ လာစားရင် ထိုမြင်ကွင်းကို သဘောကျလို့ ဓာတ်ပုံရိုက်ပြီး အွန်လိုင်းမှာ မျှဝေပေးခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အဆိုအရ ထိုလမ်းဘေးခေါက်ဆွဲဆိုင်လေးဟာ မလေးရှားနိုင်ငံ Johor Bahru မှာရှိတဲ့ လမ်းဘေးဆိုင်လေးတစ်ဆိုင်ပဲဖြစ်ပါတယ်။ ပထမပိုင်းမှာ စားပွဲထိုးကောင်လေးက ကိုယ်လက်မသန်စွမ်းတဲ့ ကောင်လေးရှေ့ ခေါက်ဆွဲပန်ကန်လာချပေးခဲ့ပါတယ်။ ပြီးတဲ့အခါ သူစားနေတာကြည့်ပြီး လက်တွေက မသန်တဲ့အတွက် ဇွန်းကိုင်ပြီးစားရတာ အဆင်မပြေတာကြောင့် ကိုယ်တိုင်ပဲ ခွံ့ကျွေးပေးခဲ့တာပဲဖြစ်ပါတယ်။

စားပွဲထိုး အလုပ်သမားလေးဟာ ရွေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်ပြီး ဆိုင်ရှင်အနေနဲ့ အခြား စားသုံးသူတွေအပေါ် အချိန်မပေးဘဲ ဒီတစ်ယောက်ထဲပေါ်မှာပဲ အချိန်ကုန်နေတာ မဟုတ်ဘူးလို့ ဆိုပေမဲ့ သူ့အနေနဲ့ ဒီလုပ်ရပ်အပေါ် ရပ်တန့်ခြင်းမရှိခဲ့ပါဘူး။ ဆိုင်ရှင်က ဒဏ်ရိုက်မှာ သိနေပေမဲ့ သူရဲ့ ကြင်နာတတ်တဲ့စိတ်ကိုတော့ဖျောက်ဖြတ်ပစ်ပုံ မပေါ်ပါဘူး။ ဒီအဖြစ်အပျက်ကို အစအဆုံးမြင်တဲ့ Andy ဟာ လူတွေရဲ့ စိတ်ဓာတ်မွန်မြတ်ခြင်း မမွန်မြတ်ခြင်းက အပေါ်ယံ အဝတ်အစား၊ အသားအရောင်နဲ့ မဆိုင်ပါဘူး သူတို့ရဲ့ အတွင်းစိတ်နဲ့ပဲ ဆိုင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

ဒါ့အပြင် ဒီလို စိတ်ထားမြင့်မြတ်ပြီး အကြင်နာတရားရှိတဲ့ ရွေ့ပြောင်းအလုပ်သမားလေးရဲ့ စိတ်ဓာတ်ကို ကျွန်တော်တို့တွေ ဥပမာယူဖို့ လိုအပ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

လမ်းဘေးမီးတိုင်အောက်မှာ စာလုပ်နေတဲ့ ကလေးကို အိမ်တစ်လုံးဆောက်ပြီးလှူဒါန်းလိုက်တဲ့ သူဌေး

Zawgyi fonts

ကိုယ္လက္ မသန္စြမ္းတဲ့ေဖာက္သည္ေကာင္ေလးကို ကိုယ္တိုင္ေခါက္ဆြဲခြံ့ေကၽြးတဲ့ စာပြဲထိုးေလး
မေလးရွားလမ္းေဘးစားေသာက္ဆိုင္တစ္ဆိုင္မွာ ေခါက္ဆြဲလာစားတဲ့ ကိုယ္လက္မသန္စြမ္းတဲ့ေကာင္ေလးကို ဆိုင္မွာအလုပ္လုပ္တဲ့ စားပြဲထိုးေကာင္ေလးက အစာခြံ့ေကၽြးၿပီးေနာက္မွာေတာ့ ဒီပုံရိပ္ေလးဟာ အြန္လိုင္းမွာျပန္႔ႏွံ့ခဲ့ၿပီး အင္တာနက္သူစြဲသူေတြကို ၾကည္ႏူးမွုျဖစ္ေပၚေစခဲ့ပါတယ္။ ဒီသတင္းဟာ အလ်င္အျမန္ပဲ လူမွုကြန္ယက္မွာ ျပန္႔ႏွံခဲ့ၿပီး ထိမိတဲ့ ဒီပုံရိပ္ေလးကို Facebook မွာ မၽွေဝသူ အမ်ားအျပားရရွိခဲ့ပါတယ္။

Andy Lau ဆိုတဲ့ လူတစ္ဦးက အဆိုပါဆိုင္မွာ လာစားရင္ ထိုျမင္ကြင္းကို သေဘာက်လို႔ ဓာတ္ပုံရိုက္ၿပီး အြန္လိုင္းမွာ မၽွေဝေပးခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ့ အဆိုအရ ထိုလမ္းေဘးေခါက္ဆြဲဆိုင္ေလးဟာ မေလးရွားနိုင္ငံ Johor Bahru မွာရွိတဲ့ လမ္းေဘးဆိုင္ေလးတစ္ဆိုင္ပဲျဖစ္ပါတယ္။ ပထမပိုင္းမွာ စားပြဲထိုးေကာင္ေလးက ကိုယ္လက္မသန္စြမ္းတဲ့ ေကာင္ေလးေရွ႕ ေခါက္ဆြဲပန္ကန္လာခ်ေပးခဲ့ပါတယ္။ ၿပီးတဲ့အခါ သူစားေနတာၾကည့္ၿပီး လက္ေတြက မသန္တဲ့အတြက္ ဇြန္းကိုင္ၿပီးစားရတာ အဆင္မေျပတာေၾကာင့္ ကိုယ္တိုင္ပဲ ခြံ့ေကၽြးေပးခဲ့တာပဲျဖစ္ပါတယ္။

စားပြဲထိုး အလုပ္သမားေလးဟာ ေရြ႕ေျပာင္းအလုပ္သမားတစ္ဦးျဖစ္ၿပီး ဆိုင္ရွင္အေနနဲ႔ အျခား စားသုံးသူေတြအေပၚ အခ်ိန္မေပးဘဲ ဒီတစ္ေယာက္ထဲေပၚမွာပဲ အခ်ိန္ကုန္ေနတာ မဟုတ္ဘူးလို႔ ဆိုေပမဲ့ သူ႔အေနနဲ႔ ဒီလုပ္ရပ္အေပၚ ရပ္တန္႔ျခင္းမရွိခဲ့ပါဘူး။ ဆိုင္ရွင္က ဒဏ္ရိုက္မွာ သိေနေပမဲ့ သူရဲ့ ၾကင္နာတတ္တဲ့စိတ္ကိုေတာ့ေဖ်ာက္ျဖတ္ပစ္ပုံ မေပၚပါဘူး။ ဒီအျဖစ္အပ်က္ကို အစအဆုံးျမင္တဲ့ Andy ဟာ လူေတြရဲ့ စိတ္ဓာတ္မြန္ျမတ္ျခင္း မမြန္ျမတ္ျခင္းက အေပၚယံ အဝတ္အစား၊ အသားအေရာင္နဲ႔ မဆိုင္ပါဘူး သူတို႔ရဲ့ အတြင္းစိတ္နဲ႔ပဲ ဆိုင္တယ္လို႔ ေကာက္ခ်က္ခ်ခဲ့ပါတယ္။

ဒါ့အျပင္ ဒီလို စိတ္ထားျမင့္ျမတ္ၿပီး အၾကင္နာတရားရွိတဲ့ ေရြ႕ေျပာင္းအလုပ္သမားေလးရဲ့ စိတ္ဓာတ္ကို ကၽြန္ေတာ္တို႔ေတြ ဥပမာယူဖို႔ လိုအပ္တယ္လို႔လည္း ဆိုခဲ့ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here