တစ်ချို့လူတွေဟာ လတိုင်းအကြွေးတွေချည်း ဆပ်နေရတက်တယ်။ သူတို့တွေဟာ ဝင်ငွေထက် ထွက်ငွေပိုများနေတာကို သတိမထားမိကြဘဲ ဆက်ပြီး သုံးနေတက်ကြပါတယ်။ ဒီလိုလူတွေဟာ ပိုက်ဆံစုမိဖို့နေနေသာသာ အိမ်ကမိဘတွေကိုတောင် လက်ဖြန့်တောင်းနေရတက်ပါတယ်။ ဒီနေ့ ဝင်ငွေနဲ့ထွက်ငွေမမျှကြောင်း သိနိုင်တဲ့ တစ်ချို့လက္ခဏာလေးတွေကို ဖော်ပြပေးသွားမှာပါ။
လကုန်ခါနီး အသုံးစရိတ် ပြတ်နေတက်ခြင်း
ဝင်ငွေထွက်ငွေ မမျှတဲ့လူတွေဟာ လကုန်ခါးနီးမှာ ပိုက်ဆံပြတ်လပ်လေ့ရှိပါတယ်။ သူတို့တွေဟာ လစာမရခင် အရင်လက ရတာတွေအကုန်သုံးမိသွားတာကြောင့် သုံးစရာမရှိဖြစ်သွားတက်ကြတယ်။ တစ်ချို့တွေက လစာမရခင် အသုံးစရိတ်လိုတာကြောင့် ချေးငှားပေါင်နှံတာတွေ လုပ်ကြပါတယ်။ ဒီလိုလုပ်ခြင်းဟာ လစာထုတ်တဲ့အချိန်မှာ လစာရဲ့ တစ်ချို့တစ်ဝက်ဟာ လစာမရခင်ကြိုသုံးပြီးသားဖြစ်သွားကြတယ်။ ဒီလိုနဲ့ သံသရာလည်နေတက်ကြပါတယ်။

ဝင်ငွေရဲ့တစ်ချို့တစ်ဝက်ကိုတောင် မစုဆောင်းနိုင်ခြင်း
ဝင်ငွေထွက်ငွေ မျှအောင်ချင့်ချိန်ပြီး သုံးနိုင်တဲ့လူတွေအများစုဟာ သူတို့လစဉ်ဝင်ငွေရဲ့ (၅) ရာခိုင်နှုန်းကို အမြဲစုဆောင်းလေ့ရှိကြတယ်။ သင့်အနေနဲ့ ဝင်ငွေရဲ့ တစ်ချို့တစ်ဝက်ကို စုဆောင်းနိုင်စွမ်းမရှိနေဘူးဆိုရင် ဒါဟာ ရှာဖွေနိုင်တာထက် ပိုသုံးနေပြီဆိုတဲ့ လက္ခဏာပါပဲ။

အရေးပေါ်အတွက် သုံးဖို့ငွေမရှိခြင်း
အရေးပေါ်ငွေဆိုတာ ကျန်းမာရေးပြဿနဲ့ကြုံလာတဲ့အခါ (သို့) ရုတ်တရက် အလုပ်အကိုင်ဆုံးရှုံးသွားတဲ့အခါ (သို့) အိမ်အပြောင်းအရွှေ့ လုပ်ဖို့လိုတဲ့အခါမှာ စသဖြင့် သုံးဖို့စုထားတဲ့ ငွေတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီလိုအရေးပေါ်အခြေအနေတွေအတွက် ငွေပိုစုဆောင်းထားသင့်ပါတယ်။ သင့်အနေနဲ့ ဒီလိုအရေးပေါ်အတွက် စုဆောင်းထားခြင်းမရှိဘူးဆိုရင်တော့ ရှာနိုင်တာထက် ပိုသုံးမိနေလို့ပါပဲ။

အမြဲတမ်းလိုလို အကြွေးတင်နေခြင်း
ရှာနိုင်တာထက် ပိုသုံးမိနေသူတိုင်းနီးပါးမှာ တခြားလူတွေအပေါ် အကြွေးတင်နေလေ့ရှိပါတယ်။ သူတို့တွေဟာ ပိုက်ဆံပြတ်တဲ့အခါမှာ ချေးငှားသုံးစွဲရတာကြောင့် လစာထုတ်လာတဲ့အခါ ပြန်ဆပ်ရပါတယ်။ ပြီးတော့ လကုန်ခါနီး ပိုက်ဆံပြတ်သွားရင် ပြန်ချေးရပါတယ်။ ဒီလိုနဲ့ အကြွေးသံသရာ လည်နေတက်ပါတယ်။ အကောင်းဆုံးအကြံပေးချင်တာကတော့ အကြွေးမရှိတာ အောင်နေထိုင်ပါ။ စိတ်ချမ်းသာပါလိမ့်မယ်။

Lifestyle_Myanmar
ref-verywellmind