ကိုယ်ဘက်က သိပ့်ချစ်ပေမဲ့ လက်တွဲဖို့ မဖြစ်နိုင်တဲ့ ကိုယ့်ချစ်သူရဲ့ အကျင့်စရိုက်

0
76
ကိုယ့်ချစ်သူရဲ့ အကျင့်စရိုက်

လိမ်တဲ့သူ

-Advertisement-

မုသားမပါ လင်္ကာ မချောဆိုပေမဲ့ ကိုယ်ချစ်တဲ့သူက ကိုယ့်အပေါ် အမြဲလိမ်နေတာကို သင့်အနေနဲ့ လက်ခံနိုင်ပါ့မလား။ ကိစ္စသေးသေးလေးပဲဖြစ်ဖြစ်၊ ကိစ္စအကြီးကြီးပဲဖြစ်ဖြစ် ကိုယ့်အပေါ် အမြဲဖုံးကွယ်နေပြီး လိမ်ညာနေရင်တော့ ဒီလူနဲ့ ရှေ့ဆက်ရင်လည်း အချစ်ရေးက သာယာမှာမဟုတ်ပါဘူး။ ဒါပေမဲ့ လိမ်တယ်ဆိုတဲ့အပေါ်မှာ သင့်အနေနဲ့ သူဘာကြောင့်လိမ်လဲ ဆိုတဲ့ အကြောင်းပြချက်ကိုရှာတတ်ဖို့လိုပါတယ်။ ဥပမာအားဖြင့် သူက တခါတလေ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တာမျိုး၊ အပြင်သွားတာမျိုးကို သင့်ကိုဖွင့်ပြောတဲ့အခါ သင့်အနေနဲ့ ခဏခဏငြင်းဆန်နေမယ်ဆိုရင် သူ့ဘက်ကလည်းနောက်ဆို သင့်ကို မပြောပြတော့ပါဘူး။ အပြင်သွားပေမဲ့လည်း မသွားဘူးလို့ဘဲ လိမ်ပြောနေပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ချစ်ကို ပွင့်ပွင့်လင်းလင်း အမှန်အတိုင်းပြောရင်း ကိုယ့်ဘက်က ခွင့်ပြုပေး ပေမဲ့သူ့ပင်ကိုယ်စရိုက်ကိုက အမြဲလိမ်ညာနေရင်တော့ ဘယ်လိုနည်းနဲ့မှ ရှေ့မဆက်သင့်ပါဘူး။

တစ်ကိုယ်ကောင်းဆန်တဲ့သူ

တစ်ကိုယ်ကောင်းဆန်တဲ့အကျင့်ဟာ ဖျောက်ဖျက်လို့မရတဲ့ ပင်ကိုယ်စရိုက်တစ်မျိုးဖြစ်တာကြောင့် သင့်အနေနဲ့ သူပြောင်းလဲလာမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ ရှေ့ဆက်လက်တွဲနေရင်တော့ ကောင်းတဲ့ရလဒ်မျိုးနဲ့ ရင်ဆိုင်ရမှာ မဟုတ်ပါဘူး။ အမြဲလိုလို ကိုယ့်ဘက်ဘဲ ကိုယ်တွေးပြီး သင်ဘာဖြစ်ဖြစ် ဂရုမစိုက်သလို၊ မသိသလို နေနေတာကို သင့်အနေနဲ့လည်း လက်ခံနိုင်မှာမဟုတ်ပါဘူး။ တစ်ကိုယ်ကောင်းဆန်တဲ့သူကို ချစ်မိရင် ရုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် ကိုယ့်ဘက်က ပေးဆပ်လိုက်ရတာ နဲ့ ပြန်ရလိုက်တာ တန်တောင် မတန်ပါဘူး။ ဒါ့ကြောင့် ရေရှည်လက်တွဲချင်တယ်ဆိုရင်တော့ ဒီလို သူမျိုးကို ရှောင်ကြဉ်တာ သင့်ဘဝအတွက်ရော အနာဂတ်အတွက်ပါ အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်ပါတယ်။

သစ္စာမရှိတဲ့သူ

ဒီအချက်ကတော့ ချစ်သူစုံတွဲ ၁၀၀% မှာ ၉၉% လောက်က လက်မခံကြပါဘူး။ များသောအားဖြင့် ကိုယ့်အပေါ် ဘယ်လိုဆိုးဆိုး သစ္စာဖောက်တာနဲ့ ပတ်သတ်လာရင်တော့ ဘယ်သူမှ သည်းခံနိုင်မှာမဟုတ်ပါဘူး။ ကိုယ့်အပေါ် ကိုယ့်ချစ်သူက သစ္စာဖောက်လို့ သင့်အနေနဲ့ ခွင့်လွှတ်ပေးလိုက်မယ်ဆိုရင် သူ့ကို permit ပေးလိုက်သလိုပါပဲ။ နောက်လည်း သင်နဲ့ တွဲနေပေမဲ့ ခြံခုန်တာတွေ၊ နောက်မီးလင်းတာတွေ ဖြစ်ချင်ရင်ဖြစ်နေမှာပါပဲ။ ယောကျ်ားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်အပေါ် တကယ်အချစ်စစ်နဲ့ ချစ်တဲ့သူဟာ များသောအားဖြင့် သစ္စာမဖောက်ကြပါဘူး။ တကယ်လို့ သင့်ကို သစ္စာဖောက်တယ်ဆိုရင် သင့်ကို သူဘက်က တကယ်မချစ်လိုပါပဲ။ ဒါ့ကြောင့် ကိုယ့်အပေါ်မချစ်တဲ့ ဒီလိုချစ်သူမျိုးကို သင့်ဘက်က လက်လွှတ်လိုက်တာ အကောင်းဆုံးပါ။

တယူသန် အတ္တကြီးတဲ့သူ

ကိစ္စတော်တော်များများမှာ ကိုယ်နဲ့ သဘောထားချင်းမတိုက်ဆိုင်သလို၊ တယူသန်ဆုံးဖြတ်ချက်တွေနဲ့ ရှေ့ဆက်နေရင် သင်တို့နှစ်ဦးရဲ့ အချစ်ရေးက ခိုင်မြဲမှာမဟုတ်ပါဘူး။ နောက်မှ ညှိယူလို့ရတာပဲလို့ဆိုပေမဲ့ အတ္တကြီးတယ်ဆိုတာ ရောဂါတစ်ခုလို အချိန်ကာလတစ်ခုကိုစောင့်ပြီး ကုစားလို့ ပျောက်သွားတဲ့အရာထဲမှာမပါ ပါဘူး။ နှစ်ဦးပေါင်းဖက်ပြီဆိုတာနဲ့ နှစ်ကိုယ်တစ်စိတ် ဆိုသလိုပါပဲ ဘာလုပ်လုပ် ဘာကိုင်ကိုင် နှစ်ဦးသဘောတူ ဆုံးဖြတ်ချက်တွေ၊ နားလည်မှုတွေ အများကြီး လိုအပ်ပါတယ်။ ကိုယ်က သူ့ကို ချစ်လို့အလျော့ပေးပေမဲ့ အမြဲတမ်းတော့ နားလည်ပေးနိုင်မှာမဟုတ်တဲ့အတွက် မပေါင်းဖက်ခင်ကတည်းက လမ်းခွဲကြတာအကောင်းဆုံးပါပဲ။

အရမ်းလျှို့ဝှက်တတ်တဲ့သူ

ပွင့်ပွင့်လင်းလင်းမရှိဘဲ ဘယ်အရာမဆို လျှို့ဝှက်နေရင်လည်း အိမ်ထောင်ရေးက သာယာနိုင်မှာမဟုတ်ပါဘူး။ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ကိုယ့်ကို ဘာမှအသိမပေးဘဲ လျှို့ဝှက်နေတာဟာ ပြဿနာဖြစ်မဲ့ လမ်းစကို အစပျိုးပေးနေသလိုပါပဲ။ လူတွေဟာ ဖုံးကွယ်တာတဲ့အရာဆို ပိုပြီး သိချင်တာ ဓမ္မတာပါပဲ။ ကိုယ့်ချစ်သူက ကိုယ့်အပေါ် လျှို့ဝှက်ချက်တွေ၊ ဖုံးကွယ်မှုတွေ များနေရင် သင့်အနေနဲ့လည်း အချိန်ချိန်ကြာကြာ သည်းခံနိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီလို အကျင့်မျိုးရှိတဲ့သူနဲ့ ရှေ့မဆက်တာ သင့်အတွက် ပိုပြီးအဆင်ပြေပါလိမ့်မယ်။

#Lifestyle_Myanmar

#Thar_Nage

LEAVE A REPLY

Please enter your comment!
Please enter your name here