လူတွေဟာ ကိုယ်နဲ့ ဘယ်ဖက်ရှင် လိုက်ဖက်မလဲဆိုတာကို အမြဲ စိတ်ပူနေတတ်ကြပါတယ်။ ကိုယ်နဲ့တကယ်လိုက်ဖက်တဲ့ ဖက်ရှင်က ဘယ်လိုဖက်ရှင်မျိုးလဲလို့ စိတ်ပူရင်းနဲ့ မလိုက်ဖက်တဲ့ ဖက်ရှင်ပုံစံတွေကို ဝတ်ဆင်လာတတ်ကြပါတယ်။ တကယ်ကို ကိုယ်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ဆိုတာ ဘယ်လိုပုံစံမျိုးပါလိမ့်။
လူတစ်ကိုယ် အကြိုက်တစ်မျိုးစီပါပဲ။ လူတိုင်းက အကြိုက်မတူကြပါဘူး။ ကိုယ့်ရဲ့ စိတ်ကြိုက် Fashion ဆိုတာကတော့ ကိုယ့်ကိုယ်ကိုယ် Confidence ရှိစေမယ့်ပုံစံလေးတွေပါပဲ။ လူတိုင်းက ကိုယ့်စိတ်ကြိုက်ဖက်ရှင်ကို ဝတ်ဆင်ထားချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေတတ်ကြပါတယ်။

ဝတ်ဆင်ထားချိန်မှာ ကိုယ့်ကို စိတ်သက်သာမှု ခံစားရတယ်ဆိုရင် ဒါဟာ ကိုယ်နဲ့ လိုက်ဖက်တဲ့ဖက်ရှင်လို့ သတ်မှတ်ရမှာပါပဲ။ ကိုယ့်ကို စိတ်မသက်မသာ ခံစားရစေတဲ့ အဝတ်အစားဟာ ဘယ်လောက်ပဲ လှပခန့်ညားနေပါစေ၊ ကိုယ်နဲ့လိုက်ဖက်တဲ့ ဖက်ရှင်မဟုတ်ပါဘူး။
ဝတ်ဆင်ဖို့ အရောင်တွေ ရွေးချယ်တဲ့အခါမျိုးတွေမှာလည်း အရမ်းလည်းတောက်ပမနေ အရမ်းလည်း မွဲခြောက်မနေတဲ့ ပုံစံလေးတွေ ၊ ဘေးကမြင်တဲ့သူတိုင်းကို မျက်စိငြိမ်တယ်လို့ ခံစားရစေတဲ့ အရောင်မျိုးကိုသာ ရွေးချယ်ဝတ်ဆင်ကြဖို့ အကြံပြုချင်ပါတယ်။

Lifestyle_Myanmar
ref-masterclass