မွေးသမိခင်ကျေးဇူးရှင်ကို သားသမီးတိုင်း ချစ်မြတ်နိုးကြပါတယ်။ မိဘတွေက သူတို့သားသမီးကို ဘယ်လောက်ပဲဂရုစိုက်ပြနေပါစေ၊ သားသမီးတွေက တစ်ဖန်ပြန်ပြီး ဂရုစိုက်ပြီး တန်ဖိုးထားပေးဖို့ကို မေ့လျော့နေတတ်ကြပါတယ်။ တစ်ချို့ သားသမီးတွေကျတော့ သူတို့အမေကို ချစ်တာကို ဖော်ပြတတ်ပေမဲ့ တစ်ချို့ကျတော့ ဘယ်လောက်ပဲချစ်ချစ် ကိုယ်ချစ်တာကို မဖော်ပြတတ်ကြပါဘူး။ အဲ့လိုမဖော်ပြတတ်တဲ့ သားသမီးအလိမ္မာလေးတွေအတွက် ကိုယ့်အမေကို ဘယ်လိုချစ်ကြောင်း ပြပေးသင့်လဲဆိုတာကို ဖော်ပြလိုက်ပါတယ်။
၁။ ချစ်တယ်လို့ပြောပါ

သင့်အမေကို ချစ်ကြောင်းပြောပြဖို့ ဘာကိုဦးနှောက်အခြောက်ခံစဉ်းစားနေမှာလဲ။ သူမကို ချစ်တယ်လို့သာ ပြောလိုက်ပါ။ အရိုးရှင်းဆုံးနဲ့ အကောင်းဆုံးနည်းလမ်းလေးပါပဲ။
၂။ ဖုန်းဆက်ပါ

သင့်မြို့ရွာနဲ့ခွဲခွာပြီးတော့ ကျောင်းသွားတက်နေရတာပဲဖြစ်စေ၊ အလုပ်သွားလုပ်နေရတာပဲဖြစ်စေ အမေနဲ့ဝေးနေရတဲ့အချိန်မှာ သင့်အမေကို အနည်းဆုံးတော့ သတိတရရှိကြောင်း ဖုန်းဆက်ပေးပါ။
၃။ မွေးနေ့ပါတီလေးတွေ စီစဥ်ပါ

သူမ မွေးနေ့အတွက် အမှတ်တရလေးတွေ ပြုလုပ်ပေးတဲ့အခါ သင့်အဖေကိုလည်း အသိပေးပြီး တိတ်တိတ်လေး စီစဉ်ပေးခြင်းက သူ့အတွက် ပျော်ရွှင်စရာလေးတွေ ဆောင်ကျဉ်းပေးပါလိမ့်မယ်။
၄။ သားအမိတွေ အတူတူအပြင်မှာ ထွက်စားကြပါ

သူမ ကြိုက်တတ်တဲ့စားသောက်ဆိုင်မှာ ဘိုကင်လုပ်ထားပြီး နေ့လည်စာ၊ ဒါမှမဟုတ် ညစာအတူတူ ထွက်စားကြပါ။ သင်တို့နှစ်ယောက် အေးအေးဆေးဆေးနဲ့ စကားလက်ဆုံကျပြီး ပျော်ရွှင်နိုင်ပါတယ်။
၅။ အစားအသောက်ချက်ပြုတ်ပေးပါ

သင့်မေမေက သင့်အတွက် အစားအစာပြင်ဆင်ချက်ပြုတ်ပေးပေါင်း များလှပါပြီ။ သင်ကလည်း သင့်အမေကို ချစ်ကြောင်းပြတဲ့အနေနဲ့ တစ်ခါလောက်ပဲဖြစ်ဖြစ် သူ(မ) အကြိုက်ဆုံးအစားအသောက်တွေကို ပြင်ဆင်ချက်ပြုတ်ပေးလိုက်ပါ။ အကယ်၍ သင်က ဟင်းမချက်တတ်ဘူးဆိုရင်လည်း သင့်မေမေ ထမင်း၊ဟင်းချက်နေချိန်မှာ ကူလုပ်ပေးလိုက်ပါ။
#Lifestyle_Myanmar
#Thinzar
Ref-tadvizz