Home Relationship ကိုယ်က ပေးဆပ်ပြီး ချစ်နေပေမဲ့ သူ့ဘက်က လမ်းခွဲသွားတဲ့ အကြောင်းအရင်း ၃ချက်

ကိုယ်က ပေးဆပ်ပြီး ချစ်နေပေမဲ့ သူ့ဘက်က လမ်းခွဲသွားတဲ့ အကြောင်းအရင်း ၃ချက်

0
1
လမ်းခွဲသွားတဲ့ အကြောင်းအရင်
လမ်းလမ်းခွဲသွားတဲ့ အကြောင်းအရင်

ကိုယ့်ဘက်က အကောင်းဆုံးပေးဆပ်ပြီး ချစ်ခဲ့ပေမဲ့ တစ်ခါတလေမှာ ကိုယ့်ကို ထားပြီးလမ်းခွဲသွားတတ်ကြပါတယ်။ နှစ်ဦးသားကြားထဲမှာ ခိုင်ခိုင်မာမာ ချပြလို့ရတဲ့ ပြဿနာကြီးကြီးမားမားလဲ မရှိဘဲ ဘာကြောင့် လမ်းခွဲသွားရတာလဲ?

ရင်ဘောင်တန်းတယ်လို့ ထင်ခံလာရတဲ့အခါ

ကျွန်တော်တို့ရဲ့ ရှေ့ရိုးအစဉ်အလာအရ အိမ်ထောင်ကျတဲ့အခါမှာ ယောကျ်ားလေးတွေက ဦးစီးဦးဆောင်ပြုရတဲ့ အိမ်ထောင်ဦးစီဆိုတဲ့ နေရာကို သတ်မှတ်ပေးထားကြပါတယ်။ ဒါပေမဲ့ အခုခေတ်နှောင်းပိုင်းမှာတော့ အမျိုးသားတင်မက အမျိုးသမီးတွေကလည်း ယောကျ်ားလေးတွေနဲ့အပြိုင် ရင်ဘောင်တန်းပြီး ဘဝကို ကြုံသလိုဖြေရှင်းနေကြရပါတယ်။ ဒါပေမဲ့ ဒီအပြုအမူဟာ ကိုယ်တွေချစ်သူနှစ်ဦးကြားမှာရှိတဲ့ ဆက်ဆံရေးကို ပျက်ပြားစေပါတယ်။ ယောကျ်ားလေးတွေ အများစုဟာ တစ်ချိန်မှာ ကိုယ်က ဦးစီးဦးဆောင်ပြုရမဲ့ အိမ်ထောင်ဦးစီး ဖြစ်လာမယ်လို့ ခံယူထားတဲ့အတွက် ကိုယ်ချစ်သူကိုလည်း ကိုယ့်ရဲ့ ဦးဆောင်မှုနောက်က လိုက်စေချင်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ချစ်သူကို အရမ်းချစ်မိတဲ့အခါ သူ့အတွက် ဘာမှလိုလေစိတ်မရှိ ရှေ့ကနေဦးဆောင်ပြီး ဖြည့်ဆည်းပေးတာမျိုး ဒါမှမဟုတ် အစစအရာရာ ကိုယ်ကပဲ ဦးဆောင်ပေးခြင်းတာမျိုးရှိလာတဲ့အခါ အမျိုးသားတွေအမြင်မှာ ကိုယ့်အပေါ် လေးစားမှုမရှိဘူး၊ အရာရာသူ့လက် သူခြေချည်းပဲ မိန်းကလေး ဦးဆောင်မှုနောက်က လိုက်နေရတယ်ဆိုတဲ့ အတွေးစိတ်က ဝင်လာပြီး ကိုယ့်အနားက ထွက်ခွာသွားတတ်ကြပါတယ်။

ပြိုင်ဘက်တစ်ယောက်လို ဆက်ဆံတယ်လို့ထင်ခံရတဲ့အခါ

Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက်က ပြိုင်ဖက်တွေလို သဘောထားဆက်ဆံနေရင်တော့ ရေရှည်တည်မြဲမှုရှိမှာမဟုတ်ပါဘူး။ ယောကျ်ားလေးတွေ အများစုဟာ ကိုယ့်ချစ်တဲ့သူက ကိုယ့်အပေါ် အားကိုးတာမျိုးကို လိုချင်ကြပါတယ်။ ကိစ္စတိုင်းမှာ သူ့ရှေ့က တံတိုင်းတစ်ခုလို အကာကွယ်ပေးချင်ကြပါတယ်။ ဒီလိုမှမဟုတ်ဘဲ ကိုယ့်ကို ကိုယ့်ချစ်သူက အမြဲလိုလို ထိန်းချုပ်နေတယ်၊ ကိစ္စသေးသေးလေးက အစသူ့လက်သူ့ခြေနဲ့ လိုက်လုပ်ပေးနေတဲ့အခါ သူ့ဘဝမှာ ကိုယ်က အသုံးမကျ တဲ့သူ၊ အရေးမပါတဲ့သူလို့ ထင်ခံလာရပြီး သူ့နဲ့ပတ်သတ်ရင် ပြိုင်ဘက်တစ်ယောက်လို ထင်မြင်လာတတ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတစ်ယောက်က သူ့နယ်ပယ်၊ သူ့ပတ်ဝန်းကျင်မှာ ဘယ်လောက်ပဲ သိနေ၊ တတ်နေပါစေ အိမ်ရောက်ရင်တော့ မတတ်ချင်ယောင်ဆောင်ပြီး ကိုယ့်အမျိုးသားကို ရှေ့တန်းတင်ပြီး ဦးဆောင်ခိုင်းရတဲ့ အခိုက်အတန့်တွေရှိပါတယ်။

ဖိအားပေးခံရတယ်လို့ ထင်လာတဲ့အခါ

တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတဲ့အခါ သဝန်တိုတယ်၊ ကိုယ့်ကို ထားသွားမှာကြောက်တယ်၊ ကိုယ်နဲ့ပတ်သတ်ပြီး ဘာတစ်ခုမှ အမှားအယွင်းမခံနိုင်ဘူး စတဲ့ စိတ်ခံစားမှုတွေက တစ်ယောက်နဲ့တစ်ယောက် ဖိအားပေးသလိုဖြစ်လာပါတယ်။ တစ်ယောက်ကို တစ်ယောက် အဆုံးရှုံးမခံနိုင်တာကနေ မယုံကြည်တဲ့ အဆင့်ကို ကူးပြောင်းသွားပါတယ်။ သူ့ကို လက်လွှတ်ဆုံးရှုံးမခံနိုင်တဲ့အခါ သူငါ့ကွယ်ရာမှာ ဘာလုပ်မလဲ၊ လိုင်းပေါ်မှာ ငါ့အပြင် ဘယ်သူနဲ့ စကားပြောနေမလဲ စတဲ့ စိုးရိမ်းစိတ်တွေ ကြောင့် ကိုယ့်ချစ်သူကို အမြဲလိုလိုစောင့်ကြည့်ရကနေ အမှားအယွင်းလေး နည်းနည်းရှိလာတဲ့အခါ မယုံကြည်တဲ့ သံသယတွေက ဝင်လာခဲ့ပါတယ်။ ဒီလို အပြုအမူတွေ များလာတဲ့အခါ တစ်ဖက်သူကလည်း အနေကျဉ်းလာပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှု လျော့နည်းလာသလို ခံစားရပါတယ်။ ဒီလိုအပြုအမူတွေများလာတဲ့အခါ လက်ညိုးထိုးပြစရာ အပြစ်ကြီးကြီးမားမားမရှိပေမဲ့ ကိုယ့်အနားက အကြောင်းမရှိ ထွက်ခွာတတ်ကြပါတယ်။

#Lifestyle_Myanmar

#Thar_Nage

သင့်ရဲ့ချစ်သူဟာ သင့်အတွက်အချစ်စစ်ဖြစ်ကြောင်း ဖော်ပြနေတဲ့ အချက် (၅)

Zawgyi font

ကိုယ္က ေပးဆပ္ၿပီး ခ်စ္ေနေပမဲ့ သူ႔ဘက္က လမ္းခြဲသြားတဲ့ အေၾကာင္းအရင္း ၃ခ်က္

ကိုယ့္ဘက္က အေကာင္းဆုံးေပးဆပ္ၿပီး ခ်စ္ခဲ့ေပမဲ့ တစ္ခါတေလမွာ ကိုယ့္ကို ထားၿပီးလမ္းခြဲသြားတတ္ၾကပါတယ္။ ႏွစ္ဦးသားၾကားထဲမွာ ခိုင္ခိုင္မာမာ ခ်ျပလို႔ရတဲ့ ျပႆနာႀကီးႀကီးမားမားလဲ မရွိဘဲဘာေၾကာင့္ လမ္းခြဲသြားရတာလဲ?

ရင္ေဘာင္တန္းတယ္လို႔ ထင္ခံလာရတဲ့အခါ
ကၽြန္ေတာ္တို႔ရဲ႕ ေရွ႕႐ိုးအစဥ္အလာအရ အိမ္ေထာင္က်တဲ့အခါမွာ ေယာက်္ားေလးေတြက ဦးစီးဦးေဆာင္ျပဳရတဲ့ အိမ္ေထာင္ဦးစီဆိုတဲ့ ေနရာကို သတ္မွတ္ေပးထားၾကပါတယ္။ ဒါေပမဲ့ အခုေခတ္ေႏွာင္းပိုင္းမွာေတာ့အမ်ိဳးသားတင္မက အမ်ိဳးသမီးေတြကလည္း ေယာက်္ားေလးေတြနဲ႔အၿပိဳင္ ရင္ေဘာင္တန္းၿပီး ဘဝကို ႀကံဳသလိုေျဖရွင္းေနၾကရပါတယ္။ ဒါေပမဲ့ ဒီအျပဳအမူဟာ ကိုယ္ေတြခ်စ္သူႏွစ္ဦးၾကားမွာရွိတဲ့ ဆက္ဆံေရးကို ပ်က္ျပားေစပါတယ္။ ေယာက်္ားေလးေတြ အမ်ားစုဟာ တစ္ခ်ိန္မွာ ကိုယ္က ဦးစီးဦးေဆာင္ျပဳရမဲ့ အိမ္ေထာင္ဦးစီး ျဖစ္လာမယ္လို႔ ခံယူထားတဲ့အတြက္ ကိုယ္ခ်စ္သူကိုလည္း ကိုယ့္ရဲ႕ ဦးေဆာင္မႈေနာက္က လိုက္ေစခ်င္ပါတယ္။ ဒါေပမဲ့ အမ်ိဳးသမီးေတြအေနနဲ႔ ကိုယ့္ခ်စ္သူကို အရမ္းခ်စ္မိတဲ့အခါ သူ႔အတြက္ ဘာမွလိုေလစိတ္မရွိ ေရွ႕ကေနဦးေဆာင္ၿပီး ျဖည့္ဆည္းေပးတာမ်ိဳး ဒါမွမဟုတ္ အစစအရာရာ ကိုယ္ကပဲ ဦးေဆာင္ေပးျခင္းတာမ်ိဳးရွိလာတဲ့အခါ အမ်ိဳးသားေတြအျမင္မွာ ကိုယ့္အေပၚ ေလးစားမႈမရွိဘူး၊ အရာရာသူ႔လက္ သူေျခခ်ည္းပဲ မိန္းကေလး ဦးေဆာင္မႈေနာက္က လိုက္ေနရတယ္ဆိုတဲ့ အေတြးစိတ္က ဝင္လာၿပီး ကိုယ့္အနားက ထြက္ခြာသြားတတ္ၾကပါတယ္။

ၿပိဳင္ဘက္တစ္ေယာက္လို ဆက္ဆံတယ္လို႔ထင္ခံရတဲ့အခါ
Relationship တစ္ခုမွာ တစ္ေယာက္နဲ႔တစ္ေယာက္က ၿပိဳင္ဖက္ေတြလို သေဘာထားဆက္ဆံေနရင္ေတာ့ ေရရွည္တည္ၿမဲမႈရွိမွာမဟုတ္ပါဘူး။ ေယာက်္ားေလးေတြ အမ်ားစုဟာ ကိုယ့္ခ်စ္တဲ့သူက ကိုယ့္အေပၚ အားကိုးတာမ်ိဳးကို လိုခ်င္ၾကပါတယ္။ ကိစၥတိုင္းမွာ သူ႔ေရွ႕က တံတိုင္းတစ္ခုလို အကာကြယ္ေပးခ်င္ၾကပါတယ္။ ဒီလိုမွမဟုတ္ဘဲ ကိုယ့္ကို ကိုယ့္ခ်စ္သူက အၿမဲလိုလို ထိန္းခ်ဳပ္ေနတယ္၊ ကိစၥေသးေသးေလးက အစသူ႔လက္သူ႔ေျခနဲ႔ လိုက္လုပ္ေပးေနတဲ့အခါ သူ႕ဘဝမွာ ကိုယ္က အသုံးမက် တဲ့သူ၊ အေရးမပါတဲ့သူလို႔ ထင္ခံလာရၿပီး သူ႔နဲ႔ပတ္သတ္ရင္ ၿပိဳင္ဘက္တစ္ေယာက္လို ထင္ျမင္လာတတ္ပါတယ္။ ဒါ့ေၾကာင့္ အမ်ိဳးသမီးတစ္ေယာက္က သူ႔နယ္ပယ္၊ သူ႔ပတ္ဝန္းက်င္မွာ ဘယ္ေလာက္ပဲ သိေန၊ တတ္ေနပါေစ အိမ္ေရာက္ရင္ေတာ့
မတတ္ခ်င္ေယာင္ေဆာင္ၿပီး ကိုယ့္အမ်ိဳးသားကို ေရွ႕တန္းတင္ၿပီး ဦးေဆာင္ခိုင္းရတဲ့ အခိုက္အတန္႔ေတြရွိပါတယ္။

ဖိအားေပးခံရတယ္လို႔ ထင္လာတဲ့အခါ
တစ္ေယာက္နဲ႔တစ္ေယာက္ အရမ္းခ်စ္ၾကတဲ့အခါ သဝန္တိုတယ္၊ ကိုယ့္ကို ထားသြားမွာေၾကာက္တယ္၊ ကိုယ္နဲ႔ပတ္သတ္ၿပီး ဘာတစ္ခုမွ အမွားအယြင္းမခံႏိုင္ဘူး စတဲ့ စိတ္ခံစားမႈေတြက တစ္ေယာက္နဲ႔တစ္ေယာက္ ဖိအားေပးသလိုျဖစ္လာပါတယ္။ တစ္ေယာက္ကို တစ္ေယာက္ အဆုံး႐ႈံးမခံႏိုင္တာကေန မယုံၾကည္တဲ့ အဆင့္ကို ကူးေျပာင္းသြားပါတယ္။ သူ႔ကို လက္လႊတ္ဆုံး႐ႈံးမခံႏိုင္တဲ့အခါ သူငါ့ကြယ္ရာမွာ ဘာလုပ္မလဲ၊ လိုင္းေပၚမွာ ငါ့အျပင္ ဘယ္သူနဲ႔ စကားေျပာေနမလဲ စတဲ့ စိုးရိမ္းစိတ္ေတြ ေၾကာင့္ ကိုယ့္ခ်စ္သူကို အၿမဲလိုလိုေစာင့္ၾကည့္ရကေန အမွားအယြင္းေလး နည္းနည္းရွိလာတဲ့အခါ မယုံၾကည္တဲ့ သံသယေတြက ဝင္လာခဲ့ပါတယ္။ ဒီလို အျပဳအမူေတြ မ်ားလာတဲ့အခါ တစ္ဖက္သူကလည္း အေနက်ဥ္းလာၿပီး ကိုယ့္ကိုကိုယ္ယုံၾကည္မႈ ေလ်ာ့နည္းလာသလို ခံစားရပါတယ္။ ဒီလိုအျပဳအမူေတြမ်ားလာတဲ့အခါ လက္ညိဳးထိုးျပစရာ အျပစ္ႀကီးႀကီးမားမားမရွိေပမဲ့ ကိုယ့္အနားက အေၾကာင္းမရွိ ထြက္ခြာတတ္ၾကပါတယ္။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here