ကိုယ့်အတွက်ထက် သမီးလေးတွေအတွက် ရှင်သန်ဖြစ်တယ်..ဆိုတဲ့မေမေ ချစ်သုဝေ

0
54
မေမေချစ်သုဝေ

မေမေတွေဟာ သားသမီးတွေအတွက်ဆိုရင် ကိုယ့်ရဲ့ဝါသနာ၊ လွတ်လပ်မှု၊ ကိုယ်ပိုင်အချိန်တွေကို စွန့်လွှတ်ပြီး သားသမီးတွေ စိတ်ရောကိုယ်ပါ ကျန်းမာစွာ ကြီးပြင်းလာဖို့ အချိန်တိုင်း ကြိုးစားကြသူတွေပါ။ ဗိုက်ထဲမှာ ရှိကတည်းက အရွယ်ရောက်လာတဲ့အထိ သားသမီးတွေအပေါ် ပူပန်မှုတွေနဲ့အတူ ချစ်ခြင်းမေတ္တာအားလုံးကို ပေးစွမ်းကြသူတွေဖြစ်တာကြောင့် မိခင်တစ်ယောက်ရဲ့မေတ္တာက အနှိုင်းမဲ့ပါပဲ။ ဒါ့ကြောင့် အောင်မြင်မှုတွေပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သမီးအမွှာလေးနှစ်ယောက်ကို ပြုစုစောင့်ရှောက်နေတဲ့ အဆိုတော် ချစ်သုဝေရဲ့ မိခင်မေတ္တာစိတ်လေးက ကြည်နှုးပီတိဖြစ်စရာကောင်းတာကြောင့် မျှဝေပေးလိုက်ပါတယ်နော်။


Trezaဘဝဟာ သိပ်ရိုးရှင်းလွန်းပါတယ်..
ကိုယ့်အတွက်ထက် သမီးလေးတွေအတွက် ရှင်သန်ဖြစ်တယ်..ကိုယ်ပိုင်carrier lifeတစ်ခုကို စွန့်လွှတ်လုနီးပါးနဲ့ အမွှာသမီးလေးတွေမေမေအနေနဲ့ နေတယ်..
😯သောက်ရတဲ့ဆေးအရှိန်တွေကြောင့် ခြေလက်တွေနုန်းနေလည်း သမီးလေးတွေဇောနဲ့ Treza လန်းဆန်းနေပါတယ်..
😥၁နှစ်ကျော်အရွယ် “တစ်စက်မငြိမ်သမီးလေး၂ယောက်” ကို စောင့်ရှောက်ထိန်းသိမ်းရတာ တစ်ခါတစ်ခါ စိန်ခေါ်မှုများစွာနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် စိတ်တွေရှပ်ထွေးနေပေမယ့် သူတို့လေးတွေငယ်ဘဝ စိတ်ရောကိုယ်ရော ကျန်းမာနွေးထွေးဖို့ Trezaအားတွေရှိနေပါတယ်..ကြိုးစားနေပါတယ်..
😩တစ်ခါတစ်ခါကိုယ်ပိုင်အချိန်တွေကို တစ်မက်တစ်မောလိုချင်ပေမယ့် ရဖို့ကြုံလာတာတောင် စိတ်မဖြောင့်နိုင်ပဲ လက်လွှတ်မိတာချည်းပဲဖြစ်နေတတ်ပါတယ်..
တဖြည်းဖြည်းအသားကျလာမယ်ထင်တဲ့ “””အမေတစ်ယောက်စိတ်ဟာ ကလေးတွေအရွယ်အရ တဖြည်းဖြည်း ပိုပို ပူလောင်လာရတာပါပဲ…”””


ခုတော့…ဖောနေတဲ့မျက်နှာ,,,..ရွှဲနေတဲ့ဗိုက်..,,တွန့်ကြေမွတဲ့ဆံပင်.(မှန်တောင်မကြည့်ရဲ),.မိသားစုကိုချစ်တဲ့နှလုံးသား.,,..အချိန်ပြည့် ဘယ်လိုကျွေးရမလဲ ဘယ်လိုနည်းနဲ့သမီးလေးတွေလိမ္မာအောင်ချည်းကပ်ရမလဲ ဘာလေးတွေသူတို့အတွက်ဖန်တီးပေးမလဲ…စတာတွေသာတွေးနေတဲ့ ဦးနှောက်တစ်ခုရယ်,,..နဲ့Treza တစ်နေ့ပြီးတစ်နေ့ဖြတ်သန်းနေပါတယ်..
သူတို့အပြုံးလေးတွေ..ရယ်သံလေးတွေ..အမေကိုတွယ်ကပ်နေတာတွေက ဘာနဲ့မှမတူတဲ့အားတွေပေးထားတယ်ထင်ပ..နို့မို့ဆို..လဲနေလောက်ပြီလေ..
အမေတွေအားလုံးကိုဂုဏ်ပြုလျှက်..ဆိုပြီး မေမေချစ်သုဝေက သူမရဲ့ fb acc မှာ ခေတ်နှင့် သစ်လေး အပေါ်ထားတဲ့ အမေတစ်ယောက်ရဲ့စိတ်လေးကို ဖော်ပြထားတာကို တွေ့ရပါတယ်။ အဆိုတော်ချစ်သုဝေရဲ့ သမီးတွေကို နည်းပေးလမ်းပြပုံလေးတွေ၊ ထိန်းသိမ်းစောင့်ရှောက်ပုံလေးတွေက စံပြမိခင်တစ်ယောက်လို့ ဆိုနိုင်ပါတယ်။


#Lifestyle_Myanmar
#LM_Nandar
Source- Chit Thu Wai ‘s facebook

LEAVE A REPLY

Please enter your comment!
Please enter your name here