ကိုယ့္သားသမီ းအရည္အခ်င္းရွိရွိနဲ႔ေအာင္ျမင္သူတစ္ေယာက္ျဖစ္ဖို႔ ခ်ျပသင့္တဲ့ နည္းလမ္းအခ်ိဳ႕

0
216
ေအာင္ျမင္ဖို႔
ေအာင္ျမင္ဖို႔

၁။ ပိုက္ဆံရွိတဲ့အခါ အက်ိဳးရွိစြာအသုံးခ်ပါ။

သင့္မွာ ပိုက္ဆံေတြရွိလာတဲ့အခါ ဘယ္လိုအသုံးခ်မလဲ။ ပိုက္ဆံဆိုတာ တကယ္ေတာ့ တန္ဖိုးကို တိုင္းတာတဲ့ အတိုင္းအတာတစ္ခုပါပဲ။ ကုန္ပစၥည္းေတြသာမရွိရင္ ဒီပိုက္ဆံဆိုတာလဲ ဘာမွအသုံးဝင္ေတာ့မွာမဟုတ္ပါဘူး။ ဥပမာ ခရီးတစ္ခုခုသြားလို႔ လူသူမနီးတဲ့ေနရာမွာ သင္ဗိုက္ဆာတာပဲျဖစ္ျဖစ္ကားဆီျပက္တာပဲျဖစ္ျဖစ္ ဒီလိုအေျခအေနမ်ိဳးမွာ သင့္မွာပိုက္ဆံရွိလဲ ဒီပိုက္ဆံက အသုံးမဝင္ပါဘူး။ ဒါ့ေၾကာင့္ ပိုက္ဆံရွိတဲ့ အခ်ိန္မွာ သင့္အတြက္ အက်ိဳးရွိမဲ့ အရာအားလုံးကို အသုံးခ်သင့္ပါတယ္။ သင့္ပိုက္ဆံကို ဒီအတိုင္းသိမ္းထားၿပီး ဘယ္သူ႔အက်ိဳးအတြက္မွအသုံးမျပဳလိုက္ရင္ သင္စုေဆာင္းထားတာဘာအတြက္ စုေဆာင္းတာလဲ။ သင့္ပိုက္ဆံကို ေခါင္းအုံးေအာက္ထားအိပ္ၿပီး အခ်ိန္းတိုင္းလိုလိုပူပန္ေနမဲ့အစား သင့္အတြက္ လုပ္ငန္းမွာရင္းႏွီးျမွဳပ္ႏွံတာပဲျဖစ္ျဖစ္၊ သင္အတြက္ အက်ိဳးရွိမဲ့ အရာမ်ိဳးအတြက္ အသုံးခ်တာပဲျဖစ္ျဖစ္ျပဳလုပ္သင့္ပါတယ္။

၂။ အလုပ္တစ္ခုလုပ္တဲ့အခါ အေကာင္းဆုံးျဖစ္ေအာင္လုပ္ေဆာင္ပါ။

အလုပ္တစ္ခုကိုကိုယ့္ဘက္က အတက္ႏိုင္ဆုံးအေကာင္းဆုံးျဖစ္ေအာင္ လုပ္ေဆာင္ဖို႔ဆိုတာ ငယ္စဥ္ကတည္းက အေရးႀကီးပါတယ္။ ဥပမာ သင္ေက်ာင္းေနတဲ့အရြယ္ ဆရာမက အိမ္စာတစ္ပုဒ္ေပးလိုက္တယ္ဆိုပါစို႔။ ဒီပုစာၦကို သင္အေနနဲ႔ နားမလည္လို႔ မျပဳလုပ္ခဲ့ဘူးဆိုတာထက္ မွားမွားမွန္မွန္အေကာင္းဆုံးျဖစ္ေအာင္လုပ္ရဲတဲ့ သတၱိကမွ ေလးစားစရာေကာင္းပါတယ္။ သင္နားမလည္လို႔ ထိုင္မိႈင္ေနတာထက္ နားလည္တဲ့သူတစ္ေယာက္ေယာက္ကိုေခၚၿပီး ရွင္းျပခိုင္းပါ ႏွစ္ေယာက္အတူတူ အေျဖရွာၾကည့္ပါ။ ဒီလိုအက်င့္ကို ငယ္စဥ္ကတည္းက ေမြးျမဴလာသူတစ္ေယာက္ဟာ ႀကီးလာတဲ့အခါ လုပ္ငန္းခြင္မွာပဲျဖစ္ျဖစ္ အျခားအေၾကာင္းအရာတစ္ခုခုမွာပဲျဖစ္ျဖစ္ ဘယ္ကိစၥမဆို အေကာင္းဆုံးျဖစ္ေအာင္ ေျဖရွင္းႏိုင္ပါတယ္။

၃။ ေအာင္ျမင္ဖို႔အတြက္ အခက္အခဲကို ေက်ာ္ျဖတ္ပါ။

လာကမွာ ဘယ္အရာမွလြယ္လြယ္မရပါဘူး။ ေအာင္ျမင္ေနတဲ့ ကမာၻေက်ာ္တဲ့ ပုဂၢိဳလ္ေတြေတာင္ အႀကိမ္ႀကိမ္က်႐ႈံးၿပီးမွ ေအာင္ျမင္တဲ့ေနရာကိုေရာက္ရွိတာပါ။ ဒါ့ေၾကာင့္ သင္လဲ တစ္ခါက်႐ႈံးသြားလို႔ ေနာက္ျပန္လွည့္ၿပီး သင့္ရဲဲ႕ရည္မွန္းခ်က္ကို အပ်က္အစီးမခံပါနဲ႔။ တစ္ခါက်႐ႈံးသြားရင္ တစ္ခါသင့္အတြက္ အေတြ႕အႀကံဳရသလို သင္ေက်ာ္လႊားလိုက္တဲ့အခက္ခဲေတြအားလုံးက သင့္အတြက္ အဖိုးမျဖတ္ႏိုင္တဲ့ သင္ခန္းစာေတြပဲျဖစ္ပါတယ္။

၄။ အသိပညာရွာေဖြဖို႔ စာဖတ္ေပးပါ။

ကၽြန္ေတာ္တို႔ရဲ႕ အနာဂတ္ကို ေျပာင္းလဲေပးႏိုင္ဖို႔ စာဖတ္ဖို႔လိုအပ္ပါတယ္။ စာေပေလာကဟာ အရမ္းကို က်ယ္ျပန္႔သလို သင့္အတြက္အသိပညာ ဗဟုသုတေတြကိုလည္း အခ်ိန္တိုအတြင္းမွာ အမ်ားႀကီးေပးစြမ္းႏိုင္စြမ္းရွိပါတယ္။ စာဖတ္တဲ့အခါမွာ တစ္အုပ္ဆိုတစ္အုပ္ မဟုတ္ပဲ ဟိုစပ္စပ္ဒီစပ္စပ္နဲ႔တို႔လို႔တန္းလန္းမဖတ္သင့္သလို စာက်က္သလိုလည္း မဖတ္သင့္ပါဘူး။ စာဖတ္တဲ့အခါ သင္ဖတ္ခ်င္တဲ့စာေပမ်ိဳးကို ေရြးခ်ယ္ၿပီး ၿပီးဆုံးေအာင္ေသခ်ာဖတ္ပါ။ စာဖတ္ၿပီး ဘာကိုဆိုလိုတာလဲဆိုတာကို နားလည္ေအာင္ ေတြးေပးပါ။ ဒါမွ သင့္ဖတ္တဲ့စာရဲ႕ တန္ဖိုးလည္မွာျဖစ္ၿပီး ဒီလိုဖတ္ထားတဲ့အတြက္ ေမ့ေပ်ာက္ဖို႔ဆိုတာလဲ ခဲယဥ္းပါတယ္။

၅။ ဝါသနာကို အရင္းခံၿပီး အလုပ္လုပ္ပါ။

အဓိကကေတာ့ သင္မလုပ္ခ်င္တဲ့ အလုပ္တစ္ခုကို ေန႔တိုင္းၿငီးၿငီးေငြ႕ေငြ႕နဲ႔ လုပ္ေနမဲ့အစား သင္ဝါသနာပါမဲ့၊ စိတ္ဝင္စားမဲ့ အလုပ္မ်ိဳးကို ေျပာင္းလဲၿပီးလုပ္သင့္ပါတယ္။ ကိုယ့္ရဲ႕ ဝါသနာကို အရင္းတည္ၿပီး ျပဳလုပ္တဲ့အလုပ္ဟာ က်႐ႈံးခဲ့ရင္ေတာင္ ခံႏိုင္ရည္ရွိသလို ကိုယ္လုပ္ခ်င္တဲ့ အလုပ္တစ္ခုျဖစ္တဲ့အတြက္ ဘယ္အတားအဆီးမဆို ေက်ာ္ျဖတ္ၿပီး ျပဳလုပ္ႏိုင္မွာျဖစ္ပါတယ္။ သင္မလုပ္ခ်င္တဲ့အလုပ္ကို ေနတိုင္းလုပ္ေနတာက သင့္ရဲ႕အခ်ိန္ကို ဆုံး႐ႈံးေစၿပီး အခ်ိန္သာကုန္ဆုံးသြားမယ္ သင့္မွာတိုးတက္မႈဆိုတာ ရွိလာမွာမဟုတ္ပါဘူး။

၆။ ခိုင္မာတဲ့ အသက္ေမြးဝမ္းေက်ာင္းပညာရပ္တစ္ရပ္ရပ္ကို သင္ထားပါ။

ဘယ္အတတ္ပညာမဆိုတတ္ေျမွာက္ထားတာကအေကာင္းဆုံးပါ။ သင့္မွာအလုပ္မရေသးတဲ့ အခ်ိန္ကာလတစ္ခု ဒါမွမဟုတ္ စားဝတ္ေနေရးအတြက္အခက္အခဲျဖစ္လာတဲ့အခါ သင့္အတြက္ ဒီပညာေတြကအသုံးဝင္လာမွာျဖစ္ပါတယ္။ တစ္ခ်ိဳ႕သူေတြဆို ကိုယ္ပိုင္အသက္ေမြးဝမ္းေက်ာင္းပညာရပ္နဲ႔ပဲ ဘဝကိုရပ္တည္ၿပီး ေအာင္ျမင္သြားသူေတြ အမ်ားႀကီးရွိပါတယ္။ ကိုယ္တတ္ထားတဲ့ပညာရပ္က အေသးအမႊားဆိုေပမဲ့ တကယ္ထူးခၽြန္တဲ့သူေတြက ဒီအေသးအမႊားပညာရပ္နဲ႔ပဲ ေအာင္ျမင္သြားၾကတာမ်ားပါတယ္။ ယခုေခတ္မွာဆို ကိုယ္ပိုင္အသက္ေမြးဝမ္းေက်ာင္းပညာက အမ်ားႀကီးအေရးပါလာၿပီး ေအာင္ျမင္ဖို႔လဲ အရမ္းကိုလြယ္ကူလာပါတယ္။ ဥပမာ သင္က ပန္ခ်ီပညာရွင္ဆိုလွ်င္ သင္ေရးဆြဲထားတဲ့ ပန္ခ်ီအႏုပညာကို အင္တာနက္ေပၚကေန တစ္ဆင့္ ေဒၚလာနဲ႔ ျဖန္႔ျဖဴးေရာင္းခ်ႏိုင္ပါတယ္။

၇။ ေခတ္နဲ႔အညီ လိုက္ေလ်ာညီေထြ ေနထိုင္ပါ။

ေအာင္ျမင္တဲ့သူတစ္ေယာက္ျဖစ္ဖို႔ ေခတ္ကို လြန္ဆန္လို႔မရပါဘူး။ နည္းပညာေတြ အခ်ိန္တိုင္းတိုးတက္ေနတဲ့ေခတ္မွာ သင္အေနနဲ႔ ေခတ္ေနာက္က်ခဲ့ရင္ေတာ့ ေအာင္ျမင္ဖို႔ အရမ္းကိုအလွမ္းေဝးသြားပါလိမ့္မယ္။ ဒါ့ေၾကာင့္ အရင္က သင္အသုံးျပဳခဲ့တဲ့ နည္းလမ္းေတြ၊ ဗ်ဴဟာေတြကိုအခုအခ်ိန္မွာ ေခတ္ကိုလိုက္ၿပီး ေျပာင္းလဲသင့္ရင္ ေျပာင္းလဲရပါလိမ့္မယ္။ ေခတ္ေနာက္က်ေနရင္ေတာ့ တိုးတက္ဖို႔ လမ္းစရွိေတာ့မွာမဟုတ္သလို ေအာင္ျမင္ဖို႔လည္း ျဖစ္ႏိုင္ေခ်နည္းသြားပါလိမ့္မယ္။

#Lifestyle_Myanmar

#Thar_Nage

ကေလးတစ္ေယာက္ အရြယ္ေရာက္လာတဲ့အခ်ိန္မွာ ထိခိုက္တတ္တဲ့ မိဘအုပ္ထိန္းမႈ အမွား ၈ ခ်က္

Unicode

ကိုယ့်သားသမီ းအရည်အချင်းရှိရှိနဲ့အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ ချပြသင့်တဲ့ နည်းလမ်းအချို့

၁။ ပိုက်ဆံရှိတဲ့အခါ အကျိုးရှိစွာအသုံးချပါ။

သင့်မှာ ပိုက်ဆံတွေရှိလာတဲ့အခါ ဘယ်လိုအသုံးချမလဲ။ ပိုက်ဆံဆိုတာ တကယ်တော့ တန်ဖိုးကို တိုင်းတာတဲ့ အတိုင်းအတာတစ်ခုပါပဲ။ ကုန်ပစ္စည်းတွေသာမရှိရင် ဒီပိုက်ဆံဆိုတာလဲ ဘာမှအသုံးဝင်တော့မှာမဟုတ်ပါဘူး။ ဥပမာ ခရီးတစ်ခုခုသွားလို့ လူသူမနီးတဲ့နေရာမှာ သင်ဗိုက်ဆာတာပဲဖြစ်ဖြစ်ကားဆီပြက်တာပဲဖြစ်ဖြစ် ဒီလိုအခြေအနေမျိုးမှာ သင့်မှာပိုက်ဆံရှိလဲ ဒီပိုက်ဆံက အသုံးမဝင်ပါဘူး။ ဒါ့ကြောင့် ပိုက်ဆံရှိတဲ့ အချိန်မှာ သင့်အတွက် အကျိုးရှိမဲ့ အရာအားလုံးကို အသုံးချသင့်ပါတယ်။ သင့်ပိုက်ဆံကို ဒီအတိုင်းသိမ်းထားပြီး ဘယ်သူ့အကျိုးအတွက်မှအသုံးမပြုလိုက်ရင် သင်စုဆောင်းထားတာဘာအတွက် စုဆောင်းတာလဲ။ သင့်ပိုက်ဆံကို ခေါင်းအုံးအောက်ထားအိပ်ပြီး အချိန်းတိုင်းလိုလိုပူပန်နေမဲ့အစား သင့်အတွက် လုပ်ငန်းမှာရင်းနှီးမြှုပ်နှံတာပဲဖြစ်ဖြစ်၊ သင်အတွက် အကျိုးရှိမဲ့ အရာမျိုးအတွက် အသုံးချတာပဲဖြစ်ဖြစ်ပြုလုပ်သင့်ပါတယ်။

၂။ အလုပ်တစ်ခုလုပ်တဲ့အခါ အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပါ။

အလုပ်တစ်ခုကိုကိုယ့်ဘက်က အတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ဖို့ဆိုတာ ငယ်စဉ်ကတည်းက အရေးကြီးပါတယ်။ ဥပမာ သင်ကျောင်းနေတဲ့အရွယ် ဆရာမက အိမ်စာတစ်ပုဒ်ပေးလိုက်တယ်ဆိုပါစို့။ ဒီပုစ္ဆာကို သင်အနေနဲ့ နားမလည်လို့ မပြုလုပ်ခဲ့ဘူးဆိုတာထက် မှားမှားမှန်မှန်အကောင်းဆုံးဖြစ်အောင်လုပ်ရဲတဲ့ သတ္တိကမှ လေးစားစရာကောင်းပါတယ်။ သင်နားမလည်လို့ ထိုင်မှိုင်နေတာထက် နားလည်တဲ့သူတစ်ယောက်ယောက်ကိုခေါ်ပြီး ရှင်းပြခိုင်းပါ နှစ်ယောက်အတူတူ အဖြေရှာကြည့်ပါ။ ဒီလိုအကျင့်ကို ငယ်စဉ်ကတည်းက မွေးမြူလာသူတစ်ယောက်ဟာ ကြီးလာတဲ့အခါ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် အခြားအကြောင်းအရာတစ်ခုခုမှာပဲဖြစ်ဖြစ် ဘယ်ကိစ္စမဆို အကောင်းဆုံးဖြစ်အောင် ဖြေရှင်းနိုင်ပါတယ်။

၃။ အောင်မြင်ဖို့အတွက် အခက်အခဲကို ကျော်ဖြတ်ပါ။

လာကမှာ ဘယ်အရာမှလွယ်လွယ်မရပါဘူး။ အောင်မြင်နေတဲ့ ကမ္ဘာကျော်တဲ့ ပုဂ္ဂိုလ်တွေတောင် အကြိမ်ကြိမ်ကျရှုံးပြီးမှ အောင်မြင်တဲ့နေရာကိုရောက်ရှိတာပါ။ ဒါ့ကြောင့် သင်လဲ တစ်ခါကျရှုံးသွားလို့ နောက်ပြန်လှည့်ပြီး သင့်ရဲဲ့ရည်မှန်းချက်ကို အပျက်အစီးမခံပါနဲ့။ တစ်ခါကျရှုံးသွားရင် တစ်ခါသင့်အတွက် အတွေ့အကြုံရသလို သင်ကျော်လွှားလိုက်တဲ့အခက်ခဲတွေအားလုံးက သင့်အတွက် အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေပဲဖြစ်ပါတယ်။

၄။ အသိပညာရှာဖွေဖို့ စာဖတ်ပေးပါ။

ကျွန်တော်တို့ရဲ့ အနာဂတ်ကို ပြောင်းလဲပေးနိုင်ဖို့ စာဖတ်ဖို့လိုအပ်ပါတယ်။ စာပေလောကဟာ အရမ်းကို ကျယ်ပြန့်သလို သင့်အတွက်အသိပညာ ဗဟုသုတတွေကိုလည်း အချိန်တိုအတွင်းမှာ အများကြီးပေးစွမ်းနိုင်စွမ်းရှိပါတယ်။ စာဖတ်တဲ့အခါမှာ တစ်အုပ်ဆိုတစ်အုပ် မဟုတ်ပဲ ဟိုစပ်စပ်ဒီစပ်စပ်နဲ့တို့လို့တန်းလန်းမဖတ်သင့်သလို စာကျက်သလိုလည်း မဖတ်သင့်ပါဘူး။ စာဖတ်တဲ့အခါ သင်ဖတ်ချင်တဲ့စာပေမျိုးကို ရွေးချယ်ပြီး ပြီးဆုံးအောင်သေချာဖတ်ပါ။ စာဖတ်ပြီး ဘာကိုဆိုလိုတာလဲဆိုတာကို နားလည်အောင် တွေးပေးပါ။ ဒါမှ သင့်ဖတ်တဲ့စာရဲ့ တန်ဖိုးလည်မှာဖြစ်ပြီး ဒီလိုဖတ်ထားတဲ့အတွက် မေ့ပျောက်ဖို့ဆိုတာလဲ ခဲယဉ်းပါတယ်။

၅။ ဝါသနာကို အရင်းခံပြီး အလုပ်လုပ်ပါ။

အဓိကကတော့ သင်မလုပ်ချင်တဲ့ အလုပ်တစ်ခုကို နေ့တိုင်းငြီးငြီးငွေ့ငွေ့နဲ့ လုပ်နေမဲ့အစား သင်ဝါသနာပါမဲ့၊ စိတ်ဝင်စားမဲ့ အလုပ်မျိုးကို ပြောင်းလဲပြီးလုပ်သင့်ပါတယ်။ ကိုယ့်ရဲ့ ဝါသနာကို အရင်းတည်ပြီး ပြုလုပ်တဲ့အလုပ်ဟာ ကျရှုံးခဲ့ရင်တောင် ခံနိုင်ရည်ရှိသလို ကိုယ်လုပ်ချင်တဲ့ အလုပ်တစ်ခုဖြစ်တဲ့အတွက် ဘယ်အတားအဆီးမဆို ကျော်ဖြတ်ပြီး ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ သင်မလုပ်ချင်တဲ့အလုပ်ကို နေတိုင်းလုပ်နေတာက သင့်ရဲ့အချိန်ကို ဆုံးရှုံးစေပြီး အချိန်သာကုန်ဆုံးသွားမယ် သင့်မှာတိုးတက်မှုဆိုတာ ရှိလာမှာမဟုတ်ပါဘူး။

၆။ ခိုင်မာတဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ရပ်ရပ်ကို သင်ထားပါ။

ဘယ်အတတ်ပညာမဆိုတတ်မြှောက်ထားတာကအကောင်းဆုံးပါ။ သင့်မှာအလုပ်မရသေးတဲ့ အချိန်ကာလတစ်ခု ဒါမှမဟုတ် စားဝတ်နေရေးအတွက်အခက်အခဲဖြစ်လာတဲ့အခါ သင့်အတွက် ဒီပညာတွေကအသုံးဝင်လာမှာဖြစ်ပါတယ်။ တစ်ချို့သူတွေဆို ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းပညာရပ်နဲ့ပဲ ဘဝကိုရပ်တည်ပြီး အောင်မြင်သွားသူတွေ အများကြီးရှိပါတယ်။ ကိုယ်တတ်ထားတဲ့ပညာရပ်က အသေးအမွှားဆိုပေမဲ့ တကယ်ထူးချွန်တဲ့သူတွေက ဒီအသေးအမွှားပညာရပ်နဲ့ပဲ အောင်မြင်သွားကြတာများပါတယ်။ ယခုခေတ်မှာဆို ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းပညာက အများကြီးအရေးပါလာပြီး အောင်မြင်ဖို့လဲ အရမ်းကိုလွယ်ကူလာပါတယ်။ ဥပမာ သင်က ပန်ချီပညာရှင်ဆိုလျှင် သင်ရေးဆွဲထားတဲ့ ပန်ချီအနုပညာကို အင်တာနက်ပေါ်ကနေ တစ်ဆင့် ဒေါ်လာနဲ့ ဖြန့်ဖြူးရောင်းချနိုင်ပါတယ်။

၇။ ခေတ်နဲ့အညီ လိုက်လျောညီထွေ နေထိုင်ပါ။

အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ ခေတ်ကို လွန်ဆန်လို့မရပါဘူး။ နည်းပညာတွေ အချိန်တိုင်းတိုးတက်နေတဲ့ခေတ်မှာ သင်အနေနဲ့ ခေတ်နောက်ကျခဲ့ရင်တော့ အောင်မြင်ဖို့ အရမ်းကိုအလှမ်းဝေးသွားပါလိမ့်မယ်။ ဒါ့ကြောင့် အရင်က သင်အသုံးပြုခဲ့တဲ့ နည်းလမ်းတွေ၊ ဗျူဟာတွေကိုအခုအချိန်မှာ ခေတ်ကိုလိုက်ပြီး ပြောင်းလဲသင့်ရင် ပြောင်းလဲရပါလိမ့်မယ်။ ခေတ်နောက်ကျနေရင်တော့ တိုးတက်ဖို့ လမ်းစရှိတော့မှာမဟုတ်သလို အောင်မြင်ဖို့လည်း ဖြစ်နိုင်ချေနည်းသွားပါလိမ့်မယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here