ကိုယ့္ခ်စ္သူမွာ ဒီအက်င့္စ႐ိုက္ ၅မ်ိဳးရွိရင္ လမ္းခြဲလိုက္တာ သင့္အတြက္ အေကာင္းဆုံးပါ။

0
318
လမ္းခြဲသင့္တဲ့အခ်က္အခ်ိဳ႕
လမ္းခြဲသင့္တဲ့အခ်က္အခ်ိဳ႕

လိမ္တဲ့သူ

မုသားမပါ လကၤာ မေခ်ာဆိုေပမဲ့ ကိုယ္ခ်စ္တဲ့သူက ကိုယ့္အေပၚ အၿမဲလိမ္ေနတာကို သင့္အေနနဲ႔ လက္ခံႏိုင္ပါ့မလား။ ကိစၥေသးေသးေလးပဲျဖစ္ျဖစ္၊ ကိစၥအႀကီးႀကီးပဲျဖစ္ျဖစ္ ကိုယ့္အေပၚ အၿမဲဖုံးကြယ္ေနၿပီး လိမ္ညာေနရင္ေတာ့ ဒီလူနဲ႔ ေရွ႕ဆက္ရင္လည္း အခ်စ္ေရးက သာယာမွာမဟုတ္ပါဘူး။ ဒါေပမဲ့ လိမ္တယ္ဆိုတဲ့အေပၚမွာ သင့္အေနနဲ႔ သူဘာေၾကာင့္လိမ္လဲ ဆိုတဲ့ အေၾကာင္းျပခ်က္ကိုရွာတတ္ဖို႔လိုပါတယ္။ ဥပမာအားျဖင့္ သူက တခါတေလ သူငယ္ခ်င္းေတြနဲ႔ လက္ဖက္ရည္ဆိုင္ထိုင္တာမ်ိဳး၊ အျပင္သြားတာမ်ိဳးကို သင့္ကိုဖြင့္ေျပာတဲ့အခါ သင့္အေနနဲ႔ ခဏခဏျငင္းဆန္ေနမယ္ဆိုရင္ သူ႔ဘက္ကလည္းေနာက္ဆို သင့္ကို မေျပာျပေတာ့ပါဘူး။ အျပင္သြားေပမဲ့လည္း မသြားဘူးလို႔ဘဲ လိမ္ေျပာေနပါလိမ့္မယ္။ ဒါေပမဲ့ ကိုယ့္ခ်စ္ကို ပြင့္ပြင့္လင္းလင္း အမွန္အတိုင္းေျပာရင္း ကိုယ့္ဘက္က ခြင့္ျပဳေပး ေပမဲ့သူ႔ပင္ကိုယ္စ႐ိုက္ကိုက အၿမဲလိမ္ညာေနရင္ေတာ့ ဘယ္လိုနည္းနဲ႔မွ ေရွ႕မဆက္သင့္ပါဘူး။

တစ္ကိုယ္ေကာင္းဆန္တဲ့သူ

တစ္ကိုယ္ေကာင္းဆန္တဲ့အက်င့္ဟာ ေဖ်ာက္ဖ်က္လို႔မရတဲ့ ပင္ကိုယ္စ႐ိုက္တစ္မ်ိဳးျဖစ္တာေၾကာင့္ သင့္အေနနဲ႔ သူေျပာင္းလဲလာမွာပဲဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ေရွ႕ဆက္လက္တြဲေနရင္ေတာ့ ေကာင္းတဲ့ရလဒ္မ်ိဳးနဲ႔ ရင္ဆိုင္ရမွာ မဟုတ္ပါဘူး။ အၿမဲလိုလို ကိုယ့္ဘက္ဘဲ ကိုယ္ေတြးၿပီး သင္ဘာျဖစ္ျဖစ္ ဂ႐ုမစိုက္သလို၊ မသိသလို ေနေနတာကို သင့္အေနနဲ႔လည္း လက္ခံႏိုင္မွာမဟုတ္ပါဘူး။ တစ္ကိုယ္ေကာင္းဆန္တဲ့သူကို ခ်စ္မိရင္ ႐ုပ္ပိုင္းဆိုင္ရာပဲျဖစ္ျဖစ္၊ စိတ္ပိုင္းဆိုင္ရာပဲျဖစ္ျဖစ္ ကိုယ့္ဘက္က ေပးဆပ္လိုက္ရတာ နဲ႔ ျပန္ရလိုက္တာ တန္ေတာင္ မတန္ပါဘူး။ ဒါ့ေၾကာင့္ ေရရွည္လက္တြဲခ်င္တယ္ဆိုရင္ေတာ့ ဒီလို သူမ်ိဳးကို ေရွာင္ၾကဥ္တာ သင့္ဘဝအတြက္ေရာ အနာဂတ္အတြက္ပါ အေကာင္းဆုံးျဖစ္မယ္လို႔ ယုံၾကည္ပါတယ္။

သစၥာမရွိတဲ့သူ

ဒီအခ်က္ကေတာ့ ခ်စ္သူစုံတြဲ ၁၀၀% မွာ ၉၉% ေလာက္က လက္မခံၾကပါဘူး။ မ်ားေသာအားျဖင့္ ကိုယ့္အေပၚ ဘယ္လိုဆိုးဆိုး သစၥာေဖာက္တာနဲ႔ ပတ္သတ္လာရင္ေတာ့ ဘယ္သူမွ သည္းခံႏိုင္မွာမဟုတ္ပါဘူး။ ကိုယ့္အေပၚ ကိုယ့္ခ်စ္သူက သစၥာေဖာက္လို႔ သင့္အေနနဲ႔ ခြင့္လႊတ္ေပးလိုက္မယ္ဆိုရင္ သူ႔ကို permit ေပးလိုက္သလိုပါပဲ။ ေနာက္လည္း သင္နဲ႔ တြဲေနေပမဲ့ ၿခံခုန္တာေတြ၊ ေနာက္မီးလင္းတာေတြ ျဖစ္ခ်င္ရင္ျဖစ္ေနမွာပါပဲ။ ေယာက်္ားေလးပဲျဖစ္ျဖစ္၊ မိန္းကေလးပဲျဖစ္ျဖစ္ ကိုယ့္အေပၚ တကယ္အခ်စ္စစ္နဲ႔ ခ်စ္တဲ့သူဟာ မ်ားေသာအားျဖင့္ သစၥာမေဖာက္ၾကပါဘူး။ တကယ္လို႔ သင့္ကို သစၥာေဖာက္တယ္ဆိုရင္ သင့္ကို သူဘက္က တကယ္မခ်စ္လိုပါပဲ။ ဒါ့ေၾကာင့္ ကိုယ့္အေပၚမခ်စ္တဲ့ ဒီလိုခ်စ္သူမ်ိဳးကို သင့္ဘက္က လက္လႊတ္လိုက္တာ အေကာင္းဆုံးပါ။

တယူသန္ အတၱႀကီးတဲ့သူ

ကိစၥေတာ္ေတာ္မ်ားမ်ားမွာ ကိုယ္နဲ႔ သေဘာထားခ်င္းမတိုက္ဆိုင္သလို၊ တယူသန္ဆုံးျဖတ္ခ်က္ေတြနဲ႔ ေရွ႕ဆက္ေနရင္ သင္တို႔ႏွစ္ဦးရဲ႕ အခ်စ္ေရးက ခိုင္ၿမဲမွာမဟုတ္ပါဘူး။ ေနာက္မွ ညႇိယူလို႔ရတာပဲလို႔ဆိုေပမဲ့ အတၱႀကီးတယ္ဆိုတာ ေရာဂါတစ္ခုလို အခ်ိန္ကာလ တစ္ခုကိုေစာင့္ၿပီး ကုစားလို႔ ေပ်ာက္သြားတဲ့အရာထဲမွာမပါ ပါဘူး။ ႏွစ္ဦးေပါင္းဖက္ၿပီဆိုတာနဲ႔ ႏွစ္ကိုယ္တစ္စိတ္ ဆိုသလိုပါပဲ ဘာလုပ္လုပ္ ဘာကိုင္ကိုင္ ႏွစ္ဦးသေဘာတူ ဆုံးျဖတ္ခ်က္ေတြ၊ နားလည္မႈေတြ အမ်ားႀကီး လိုအပ္ပါတယ္။ ကိုယ္က သူ႔ကို ခ်စ္လို႔ အေလ်ာ့ေပးေပမဲ့ အၿမဲတမ္းေတာ့ နားလည္ေပးႏိုင္မွာမဟုတ္တဲ့အတြက္ မေပါင္းဖက္ခင္ကတည္းက လမ္းခြဲၾကတာအေကာင္းဆုံးပါပဲ။

အရမ္းလွ်ိဳ႕ဝွက္တတ္တဲ့သူ

ပြင့္ပြင့္လင္းလင္းမရွိဘဲ ဘယ္အရာမဆို လွ်ိဳ႕ဝွက္ေနရင္လည္း အိမ္ေထာင္ေရးက သာယာႏိုင္မွာမဟုတ္ပါဘူး။ ေကာင္းတာပဲျဖစ္ျဖစ္ ဆိုးတာပဲျဖစ္ျဖစ္ ကိုယ့္ကို ဘာမွအသိမေပးဘဲ လွ်ိဳ႕ဝွက္ေနတာဟာ ျပႆနာျဖစ္မဲ့ လမ္းစကို အစပ်ိဳးေပးေနသလိုပါပဲ။ လူေတြဟာ ဖုံးကြယ္တာတဲ့အရာဆို ပိုၿပီး သိခ်င္တာ ဓမၼတာပါပဲ။ ကိုယ့္ခ်စ္သူက ကိုယ့္အေပၚ လွ်ိဳ႕ဝွက္ခ်က္ေတြ၊ ဖုံးကြယ္မႈေတြ မ်ားေနရင္ သင့္အေနနဲ႔လည္း အခ်ိန္ခ်ိန္ၾကာၾကာ သည္းခံႏိုင္မွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ ဒီလို အက်င့္မ်ိဳးရွိတဲ့သူနဲ႔ ေရွ႕မဆက္ တာ သင့္အတြက္ ပိုၿပီးအဆင္ေျပပါလိမ့္မယ္။

#Lifestyle_Myanmar

#Thar_Nage

ခ်စ္ႀကိဳက္ခါစ အခ်ိန္နဲ႔ ၾကာသြားတဲ့အခ်ိန္ ေျပာင္းလဲသြားတဲ့ Relationship ရဲ႕ ပုံရိပ္အခ်ိဳ႕

Unicode

ကိုယ့်ချစ်သူမှာ ဒီအကျင့်စရိုက် ၅မျိုးရှိရင် လမ်းခွဲလိုက်တာ သင့်အတွက် အကောင်းဆုံးပါ။

လိမ်တဲ့သူ
မုသားမပါ လင်္ကာ မချောဆိုပေမဲ့ ကိုယ်ချစ်တဲ့သူက ကိုယ့်အပေါ် အမြဲလိမ်နေတာကို သင့်အနေနဲ့ လက်ခံနိုင်ပါ့မလား။ ကိစ္စသေးသေးလေးပဲဖြစ်ဖြစ်၊ ကိစ္စအကြီးကြီးပဲဖြစ်ဖြစ် ကိုယ့်အပေါ် အမြဲဖုံးကွယ်နေပြီး လိမ်ညာနေရင်တော့ ဒီလူနဲ့ ရှေ့ဆက်ရင်လည်း အချစ်ရေးက သာယာမှာမဟုတ်ပါဘူး။ ဒါပေမဲ့ လိမ်တယ်ဆိုတဲ့အပေါ်မှာ သင့်အနေနဲ့ သူဘာကြောင့်လိမ်လဲ ဆိုတဲ့ အကြောင်းပြချက်ကိုရှာတတ်ဖို့လိုပါတယ်။ ဥပမာအားဖြင့် သူက တခါတလေ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တာမျိုး၊ အပြင်သွားတာမျိုးကို သင့်ကိုဖွင့်ပြောတဲ့အခါ သင့်အနေနဲ့ ခဏခဏငြင်းဆန်နေမယ်ဆိုရင် သူ့ဘက်ကလည်းနောက်ဆို သင့်ကို မပြောပြတော့ပါဘူး။ အပြင်သွားပေမဲ့လည်း မသွားဘူးလို့ဘဲ လိမ်ပြောနေပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ချစ်ကို ပွင့်ပွင့်လင်းလင်း အမှန်အတိုင်းပြောရင်း ကိုယ့်ဘက်က ခွင့်ပြုပေး ပေမဲ့သူ့ပင်ကိုယ်စရိုက်ကိုက အမြဲလိမ်ညာနေရင်တော့ ဘယ်လိုနည်းနဲ့မှ ရှေ့မဆက်သင့်ပါဘူး။

တစ်ကိုယ်ကောင်းဆန်တဲ့သူ
တစ်ကိုယ်ကောင်းဆန်တဲ့အကျင့်ဟာ ဖျောက်ဖျက်လို့မရတဲ့ ပင်ကိုယ်စရိုက်တစ်မျိုးဖြစ်တာကြောင့် သင့်အနေနဲ့ သူပြောင်းလဲလာမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ ရှေ့ဆက်လက်တွဲနေရင်တော့ ကောင်းတဲ့ရလဒ်မျိုးနဲ့ ရင်ဆိုင်ရမှာ မဟုတ်ပါဘူး။ အမြဲလိုလို ကိုယ့်ဘက်ဘဲ ကိုယ်တွေးပြီး သင်ဘာဖြစ်ဖြစ် ဂရုမစိုက်သလို၊ မသိသလို နေနေတာကို သင့်အနေနဲ့လည်း လက်ခံနိုင်မှာမဟုတ်ပါဘူး။ တစ်ကိုယ်ကောင်းဆန်တဲ့သူကို ချစ်မိရင် ရုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် ကိုယ့်ဘက်က ပေးဆပ်လိုက်ရတာ နဲ့ ပြန်ရလိုက်တာ တန်တောင် မတန်ပါဘူး။ ဒါ့ကြောင့် ရေရှည်လက်တွဲချင်တယ်ဆိုရင်တော့ ဒီလို သူမျိုးကို ရှောင်ကြဉ်တာ သင့်ဘဝအတွက်ရော အနာဂတ်အတွက်ပါ အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်ပါတယ်။

သစ္စာမရှိတဲ့သူ
ဒီအချက်ကတော့ ချစ်သူစုံတွဲ ၁၀၀% မှာ ၉၉% လောက်က လက်မခံကြပါဘူး။ များသောအားဖြင့် ကိုယ့်အပေါ် ဘယ်လိုဆိုးဆိုး သစ္စာဖောက်တာနဲ့ ပတ်သတ်လာရင်တော့ ဘယ်သူမှ သည်းခံနိုင်မှာမဟုတ်ပါဘူး။ ကိုယ့်အပေါ် ကိုယ့်ချစ်သူက သစ္စာဖောက်လို့ သင့်အနေနဲ့ ခွင့်လွှတ်ပေးလိုက်မယ်ဆိုရင် သူ့ကို permit ပေးလိုက်သလိုပါပဲ။ နောက်လည်း သင်နဲ့ တွဲနေပေမဲ့ ခြံခုန်တာတွေ၊ နောက်မီးလင်းတာတွေ ဖြစ်ချင်ရင်ဖြစ်နေမှာပါပဲ။ ယောကျ်ားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်အပေါ် တကယ်အချစ်စစ်နဲ့ ချစ်တဲ့သူဟာ များသောအားဖြင့် သစ္စာမဖောက်ကြပါဘူး။ တကယ်လို့ သင့်ကို သစ္စာဖောက်တယ်ဆိုရင် သင့်ကို သူဘက်က တကယ်မချစ်လိုပါပဲ။ ဒါ့ကြောင့် ကိုယ့်အပေါ်မချစ်တဲ့ ဒီလိုချစ်သူမျိုးကို သင့်ဘက်က လက်လွှတ်လိုက်တာ အကောင်းဆုံးပါ။

တယူသန် အတ္တကြီးတဲ့သူ
ကိစ္စတော်တော်များများမှာ ကိုယ်နဲ့ သဘောထားချင်းမတိုက်ဆိုင်သလို၊ တယူသန်ဆုံးဖြတ်ချက်တွေနဲ့ ရှေ့ဆက်နေရင် သင်တို့နှစ်ဦးရဲ့ အချစ်ရေးက ခိုင်မြဲမှာမဟုတ်ပါဘူး။ နောက်မှ ညှိယူလို့ရတာပဲလို့ဆိုပေမဲ့ အတ္တကြီးတယ်ဆိုတာ ရောဂါတစ်ခုလို အချိန်ကာလ တစ်ခုကိုစောင့်ပြီး ကုစားလို့ ပျောက်သွားတဲ့အရာထဲမှာမပါ ပါဘူး။ နှစ်ဦးပေါင်းဖက်ပြီဆိုတာနဲ့ နှစ်ကိုယ်တစ်စိတ် ဆိုသလိုပါပဲ ဘာလုပ်လုပ် ဘာကိုင်ကိုင် နှစ်ဦးသဘောတူ ဆုံးဖြတ်ချက်တွေ၊ နားလည်မှုတွေ အများကြီး လိုအပ်ပါတယ်။ ကိုယ်က သူ့ကို ချစ်လို့ အလျော့ပေးပေမဲ့ အမြဲတမ်းတော့ နားလည်ပေးနိုင်မှာမဟုတ်တဲ့အတွက် မပေါင်းဖက်ခင်ကတည်းက လမ်းခွဲကြတာအကောင်းဆုံးပါပဲ။

အရမ်းလျှို့ဝှက်တတ်တဲ့သူ
ပွင့်ပွင့်လင်းလင်းမရှိဘဲ ဘယ်အရာမဆို လျှို့ဝှက်နေရင်လည်း အိမ်ထောင်ရေးက သာယာနိုင်မှာမဟုတ်ပါဘူး။ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ကိုယ့်ကို ဘာမှအသိမပေးဘဲ လျှို့ဝှက်နေတာဟာ ပြဿနာဖြစ်မဲ့ လမ်းစကို အစပျိုးပေးနေသလိုပါပဲ။ လူတွေဟာ ဖုံးကွယ်တာတဲ့အရာဆို ပိုပြီး သိချင်တာ ဓမ္မတာပါပဲ။ ကိုယ့်ချစ်သူက ကိုယ့်အပေါ် လျှို့ဝှက်ချက်တွေ၊ ဖုံးကွယ်မှုတွေ များနေရင် သင့်အနေနဲ့လည်း အချိန်ချိန်ကြာကြာ သည်းခံနိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီလို အကျင့်မျိုးရှိတဲ့သူနဲ့ ရှေ့မဆက် တာ သင့်အတွက် ပိုပြီးအဆင်ပြေပါလိမ့်မယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here