ကိုယ္ဝန္ေဆာင္ေနခ်ိန္မွာပဲ သင့္ရဲ႕ရင္ေသြးေလးကို ေပ်ာ္ရြင္ေအာင္လုပ္ေပးႏိုင္မယ့္ နည္းလမ္း ၄ ခ်က္

0
140

ေမေမတို႔ရဲ႕ရင္ေသြေလး အျပင္ေလာကကိုမေရာက္ခင္မွာပဲ ေမေမတို႔ကိုယ္တိုင္ ေပ်ာ္ရြင္ေအာင္လုပ္ေပးႏိုင္တယ္ ဆိုတာကို ယံုဖို႔ခက္ႏိုင္ပါတယ္။ ရင္ေသြးေလးကို ေမေမတို႔လြယ္ထားရတဲ့အခါ မီးဖြားတဲ့အခ်ိန္ထိ ၉လေလာက္ ေစာင့္စရာမလိုပဲ ကေလးကိုေပ်ာ္ရြင္ေအာင္လုပ္ေပးႏိုင္ပါတယ္။


၁။ ကေလးကိုစကားေျပာပါ
ေမေမတို႔ရဲ႕ကိုယ္ဝန္ ၄ လေလာက္ေရာက္တာနဲ႔ ကေလးဟာအသံေတြကို ၾကားေနႏိုင္ပါၿပီ။ ဒီလိုၾကားေနႏိုင္တာေၾကာင့္ အခ်ိန္တိုင္း ေမေမတို႔ရဲ႕ ႏွလံုးခုန္သံ၊ အသက္႐ႈသံ၊ အဂၤါေတြရဲ႕လႈပ္ရွားသံေတြကို နားေထာင္ေနပါတယ္။ ဒီလိုမိခင္နဲ႔အတူ ကေလးရဲ႕အေတြ႕အၾကံဳအသစ္ေတြဟာ အေရးႀကီးတဲ့အခ်က္ျဖစ္ၿပီး ကေလးကမိခင္ဆီကေနသင္ယူႏိုင္တယ္လို႔ ဆိုထားပါတယ္။ အထူးသျဖင့္ မိဘေတြရဲ႕အသံဟာ ကေလးနဲ႔မိဘၾကားအားေကာင္းတဲ့ ေႏွာင္ႀကိဳးကိုျဖစ္ေစပါတယ္။ အေဖနဲ႔အေမျဖစ္သူက ကေလးကိုစကားေျပာျခင္းျဖင့္ ဘာသာစကားေျပာျခင္းကို မွ်ေဝေပးႏိုင္ၿပီး ကေလးကိုက်န္းမာစြာႀကီးျပင္းေစျခင္း၊ ဘာသာစကားစြမ္းရည္ဖြံ႕ၿဖိဳးျခင္း၊
ပိုမိုခ်စ္ခင္ျခင္း စတဲ့ေကာင္းက်ိဳးေတြကို ကေလးႀကီးလာတဲ့အခါ ခံစားရမွာျဖစ္ပါတယ္။ ဒီလိုပါပဲ မိခင္ကသီခ်င္းဆိုျခင္းဟာ ကေလးအတြက္ အေကာင္းဆံုးအစားအစာကို ေကၽြးျခင္းကဲ့သို႔ ျဖစ္ေစၿပီး ကေလးရဲ႕ဦးေႏွာက္ကိုဖြံ႕ၿဖိဳးေစတယ္လို႔ Logrando una ဆိုတဲ့ စာေရးဆရာက သူ႔ရဲ႕ Achieving a happy motherhood ဆိုတဲ့ေဆာင္းပါးမွာ ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ေမေမတို႔ရဲ႕ကေလးကို ေပ်ာ္ရြင္ေအာင္ လုပ္ေပးခ်င္တယ္ဆိုရင္ ဘယ္အခ်ိန္ျဖစ္ျဖစ္ ေမေမတို႔တတ္ႏိုင္သေလာက္ စကားေျပာတာေတြ၊ သီခ်င္းဆိုတာေတြကို လုပ္ေပးပါ။

၂။ သီခ်င္းနားေထာင္ျခင္
သီခ်င္းနားေထာင္ျခင္းဟာ မိခင္ေရာကေလးအတြက္ပါ အလြန္ေကာင္းမြန္းေစပါတယ္။ ဂီတသံဟာ စကားလံုးေတြမပါရင္ေတာင္မွ ဆက္သြယ္ခံစား နားလည္ႏိုင္တဲ့ အရာျဖစ္ပါတယ္။ စိတ္ပိုင္းကုထံုးနဲ႔ စိတ္ေျပေပ်ာက္ေစဖို႔ ကုသတဲ့အခါ ဂီတကုထံုးဟာ မပါမျဖစ္ပါ။ ဒါေၾကာင့္ေမေမတို႔ရဲ႕ရင္ေသြးေလးကို ဗိုက္ထဲမွာတင္ပဲ စိတ္ေပ်ာ္ရြင္ေစဖို႔ ဂီတနဲ႔ထိေတြ႕ေပးဖို႔ ျပဳလုပ္ေပးပါ။ ဒီလိုဂီတကို ခံစားရမႈေၾကာင့္ ေမေမနဲ႔ကေလးမွာ ေကာင္းမြန္တဲ့ခံစားခ်က္၊ လံုျခံဳမႈ၊ ယံုၾကည္မႈနဲ႔ ခ်စ္ျခင္းေမတၱာကို ခံစားရေစႏိုင္ပါတယ္။

၃။ ကစားေပးပါ
ကေလးက ေမေမတို႔ရဲ႕ သားအိမ္ထဲမွာ ရွိေနတာေၾကာင့္ ကစားဖို႔မျဖစ္ႏိုင္ဘူးလို႔ ေမေမတို႔ထင္မိမွာပါ။ ဒါေပမယ့္ သေႏၶသားႏႈိးဆြေပးတဲ့ နည္းလမ္းေတြနဲ႔ ကစားေပးႏိုင္ပါတယ္။ ဒီလိုနည္းေတြထဲကမွ နည္းတစ္ခုျဖစ္တဲ့ ဓါတ္မီးကို ဗိုက္ေပၚဖြင့္လိုက္ပိတ္လိုက္လုပ္ျခင္းျဖင့္ ကေလးရဲ႕စကၡဳအာ႐ံုကို ႏႈိးဆြေပးႏိုင္ပါတယ္။ ဒီလိုကစားေပးျခင္းျဖင့္ ကေလးရဲ႕မ်က္ခြံလႈပ္ရွားမႈ စိတ္ခံစားခ်က္ေျပာင္းလဲမႈနဲ႔ ကေလးရဲ႕ဖြံ႕ၿဖိဳးမႈအေပၚ သက္ေရာက္မႈရွိပါတယ္။

၄။ က်န္းမာေရးနဲ႔ညီညြတ္ၿပီး ခ်ိဳတဲ့အစားအစာေတြကိုု စားေပးပါ
ေမေမတို႔ရဲ႕ရင္ေသြး ကိုယ္ဝန္ ေလးလေလာက္ ေရာက္တဲ့အခါ အခ်ဥ္၊ အငန္၊ အခ်ိဳ၊အခါး စတဲ့အရသာေတြကို ခံစားသိရွိေနပါၿပီ။ မိခင္ျဖစ္သူ စားလိုက္တဲ့အရာေတြဟာ amniotic fluid အျဖစ္ ကေလးဆီေရာက္ရွိသြားၿပီး ကေလးကစားသံုးပါတယ္။ ကေလးတိုင္းဟာ ခ်ိဳတဲ့အရသာကို ႏွစ္သက္ၾကၿပီး မေမြးေသးတာေတာင္မွ ဒီလိုခ်ိဳတဲ့အရသာကို ႏွစ္သက္ၾကပါတယ္။ ဒီလိုခ်ိဳတဲ့အစားအစာေတြကို စားတဲ့အခါ က်န္းမာေရးနဲ႔ညိညြတ္ၿပီး သဘာဝသၾကားဓါတ္ျဖစ္တဲ့ သစ္သီးေတြကို စားသံုးေပးျခင္းဟာ ပိုမိုေကာင္းမြန္ပါတယ္။

LM_Naung_Naung

Lifestyle_Myanmar

ကိုယ္ဝန္ေဆာင္ေနစဥ္မွာ ေရွာင္ရွားသင့္တဲ့ အစားအစာမ်ား

ကိုယ်ဝန်ဆောင်နေချိန်မှာပဲ သင့်ရဲ့ရင်သွေးလေးကို ပျော်ရွင်အောင်လုပ်ပေးနိုင်မယ့် နည်းလမ်း ၄ ချက်

မေမေတို့ရဲ့ရင်သွေလေး အပြင်လောကကိုမရောက်ခင်မှာပဲ မေမေတို့ကိုယ်တိုင် ပျော်ရွင်အောင်လုပ်ပေးနိုင်တယ် ဆိုတာကို ယုံဖို့ခက်နိုင်ပါတယ်။ ရင်သွေးလေးကို မေမေတို့လွယ်ထားရတဲ့အခါ မီးဖွားတဲ့အချိန်ထိ ၉လလောက် စောင့်စရာမလိုပဲ ကလေးကိုပျော်ရွင်အောင်လုပ်ပေးနိုင်ပါတယ်။
၁။ ကလေးကိုစကားပြောပါ
မေမေတို့ရဲ့ကိုယ်ဝန် ၄ လလောက်ရောက်တာနဲ့ ကလေးဟာအသံတွေကို ကြားနေနိုင်ပါပြီ။ ဒီလိုကြားနေနိုင်တာကြောင့် အချိန်တိုင်း မေမေတို့ရဲ့ နှလုံးခုန်သံ၊ အသက်ရှုသံ၊ အင်္ဂါတွေရဲ့လှုပ်ရှားသံတွေကို နားထောင်နေပါတယ်။ ဒီလိုမိခင်နဲ့အတူ ကလေးရဲ့အတွေ့အကြုံအသစ်တွေဟာ အရေးကြီးတဲ့အချက်ဖြစ်ပြီး ကလေးကမိခင်ဆီကနေသင်ယူနိုင်တယ်လို့ ဆိုထားပါတယ်။ အထူးသဖြင့် မိဘတွေရဲ့အသံဟာ ကလေးနဲ့မိဘကြားအားကောင်းတဲ့ နှောင်ကြိုးကိုဖြစ်စေပါတယ်။
အဖေနဲ့အမေဖြစ်သူက ကလေးကိုစကားပြောခြင်းဖြင့် ဘာသာစကားပြောခြင်းကို မျှဝေပေးနိုင်ပြီး ကလေးကိုကျန်းမာစွာကြီးပြင်းစေခြင်း၊ ဘာသာစကားစွမ်းရည်ဖွံ့ဖြိုးခြင်း၊ ပိုမိုချစ်ခင်ခြင်း စတဲ့ကောင်းကျိုးတွေကို ကလေးကြီးလာတဲ့အခါ ခံစားရမှာဖြစ်ပါတယ်။ ဒီလိုပါပဲ မိခင်ကသီချင်းဆိုခြင်းဟာ
ကလေးအတွက် အကောင်းဆုံးအစားအစာကို ကျွေးခြင်းကဲ့သို့ ဖြစ်စေပြီး ကလေးရဲ့ဦးနှောက်ကိုဖွံ့ဖြိုးစေတယ်လို့ Logrando una ဆိုတဲ့ စာရေးဆရာက သူ့ရဲ့ Achieving a happy motherhood ဆိုတဲ့ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် မေမေတို့ရဲ့ကလေးကို ပျော်ရွင်အောင်
လုပ်ပေးချင်တယ်ဆိုရင် ဘယ်အချိန်ဖြစ်ဖြစ် မေမေတို့တတ်နိုင်သလောက် စကားပြောတာတွေ၊ သီချင်းဆိုတာတွေကို လုပ်ပေးပါ။

၂။ သီချင်းနားထောင်ခြင်း
သီချင်းနားထောင်ခြင်းဟာ မိခင်ရောကလေးအတွက်ပါ အလွန်ကောင်းမွန်းစေပါတယ်။ ဂီတသံဟာ စကားလုံးတွေမပါရင်တောင်မှ ဆက်သွယ်ခံစား နားလည်နိုင်တဲ့ အရာဖြစ်ပါတယ်။ စိတ်ပိုင်းကုထုံးနဲ့ စိတ်ပြေပျောက်စေဖို့ ကုသတဲ့အခါ ဂီတကုထုံးဟာ မပါမဖြစ်ပါ။ ဒါကြောင့်မေမေတို့ရဲ့ရင်သွေးလေးကို ဗိုက်ထဲမှာတင်ပဲ စိတ်ပျော်ရွင်စေဖို့ ဂီတနဲ့ထိတွေ့ပေးဖို့ ပြုလုပ်ပေးပါ။ ဒီလိုဂီတကို ခံစားရမှုကြောင့် မေမေနဲ့ကလေးမှာ ကောင်းမွန်တဲ့ခံစားချက်၊ လုံခြုံမှု၊ ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာကို
ခံစားရစေနိုင်ပါတယ်။

၃။ ကစားပေးပါ
ကလေးက မေမေတို့ရဲ့ သားအိမ်ထဲမှာ ရှိနေတာကြောင့် ကစားဖို့မဖြစ်နိုင်ဘူးလို့ မေမေတို့ထင်မိမှာပါ။ ဒါပေမယ့် သန္ဓေသားနှိုးဆွပေးတဲ့ နည်းလမ်းတွေနဲ့ ကစားပေးနိုင်ပါတယ်။ ဒီလိုနည်းတွေထဲကမှ နည်းတစ်ခုဖြစ်တဲ့ ဓါတ်မီးကို ဗိုက်ပေါ်ဖွင့်လိုက်ပိတ်လိုက်လုပ်ခြင်းဖြင့် ကလေးရဲ့စက္ခုအာရုံကို နှိုးဆွပေးနိုင်ပါတယ်။ ဒီလိုကစားပေးခြင်းဖြင့် ကလေးရဲ့မျက်ခွံလှုပ်ရှားမှု စိတ်ခံစားချက်ပြောင်းလဲမှုနဲ့ ကလေးရဲ့ဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိပါတယ်။

၄။ ကျန်းမာရေးနဲ့ညီညွတ်ပြီး ချိုတဲ့အစားအစာတွေကို စားပေးပါ
မေမေတို့ရဲ့ရင်သွေး ကိုယ်ဝန် လေးလလောက် ရောက်တဲ့အခါ အချဉ်၊ အငန်၊ အချို၊အခါး စတဲ့အရသာတွေကို ခံစားသိရှိနေပါပြီ။ မိခင်ဖြစ်သူ စားလိုက်တဲ့အရာတွေဟာ amniotic fluid အဖြစ် ကလေးဆီရောက်ရှိသွားပြီး ကလေးကစားသုံးပါတယ်။ ကလေးတိုင်းဟာ ချိုတဲ့အရသာကို နှစ်သက်ကြပြီး မမွေးသေးတာတောင်မှ ဒီလိုချိုတဲ့အရသာကို နှစ်သက်ကြပါတယ်။ ဒီလိုချိုတဲ့အစားအစာတွေကို စားတဲ့အခါ ကျန်းမာရေးနဲ့ညိညွတ်ပြီး သဘာဝသကြားဓါတ်ဖြစ်တဲ့ သစ်သီးတွေကို စားသုံးပေးခြင်းဟာ ပိုမိုကောင်းမွန်ပါတယ်။

LM_Naung_Naung

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here