#Lifestyle_Myanmar
#Thar_Nage
ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူဖို့ နည်းလမ်းကောင်း ၁၀ မျိုး
Unicode
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဆောင်ရန်ရှောင်ရန် အချို့
ဆီများတဲ့အစားအစာများ စားသုံးခြင်း
ဆီဖြစ်ပြုလုပ်ထားတဲ့ စားသောက်ကုန်တွေ ဥပမာ – ပီဇာ၊ ချစ်ပ်၊ အကြော် စတဲ့ အစားအစာများဟာ မျိုးဥပေါက်ဖွားဖို့၊ ကလေးမီးဖွားဖို့အတွက် အခက်တွေ့စေနိုင်တဲ့ အစားအစာတွေပဲဖြစ်ပါတယ်။ ထိုအစားအစာတွေကြောင့် ovulatory ရောဂါဖြစ်နိုင်ခြေ ရ၃%ထိ တိုးမြှင့်နိုင်တာကြောင့် သင့်အနေနဲ့ ရှောင်ကြဉ်သင့်ပါတယ်။
ထိုအစားအစာတွေအစား ငှက်ပျောသီး၊ ဂျုံဖြစ်ပြုလုပ်ထားသော မုန့်ခြောက်၊ ပျားရည်၊ ဘယ်ရီသီး၊ ဒိန်ချဉ် စတဲ့ အစားစာမျိုးကို စားသုံးပေးတာက သင့်အတွက် ပိုမိုကောင်းမွန်ပါတယ်။
လေ့ကျင့်ခန်း အလွန်အကျွံပြုလုပ်ခြင်း
ကိုယ်ဝန်ဆောင်တွေအတွက် မွေးဖွားရလွယ်ကူအောင် သီးသန့်ကျမှတ်ပေးထားသော မှန်ကန်တဲ့လေ့ကျင့်ခန်းမှအပ အခြားလေ့ကျင့်ခန်းတွေကို အလွန်အကျွံပြုလုပ်ပေးလျှင် သင့်အတွက် အန္တရာယ်ရှိစေပါတယ်။ ဒီလိုလေ့ကျင့်ခန်းအလွန်အကျွံပြုလုပ်တာဟာ သင့်ရဲ့ စွမ်းအင်ကို ဟန်ချက်ပျက်စေပြီး လိုတာထက်ပိုတာကြောင့် အပျက်
ဘက်မှာ ပိုပြီး ဆိုးကျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ မျိုးဆက်ပွားစက်ဝန်းမှာ အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေတဲ့အပြင် သုတေသနပညာရှင်တွေရဲ့ လေ့လာမှုအရ လေ့ကျင့်ခန်းအပြင်းအထန်ပြုလုပ်သူဟာ ကိုယ်ဝန်ရရှိနိုင်တဲ့ စွမ်းရည်ကို ထိခိုက်စေနိုင်တယ်လို့ ဆိုထားပါတယ်။
ခန္ဓာကိုယ်အလေးချိန်ကျဆင်းခြင်း
ပုံမှန်ထက်ပိုပြီး Body mass index (BMI) ကျဆင်းခြင်းဟာ သားအိမ်ကမောက်ကမဖြစ်မှု၊ မျိုးမပွားနိုင်ခြင်းနဲ့ ကလေးလမစေ့ပဲ မွေးဖွားခြင်း စတဲ့ အန္တရာယ်တွေကို ကြုံတွေ့ရတတ်ပါတယ်။ အစားပုံမှန်စားသုံးမှု မရှိခြင်းက BMI ကျဆင်းခြင်းနဲ့ ဆက်စပ်မှုရှိပြီး တစ်ခါတလေမှာ ဆိုးရွာစွာ ဓမ္မတာလာခြင်းနဲ့ ကလေးမီးဖွားတဲ့အခါမျိုးမှာ ထိခိုက်မှုရှိစေပါတယ်။ ဒါ့ကြောင့် အစာအဟာရပေါ် အခြေခံပြီး စောင့်ရှောက်တဲ့အခါမျိုးမှာ ကယ်လိုရီနဲ့ အလေးချိန်ကို ထိန်းညှိပေးဖို့လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သက်ဆိုင်တဲ့ ဆောင်းပါတွေ ပညာပေးစာစောင်တွေ များများဖတ်ပေးပါ။ ဒါတွေက သင့်အတွက်အထောက်အကူဖြစ်စေမှာပါ။
စိတ်ဖိစီးမှုများခြင်း
လေ့လာချက်များအရ အမျိုးသမီးတစ်ယောက် ကလေးမွေးဖွားတော့မယ်အချိန်ဆို ခင်ပွန်းဖြစ်သူက ယခင်ကထက် အလုပ်ကို သိသိသာသာ အလုပ်ကို ပိုလုပ်ရပါတယ်။ ငွေရေးကြေးရေးပြဿနာ၊ မိသားစု၊ လူမှုရေး၊ စီးပွားရေး စတဲ့ အစစအရာရာဘက်မှာ ခင်ပွန်းဖြစ်သူအတွက် ဖိအားတွေပိုမိုများပြားလာပါတယ်။ ဒီပြဿနာကို ခင်ပွန်းဖြစ်သူအနေနဲ့ သေချာကိုင်တွယ်မဖြေရှင်းနိုင်ခဲ့ဘူးဆိုရင် သင့်ဇနီးမီးဖွားချိန်မှာ ရုပ်ပိုင်းဆိုင်ရာသော်လည်ကောင်း၊ စိတ်ပိုင်းဆိုင်ရာသော် လည်ကောင်း အစစအရာရာ အခက်အခဲတွေ ကြီးကြီးမားမားရှိစေပါတယ်။ ဒါ့ကြောင့် သင့်ဇနီးမယား မွေးဖွားချိန်ဆို သင့်အနေနဲ့ အတတ်နိုင်ဆုံး ငွေရေးကြေးရေး၊ လူမှုရေးကအစ ဘာပြဿနာမှမဖြစ်အောင် ကြိုတင်စီစဉ်တတ်ဖို့လိုအပ်ပါတယ်။