ကိုယ်ဝတ်မယ့် စကတ်အမျိုးအစားနဲ့ လိုက်ဖက်တဲ့ ဖိနပ်လေးတွေ ရွေးချယ်တတ်စေဖို့

0
192
ကိုယ်ဝတ်မယ့်စကတ်အမျိုးအစားနဲ့

အင်္ကျီအဝတ်အစား တစ်ခုတည်းကပဲ ဖက်ရှင်မဟုတ်ပါဘူး။ ကိုယ်ဝတ်မယ့်အဝတ်အစားနဲ့ လိုက်ဖက်အောင် ဖိနပ်၊ အိတ် စတဲ့ accessory တွေ ဆင်မြန်းတာကလည်း ပြီးပြည့်စုံတဲ့ ဖက်ရှင်တစ်ခုပါပဲ။ ကိုယ်ဝတ်မယ့်အဝတ်အစားနဲ့ လိုက်ဖက်အောင် ဘယ်လိုဖိနပ်လေးတွေကို ရွေးချယ်ရမှန်းမသိတဲ့ ပျိုမေလေးတွေအတွက် လူကြိုက်များတဲ့ စကတ်ပုံစံလေးတွေနဲ့ လိုက်ဖက်မယ့် ဖိနပ်ပုံစံလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
၁။ Pencil skirt + ဒေါက်အနိမ့်


Pencil skirt တွေဟာ ဘယ်တော့မှရိုးမသွားတဲ့ ရှေးမှုမပျက် အဝတ်အစားတစ်ခုဖြစ်ပါတယ်။ Pencil skirt လေးတွေက ရုံးဝန်ထမ်းတွေအတွက် သတ်မှတ်အဝတ်အစားတစ်မျိုးဖြစ်ခဲ့ပေမယ့် ယနေ့ခေတ်မှာ ဒီစကတ်လေးတွေကို ရုံးတွေမှာသာ ဝတ်ဆင်ကြတာ မဟုတ်တော့ပါဘူး။ စကတ်ရဲ့အရှည်၊ အရောင်နှင့် patterns တွေဟာ အမျိုးမျိုးကွဲပြားလာကြပြီး အမျိုးမျိုးသော ပိတ်ထည်တွေနဲ့လည်း ချုပ်လုပ်လာကြတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ စတိုင်နဲ့ကိုက်ညီမယ့် ဒီဇိုင်းတစ်ခုကို အလွယ်တကူ ရွေးချယ်နိုင်လာပါပြီ။ ဒီဇိုင်နာများက pencil skirts ကို ပေါ့ပေါ့ပါးပါးဒေါက်အနိမ့်လေးတွေနဲ့ ဝတ်ဆင်ဖို့ အကြံပြုထားပါတယ်။ ကြိုးသိုင်းဒေါက်မြင့် တွေကလည်း ဒူးအထိရှည်တဲ့၊ ဒူးဖုံးတဲ့ ဒီလိုစကတ်လေးတွေနဲ့ အကောင်းဆုံး လိုက်ဖက်မှုရှိပါတယ်။
၂။ Tulip skirt + ခြေချင်းဝတ်ဖုံးဖိနပ် + ကြိုးသိုင်းကွင်းထိုး


ခတ္တာပန်းပွင့်လေးလို မိန်းမပီသတဲ့ ကောက်ကြောင်းနဲ့ သင့်ရဲ့တင်ပါးတွေကို ပေါ်လွင်စေတဲ့ ပုံသဏ္ဍာန်လေးအတွက် tulip skirt လို့အမည်ပေးထားပါတယ်။ ဒါ့ကြောင့် သင့်ရဲ့မိန်းမပီသတဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပိုပြီးပေါ်လွင်စေဖို့ လိုက်ဖက်တဲ့ ဖိနပ်လေးကို ရွေးချယ်ခြင်းဖြင့် သင့်ရဲ့ပုံရိပ်ကို မြှင့်တင်နိုင်ပါတယ်။ Tulip skirt လေးတွေကို ခြေချောင်းလေးတွေ ဖော်ထားတဲ့ ankle boots လေးတွေ၊ ပူတဲ့ရာသီမှာ ကြိုးသိုင်းဖိနပ်အပါးလေးတွေ၊ sneakers လေးတွေ ဝတ်ဆင်နိုင်ပါတယ်။
၃။ အောက်နားကားကား စကတ်+ ဒေါက်မြင့်


အောက်နားကားကား စကတ်လေးတွေကို ဒေါက်မြင့်ဖိနပ်တွေနဲ့ အမြဲတမ်းပေါင်းစပ်လို့ ရပါတယ်။ သင့်အကြိုက်နဲ့ သွားမယ့်နေရာပေါ်မှုတည်ပြီး ဖိနပ်အမြင့်နှင့် အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။ နွေရာသီဆိုရင် ကြိုးသိုင်းခုံထူလေးကိုစီးပါ။ အလုပ်အင်တာဗျူးအတွက်ဆို လေဒီရှုးဒေါက်လေးကို ရွေးချယ်ပါ။ မိုးရာသီ၊ ဆောင်းရာသီ နေ့လယ်ခင်းဆို ဒေါက်မြင်ဘွတ်ဖိနပ် ကို ဝတ်ဆင်ပါ။ စကတ်အသားနှင့် အရောင် လိုက်ဖက်တာကို ရွေးချယ်ပါ။
၎။ ပတ်စကတ် +(သင်ဒေါက်မကြိုက်လျှင်) ဖိနပ်အပါး


ခါးကြိုးချည်နဲ့ ပတ်စကတ်လေးတွေဟာ ခန္ဓာကိုယ်ရဲ့ပုံသဏ္ဍာန်နဲ့ မသက်ဆိုင်ဘဲ အမျိုးသမီးတိုင်းနဲ့ လိုက်ဖက်တဲ့ ပုံစံတစ်ခုဖြစ်ပါတယ်။ ဒီဇိုင်နာအတော်များများက ဒီစကတ်လေးတွေကို ကြိုးသိုင်းဖိနပ်အပါးတစ်ရံနဲ့ တွဲပါတယ်။ ဒေါက်မြင့်ဖိနပ်တစ်ရံနဲ့လည်း တွဲစီးနိုင်ပါတယ်။
၅။ A-line skirt + ဒေါက်မြင့်


A-line skirt ရဲ့ပြဿနာတစ်ခုက သင့်တင်ပါးတွေကို ကျယ်ပြန့်ပြီး သင့်ခြေထောက်တွေကို ပိုတိုသယောင်ဖြစ်စေပါတယ်။ ဒါ့ကြောင့် ဒေါက်မြင့် သို့မဟုတ် ခုံမြင့်ဖိနပ်တွေက သင့်ရဲ့ ပုံရိပ်ကို သေးသွယ်တဲ့ပုံ ဖန်တီးပေးဖို့အတွက် အကောင်းဆုံးရွေးချယ်မှုပါ။ ရာသီဥတုနဲ့ သင့်ရဲ့နေ့စဉ်ပုံမှန်လမ်းလျှောက်မှုပေါ် မူတည်ပြီး ဒေါက်အမျိုးအစားကို ရွေးချယ်ပါ။ A-line skirt ကို sneakers တစ်စုံနဲ့ ဝတ်ဆင်ခြင်းက အမြင်မှာ သင့်ကိုအရပ်ပိုပုသလို ထင်ရပေမယ့် လွတ်လပ်ပြီး သက်တောင့်သက်သာ ခံစားရစေမှာပါ။ ဒီ A-line skirtတွေမှာ mini, midi and maxi ဆိုပြီး စကတ်အရှည်အမျိုးအစား ၃ခုရှိပါတယ်။ အောက်မှာဖော်ပြထားသလို သင်ကြိုက်နှစ်သက်ရာကို လိုက်ဖက်တဲ့ဖိနပ်နဲ့ ဝတ်ဆင်နိုင်ပါတယ်။
၆။ Mini skirt + ဘွတ်ဖိနပ်


ဘယ် မီနီစကတ်မဆို ဘွတ်ဖိနပ်နဲ့ ပေါင်းစပ်နိုင်ပါတယ်။ သင့်ရဲ့ပုံရိပ်ကို ခပ်ဟော့ဟော့ဖြစ်ချင်ရင်တော့ ကြိုးအယှက်တွေနဲ့ ဒေါက်မြင့်ဘွတ်ဖိနပ်ကို ရွေးချယ်ပါ။ ပိုပြီးပေါ့ပေါ့ပါးပါး ဖြစ်ချင်ရင်တော့ (brogues) ရှုးဖိနပ်လေးကို ရွေးချယ်ပါ။ အေးမြတဲ့ ရာသီမှာ ဒူး-အရှည်ဘွတ်ဖိနပ်တစ်စုံက သင့်ရဲ့မီနီစကတ်လေးနဲ့ အကောင်းဆုံးလိုက်ဖက်ပါလိမ့်မယ်။ လေဒီရှုးတစ်ရံကလည်း သင့်မီနီစကတ်လေးနဲ့ လိုက်ဖက်တဲ့ ဖိနပ်တစ်ရံပါ။
၇။ Midi skirt + ပေါ့ပေါ့ပါးပါးတစ်ရံ


မီဒီစကတ်လေးတွေက ပေါ့ပေါ့ပါးပါး နွေရာသီဝတ်စုံတစ်ခုဖြစ်ပါတယ်။ အရောင်တောက်တောက် accessories တွေနဲ့ ရှုးဖိနပ်ပုံစံမျိုးစုံနဲ့ ပေါင်းစပ်နိုင်ပါတယ်။ ဥပမာ- sneakers တစ်ရံနဲ့ တွဲဝတ်နိုင်ပါတယ်။ ပခုံးပျောက်အင်္ကျီတစ်ထည် သင့်မှာရှိရင် အရမ်းလှပတဲ့ ဖက်ရှင်ဖြစ်ပြီပေါ့။ ပေါ့ပေါ့ပါးပါး အရောင်တူ ကြိုးသိုင်းခြေညှပ်လေး စီးနိုင်သလို ထိပ်အပိတ်မပါဘဲ ဒေါက်အနေတော်နဲ့ရှုးဖိနပ်ကိုလည်း စီးနိုင်ပါတယ်။
၈။ Maxi skirt + ဒေါက်ဖိနပ် (သို့)ခုံမြင့်


Maxi skirt အရှည်တွေက သင့်ရဲ့ခါးကို ပေါ်လွင်စေပါတယ်။ ဒါ့ကြောင့် အရောင်လိုက်ဖက်တဲ့ ခါးပတ် သို့မဟုတ် လက်ပြတ်ကုတ်လေးတွေနဲ့ ပေါင်းစပ်နိုင်ပါတယ်။ ဒေါက်တွေ၊ ခုံထူဖိနပ်တွေက ဒီစကတ်နှင့် လိုက်ဖက်တယ်လို့ ဖက်ရှင်ကျွမ်းကျင်သူတွေက ဆိုပါတယ်။ နွေရာသီမှာ maxi skirt ကို ကြိုးသိုင်းခုံမြင့်ဖိနပ်လေးတွေနဲ့ ပေါင်းစပ်နိုင်ပါတယ်။ အေးမြတဲ့ရာသီမှာဆို အရောင်တူ ဒေါက်မြင့် ankle boots လေးတစ်စုံက သင့်ကိုနွေးထွေးပြီး ဖက်ရှင်ကျစေမှာပါ။
#Lifestyle_Myanmar
#LM_Nandar
Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here