ကိုယ္လက္လႈပ္ရွားမႈမရွိဘဲအထိုင္မ်ားတဲ့သူေတြအတြက္ ခႏၶာကုိယ္အခ်ိဳးအစားနဲ႔ ဇီဝျဖစ္စဥ္ေတြကို ထိန္းသိမ္းေပးမဲ့ အစားအစာ

0
3637
က်န္းမာေရးအတြက္အစားအစာ
က်န္းမာေရးအတြက္အစားအစာ

မိုးလုံ ေလလုံ အဲယားကြန္းနဲ႔ ႐ုံခန္းထဲက စားပြဲေပၚမွာ သက္ေသာက္သက္သာေလး အလုပ္လုပ္ေနရေပမဲ့ ေလ့က်င့္ခန္းလုပ္ေလ့မရွိတဲ့အျပင္ ခႏၶာကိုယ္အတြက္ အက်ိဳးမရွိတဲ့ အစားအစာေတြ စားသုံးမိတဲ့အခါ သင့္ခႏၶာကိုယ္ အခ်ိဳးအစားနဲ႔ ဆိုးရြားတဲ့က်န္မားေရးအေျခအေနေျပာင္းလဲမႈမ်ားႀကံဳေတြ႕ရတတ္ပါတယ္။

၁။ မ်က္လုံးအတြက္


ကြန္ပ်ဴတာေတြ၊ ဖုန္းေတြ ေပါမ်ားလာတာေၾကာင့္ ကၽြန္ေတာ္တို႔ရဲ႕ မ်က္စိဟာ အိပ္ခ်ိန္မွာေတာင္ လုံလုံေလာက္ေလာက္အနားမယူရပါဘူး။ ဒါ့ေၾကာင့္ မ်က္လုံးအာ႐ုံစိုက္ရတဲ့အခါမ်ိဳးမွာ ကၽြန္ေတာ္တို႔ဟာ Omega- 3 အဆီ၊ Lutein ဓာတ္၊ ဇင့္ဓာတ္၊ ဗီတာမင္ A, C, E ၾကြယ္ဝတဲ့ အစားအေသာက္ေတြကို ကိုၿပီးစားသုံးသင့္ပါတယ္။ ဘယ္လိုအစားအစာေတြ စားသုံးသင့္သလဲဆိုေတာ့ – အစိမ္းေရာင္ရွိတဲ့ ဆလက္ရြက္၊ ဟင္းႏုႏြယ္ရြက္၊ မုန္ညႇင္း၊ ၾကက္ဥ၊ အခ်ဥ္ဓာတ္ပါဝင္တဲ့ Citrus အသီးအုပ္စု၊ ဘယ္ရီသီး၊ အခြံမာသီး/ အေစ့မ်ား၊ ေဆာ္လမြန္ငါး၊ တူနာငါး၊ မက္ကရယ္ငါး၊ ထေရာက္ငါး စတဲ့ အစားအေသာက္ေတြကို ပိုၿပိး စားသုံးေပးသင့္ပါတယ္။

၂။ ကိုယ့္ခံအားစနစ္ေကာင္းမြန္ဖို႔အတြက္


လူတစ္ေယာက္အတြက္ ကိုယ္ခံအားစနစ္ေကာင္းမြန္ဖို႔ဟာ အေရးႀကီးတဲ့ အဓိကအခ်က္တစ္ခ်က္ပဲျဖစ္ပါတယ္။ ကိုယ္ခံအားစနစ္က်ဆင္းတဲ့အခါ ပတ္ဝန္းက်င္မွာရွိတဲ့ ဘက္တီးရီးယားေတြ၊ ကူးစက္ေရာဂါေတြ က သင့္ဆီကို ဝင္လာပါလိမ့္မယ္။ အစားစားတိုင္း ကိုယ္ခံအားစနစ္က ေကာင္းမြန္းတာမဟုတ္ပါဘူး။ ေကာင္းမြန္မွန္ကန္တဲ့ အစားအစာမ်ိဳးကို ေရြးခ်ယ္စားသုံးမွ သင့္ကိုယ္ခံအားစနစ္ကို ပိုမိုေကာင္းမြန္တာျဖစ္ပါတယ္။ ကိုယ္ခအားစနစ္အတြက္ Citrus အခ်ဥ္အုပ္စု၊ အနီေရာင္င႐ုတ္သီး၊ ပန္းေဂၚဖီစိမ္း၊ ၾကက္သြန္ျဖဴ၊ ဂ်င္း၊ ကီဝီသီး၊ သေဘၤာသီး စတဲ့ အစားအစာေတြကို ေန႔စဥ္တြဲဖက္စားသုံးေပးသင့္ပါတယ္။

၃။ ဇီဝျဖစ္စဥ္ေတြ တိုးတက္ေကာင္းမြန္ေစဖို႔အတြက္


ဇီဝျဖစ္စဥ္ေတြကို ထိန္းညႇိေပးႏိုင္ၿပီး မလိုအပ္တဲ့ အပိုကယ္လိုရီေတြ ေလာင္ကၽြမ္းေစဖို႔အတြက္ ေကာင္းမြန္တဲ့ အစားအစာကိုေရြးခ်ယ္စားသုံးသင့္ပါတယ္။ အထူးသျဖင့္ အထိုင္မ်ားၿပီး ကိုယ္လက္လႈပ္ရွားမႈမရွိတဲ့သူေတြ၊ ႐ုံအလုပ္လုပ္တဲ့သူေတြမွာ ခႏၶာကိုယ္အတြင္းရွိ ဇီဝျဖစ္စဥ္ေတြ ပုံမွန္မဟုတ္တာမ်ားပါတယ္။ ဒါ့ေၾကာင့္ ဒီလိုအျပဳမူမ်ိဳးရွိတဲ့သူေတြအေနနဲ႔ ဇီဝျဖစ္စဥ္ကို ထိန္းသိမ္းႏိုင္ဖို႔အတြက္ ေကာင္းမြန္တဲ့ အစားအစာကို ေရြးခ်ယ္စားသုံးဖို႔ အေရးႀကီးပါတယ္။ ခႏၶာကိုယ္အေလးခ်ိန္နဲ႔ ဇီဝျဖစ္စဥ္ေတြထိန္းသိမ္းဖို႔အတြက္ ပင္လယ္ေရညႇိ၊ ေကာ္ဖီ၊ လက္ဖက္ရည္၊ ဟင္းခတ္အေမႊးအႀကိဳင္ေတြျဖစ္တဲ့ ဂ်င္း၊ င႐ုတ္သီးမႈန္႔၊ ဖာလာေစ့၊ ပဲမ်ိဳးစုံ၊ ၾကက္သား၊ ၾကက္ဆင္သား စတဲ့ အစားအစာမ်ိဳးကို မွ်တစြာ
စားသုံးေပးသင့္ပါတယ္။

၄။ ဦးေႏွာက္ function မ်ားအတြက္


အစာလည္း ေဆး၊ ေဆးလည္းအစာ ဆိုသလို က်န္းမာေရးအတြက္ ေကာင္းမြန္တဲ့အစားစာမ်ိဳးကို ေရြးခ်ယ္စားသုံးပါက သင့္အတြက္ ေဆးဝါးဆိုတာ မွီဝဲစရာသိပ့္မလိုပါဘူး။ ဒါ့ေၾကာင့္ ဦးေႏွာက္ထဲက Function ေတြ ေကာင္းေကာင္းအလုပ္လုပ္ဖို႔ဆိုတာ ေန႔စဥ္စားေသာက္တဲ့ အစားအေသာက္ေပၚမႈတည္ၿပီး အက်ိဳးသက္ေရာက္မႈရွိပါတယ္။ ဒါ့ေၾကာင့္ေဆာ္လမြန္ငါး၊ ထေရာက္ငါး၊ ဘယ္ရီသီး၊ အခြံမာသီးနဲ႔ အေစ့မ်ား၊ ဖိုင္ဘာအစားအစာ (ဂ်ဳံ၊ အညိဳေရာင္ဆန္/ ငခ်ိတ္ဆန္)၊ သလဲသီးေဖ်ာ္ရည္၊ အမဲေရာင္ ေခ်ာကလက္ စတဲ့ အစားအစာေတြကို မွ်မွ်တတစားသုံးေပးသင့္ပါတယ္။

၅။ အူေကာင္းမြန္ေစဖို႔အတြက္


သုေတသနပညာရွင္ေတြရဲ႕ အဆိုအရ အထိုင္မ်ားတဲ့သူေတြဟာ ၁၀ႏွစ္ သို႔မဟုတ္ ၁၀ႏွစ္အတြင္းမွာ အူသိမ္အူမကင္ဆာ ေရာဂါအမ်ိဳးအစား ၂ဆျဖစ္ေပၚႏိုင္ပါတယ္။ ဒါကိုထိန္းသိမ္းဖို႔အတြက္ ပုံမွန္ေလ့က်င့္ခန္းနဲ႔ က်န္းမာေရးအတြက္ကိုက္ညီမႈရွိတဲ့ အစားအစာေတြကို စားသုံးေပးဖို႔လိုအပ္ပါတယ္။ ပန္းေဂၚဖီစိမ္း၊ ဟင္းႏုႏြယ္ရြက္၊ Citrus အခ်ဥ္အသီးအုပ္စု၊ ဘယ္ရီသီး၊ ဖုိင္ဘာအုပ္စု( ဂ်ဳံ၊ ေပါင္မုန္႔၊ အညိဳေရာင္ဆန္/ငခ်ိတ္ဆန္) စတဲ့ အစားအစာမ်ားကို ပိုမိုစားသုံးေပးသင့္ပါတယ္။ အသင့္ထုတ္ပိုးထားတဲ့အသားျပား၊ ဝက္အူေခ်ာင္း စတဲ့ အနီေရာင္ရွိတဲ့ အသင့္ထုတ္ကုန္မ်ားစားသုံးမႈကို ေလ်ာ့ခ်ဖို႔လည္း လိုအပ္ပါတယ္။ အဆိုပါ အစားစာေတြက အူမႀကီးကင္ဆာျဖစ္ေပၚမႈကို တိုးျမႇင့္ေစပါတယ္။

#Lifestyle_Myanmar

#Thar_Nage

သက္တမ္းလြန္ေနၿပီဆိုတာ သင္မသိတဲ့ အိမ္သံုးပစၥည္းမ်ား


Unicode

ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့အပြင် တစ်နေကုန်နီးပါး အထိုင်များတဲ့သူတွေအတွက် ခန္ဓာကိုယ်အချိုးအစားနဲ့ ဇီဝဖြစ်စဉ်တွေကို ထိန်းသိမ်းပေးမဲ့ အစားအစာ
မိုးလုံ လေလုံ အဲယားကွန်းနဲ့ ရုံခန်းထဲက စားပွဲပေါ်မှာ သက်သောက်သက်သာလေး အလုပ်လုပ်နေရပေမဲ့ လေ့ကျင့်ခန်းလုပ်လေ့မရှိတဲ့အပြင် ခန္ဓာကိုယ်အတွက် အကျိုးမရှိတဲ့ အစားအစာတွေ စားသုံးမိတဲ့အခါ သင့်ခန္ဓာကိုယ် အချိုးအစားနဲ့ ဆိုးရွားတဲ့ကျန်မားရေးအခြေအနေပြောင်းလဲမှုများကြုံတွေ့ရတတ်ပါတယ်။

၁။ မျက်လုံးအတွက်
ကွန်ပျူတာတွေ၊ ဖုန်းတွေ ပေါများလာတာကြောင့် ကျွန်တော်တို့ရဲ့ မျက်စိဟာ အိပ်ချိန်မှာတောင် လုံလုံလောက်လောက်အနားမယူရပါဘူး။ ဒါ့ကြောင့် မျက်လုံးအာရုံစိုက်ရတဲ့အခါမျိုးမှာ ကျွန်တော်တို့ဟာ Omega- 3 အဆီ၊ Lutein ဓာတ်၊ ဇင့်ဓာတ်၊ ဗီတာမင် A, C, E ကြွယ်ဝတဲ့ အစားအသောက်တွေကို ကိုပြီးစားသုံးသင့်ပါတယ်။ ဘယ်လိုအစားအစာတွေ စားသုံးသင့်သလဲဆိုတော့ – အစိမ်းရောင်ရှိတဲ့ ဆလက်ရွက်၊ ဟင်းနုနွယ်ရွက်၊ မုန်ညှင်း၊ ကြက်ဥ၊ အချဉ်ဓာတ်ပါဝင်တဲ့ Citrus အသီးအုပ်စု၊ ဘယ်ရီသီး၊ အခွံမာသီး/ အစေ့များ၊ ဆော်လမွန်ငါး၊ တူနာငါး၊ မက်ကရယ်ငါး၊ ထရောက်ငါး စတဲ့ အစားအသောက်တွေကို ပိုပြိး စားသုံးပေးသင့်ပါတယ်။

၂။ ကိုယ့်ခံအားစနစ်ကောင်းမွန်ဖို့အတွက်
လူတစ်ယောက်အတွက် ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့ဟာ အရေးကြီးတဲ့ အဓိကအချက်တစ်ချက်ပဲဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ကျဆင်းတဲ့အခါ ပတ်ဝန်းကျင်မှာရှိတဲ့ ဘက်တီးရီးယားတွေ၊ ကူးစက်ရောဂါတွေ က သင့်ဆီကို ဝင်လာပါလိမ့်မယ်။ အစားစားတိုင်း ကိုယ်ခံအားစနစ်က ကောင်းမွန်းတာမဟုတ်ပါဘူး။ ကောင်းမွန်မှန်ကန်တဲ့ အစားအစာမျိုးကို ရွေးချယ်စားသုံးမှ သင့်ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်တာဖြစ်ပါတယ်။ ကိုယ်ခအားစနစ်အတွက် Citrus အချဉ်အုပ်စု၊ အနီရောင်ငရုတ်သီး၊ ပန်းဂေါ်ဖီစိမ်း၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကီဝီသီး၊ သင်္ဘောသီး စတဲ့ အစားအစာတွေကို နေ့စဉ်တွဲဖက်စားသုံးပေးသင့်ပါတယ်။

၃။ ဇီဝဖြစ်စဉ်တွေ တိုးတက်ကောင်းမွန်စေဖို့အတွက်
ဇီဝဖြစ်စဉ်တွေကို ထိန်းညှိပေးနိုင်ပြီး မလိုအပ်တဲ့ အပိုကယ်လိုရီတွေ လောင်ကျွမ်းစေဖို့အတွက် ကောင်းမွန်တဲ့ အစားအစာကိုရွေးချယ်စားသုံးသင့်ပါတယ်။ အထူးသဖြင့် အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့သူတွေ၊ ရုံအလုပ်လုပ်တဲ့သူတွေမှာ ခန္ဓာကိုယ်အတွင်းရှိ ဇီဝဖြစ်စဉ်တွေ ပုံမှန်မဟုတ်တာများပါတယ်။ ဒါ့ကြောင့် ဒီလိုအပြုမူမျိုးရှိတဲ့သူတွေအနေနဲ့ ဇီဝဖြစ်စဉ်ကို ထိန်းသိမ်းနိုင်ဖို့အတွက် ကောင်းမွန်တဲ့ အစားအစာကို ရွေးချယ်စားသုံးဖို့ အရေးကြီးပါတယ်။ ခန္ဓာကိုယ်အလေးချိန်နဲ့ ဇီဝဖြစ်စဉ်တွေထိန်းသိမ်းဖို့အတွက် ပင်လယ်ရေညှိ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်တဲ့ ဂျင်း၊ ငရုတ်သီးမှုန့်၊ ဖာလာစေ့၊ ပဲမျိုးစုံ၊ ကြက်သား၊ ကြက်ဆင်သား စတဲ့ အစားအစာမျိုးကို မျှတစွာ
စားသုံးပေးသင့်ပါတယ်။

၄။ ဦးနှောက် function များအတွက်
အစာလည်း ဆေး၊ ဆေးလည်းအစာ ဆိုသလို ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အစားစာမျိုးကို ရွေးချယ်စားသုံးပါက သင့်အတွက် ဆေးဝါးဆိုတာ မှီဝဲစရာသိပ့်မလိုပါဘူး။ ဒါ့ကြောင့် ဦးနှောက်ထဲက Function တွေ ကောင်းကောင်းအလုပ်လုပ်ဖို့ဆိုတာ နေ့စဉ်စားသောက်တဲ့ အစားအသောက်ပေါ်မှုတည်ပြီး အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါ့ကြောင့်ဆော်လမွန်ငါး၊ ထရောက်ငါး၊ ဘယ်ရီသီး၊ အခွံမာသီးနဲ့ အစေ့များ၊ ဖိုင်ဘာအစားအစာ (ဂျုံ၊ အညိုရောင်ဆန်/ ငချိတ်ဆန်)၊ သလဲသီးဖျော်ရည်၊ အမဲရောင် ချောကလက် စတဲ့ အစားအစာတွေကို မျှမျှတတစားသုံးပေးသင့်ပါတယ်။

၅။ အူကောင်းမွန်စေဖို့အတွက်
သုတေသနပညာရှင်တွေရဲ့ အဆိုအရ အထိုင်များတဲ့သူတွေဟာ ၁၀နှစ် သို့မဟုတ် ၁၀နှစ်အတွင်းမှာ အူသိမ်အူမကင်ဆာ ရောဂါအမျိုးအစား ၂ဆဖြစ်ပေါ်နိုင်ပါတယ်။ ဒါကိုထိန်းသိမ်းဖို့အတွက် ပုံမှန်လေ့ကျင့်ခန်းနဲ့ ကျန်းမာရေးအတွက်ကိုက်ညီမှုရှိတဲ့ အစားအစာတွေကို စားသုံးပေးဖို့လိုအပ်ပါတယ်။ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်ရွက်၊ Citrus အချဉ်အသီးအုပ်စု၊ ဘယ်ရီသီး၊ ဖိုင်ဘာအုပ်စု( ဂျုံ၊ ပေါင်မုန့်၊ အညိုရောင်ဆန်/ငချိတ်ဆန်) စတဲ့ အစားအစာများကို ပိုမိုစားသုံးပေးသင့်ပါတယ်။ အသင့်ထုတ်ပိုးထားတဲ့အသားပြား၊ ဝက်အူချောင်း စတဲ့ အနီရောင်ရှိတဲ့ အသင့်ထုတ်ကုန်များစားသုံးမှုကို လျော့ချဖို့လည်း လိုအပ်ပါတယ်။ အဆိုပါ အစားစာတွေက အူမကြီးကင်ဆာဖြစ်ပေါ်မှုကို တိုးမြှင့်စေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here