တိုေတာင္းတဲ့အခ်ိန္ကာလတစ္ခုအတြင္းမွာ ခႏၶာကိုယ္ရဲ႕ မလိုအပ္တဲ့အဆီေတြကို ဖ်က္ဆီးပ်က္ႏိုင္တဲ့ ၁၅မိနစ္စာေလ့က်င့္ခန္းေလးတစ္ခုပဲျဖစ္ပါတယ္။ တစ္ရက္ကို ဒီေလ့က်င့္အခန္းအတြက္ ၁၅မိနစ္အခ်ိန္သတ္မွတ္ေပးရမွာျဖစ္ၿပီး ၃ပတ္ၾကာတဲ့အခါ မွာေတာ့ အခ်ိန္ကို မိနစ္ ၂၀ေလာက္ထိ ျပဳလုပ္သင့္ပါတယ္။ ဒီေလ့က်င့္ခန္းကအစတိုင္းမွာသင့္အတြက္ ခက္ခဲေပမဲ့ ေနာက္ပိုင္းက်င့္သားရသြားတဲ့အခါ လြယ္ကူသြားပါလိမ့္မယ္။
ေလ့က်င့္ခန္း ၁
ပထမဦးစြာ သင့္ရဲ႕ ေျခအစုံကို ခ်ဲထားေပးၿပီး လက္ႏွစ္ဖက္ကို ေရွ႕ကို ဆန္႔ထုတ္ထားေပးပါ။ ပုံမွာေဖာ္ျပထားတဲ့အတိုင္း ဒူးကို အနည္းငယ္ေကြးညႊတ္ၿပီး အေပၚခုန္ေပးပါ။ ခုန္တဲ့အခါ အေရွ႕သို႔ဆန္႔ထုတ္ထားတဲ့ လက္ႏွစ္ဖက္က အေပၚသို႔ လႊဲတင္သင့္ၿပီးျပန္က်တဲ့အခါ မူလပုံစံအေနအထားအတိုင္း ကီတစ္ဝက္ထိုင္ျခင္း ပုံစံမ်ိဳးျဖစ္ေနဖို႔လိုအပ္ပါတယ္။ ထိုေလ့က်င့္ခန္းကို ၁၂ႀကိမ္ျပဳလုပ္ပါ။
ေလ့က်င့္ခန္း ၂
အရင္ဦးဆုံး ဒိုက္ထိုးတဲ့ အေနအထားခဲ့သို႔ ေနေပးရမွာျဖစ္ၿပီး ေခါင္းကိုေအာက္မစိုက္ဘဲ လည္ပင္းကိုေျဖာင့္စင္းထားေပးရမွာျဖစ္ပါတယ္။ အသက္ကို ပုံမွန္႐ွဴၿပီး ဒိုက္ထိုးသကဲ့သို႔ လက္ႏွစ္ဖက္ေထာက္ထားရာမွာ လက္တစ္ဖက္ကို တံေတာင္ဆစ္ကေနေကြးခ်ၿပီးဆန္႔က်င္ဘက္ပုခုံးကို ထိေပးပါ။ ပုံတြင္ေဖာ္ျပထားသကဲ့သို႔ လက္ႏွစ္ဖက္ကို ေျပာင္းလဲၿပီး ၁၂ႀကိမ္အထိျပဳလုပ္ရမွာျဖစ္ပါတယ္။
ေလ့က်င့္ခန္း ၃
ယခုျပဳလုပ္မဲ့ေလ့က်င့္ခန္းဟာ ေလ့က်င့္ခန္း ၂ ရဲ႕ အေနအထားကဲ့သို႔ ဒိုက္ထိုးတဲ့ ပုံစံယူထားရမွာျဖစ္ၿပီး ေခါင္းကိုေအာက္မစိုက္ဘဲ လည္ပင္းကို ေျဖာင့္စင္းထားေပးရမွာျဖစ္ပါတယ္။ ထိုဒိုက္ထိုးတဲ့အေနအထားမွ ဆန္႔ထားတဲ့ေျခေထာက္ကို ပုံမွာေဖာ္ျပတဲ့အေနအထားသို႔ေရာက္ေအာင္ ေျခႏွစ္ဖက္ကို ေရွ႕သို႔ ခုန္ရမွာျဖစ္ပါတယ္။ ထိုကဲ့သို႔ျပဳလုပ္ျခင္းက ဝမ္းဗိုက္ၾကြက္သားနဲ႔ ေျခေထာက္ၾကြက္သားေတြကို တင္းမာေစပါတယ္။ ထိုေလ့က်င့္ခန္းကို ၁၂ႀကိမ္ျပဳလုပ္ေပးရမွာျဖစ္ပါတယ္။
ေလ့က်င့္ခန္း ၄
အရင္ဦးဆုံး သင့္ခႏၶာကိုယ္ကို ၾကမ္းျပင္ေပၚမွာေမွာက္ခ်ၿပီး တံေတာင္ဆစ္ျဖင့္ ၾကမ္းျပင္ကို ေထာက္ထားေပးပါ။ သင့္ရဲ႕ေျခေထာက္ကို ဆန္႔ထားရာမွာ ပုံမွာျပထားတဲ့အတိုင္း ဒူးကိုအေပၚသို႔ ျမႇင့္တင္ပါ။ ဒူးကို ေျမႇာက္ၿပီး အေပၚသို႔ဆန္႔ထုတ္တဲ့အခါ သင့္ေျခေထာက္ကၾကမ္းျပင္နဲ႔ မထိဖို႔လိုအပ္ပါတယ္။ ထိုကဲ့သို႔ ေျခေထာက္ကို ဘယ္ညာႏွစ္ဖက္စလုံး ၁၂ႀကိမ္ထိျပဳလုပ္ေပးပါ။
ေလ့က်င့္ခန္း ၅
ကီဝက္ထိုင္ျခင္းအေနအထားမွ ထၿပီးခုန္ပါ။ ၿပီးလွ်င္ အျခားေဘးတစ္ဖက္သို႔ ထိုပုံစံအတိုင္း ထပ္ခုန္ပါ။ ထုိကဲ့သို႔ ၁၂ႀကိမ္အထိျပဳလုပ္ႏိုင္ပါတယ္။
ေလ့က်င့္ခန္း ၆
လက္ႏွစ္ဖက္ကို ရင္ဘက္နားမွာ ထားၿပီး ကီတစ္ဝက္ထိုင္ျခင္းပုံစံကဲ့သို႔ေနပါ။ ထိုအေနအထားမွ သင့္ရဲ႕ရင္ဘက္နားမွာရွိတဲ့ လက္ႏွစ္ဖက္နဲ႔ထိေအာင္ ဒူးႏွစ္ဖက္ကို ေျမႇာက္တင္ၿပီးခုန္ပါ။ ထိုကဲ့သို႔ ၁၂ႀကိမ္အထိျပဳလုပ္ႏိုင္ပါတယ္။
ပ်ိဳေမတိုင္း သိထားသင့္တဲ့ မတူညီေသာ မိတ္ကပ္အမ်ိဳးအစားမ်ားအေၾကာင္း
#Lifestyle_Myanmar
#Thar_Nage
Unicode
ကိုယ်ရည်စစ်သွားဖို့အတွက် တစ်နေ့ကို ၁၅မိနစ်သာပြုလုပ်ရမဲ့လေ့ကျင့်ခန်း
တိုတောင်းတဲ့အချိန်ကာလတစ်ခုအတွင်းမှာ ခန္ဓာကိုယ်ရဲ့ မလိုအပ်တဲ့အဆီတွေကို ဖျက်ဆီးပျက်နိုင်တဲ့ ၁၅မိနစ်စာလေ့ကျင့်ခန်းလေးတစ်ခုပဲဖြစ်ပါတယ်။ တစ်ရက်ကို ဒီလေ့ကျင့်အခန်းအတွက် ၁၅မိနစ်အချိန်သတ်မှတ်ပေးရမှာဖြစ်ပြီး ၃ပတ်ကြာတဲ့အခါ မှာတော့ အချိန်ကို မိနစ် ၂၀လောက်ထိ ပြုလုပ်သင့်ပါတယ်။ ဒီလေ့ကျင့်ခန်းကအစတိုင်းမှာသင့်အတွက် ခက်ခဲပေမဲ့ နောက်ပိုင်းကျင့်သားရသွားတဲ့အခါ လွယ်ကူသွားပါလိမ့်မယ်။
လေ့ကျင့်ခန်း ၁
ပထမဦးစွာ သင့်ရဲ့ ခြေအစုံကို ချဲထားပေးပြီး လက်နှစ်ဖက်ကို ရှေ့ကို ဆန့်ထုတ်ထားပေးပါ။ ပုံမှာဖော်ပြထားတဲ့အတိုင်း ဒူးကို အနည်းငယ်ကွေးညွှတ်ပြီး အပေါ်ခုန်ပေးပါ။ ခုန်တဲ့အခါ အရှေ့သို့ဆန့်ထုတ်ထားတဲ့ လက်နှစ်ဖက်က အပေါ်သို့ လွှဲတင်သင့်ပြီးပြန်ကျတဲ့အခါ မူလပုံစံအနေအထားအတိုင်း ကီတစ်ဝက်ထိုင်ခြင်း ပုံစံမျိုးဖြစ်နေဖို့လိုအပ်ပါတယ်။ ထိုလေ့ကျင့်ခန်းကို ၁၂ကြိမ်ပြုလုပ်ပါ။
လေ့ကျင့်ခန်း ၂
အရင်ဦးဆုံး ဒိုက်ထိုးတဲ့ အနေအထားခဲ့သို့ နေပေးရမှာဖြစ်ပြီး ခေါင်းကိုအောက်မစိုက်ဘဲ လည်ပင်းကိုဖြောင့်စင်းထားပေးရမှာဖြစ်ပါတယ်။ အသက်ကို ပုံမှန်ရှူပြီး ဒိုက်ထိုးသကဲ့သို့ လက်နှစ်ဖက်ထောက်ထားရာမှာ လက်တစ်ဖက်ကို တံတောင်ဆစ်ကနေကွေးချပြီးဆန့်ကျင်ဘက်ပုခုံးကို ထိပေးပါ။ ပုံတွင်ဖော်ပြထားသကဲ့သို့ လက်နှစ်ဖက်ကို ပြောင်းလဲပြီး ၁၂ကြိမ်အထိပြုလုပ်ရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း ၃
ယခုပြုလုပ်မဲ့လေ့ကျင့်ခန်းဟာ လေ့ကျင့်ခန်း ၂ ရဲ့ အနေအထားကဲ့သို့ ဒိုက်ထိုးတဲ့ ပုံစံယူထားရမှာဖြစ်ပြီး ခေါင်းကိုအောက်မစိုက်ဘဲ လည်ပင်းကို ဖြောင့်စင်းထားပေးရမှာဖြစ်ပါတယ်။ ထိုဒိုက်ထိုးတဲ့အနေအထားမှ ဆန့်ထားတဲ့ခြေထောက်ကို ပုံမှာဖော်ပြတဲ့အနေအထားသို့ရောက်အောင် ခြေနှစ်ဖက်ကို ရှေ့သို့ ခုန်ရမှာဖြစ်ပါတယ်။ ထိုကဲ့သို့ပြုလုပ်ခြင်းက ဝမ်းဗိုက်ကြွက်သားနဲ့ ခြေထောက်ကြွက်သားတွေကို တင်းမာစေပါတယ်။ ထိုလေ့ကျင့်ခန်းကို ၁၂ကြိမ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း ၄
အရင်ဦးဆုံး သင့်ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ်မှာမှောက်ချပြီး တံတောင်ဆစ်ဖြင့် ကြမ်းပြင်ကို ထောက်ထားပေးပါ။ သင့်ရဲ့ခြေထောက်ကို ဆန့်ထားရာမှာ ပုံမှာပြထားတဲ့အတိုင်း ဒူးကိုအပေါ်သို့ မြှင့်တင်ပါ။ ဒူးကို မြှောက်ပြီး အပေါ်သို့ဆန့်ထုတ်တဲ့အခါ သင့်ခြေထောက်ကကြမ်းပြင်နဲ့ မထိဖို့လိုအပ်ပါတယ်။ ထိုကဲ့သို့ ခြေထောက်ကို ဘယ်ညာနှစ်ဖက်စလုံး ၁၂ကြိမ်ထိပြုလုပ်ပေးပါ။
လေ့ကျင့်ခန်း ၅
ကီဝက်ထိုင်ခြင်းအနေအထားမှ ထပြီးခုန်ပါ။ ပြီးလျှင် အခြားဘေးတစ်ဖက်သို့ ထိုပုံစံအတိုင်း ထပ်ခုန်ပါ။ ထိုကဲ့သို့ ၁၂ကြိမ်အထိပြုလုပ်နိုင်ပါတယ်။
လေ့ကျင့်ခန်း ၆
လက်နှစ်ဖက်ကို ရင်ဘက်နားမှာ ထားပြီး ကီတစ်ဝက်ထိုင်ခြင်းပုံစံကဲ့သို့နေပါ။ ထိုအနေအထားမှ သင့်ရဲ့ရင်ဘက်နားမှာရှိတဲ့ လက်နှစ်ဖက်နဲ့ထိအောင် ဒူးနှစ်ဖက်ကို မြှောက်တင်ပြီးခုန်ပါ။ ထိုကဲ့သို့ ၁၂ကြိမ်အထိပြုလုပ်နိုင်ပါတယ်။