ကိုယ့်အိမ်က အိမ်သုံးပစ္စည်း ကိရိယာတွေကို အမြန်ဆုံးပျက်စီးသွားစေနိုင်တဲ့ အသုံးပြုပုံအမှားများ

0
47
Delivery, moving and online shopping concept. Home household kitchen appliances in open cardboard box in front of open door. 3d illustration
- Advertisement -

အိမ်သုံးပစ္စည်းတွေဖြစ်တဲ့ အဝတ်လျှော်စက်၊ ရေခဲသေတ္တာ စတာတွေက တခါတလေ ပျက်ချိန်မတိုင်ခင်ဘဲ ပျက်တတ်ပါတယ်။ ဒါကြောင့် အိမ်သုံးပစ္စည်းတွေ မြန်မြန် ပျက်စေအောင် လုပ်မိတတ်တဲ့အမှားတွေအကြောင်းကို ပြောပြချင်ပါတယ်။

-Advertisement-

ရေခဲသေတ္တာ

ရေခဲ သေတ္တာကို မပြီးရွှေ့ရင် ဒေါင်လိုက်ပုံစံဘဲ ထားပြီး ရွှေ့သင့်ပါတယ်။ လဲလျောင်းတဲ့ ပုံစံအတိုင်း ရွှေ့ရင် Compressor ထဲက ဆီတွေ ဖိတ်ပြီး ရေခဲသေတ္တာ ပျက်စီးနိုင်ပါတယ်။

ရေခဲသေတ္တာကို ရွှေ့ရွှေ့ပြီးချင်း စက်မဖွင့်ပါနဲ့။ အကယ်၍ ရေခဲသေတ္တာကို ဘယ်လိုမရွှေ့ခဲ့လဲ မသိခဲ့ရင် အနည်းဆုံး ၄ နာရီလောက် စောင့်ပြီးမှ ဖွင့်သင့်ပါတယ်။ ပိုပြီး စိတ်ချချင်ရင်တော့ ၁၅ နာရီလောက်စောင့်သင့်ပါတယ်။

ရေခဲ သေတ္တာထဲကို ပူနေတဲ့ အစားအသောက်တွေ မထည့်ပါနဲ့။ အစားအသောက်တွေကို အရင်ဆုံး အအေးခံပြီးမှ ထည့်သင့်ပါတယ်။

အဝတ်လျှော်စက်

အဝတ်လျှော်စက်အပေါ်ကို လေးလံတဲ့ ပစ္စည်းတွေ အများကြီး မတင်ထားပါနဲ့။

အဝတ်လျှော်စက်ထဲကို အဝတ်တွေထည့်တဲ့အခါမှာလည်း ဘောင်းဘီအိတ်ကပ်၊ အင်္ကျီအိတ်ကပ်တွေကို စစ်ဆေးပါ။ အိတ်ကပ်ထဲမှာကျန်ခဲ့တဲ့ အကြွေစေ့တွေ၊ တခြား မာတဲ့ပစ္စည်းတွေက အဝတ်လျှော်စက်ကို ထိခိုက်စေပါတယ်။

အဝတ်လျှော်စက်အတွက် သင့်လျော်တဲ့ ဆပ်ပြာမှုန့်ကို သုံးသင့်ပါတယ်။ တခါတလေ အမြှပ်တွေ အများကြီးထွက်တဲ့ အားပြင်းတဲ့ ဆပ်ပြာမှုန့်တွေကလည်း အဝတ်လျှော်စက်ကို ထိခိုက်စေပါတယ်။

အဝတ်လျှော်စက်ထဲမှာရှိတဲ့ ပစ္စည်းတွေကို ပုံမှန်သန့်ရှင်းရေးလုပ်ပါ။ ဥပမာ ဆပ်ပြာမှုန့်ထည့်တဲ့ခွက် စတာတွေကို သန့်ရှင်းရေးလုပ်ပါ။ မဟုတ်ရင် မှိုတွေတက်လာတတ်ပါတယ်။

အဝတ်လျှော်ပြီးပြီးချင်း အဝတ်အစားတွေကို ထုတ်ပါ။ အဝတ်အစားတွေအများကြီးကို အဝတ်လျှော်စက်ထဲမှာ အကြာကြီးထည့်ထားရင် အဝတ်လျှော်စက်ကလေးလံပြီး ပျက်တတ်ပါတယ်။

အနည်းဆုံးတစ်လ တစ်ခါ အဝတ်လျှော်စက်ကို သန့်ရှင်းရေးလုပ်ပါ။ အဝတ်လျှော်စက်မှာ သန့်ရှင်းရေးလုပ်တဲ့ စနစ်ပါဝင်ပါတယ်။ ဆပ်ပြာမှုန့်ထည့်တဲ့ ခွက်မှာလည်း သံပုရာအရည်၊ ရှာလကာရည်တွေနဲ့ ပွတ်တိုက်ဆေးကြောလို့ရပါတယ်။

Lifestyle_Myanmar

Thinzar

Source-brightside

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here