ကိုယ့်အလုပ်အင်တာဗျူးရလဒ်ကို အပြောင်းအလဲဖြစ်သွားစေနိုင်မယ့် အရာများ

0
300

အလုပ်တစ်ခုရဖို့အတွက် အရမ်းခက်ခဲနေတဲ့ ယနေ့အချိန်မှာ ခက်ခက်ခဲခဲ အခွင့်အရေးရလို့ အလုပ်အင်တာဗျူးသွားဖြေတဲ့အခါ သင်သိထားတဲ့ ဗဟုသုတတွေ၊ ရယူထားတဲ့ အတွေ့အကြုံတွေက အခန်းကဏ္ဍတစ်ခုအနေနဲ့ အင်မတန်အရေးပါပါတယ်။ ဒါပေမယ့်လည်း မထင်မှတ်ထားတဲ့ အခြေအနေတွေကြောင့် ကိုယ့်အင်တာဗျူးရဲ့ ရလဒ်ကိုအပြောင်းအလဲတွေ ဖြစ်သွားစေနိုင်ပါတယ်။ အလုပ်မရလို့မဖြစ်ဘူးဆိုတဲ့ အခြေအနေမျိုးက သင့်ဆီမှာရှိနေတယ်ဆိုရင်တော့ အခုပြောပြပေးမယ့်အချက်တွေကို အမြဲသတိထားဖို့တော့ လိုပါလိမ့်မယ်။

-Advertisement-

၁။ အင်တာဗျူးသွားဖြေမယ့်နေ့ရဲ့ ရာသီဥတု

ရာသီဥတုပေါ်မူတည်ပြီး လူတစ်ချို့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေက အပြောင်းအလဲတွေဖြစ်တတ်လို့ အကယ်၍ ကိုယ်အင်တာဗျူးသွားဖြေမယ့်နေ့မှာ မိုးရွာနေတယ်ဆိုရင် အတန်ငယ်အာရုံစိုက်မရဖြစ်နေပြီး စိတ်ဆတ်နေနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုပါက ရာသီဥတုကောင်းတဲ့နေ့တွေမှာ အင်တာဗျူးရက်ချိန်းလိုက်ပြီး သွားဖြေပေးပါ။

၂။ အင်တာဗျူးအတွက် ဘယ်လောက်စောစောရောက်ရှိသလဲ

အင်တာဗျူးအတွက် စောစောရောက်လေ ကောင်းလေဆိုပေမယ့်လည်း သတ်မှတ်ချိန်ထက် အရမ်းကြီးစောပြီး ရောက်သွားမယ်ဆိုရင်တော့ အင်တာဗျူးမယ့်သူက သင်ဘယ်လောက်စိတ်လှုပ်ရှားနေလဲဆိုတာကို ခံစားမိသွားနိုင်ပါတယ်။ ဒါကြောင့် အင်တာဗျူးအချိန်မတိုင်ခင် ၁၀ မိနစ် ၁၅ မိနစ် လောက် စောရောက်အောင်သာသွားပါ။ အကယ်လို့ အရမ်းစောရောက်သွားတယ်ဆို အပြင်မှာ ဒါမှမဟုတ် ကားထဲမှာစောင့်တာမျိုး ပြုလုပ်ပေးပါ။

၃။ အင်တာဗျူးဖို့ စောင့်ဆိုင်းတဲ့နံပါတ်စဥ်

• ဘယ်တော့မှ ပထမဦးဆုံးမဖြေပါနဲ့။ အင်တာဗျူးသူတွေဟာ လာရောက်ဖြေဆိုသူတွေကို အမြဲတမ်းယှဥ်ယှဥ်ကြည့်ကြတဲ့အတွက် ရှေ့ဆုံးကလူကို အရင်ဆုံးကြည့်တတ်ကြပါတယ်။ ဒါကြောင့် နောက်မှသွားတာပိုကောင်းပါတယ်။
• ဒါပေမယ့်လည်း နောက်ဆုံးတစ်ယောက်တော့ အဖြစ်မခံပါနဲ့။ အလယ်တစ်ယောက်ရဲ့အနောက်တစ်ယောက်က ပိုအဆင်ပြေပါတယ်။

၄။ ကိုယ်ဝတ်သွားမယ့် အဝတ်အစားအရောင်

HR ဌာနရဲ့ကျွမ်းကျင်သူများပြောစကားအရ အင်တာဗျူးကိုသွားရောက်ဖြေဆိုမယ့်အခါ ဝတ်သွားသင့်တဲ့အရောင်တွေကတော့ အနက်၊ အပြာ သို့မဟုတ် အညိုရောင်တို့ပဲဖြစ်ပါတယ်။ လိမ္မော်ရောင်လိုမျိုး အရမ်းအရောင်တောက်တာမျိုးတွေကို မဝတ်ပါနဲ့။

၅။ ကိုယ်ရွေးထိုင်တဲ့နေရာ

အင်တာဗျူးဖြေဖို့ အခန်းထဲရောက်လို့ ထိုင်ဖို့အတွက် ဖိတ်ခေါ်လိုက်တယ်ဆိုရင် ကိုယ်ကြိုက်တဲ့အတိုင်း ခုံကိုဆွဲယူထိုင်လို့ရပါတယ်။ အခုလိုလုပ်ခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိသူနဲ့ ပြောဆိုဆက်ဆံရမယ်ဆိုတဲ့အကြောင့် အင်တာဗျူးမယ့်သူကို ပြသရာရောက်တာကြောင့် အလုပ်ရမယ့်အခွင့်အရေးလည်းများနိုင်ပါတယ်။

၆။ ဖျော်ရည်တစ်မျိုးမျိုးဧည့်ခံတဲ့အခါ

အင်တာဗျူးနေရင်းနဲ့ ကော်ဖီ သို့မဟုတ် လက်ဖက်ရည်သောက်မလားဆိုပြီး ဧည့်ခံလာတဲ့အခါ သောက်မယ်လို့မပြောဘဲနဲ့ ယဥ်ယဥ်ကျေးကျေး ငြင်းဆိုလိုက်ခြင်းက သူတို့အချိန်ကို မဖြုန်းတီးရာရောက်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref-brightside

Zawgyi

ကိုယ့္အလုပ္အင္တာဗ်ဴးရလဒ္ကို အေျပာင္းအလဲျဖစ္သြားေစႏိုင္မယ့္ အရာမ်ား

အလုပ္တစ္ခုရဖို႔အတြက္ အရမ္းခက္ခဲေနတဲ့ ယေန႔အခ်ိန္မွာ ခက္ခက္ခဲခဲ အခြင့္အေရးရလို႔ အလုပ္အင္တာဗ်ဴးသြားေျဖတဲ့အခါ သင္သိထားတဲ့ ဗဟုသုတေတြ၊ ရယူထားတဲ့ အေတြ႕အႀကဳံေတြက အခန္းက႑တစ္ခုအေနနဲ႔ အင္မတန္အေရးပါပါတယ္။ ဒါေပမယ့္လည္း မထင္မွတ္ထားတဲ့ အေျခအေနေတြေၾကာင့္ ကိုယ့္အင္တာဗ်ဴးရဲ႕ ရလဒ္ကိုအေျပာင္းအလဲေတြ ျဖစ္သြားေစႏိုင္ပါတယ္။ အလုပ္မရလို႔မျဖစ္ဘူးဆိုတဲ့ အေျခအေနမ်ိဳးက သင့္ဆီမွာရွိေနတယ္ဆိုရင္ေတာ့ အခုေျပာျပေပးမယ့္အခ်က္ေတြကို အၿမဲသတိထားဖို႔ေတာ့ လိုပါလိမ့္မယ္။

၁။ အင္တာဗ်ဴးသြားေျဖမယ့္ေန႔ရဲ႕ ရာသီဥတု

ရာသီဥတုေပၚမူတည္ၿပီး လူတစ္ခ်ိဳ႕ရဲ႕စိတ္ပိုင္းဆိုင္ရာအေျခအေနက အေျပာင္းအလဲေတြျဖစ္တတ္လို႔ အကယ္၍ ကိုယ္အင္တာဗ်ဴးသြားေျဖမယ့္ေန႔မွာ မိုး႐ြာေနတယ္ဆိုရင္ အတန္ငယ္အာ႐ုံစိုက္မရျဖစ္ေနၿပီး စိတ္ဆတ္ေနႏိုင္ပါတယ္။ ဒါေၾကာင့္ ျဖစ္ႏိုင္မယ္ဆိုပါက ရာသီဥတုေကာင္းတဲ့ေန႔ေတြမွာ အင္တာဗ်ဴးရက္ခ်ိန္းလိုက္ၿပီး သြားေျဖေပးပါ။

၂။ အင္တာဗ်ဴးအတြက္ ဘယ္ေလာက္ေစာေစာေရာက္ရွိသလဲ

အင္တာဗ်ဴးအတြက္ ေစာေစာေရာက္ေလ ေကာင္းေလဆိုေပမယ့္လည္း သတ္မွတ္ခ်ိန္ထက္ အရမ္းႀကီးေစာၿပီး ေရာက္သြားမယ္ဆိုရင္ေတာ့ အင္တာဗ်ဴးမယ့္သူက သင္ဘယ္ေလာက္စိတ္လႈပ္ရွားေနလဲဆိုတာကို ခံစားမိသြားႏိုင္ပါတယ္။ ဒါေၾကာင့္ အင္တာဗ်ဴးအခ်ိန္မတိုင္ခင္ ၁၀ မိနစ္ ၁၅ မိနစ္ ေလာက္ ေစာေရာက္ေအာင္သာသြားပါ။ အကယ္လို႔ အရမ္းေစာေရာက္သြားတယ္ဆို အျပင္မွာ ဒါမွမဟုတ္ ကားထဲမွာေစာင့္တာမ်ိဳး ျပဳလုပ္ေပးပါ။

၃။ အင္တာဗ်ဴးဖို႔ ေစာင့္ဆိုင္းတဲ့နံပါတ္စဥ္

• ဘယ္ေတာ့မွ ပထမဦးဆုံးမေျဖပါနဲ႔။ အင္တာဗ်ဴးသူေတြဟာ လာေရာက္ေျဖဆိုသူေတြကို အၿမဲတမ္းယွဥ္ယွဥ္ၾကည့္ၾကတဲ့အတြက္ ေရွ႕ဆုံးကလူကို အရင္ဆုံးၾကည့္တတ္ၾကပါတယ္။ ဒါေၾကာင့္ ေနာက္မွသြားတာပိုေကာင္းပါတယ္။
• ဒါေပမယ့္လည္း ေနာက္ဆုံးတစ္ေယာက္ေတာ့ အျဖစ္မခံပါနဲ႔။ အလယ္တစ္ေယာက္ရဲ႕အေနာက္တစ္ေယာက္က ပိုအဆင္ေျပပါတယ္။

၄။ ကိုယ္ဝတ္သြားမယ့္ အဝတ္အစားအေရာင္

HR ဌာနရဲ႕ကြၽမ္းက်င္သူမ်ားေျပာစကားအရ အင္တာဗ်ဴးကိုသြားေရာက္ေျဖဆိုမယ့္အခါ ဝတ္သြားသင့္တဲ့အေရာင္ေတြကေတာ့ အနက္၊ အျပာ သို႔မဟုတ္ အညိဳေရာင္တို႔ပဲျဖစ္ပါတယ္။ လိေမၼာ္ေရာင္လိုမ်ိဳး အရမ္းအေရာင္ေတာက္တာမ်ိဳးေတြကို မဝတ္ပါနဲ႔။

၅။ ကိုယ္ေ႐ြးထိုင္တဲ့ေနရာ

အင္တာဗ်ဴးေျဖဖို႔ အခန္းထဲေရာက္လို႔ ထိုင္ဖို႔အတြက္ ဖိတ္ေခၚလိုက္တယ္ဆိုရင္ ကိုယ္ႀကိဳက္တဲ့အတိုင္း ခုံကိုဆြဲယူထိုင္လို႔ရပါတယ္။ အခုလိုလုပ္ျခင္းက ကိုယ့္ကိုယ္ကို ယုံၾကည္ခ်က္ရွိသူနဲ႔ ေျပာဆိုဆက္ဆံရမယ္ဆိုတဲ့အေၾကာင့္ အင္တာဗ်ဴးမယ့္သူကို ျပသရာေရာက္တာေၾကာင့္ အလုပ္ရမယ့္အခြင့္အေရးလည္းမ်ားႏိုင္ပါတယ္။

၆။ ေဖ်ာ္ရည္တစ္မ်ိဳးမ်ိဳးဧည့္ခံတဲ့အခါ

အင္တာဗ်ဴးေနရင္းနဲ႔ ေကာ္ဖီ သို႔မဟုတ္ လက္ဖက္ရည္ေသာက္မလားဆိုၿပီး ဧည့္ခံလာတဲ့အခါ ေသာက္မယ္လို႔မေျပာဘဲနဲ႔ ယဥ္ယဥ္ေက်းေက်း ျငင္းဆိုလိုက္ျခင္းက သူတို႔အခ်ိန္ကို မျဖဳန္းတီးရာေရာက္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here