လူတွေရှင်သန်နေထိုင်ရာမှာ ပတ်ဝန်းကျင်ဟာ အရမ်းကို အရေးပါပါတယ်။ ပတ်ဝန်းကျင်မကောင်းရင် ကိုယ်ဘယ်လောက်ကောင်းအောင်နေထိုင်ပါစေ စိတ်ပျက်စရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာတွေက နေ့စဉ်ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ပတ်ဝန်းကျင်က မကောင်းရင် ဒီလို ပတ်ဝန်းကျင်ဆိုးထဲကနေ ဘယ်လို ရုန်းထွက်ကြမလဲ။
ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးပြုပြင်ပါ
ပတ်ဝန်းကျင်မကောင်းတဲ့အခါ အဲဒီပတ်ဝန်းကျင်က စရိုက်ဆိုးတွေ၊ အပြောအဆိုဆိုးတွေဟာ ကိုယ့်အပေါ်မှာ လာရောက်ထိခိုက်တတ်ပါတယ်။ ဒါကြောင့် ကိုယ်က ဒီစရိုက်ဆိုး၊ အပြောအဆိုဆိုးတွေကို ကိုယ့်ဆီမှာမရှိအောင် ပြုပြင်ယူရမှာပါ။ ဒီတော့ အရင်ဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကောင်းတဲ့အပြုအမူ အနေအထိုင် အတွေးအခေါ်တွေဖြစ်အောင်လုပ်ရပါမယ်။

အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေပြုလုပ်ပေးပါ
ကိုယ့်အနီးပတ်ဝန်းကျင်က လူတွေရဲ့ စရိုက်ဆိုး၊ အပြုအမူဆိုးတွေကို ရုန့်ရင်းကြမ်းတမ်းမှုတွေနဲ့ ပြန်လည်တုံ့ပြန်မယ့်အစား အပြုသဘောဆောင်တဲ့ဝေဖန်မှုတွေနဲ့ တုံ့ပြန်ပါ။ ကိုယ်က ရုန့်ရင်းကြမ်းတမ်းမှုတွေနဲ့ ပြန်လည်တုံ့ပြန်ရင် ကိုယ်လည်းသူတို့နဲ့ အတူတူပဲဖြစ်သွားပါလိမ့်မယ်။ ကိုယ့်ရဲ့ အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေကသာ သူတို့ရဲ့ စရိုက်ဆိုးတွေကို သူတို့ဘာသာမြင်ပြီး အရှက်ရကာတန့်သွားပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ
ကိုယ်က ဒီပတ်ဝန်းကျင်ဆိုးထဲက ရုန်းထွက်ချင်တာ သေချာတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ လိုက်နာဖို့တော့ လိုအပ်ပါတယ်။ ပတ်ဝန်းကျင်က စရိုက်ဆိုးတွေကို ဖုံးလွှမ်းမခံဘဲ ကိုယ်စဉ်းစားတဲ့အတိုင်း လိုက်နာကျင့်သုံးတော့ လိုအပ်ပါလိမ့်မယ်။
စာဖတ်ပါ
အသိကြွယ်ဝဖို့ စာများများဖတ်ပေးပါ။ စာဖတ်ခြင်းကရရှိတဲ့ ဗဟုသုတတွေနဲ့ အကျိုးကျေးဇူးတွေကို ကိုယ့်ရဲ့လက်တွေ့ဘဝမှာ အသုံးချဖို့ ကြိုးစားပါ။ စာကိုဖတ်ပဲဖတ်ပြီး အသုံးမချတတ်ဘူးဆိုရင်တော့ စာဖတ်တာက အလကားဖြစ်သွားပါလိမ့်မယ်။

ပတ်ဝန်းကျင်ကောင်းအောင် အမြဲ စည်းရုံး
ကိုယ်နဲ့အနီးစပ်ဆုံးရှိနေတဲ့ ပတ်ဝန်းကျင်ကိုလည်း ကိုယ့်လို ဒီလိုစရိုက်ဆိုး၊ အပြောအဆိုဆိုးတွေ မပြုမူစေဖို့ အတတ်နိုင်ဆုံး စည်းရုံးပြောဆိုပါ။ ဒါဆိုရင် ကိုယ်ကိုယ်တိုင်လည်း ပတ်ဝန်းကျင်ဆိုးက ထွက်နိုင်မှာဖြစ်သလို ပတ်ဝန်းကျင်ကောင်းကိုလည်း ဖန်တီးနိုင်တာဖြစ်တဲ့အတွက် အကောင်းတကာ့အကောင်းဆုံးပါပဲ။
Lifestyle_Myanmar
ref-thevirago