ဘဝထဲမှာ ကျင်လည်ရှင်သန်နေသူတွေအတွက် ဘဝစာမေးပွဲများစွာကို ဖြေဆိုကျော်ဖြတ်ကြရမှာဖြစ်ပါတယ်။ အတားအဆီးအခက်အခဲဖြစ်စေတဲ့ ဘဝစာမေးပွဲတွေကို လူတိုင်းဟာ အောင်မြင်အောင်ဖြေဆိုနိုင်စွမ်း မရှိကြပါဘူး။ ပုံမှန်အရည်အချင်းလောက်နဲ့ အလွယ်တကူကျော်ဖြတ်နိုင်မှာ မဟုတ်တဲ့အတွက် ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေကို မြှင့်တင်ဖို့လိုအပ်ပါတယ်။
နားထောင်နိုင်စွမ်းတွေ တိုးမြှင့်ပါ
လူအများစုဟာ လူမှုဆက်ဆံရေးနယ်ပယ်မှာ ပြောဆိုဆက်ဆံကြတဲ့အခါမှာ ကိုယ်ကသာ စကားပြောချင်ကြပြီး တခြားလူရဲ့ပြောစကားကို နားထောင်ပေးချင်စိတ်မရှိတတ်ကြပါဘူး။ အောင်မြင်မှုရဲ့သော့ချက်ထဲမှာ နားထောင်နိုင်စွမ်းလည်း ပါဝင်ပါတယ်။ ကိုယ်ကနည်းနည်းပြောပြီး သူများပြောတာများများနားထောင်ပေးနိုင်ဖို့ ကြိုးစားကြည့်ပါ။ ကိုယ့်အတွက် ဗဟုသုတနဲ့နည်းလမ်းကောင်းတွေ ရရှိနိုင်ပါတယ်။

လေ့လာဆည်းပူးမှုတွေကို တိုးမြှင့်ပါ
ဘဝအတွက် လှေကားထစ်တွေဖြစ်တဲ့ အတတ်ပညာတွေ လေ့လာဆည်းပူးမှုကိုလည်း တိုးမြှင့်လိုက်ပါ။ အောင်မြင်မှုအတွက်လိုအပ်တဲ့ သင်တန်းတွေတက်ပါ၊ မှတ်ပါ၊ လေ့လာဆည်းပူးပါ။ အတတ်ပညာတွေဟာ ဒီပလိုမာစာရွက်တွေပေါ်မှာပဲ ရှိနေတာမျိုးမဟုတ်ဘဲ၊ ကိုယ်ကအမှန်တကယ် ကျွမ်းကျင်တတ်မြောက်သူတစ်ယောက်ဖြစ်အောင် ကြိုးစားအားထုတ်ပါ။

အချိန်ကို အကျိုးရှိရှိ အသုံးချမှုကို တိုးမြှင့်ပါ
လောကမှာ တန်ဖိုးအရှိဆုံးက အချိန်ပဲဖြစ်ပါတယ်။ လူတွေဟာ အချိန်ကို စောင့်ဆိုင်းကြရပေမယ့် အချိန်ကတော့ လူတွေကို ပြန်မစောင့်တတ်ပါဘူး။ တန်ဖိုးရှိလွန်းတဲ့အချိန်တွေကို ဖြုန်းနေမိတာကိုလျော့ချပြီး အကျိုးရှိအောင် အသုံးချမှုကို မြှင့်တင်လိုက်ပါ။

ကြိုးစားအားထုတ်ချိန်ကို တိုးမြှင့်ပါ
ယခင် တစ်နာရီအလုပ်လုပ်တဲ့နေရာမှာ ယခုသုံးနာရီအလုပ်လုပ်ပါ။ ကြိုးစားမှုကို ဆတိုးမြှင့်တင်ပြီး ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို အဆင့်မြှင့်တင်လိုက်ပါ။
Lifestyle_Myanmar
ref-indeed