ကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင်ဟာ ကိုယ်ပဲဖြစ်ပါတယ်။ ဘဝအဆင့်အတန်းမြင့်မားခြင်း၊ နိမ့်ကျခြင်းဟာ ကိုယ့်အပေါ်မှာပဲ မူတည်နေပါတယ်။ ကိုယ့်ရဲ့စွမ်းအားနဲ့ ပြီးပြည့်စုံတဲ့ဘဝ ကို ကိုယ်တိုင်ဖန်တီးကြည့်စေချင်ပါတယ်။
ကိုယ့်ရဲ့အားနည်းချက်ကိုရှာဖွေပါ
လူတိုင်းမှာ အားနည်းချက်၊ အားသာချက်တွေရှိကြပါတယ်။ ဘယ်လိုနေရာတွေမှာ အားနည်းနေသလဲဆိုတာကိုသိရှိပြီး အချိန်မှီပြင်ဆင်သင့်ပါတယ်။ ကိုယ့်ရဲ့အားနည်းချက်တွေကို ကိုယ်တိုင်သိရှိတဲ့အခါမှာ ဘဝအတွက် ဆောင်ရန်၊ ရှောင်ရန်တွေကို ပိုမိုသဘောပေါက်သွားနိုင်ပါတယ်။

ကိုယ့်ဝါသနာကိုဖော်ထုတ်ပါ
ဝါသနာကိုအရင်းခံထားတဲ့ဘဝဟာ အင်မတန်မှ ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းလှပါတယ်။ ကိုယ့်ဝါသနာနဲ့ မကိုက်ညီတဲ့ဘဝမှာ ရှင်သန်နေထိုင်ရတာဟာ ပင်ပန်းလွန်းလှပါတယ်။ အဲ့အတွက် ကိုယ့်ရဲ့ဝါသနာကို ကိုယ်ကိုယ်တိုင် သိရှိနားလည်အောင်ဖော်ထုတ်ပြီး ပျော်ရွှင်ကျေနပ်ဖွယ်ကောင်းတဲ့ဘဝမှာ ရပ်တည်သွားဖို့လိုအပ်ပါတယ်။

ကိုယ့်အတွက်မရှိမဖြစ်တွေကိုတန်ဖိုးထားပါ
ဘဝဟာတိုတောင်းလှပါတယ်။ အချိန်ခဏလေးကိုဖြတ်သန်းရချိန်မှာ ကိုယ့်ဘဝမှာတန်ဖိုးထားသင့်တဲ့သူတွေရှိပါတယ်။ ဒီလိုလူတွေကို စိတ်ဆင်းရဲအောင်လုပ်ပြီး ဝမ်းနည်းဖွယ်ဘဝကို မဖန်တီးသင့်ပါဘူး။ ကိုယ့်ဘဝအတွက် ဘယ်သူတွေဟာ မရှိမဖြစ်တန်ဖိုးရှိသူတွေဖြစ်ပြီး၊ ဘယ်သူတွေကတော့ အပေါ်ယံဟန်ဆောင်သူဖြစ်ကြောင်း သေချာသိသင့်ပါတယ်။ ကိုယ့်အတွက်တန်ဖိုးရှိသူတွေနဲ့ ချစ်ခင်နွေးထွေးတဲ့ ဆက်ဆံရေးထိန်းသိမ်းပြီး သာယာတဲ့ဘဝကို ဖန်တီးကြည့်လိုက်ပါ။

အရာအားလုံးကိုနားလည်ပေးပါ
ဘဝကိုအဓိပ္ပါယ်ရှိရှိဖြတ်သန်းဖို့အတွက်က နားလည်မှုတွေအမြောက်အများလိုအပ်ပါတယ်။ ကိုယ့်စိတ်နဲ့မကိုက်ညီတဲ့ အချိန်အနေအထားတွေမှာ ဒေါသထွက်အော်ဟစ်နေမယ့်အစား နားလည်မှုတွေနဲ့ သည်းခံပေးခြင်းဖြင့် စိတ်ချမ်းမြေ့ဖွယ်ဘဝကို ဖန်တီးကြည့်သင့်ပါတယ်။ ဘဝတိုတိုလေးကို အတ္တ၊ မာနတွေနဲ့ မကုန်ဆုံးသင့်ပါဘူး။

Lifestyle_Myanmar
ref-lifehack