လောကမှာ ကိုယ့်ဘဝအတွက် ကောင်းကျိုးချမ်းသာကို ပေးစွမ်းနိုင်သောပုဂ္ဂိုလ် များစွာရှိပါတယ်။ ဒါပေမယ့် ဘယ်သူဟာ ဘယ်လိုကောင်းကျိုးတွေကို ပေးနိုင်တယ်ဆိုတာမျိုးက အလွယ်တကူ သိမြင်နိုင်စွမ်းမရှိပါဘူး။ ဒါ့ကြောင့် ကိုယ့်ဘဝကို လောကီအကျိုးတွေဖြစ်စေ လောကုတ္တရာအကျိုးတွေကို ကူညီမစနိုင်မည့်ပုဂ္ဂိုလ်မျိုးကို ရှာဖွေဆည်းကပ်သင့်ပါတယ်။
စိတ်ထားကောင်းနဲ့ လမ်းမှန်ကို ညွှန်ပြတတ်တဲ့ပုဂ္ဂိုလ်
ပတ်ဝန်းကျင်က လူတွေရဲ့ စိတ်သဘောကို အမြဲလေ့လာစမ်းစစ်နေသင့်ပါတယ်။ တချို့လူများဟာ မိတ်ဆွေကောင်း ယောင်ဆောင်နေတတ်ကြလို့ပါပဲ။ သူတို့ရဲ့မျက်နှာဖုံးကို ခွာချဖို့က ခဲယဉ်းလှပါတယ်။ ကိုယ် လမ်းမှားရောက်နေချိန်မှာ အမုန်းခံပြီး လမ်းမှန်ကို ညွှန်ပြပေးတတ်တဲ့ပုဂ္ဂိုလ်မျိုးကို ဆည်းကပ်ပေါင်းသင်းသင့်ပါတယ်။

ကိုယ့်အကျိုးစီးပွားကို ကာကွယ်ပေးတဲ့ပုဂ္ဂိုလ်
ကိုယ့်ဘေးနားမှာရှိတဲ့ မိတ်ဆွေ ၊ သူငယ်ချင်းအများစုဟာ မိမိအဆင်မပြေချိန်မှာ နှစ်သိမ့်ပေးသလိုနဲ့ နောက်ကွယ်မှာ ကျေနပ်ဝမ်းသာနေတတ်ကြတာမျိုးရှိပါတယ်။ မိမိရဲ့အကျိုးစီးပွား ပျက်စီးရာပျက်စီးကြောင်းကို အားမပေးဘဲ တိုးတက်ရာကို တည့်မတ်ပေးနိုင်တဲ့ပုဂ္ဂိုလ်မျိုးကို မိတ်ဆွေအစစ်အဖြစ် မှီဝဲပေါင်းဖော်သင့်ပါတယ်။

မှန်ရာကိုပြောဆိုတတ်တဲ့ ပုဂ္ဂိုလ်
မိတ်ဆွေယောင်ဆောင်နေသူတွေလို မဟုတ်မမှန်တဲ့အကြောင်း၊ ကိစ္စတွေကို ဟုတ်မှန်သယောင်အားပေး ချီးမြှောက်နေခြင်း မရှိသူကို မိတ်ဆွေစစ် မိတ်ဆွေအမှန်အဖြစ် ပေါင်းဖော်လက်တွဲသင့်ပါတယ်။ ထိုသူမျိုးဟာသင် စိတ်ဆိုးမှာကို မကြောက်ဘဲ ဟုတ်တိုင်းမှန်ရာကို ပြောဆိုတတ်သူဖြစ်တဲ့အတွက် စစ်မှန်တဲ့စိတ်ထားပိုင်ရှင်ပဲဖြစ်ပါတယ်။

Lifestyle_Myanmar
ref-mindtools