ကိုယ့်ကိုယ်ကိုယ် ချစ်ပါတယ်ဆိုတဲ့သူတွေဟာ ကိုယ့်ကိုယ်ကိုယ် မချစ်တဲ့ အလုပ်တွေ လုပ်နေမိတတ်လို့ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်တဲ့သူဆိုရင်တော့ အခုပြောတာတွေ လုပ်ပြီး သက်သေပြနေသင့်ပါတယ်။
မကြာခဏ လှုပ်လှုပ်ရှားရှားနေ
တီဗွီရှေ့ ၊ ကွန်ပျူတာရှေ့မှာ အကြာကြီး ထိုင်နေမိပြီလား။ ဖုန်းသုံးရင်း ၊ ဂိမ်းဆော့ရင်းနဲ့ မလှုပ်မရှားဘဲ အကြာကြီး နေနေမိပြီလား။ ဒါဆိုရင် လှုပ်လှုပ်ရှားရှား ၊ သွားသွားလာလာ လုပ်တဲ့ အကျင့်လေး ပြောင်းပေးပါ။ မနက်စောစော ထပြီး လမ်းလေးဘာလေး လျှောက်တာကနေ တစ်ပတ်ကို ၃-၄ ရက်လောက် Gym သွားတာမျိုး လုပ်ပေးပါ။ ကိုယ့်ကိုယ်ကိုယ် ကျန်းမာရွှင်လန်းအောင်နေတာဟာ ကိုယ့်ကိုယ်ကိုယ်ချစ်ကြောင်း ပြနေတာပဲ ဖြစ်ပါတယ်။

အာဟာရပြည့်မှု ဂရုပြု
ကိုယ့်ခန္ဓာကိုယ်ထဲ ထည့်လိုက်တဲ့ အစားအစာဟာ ကိုယ့်ရဲ့ လောင်စာပါပဲ။ ကိုယ့်ရဲ့ လောင်စာဟာ ကိုယ့်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် အာဟာရပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်နေဖို့ လိုပါတယ်။ ရေများများသောက် ၊ အသီးအရွက်များများ စား ၊ အစေ့အဆံ ၊ အသီးအနှံ နဲ့ ကာဗွန်ဟိုက်ဒရိတ်ဓါတ်ပါတာတွေ စားပါ။ ဆေးလိပ် ၊ အရက်နဲ့ Junk Food တွေ ရှောင်ပါ။

အိပ်ရေးဝအောင် အိပ်
အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်ကို အားသွင်းနေတာပဲ ဖြစ်ပါတယ်။ တစ်နေ့တာ လှုပ်ရှားသွားလာနေရတဲ့ ဒီကိုယ်ခန္ဓာကြီးကို အနားကောင်းကောင်းပေးမှ ကောင်းကောင်း ခိုင်းလို့ရမှာပါ။ ကိုယ့်ကိုယ်ကိုယ်တကယ်ချစ်တယ်ဆိုရင် ပြည့်ပြည့်ဝဝ အနားယူတဲ့အကျင့် လုပ်ပါ။ မပင်ပန်းခင် နားပြီး အလုပ်လုပ်ချိန်မှ အားထည့်လုပ်သင့်ပါတယ်။

စာများများဖတ်
စာဖတ်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ်မြှင့်တင်ဖို့ လုပ်နေတာပဲ ဖြစ်ပါတယ်။ အသိပညာအဆင့်မြင့်လာဖို့ စာမဖတ်လို့ မဖြစ်ပါဘူး။ လောကအကြောင်း ပိုနက်နက်ရှိုင်းရှိုင်းသိလာပြီး နှလုံးသားရသပြည့်ဝတဲ့ သူတစ်ယောက် ဖြစ်လာဖို့ စာဖတ်တဲ့ အကျင့်ပုံမှန်လုပ်ထားသင့်ပါတယ်။

တစ်ယောက်တည်းလည်း အချိန်ပေး
ကိုယ့်အတွက်ကိုယ် အချိန်ပေးတတ်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့သူဟာ ကိုယ့်စိတ်ကို သိအောင် မဖြစ်မနေ ကြိုးစားဖို့လိုပါတယ်။ ပိုကောင်းတဲ့လူတစ်ယောက် ဖြစ်လာဖို့ ကိုယ့်အကြောင်းကို တကယ်သိဖို့ လိုပါတယ်။ ဒါကြောင့် ကိုယ့်အတွက်ကို အချိန်ပေးပြီး အလေးအနက် စဉ်းစားဖို့ တိုက်တွန်းရတာ ဖြစ်ပါတယ်။

Lifestyle_Myanmar
ref-quora