၁။ သင်ကိုယ်သင် မကြာခဏခွင့်လွှတ်ပါ

ခွင့်လွှတ်ခြင်းက သင့်ဘဝမှာ အကောင်အထည်ဖော်ဖို့အကောင်းဆုံးနှင့် အခက်အခဲဆုံးအရာဖြစ်ပေမယ့် ၎င်းက တကယ်အစွန်းထက်ပါတယ်။ ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကိုယ်မကြာခဏဝေဖန်တတ်ကြပေမယ့် ကိုယ့်ကိုယ်ကိုယ်ခွင့်လွှတ်ဖို့ကျတော့ ခက်ခဲနေတတ်ကြပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဆွေတွေနှင့် မိသားစုတွေကို ကျွန်မတို့က အလွယ်တကူ ခွင့်လွှတ်နိုင်ပါတယ်။ သင့်အနေနဲ့ ကိုယ့်ကိုယ် အပြစ်တင်သလိုမျိုး ကိုယ့်သူငယ်ချင်းကို အပြစ်တင်မယ်ဆိုရင် သင့်သူငယ်ချင်းက ဘယ်လိုတုန့်ပြန်မလဲဆိုတာကို စဉ်းစားကြည့်ပါ။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ်ခွင့်လွှတ်တတ်အောင် ကြိုးစားပါ။
၂။ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုရာကျန်းမာရေးတွေကို ဂရုစိုက်ပါ

သင်အကြိုက်ဆုံးပန်းခြံ (သို့) အိမ်နီးချင်းတွေဆီ လမ်းလျှောက်ထွက်ပေးပါ။ စနေနေ့မှာ ယောဂသင်တန်းသွားပါ။ ကိုယ်သဘောကျတဲ့ အားကစားခန်းမတစ်ခုခုနဲ့ ချိတ်ဆက်ပါ။ ကျွန်မတို့ စိတ်ဓာတ်ကျနေတဲ့အခါ ကျွန်မတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းအင်တွေနဲ့ တောင့်ခံထားဖို့ လိုအပ်သလို အရုပ်ကြိုးပြတ်ဖြစ်လာတဲ့အခါမှာလည်း စိတ်ဓာတ်ကြံ့ခိုင်နေဖို့ လိုအပ်ပါသေးတယ်။ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအတွက် တရားထိုင်ကြည့်ပါ။ ကိုယ့်ကို ဖျော်ဖြေပေးနိုင်မယ့်အရာတွေကိုလည်း စိတ်ဝင်စားကြည့်ပါ။ စိတ်ကျန်းမာနေမှ ရုပ်ရည်ကြည်လင်မှာဖြစ်တာကြောင့် စိတ်ကျန်းမာရေးရော၊ ရုပ်ကျန်းမာရေးကိုပါ ဂရုစိုက်ပါ။
၃။ ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုပါ

ကျွန်မတို့က ကိုယ်ကိုယ်တိုင်အတွက် အချိန်ပေးပြီး ကိုယ့်ကိုယ်ကိုယ်ဆုချပေးပါ။ ကျွန်မတို့တွေက တစ်ခြားလူတွေအတွက် ဆုတောင်းပေးဖို့၊ အသိအမှတ်ပြုပေးဖို့သာ သတိရနေကြပြီး ကိုယ့်ကိုယ်ကိုယ်မေ့နေတာမျိုးတွေဖြစ်တတ်ပါတယ်။ အောင်မြင်မှုတစ်ခုရပြီးတိုင်း တစ်ခြားလူတွေကိုယ့်ကို ချီးမြှင့်တာတွေထက် ကိုယ့်ကိုယ်ကိုယ်ဦစားပေးအသိအမှတ်ပြုပါ။ ချီးမြှင့်ပါ။
၄။ ကောင်းကောင်းအနားယူပါ၊ အားပြန်သွင်းပါ

ကျွန်မတို့တွေက ကုန်ထုတ်စွမ်းအားတွေကို ကိုးကွယ်တဲ့ လူမှုအဖွဲ့အစည်းမှာ နေထိုင်ပါတယ်။ လူတစ်ယောက်ဟာ ၎င်းဆီကနေ စွမ်းအင်တစ်ခုခု၊ ခွန်အားနှင့် အသိဉာဏ်တစ်ခုခု စတဲ့ဘယ်အရာမှ ဖန်တီးနိုင်စွမ်းအားမရှိဘူးဆိုရင် အသုံးမကျတဲ့လူတစ်ယောက်ဖြစ်နေပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်အသုံးမကျသူလို့ လက်ခံထားသူတွေဟာ ကိုယ့်ကိုယ်ကိုယ်ကြင်နာဖို့ဆိုတာ တော်တော်လေးမဖြစ်နိုင်တဲ့ အခြေအနေမျိုးပါ။ ဒါ့ကြောင့် လူတစ်ယောက်ဟာ အသုံးကျဖို့ လိုအပ်သလို အသုံးချခံရပြီးရင်လည်း အားပြန်သွင်းဖို့ လိုအပ်ပါသေးတယ်။ ဘဝမှာ ရိုးရှင်းစွာ အသုံးချခံပါ။ ကောင်းကောင်းအနားယူပါ။