မှားယွင်းနေတဲ့အချိန်မှာ မှားယွင်းနေတဲ့သူနဲ့ တွေ့ဆုံမိသွားတယ်ဆိုရင်တော့ ဝမ်းနည်းစရာကောင်းတဲ့ အဆုံးသတ်ဇာတ်လမ်းတွေနဲ့ ကြုံတွေ့လာရတော့တာပေါ့။ ကိုယ်ချစ်တဲ့သူတစ်ယောက်က ကိုယ့်ကိုထားခဲ့တယ်ဆိုရင်တော့ လူတိုင်းခံစားရတာပေါ့။ ဝမ်းနည်းရတယ်ဆိုပေမယ့်လည်း ကိုယ့်ကိုမချစ်လို့ ထားခဲ့တဲ့သူအပေါ်မှာ ဒီလိုမျိုးတွေကိုဆက်ပြီးတော့ လုပ်နေစရာတော့မလိုပါဘူး။
လိုက်ပြီးကပ်တွယ်မနေပါနဲ့
သူကထားခဲ့ပြီဆိုရင် သေချာတာကတော့ ကိုယ့်ကိုမချစ်တော့လို့ပေါ့။ ဒါကို သင်ကလိုက်ကပ်ပြီး ဖုန်းတွေဆက်နေတာမျိုးတွေ မလုပ်သင့်တော့ပါဘူး။ တတ်နိုင်သလောက် ကိုယ့်စိတ်ကိုထိန်းချုပ်ပြီး နေတတ်အောင်နေကြည့်ဖို့ပဲ ကြိုးစားပါ။
မငိုမိပါစေနဲ့
ကိုယ့်ကိုမချစ်လို့ထားခဲ့သူအတွက်နဲ့ မျက်ရည်တွေကျပြနေစရာမလိုပါဘူး။ မငိုရဘူးလို့တော့ မဆိုလိုပါဘူး ကိုယ်ချစ်ရတဲ့သူကထားခဲ့တာပဲ နည်းနည်းတော့ခံစားရပြီး ငိုမိမှာပေါ့။ ဒါပေမယ့် သူရှေ့မှာငိုမိတာမျိုးတွေမဖြစ်စေဖို့ ကြိုးစားပါ။

နောက်တစ်ယောက်နဲ့တွဲလိုက်တာမျိုး
ခံစားရတာတွေ၊ နာကျင်ရတာတွေကို သက်သာဖို့အတွက်ဆိုပြီး တစ်ခြားတစ်ယောက်ကို ချက်ချင်းတွဲလိုက်တာမျိုးတွေက မလုပ်သင့်တဲ့အရာပါပဲ။ ဘေးပတ်ဝန်းကျင်ဆိုတာလည်းရှိသလို ကိုယ့်နားမှာအဆင်သင့်ရှိနေတဲ့ သူတွေကိုကောက်တွဲလိုက်တာမျိုးက ကိုယ်ကျင့်တရားကိုလည်းထိခိုက်စေနိုင်ပါတယ်။
ဘာကြောင့်လဲဆိုတာကို စဉ်းစားမနေပါနဲ
ငါများဘာအမှားတွေလုပ်မိလို့ ထားခဲ့ခံရတာလည်းဆိုတဲ့ အချက်တွေကိုလိုက်ပြီး မစဉ်းစားနေပါနဲ့။ သင့်အမှားလည်း မဟုတ်သလို သူ့အမှားလည်းမဟုတ်ပါဘူး။ အကြောင်းအရင်းကတော့ မှားယွင်းနေတဲ့လူနှစ်ယောက် မှားယွင်းတဲ့အချိန်မှာတွေ့ခဲ့ကြလို့ပါပဲ။

ရှေ့ဆက်ဖို့တွေကို ရပ်မထားပါနဲ့
အချိန်တန်လို့ ဖြစ်သင့်တာတွေဖြစ်လာတယ်လို့ပဲ စိတ်ထဲမှာထားပြီး သင်ရည်မှန်းချက်တွေတိုင်းပဲ ရှေ့ဆက်သွားပါ။ ထားခဲ့တဲ့သူတစ်ယောက်အတွက်နဲ့ ရှေ့ဆက်ပြီးလုပ်သင့်တဲ့အရာတွေကို ရပ်ထားပြီး ခံစားနေရတာမျိုးတွေက သင့်ဘဝကိုပိုပြီးတော့နစ်မွန်းစေမှာပေါ့။
အတူသွားခဲ့ဖူးတဲ့နေရာတွေ
ဖြစ်နိုင်ရင် အရင်တုန်းကအတူသွားခဲ့ဖူးတဲ့ နေရာတွေကိုပြန်သွားတာမျိုးတွေကို ရှောင်ပါ။ သင့်ခေါင်းထဲမှာရှိနေတဲ့ သူနဲ့ပတ်သတ်တဲ့အမှတ်တရတွေကို ပြန်လည်မှတ်မိစေပြီး ပိုပြီးနာကျင်ခံစားရစေတတ်ပါတယ်။

Message တွေကိုပြန်ဖတ်တာ
အရင်တုန်းက ပို့ခဲ့တဲ့ Message တွေကိုပြန်ဖတ်တာက သင့်ကိုမေ့ပစ်နိုင်ဖို့ကြိုးစားတဲ့အခါမှာ အနှောက်အယှက်တွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ဖြစ်နိုင်ရင် သူနဲ့ပတ်သတ်တဲ့အရာတွေ အကုန်လုံးကို ဖျက်ပစ်ပြီး သင့်ဘဝကိုအသစ်ကနေပြန်ပြီး စတင်လိုက်ပါ။
Lifestyle_Myanmar
ref-goodtherapy