ကိုယ့္ရဲ႕ကေလးကို အျခားကေလးေတြနဲ႔ မႏႈိင္းယွဥ္သင့္တဲ့ အေၾကာင္းရင္း ၅ခ်က္

0
39

မိဘတိုင္းက ကိုယ့္ရဲ႕သားသမီးကို အျခားကေလးထက္ ပိုၿပီးထူးခြၽန္ေစခ်င္တာ သဘာဝပါပဲ။ အျခားသူေတြထက္ ပိုၿပီးေတာ္ခ်င္တာေၾကာင့္ အမွတ္တမဲ့ပဲ “သူ႔ကိုၾကည့္ပါဦး နင့္ထက္အမ်ားႀကီး လိမၼာတယ္၊ နင္သူ႔ကိုအတုယူသင့္တယ္၊ သူမ်ားသားသမီးေတြမ်ား ေတာ္လိုက္တာ” စသျဖင့္ အမႈမထားပဲ ေျပာတတ္ၾကပါတယ္။ ဒါေပမယ့္ ကေလးေတြဆိုတာ ႏူးညံ့တဲ့စိတ္ခံစားခ်က္ရွိၾကၿပီး မေကာင္းတဲ့ေဝဖန္မႈေတြကို ခံႏိုင္ရည္သိပ္မရွိၾကသလို ယခုလိုေျပာလို႔ အတုလည္းမယူတတ္ၾကပါဘူး။ ဒီလိုႏႈိင္းယွဥ္မႈေတြက သူတို႔ကိုပိုနာက်င္ေစၿပီး သူတို႔ကိုတိုးတက္ဖို႔ ကူညီရာမေရာက္ပဲ ပိုဆိုးသြားေစႏိုင္ပါတယ္။ လူႀကီးေတြ တစ္ေယာက္နဲ႔တစ္ေယာက္ မတူညီၾကသလိုပဲ ကေလးတိုင္းဟာလည္း ကြဲျပားၾကပါတယ္။ သူတို႔ရဲ႕တစ္ေန႔တာလုပ္ေဆာင္ခ်က္ေတြကို ပိုေကာင္းဖို႔လိုအပ္ျခင္းနဲ႔ အျခားကေလးနဲ႔ လိုက္ယွဥ္ၿပီးပိုေကာင္းရမယ္ဆိုတဲ့ ေပတံက တကယ္ေတာ့ ကြဲျပားပါတယ္။ ဒါေၾကာင့္ သင့္ကေလးကိုဘာေၾကာင့္ အျခားကေလးေတြနဲ႔ မႏႈိင္းယွဥ္သင့္လဲ ဆိုတာကို ေဖာ္ျပလိုက္ပါတယ္။

၁။ ကိုယ့္ကိုယ္ကို သံသယျဖစ္ေစတယ္
အၿမဲတမ္း အျခားကေလးေတြနဲ႔ ႏႈိင္းယွဥ္ၿပီး ေဝဖန္ခံရျခင္းေၾကာင့္ ကေလးရဲ႕စိတ္မွာ ငါဟာအျခားသူေတြေလာက္ အသုံးမက်သူ၊ အၿမဲတမ္းတစ္ခုခုမွားေနတဲ့သူ ငါသူတို႔ထက္ပိုေကာင္းေအာင္ ဘယ္ေတာ့မွလုပ္ႏိုင္မွာ မဟုတ္ဖူး စတဲ့ သံသယေတြႀကီးထြားလာၿပီး ဘာကိုမွစတင္ၿပီးမလုပ္ရဲေလာက္ေအာင္ ေၾကာက္႐ြံ႕လာပါတယ္။

၂။ မနာလိုမႈေတြ အျမစ္တြယ္လာတယ္
ကိုယ့္ရဲ႕သားသမီးကို မခ်ီးက်ဴးပဲ အျခားသူစိမ္းနဲ႔ႏႈိင္းယွဥ္ျခင္းေၾကာင့္ ကေလးရဲ႕စိတ္မွာ မနာလိုစိတ္ေတြအျမစ္တြယ္လာၿပီး အျခားသူေတြကို အမုန္းစိတ္ေတြ ဝင္လာပါတယ္။ ဒီလိုမနာလိုတဲ့စိတ္ဟာ ႀကီးထြားလာတာနဲ႔အမွ် ဖ်က္ဆီးတတ္တဲ့စိတ္ ျဖတ္လမ္းနည္း၊ ဟန္ေဆာင္မႈေတြ တျဖည္းျဖည္းမ်ားလာေစပါတယ္။

၃။ အဆိုးျမင္စိတ္ေတြဝင္လာတယ္
ကေလးတစ္ေယာက္ဟာ သူ႔ကိုအဆိုးျမင္တယ္လို႔ ခံစားမိတာနဲ႔ သူကိုယ္တိုင္လည္း အရာရာကိုအဆိုးျမင္စိတ္ ဝင္လာတတ္ပါတယ္။ မေကာင္းျမင္တဲ့စိတ္ဟာ လူတစ္ေယာက္ရဲ႕ ဘဝအတြက္ ဘယ္လိုမွမေကာင္းႏိုင္ပဲပတ္ဝန္းက်င္နဲ႔လည္း လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ေနႏိုင္မွာမဟုတ္ပါဘူး။

၄။ မိဘနဲ႔ ကေလးရဲ႕ဆက္ဆံေရးကို ပ်က္ျပားေစတယ္
တကယ္လို႔ သင္ကအိမ္ေဘးနာကကေလးဟာ ကိုယ့္ကေလးထက္သာတယ္လို႔ အၿမဲတမ္းေဝဖန္ေျပာဆိုေနမယ္ဆိုရင္ ကေလးက သင့္ကိုစတင္အထင္ေသးၿပီး စက္ဆုပ္မုန္းတီးလာပါလိမ့္မယ္။ ကေလးတိုင္းမွာ စိတ္ခံစားခ်က္ႏုနယ္တဲ့ အားနည္းခ်က္ေတြ ရွိၾကပါတယ္။ သင္ကသူ႔ဖက္မွာ မရွိဘူးလို႔ ခံစားမိရင္ပဲ မိဘတစ္ေယာက္ရဲ႕ တန္ဖိုးေတြ ေလ်ာ့က်ေနပါၿပီ။

၅။ ေၾကာက္႐ြံ႕ၿပီး စိတ္ပင္ပန္းတတ္တဲ့ လူႀကီးေတြအျဖစ္ ႀကီးျပင္းလာတတ္တယ္
ငယ္စဥ္ကတည္းက မိဘေတြကိုယ္တိုင္ ႏွိမ္ခ်ၿပီးဆက္ဆံခဲ့ျခင္းေၾကာင့္ သူတို႔ရဲ႕ကိုယ္ကိုယ္ကို ယုံၾကည္မႈေတြ ကိုယ္ပိုင္အုပ္ခ်ဳပ္ႏိုင္စြမ္းေတြ ေလ်ာ့က်သြားပါတယ္။ ဒါေၾကာင့္ မိဘေတြကို အလြန္အကြၽံအာ႐ုံစိုက္သလိုပဲ အျခားသူေတြအေပၚမွာလည္း အာ႐ုံစိုက္မႈလြန္ကဲလာၿပီး သူတို႔ရဲ႕စြမ္းရည္ေတြကို ေဖာ္ထုတ္ႏိုင္စြမ္း မရွိၾကေတာ့ပါဘူး။ မိဘေတြဆိုတာဟာ ကေလးေတြရဲ႕ လက္ဦးဆရာေတြျဖစ္ၾကပါတယ္။ သူတို႔ေတြ တခ်ိန္မွာကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္ႏိုင္ဖို႔အတြက္ အျခားသူေတြလုပ္တဲ့အတိုင္း လိုက္လုပ္ခိုင္းျခင္းထက္ ကိုယ္ပိုင္ယုံၾကည္မႈရွိေအာင္ နဲ႔ ပတ္ဝန္က်င္မွာ ဟဇာတျဖစ္ေအာင္ သင္ၾကားေပးဖို႔ တာဝန္ရွိပါတယ္။

LM_Naung_Naung
Lifestyle_Myanmar

မိဘတိုင်းက ကိုယ့်ရဲ့သားသမီးကို အခြားကလေးထက် ပိုပြီးထူးချွန်စေချင်တာ သဘာဝပါပဲ။ အခြားသူတွေထက် ပိုပြီးတော်ချင်တာကြောင့် အမှတ်တမဲ့ပဲ “သူ့ကိုကြည့်ပါဦး နင့်ထက်အများကြီး လိမ္မာတယ်၊ နင်သူ့ကိုအတုယူသင့်တယ်၊ သူများသားသမီးတွေများ တော်လိုက်တာ” စသဖြင့် အမှုမထားပဲ ပြောတတ်ကြပါတယ်။ ဒါပေမယ့် ကလေးတွေဆိုတာ နူးညံ့တဲ့စိတ်ခံစားချက်ရှိကြပြီး မကောင်းတဲ့ဝေဖန်မှုတွေကို ခံနိုင်ရည်သိပ်မရှိကြသလို ယခုလိုပြောလို့ အတုလည်းမယူတတ်ကြပါဘူး။ ဒီလိုနှိုင်းယှဉ်မှုတွေက သူတို့ကိုပိုနာကျင်စေပြီး သူတို့ကိုတိုးတက်ဖို့ ကူညီရာမရောက်ပဲ ပိုဆိုးသွားစေနိုင်ပါတယ်။ လူကြီးတွေ တစ်ယောက်နဲ့တစ်ယောက် မတူညီကြသလိုပဲ ကလေးတိုင်းဟာလည်း ကွဲပြားကြပါတယ်။ သူတို့ရဲ့တစ်နေ့တာလုပ်ဆောင်ချက်တွေကို ပိုကောင်းဖို့လိုအပ်ခြင်းနဲ့ အခြားကလေးနဲ့ လိုက်ယှဉ်ပြီးပိုကောင်းရမယ်ဆိုတဲ့ ပေတံက တကယ်တော့ ကွဲပြားပါတယ်။ ဒါကြောင့် သင့်ကလေးကိုဘာကြောင့် အခြားကလေးတွေနဲ့ မနှိုင်းယှဉ်သင့်လဲ ဆိုတာကို ဖော်ပြလိုက်ပါတယ်။

၁။ ကိုယ့်ကိုယ်ကို သံသယဖြစ်စေတယ်
အမြဲတမ်း အခြားကလေးတွေနဲ့ နှိုင်းယှဉ်ပြီး ဝေဖန်ခံရခြင်းကြောင့် ကလေးရဲ့စိတ်မှာ ငါဟာအခြားသူတွေလောက် အသုံးမကျသူ၊ အမြဲတမ်းတစ်ခုခုမှားနေတဲ့သူ ငါသူတို့ထက်ပိုကောင်းအောင် ဘယ်တော့မှလုပ်နိုင်မှာ မဟုတ်ဖူး စတဲ့ သံသယတွေကြီးထွားလာပြီး ဘာကိုမှစတင်ပြီးမလုပ်ရဲလောက်အောင် ကြောက်ရွံ့လာပါတယ်။

၂။ မနာလိုမှုတွေ အမြစ်တွယ်လာတယ်
ကိုယ့်ရဲ့သားသမီးကို မချီးကျူးပဲ အခြားသူစိမ်းနဲ့နှိုင်းယှဉ်ခြင်းကြောင့် ကလေးရဲ့စိတ်မှာ မနာလိုစိတ်တွေအမြစ်တွယ်လာပြီး အခြားသူတွေကို အမုန်းစိတ်တွေ ဝင်လာပါတယ်။ ဒီလိုမနာလိုတဲ့စိတ်ဟာ ကြီးထွားလာတာနဲ့အမျှ ဖျက်ဆီးတတ်တဲ့စိတ် ဖြတ်လမ်းနည်း၊ ဟန်ဆောင်မှုတွေ တဖြည်းဖြည်းများလာစေပါတယ်။

၃။ အဆိုးမြင်စိတ်တွေဝင်လာတယ်
ကလေးတစ်ယောက်ဟာ သူ့ကိုအဆိုးမြင်တယ်လို့ ခံစားမိတာနဲ့ သူကိုယ်တိုင်လည်း အရာရာကိုအဆိုးမြင်စိတ် ဝင်လာတတ်ပါတယ်။ မကောင်းမြင်တဲ့စိတ်ဟာ လူတစ်ယောက်ရဲ့ ဘဝအတွက် ဘယ်လိုမှမကောင်းနိုင်ပဲပတ်ဝန်းကျင်နဲ့လည်း လိုက်လျောညီထွေ ဖြစ်အောင်နေနိုင်မှာမဟုတ်ပါဘူး။

၄။ မိဘနဲ့ ကလေးရဲ့ဆက်ဆံရေးကို ပျက်ပြားစေတယ်
တကယ်လို့ သင်ကအိမ်ဘေးနာကကလေးဟာ ကိုယ့်ကလေးထက်သာတယ်လို့ အမြဲတမ်းဝေဖန်ပြောဆိုနေမယ်ဆိုရင် ကလေးက သင့်ကိုစတင်အထင်သေးပြီး စက်ဆုပ်မုန်းတီးလာပါလိမ့်မယ်။ ကလေးတိုင်းမှာ စိတ်ခံစားချက်နုနယ်တဲ့ အားနည်းချက်တွေ ရှိကြပါတယ်။ သင်ကသူ့ဖက်မှာ မရှိဘူးလို့ ခံစားမိရင်ပဲ မိဘတစ်ယောက်ရဲ့ တန်ဖိုးတွေ လျော့ကျနေပါပြီ။

၅။ ကြောက်ရွံ့ပြီး စိတ်ပင်ပန်းတတ်တဲ့ လူကြီးတွေအဖြစ် ကြီးပြင်းလာတတ်တယ်
ငယ်စဉ်ကတည်းက မိဘတွေကိုယ်တိုင် နှိမ်ချပြီးဆက်ဆံခဲ့ခြင်းကြောင့် သူတို့ရဲ့ကိုယ်ကိုယ်ကို ယုံကြည်မှုတွေ ကိုယ်ပိုင်အုပ်ချုပ်နိုင်စွမ်းတွေ လျော့ကျသွားပါတယ်။ ဒါကြောင့် မိဘတွေကို အလွန်အကျွံအာရုံစိုက်သလိုပဲ အခြားသူတွေအပေါ်မှာလည်း အာရုံစိုက်မှုလွန်ကဲလာပြီး သူတို့ရဲ့စွမ်းရည်တွေကို ဖော်ထုတ်နိုင်စွမ်း မရှိကြတော့ပါဘူး။ မိဘတွေဆိုတာဟာ ကလေးတွေရဲ့ လက်ဦးဆရာတွေဖြစ်ကြပါတယ်။ သူတို့တွေ တချိန်မှာကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့အတွက် အခြားသူတွေလုပ်တဲ့အတိုင်း လိုက်လုပ်ခိုင်းခြင်းထက် ကိုယ်ပိုင်ယုံကြည်မှုရှိအောင် နဲ့ ပတ်ဝန်ကျင်မှာ ဟဇာတဖြစ်အောင် သင်ကြားပေးဖို့ တာဝန်ရှိပါတယ်။

LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here