ကားလမ်းတွေအစား တူးမြောင်းတွေကို အသုံးပြုထားပြီး ပုံပြင်ဆန်တဲ့မြို့

0
149

ဗင်းနစ်မြို့၊ စိန့်ပီတာဘတ် နဲ့ အက်စတာဒမ်လို တူးမြောင်းတွေနဲ့ တည်ဆောက်ထားတဲ့ မြို့ကြီးတွေကို သင်ကြားဖူးသားဖြစ်ပြီး တိုးရစ်တွေအားလုံး သဘောကျနှစ်ခြိုက်ကြပါတယ်။ ဒါပေမယ့် နယ်သာလန်နိုင်ငံမှာ ရှိနေတဲ့ Giethoorn ဆိုတဲ့မြို့ငယ်လေးကိုတော့ သင်ကြားဖူးချင်မှ ကြားဖူးပါလိမ့်မယ်။

-Advertisement-

ဒီမြို့လေးဟာ အက်စတာဒမ်ရဲ့ မြောက်ဖက် ၇၄ မိုင်မှာတည်ရှိနေပြီး သေးငယ်တဲ့ရှိလေးတစ်ခုကဲ့သို့ အိမ်ခြေ ၂၆၂၀ သာရှိပါတယ်။ လယ်တောအိမ်ကလေးတွေ၊ သန့်ရှင်းပြီးလှပတဲ့ တူးမြောင်းတွေက ယင်းမြို့လေးရဲ့အလှကို ဖော်ကျူးနေပြီး နှစ်တိုင်း တိုးရစ်၂၀၀၀၀၀၀ လောက်လာရောက်လည်ပတ်လျှက် ရှိပါတယ်။

တစ်မြို့လုံးကို လမ်းတွေအဖြစ် တူးမြောင်းတွေကို အသုံးပြုထားပြီး လှေတွေကိုသာ သုံးလို့ရတဲ့အတွက် လေထုညစ်ညမ်းမှု၊ နဲ့ ဆူညံမှုတွေ ကင်းဝေးနေမှာ အသေအချာပဲဖြစ်ပါတယ်။
ဒါကြောင့် ဒီမြို့လေးဟာ ကမ္ဘာပေါ်မှာ မှော်ဆန်တဲ့နေရာလေးတစ်ခုဖြစ်နေတာ မဆန်းလှပါဘူး။ Giethoorn မြို့လေးမှာ တံတားပေါင်း ၁၈၀ကျော် ရှိနေပြီး တူးမြောင်းတွေအားလုံးကို ဆက်သွယ်ထားပါတယ်။ ဒီမြို့လေးကို “Little Venice” ဗင်းနစ်ငယ်လေးလို့လည်း နာမည်ပြောင်ပေးထားပါသေးတယ်။

ဒီမြို့လေးကို ရောက်တာနဲ့ ကလေးစာအုပ်တွေထဲမှာ စိတ်ကူယဉ်ပြီးဆွဲထားတဲ့ ပုံလေးတွေအတိုင်း အပြင်မှာလက်တွေ့မြင်ရမှာ ဖြစ်ပါတယ်။ မြို့လေးဟာအသွားအလာ မရှုပ်ထွေးပဲ တိတ်ဆိတ်ငြိမ်သက်နေလို့ တခြားမြို့တွေနဲ့ယှဉ်ရင် တမူထူးခြားနေပြီး သင့်ကိုနားညီးအောင် လုပ်မယ့်အရာတွေဆိုလို့ ဘဲတွေရဲ့အော်သံတွေ၊ ငှက်တွေရဲ့ဆူဆူညံညံအော်သံတွေကိုသာ သဘာဝအတိုင်း ကြားနေရမှာဖြစ်ပါတယ်။

ယခုမြို့လေးကို သင်ရောက်တဲ့အခါ ကနူးလှေကလေးနဲ့ တမြို့လုံးကို စူစမ်းလေ့လာသင့်ပြီး လူကြိုက်များတဲ့ လှုပ်ရှားမှုဖြစ်တဲ့ လျှပ်စစ်မော်တာ ရာဘာလှေနဲ့လည်း စွန့်စားမှုတွေ ပြုလုပ်နိုင်ပါတယ်။ မြို့လေးရဲ့ သမိုင်းကြောင်းကတော့ gietehorens (goat horns) ဆိတ်ချိုများဆိုတဲ့ အခေါ်အဝေါ်ကနေ ဆင်းသက်လာပြီး Giethoorn လို့အမည်တွင်လာတာဖြစ်ပါတယ်။ ၁၀ရာစုနှစ်လောက်က ရေလွှမ်းမိုးပြီးနောက် ရာပေါင်းများစွာသော ဆိတ်ချိုတွေနဲ့အတူ ရှာဖွေတွေ့ရှိခဲ့တာကြောင့် ယခုလိုအမည်တွင်နေတာပဲ ဖြစ်ပါတယ်။ ဒီမြို့လေးမှာ ရေပေါ် ားသောက်ဆိုင်တွေ အင်းတွေ၊ မိုတယ်တွေလည်း ရှိတာကြောင့် အပန်းဖြေခရီးထွက်ဖို့ဆိုရင် တကယ့်ကိုထူးခြားကောင်းမွန်တဲ့ နေရာလေးဖြစ်ပါတယ်။

LM_Naung_Naung

Lifestyle_Myanmar

ကိုယ္ဝန္ေဆာင္ေနစဥ္မွာ ေရွာင္ရွားသင့္တဲ့ အစားအစာမ်ား

ကားလမ္းေတြအစား တူးေျမာင္းေတြကို အသုံးျပဳထားၿပီး ပုံျပင္ဆန္တဲ့ၿမိဳ႕
ဗင္းနစ္ၿမိဳ႕၊ စိန႔္ပီတာဘတ္ နဲ႔ အက္စတာဒမ္လို တူးေျမာင္းေတြနဲ႔ တည္ေဆာက္ထားတဲ့ ၿမိဳ႕ႀကီးေတြကို သင္ၾကားဖူးသားျဖစ္ၿပီး တိုးရစ္ေတြအားလုံး သေဘာက်ႏွစ္ၿခိဳက္ၾကပါတယ္။ ဒါေပမယ့္ နယ္သာလန္ႏိုင္ငံမွာ ရွိေနတဲ့ Giethoorn ဆိုတဲ့ၿမိဳ႕ငယ္ေလးကိုေတာ့ သင္ၾကားဖူးခ်င္မွ ၾကားဖူးပါလိမ့္မယ္။ ဒီၿမိဳ႕ေလးဟာ အက္စတာဒမ္ရဲ႕ ေျမာက္ဖက္ ၇၄ မိုင္မွာတည္ရွိေနၿပီး ေသးငယ္တဲ့ရွိေလးတစ္ခုကဲ့သို႔ အိမ္ေျခ ၂၆၂၀ သာရွိပါတယ္။ လယ္ေတာအိမ္ကေလးေတြ၊ သန႔္ရွင္းၿပီးလွပတဲ့ တူးေျမာင္းေတြက ယင္းၿမိဳ႕ေလးရဲ႕အလွကို ေဖာ္က်ဴးေနၿပီး ႏွစ္တိုင္း တိုးရစ္၂၀၀၀၀၀၀ ေလာက္လာေရာက္လည္ပတ္လွ်က္ ရွိပါတယ္။ တစ္ၿမိဳ႕လုံးကို လမ္းေတြအျဖစ္ တူးေျမာင္းေတြကို အသုံးျပဳထားၿပီး ေလွေတြကိုသာ သုံးလို႔ရတဲ့အတြက္ ေလထုညစ္ညမ္းမႈ၊ နဲ႔ ဆူညံမႈေတြ ကင္းေဝးေနမွာ အေသအခ်ာပဲျဖစ္ပါတယ္။
ဒါေၾကာင့္ ဒီၿမိဳ႕ေလးဟာ ကမာၻေပၚမွာ ေမွာ္ဆန္တဲ့ေနရာေလးတစ္ခုျဖစ္ေနတာ မဆန္းလွပါဘူး။ Giethoorn ၿမိဳ႕ေလးမွာ တံတားေပါင္း ၁၈၀ေက်ာ္ ရွိေနၿပီး တူးေျမာင္းေတြအားလုံးကို ဆက္သြယ္ထားပါတယ္။
ဒီၿမိဳ႕ေလးကို “Little Venice” ဗင္းနစ္ငယ္ေလးလို႔လည္း နာမည္ေျပာင္ေပးထားပါေသးတယ္။
ဒီၿမိဳ႕ေလးကို ေရာက္တာနဲ႔ ကေလးစာအုပ္ေတြထဲမွာ စိတ္ကူယဥ္ၿပီးဆြဲထားတဲ့ ပုံေလးေတြအတိုင္း အျပင္မွာလက္ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။
ၿမိဳ႕ေလးဟာအသြားအလာ မရႈပ္ေထြးပဲ တိတ္ဆိတ္ၿငိမ္သက္ေနလို႔ တျခားၿမိဳ႕ေတြနဲ႔ယွဥ္ရင္ တမူထူးျခားေနၿပီး သင့္ကိုနားညီးေအာင္ လုပ္မယ့္အရာေတြဆိုလို႔ ဘဲေတြရဲ႕ေအာ္သံေတြ၊ ငွက္ေတြရဲ႕ဆူဆူညံညံေအာ္သံေတြကိုသာ သဘာဝအတိုင္း ၾကားေနရမွာျဖစ္ပါတယ္။
ယခုၿမိဳ႕ေလးကို သင္ေရာက္တဲ့အခါ ကႏူးေလွကေလးနဲ႔ တၿမိဳ႕လုံးကို စူစမ္းေလ့လာသင့္ၿပီး လူႀကိဳက္မ်ားတဲ့ လႈပ္ရွားမႈျဖစ္တဲ့ လွ်ပ္စစ္ေမာ္တာ ရာဘာေလွနဲ႔လည္း စြန႔္စားမႈေတြ ျပဳလုပ္ႏိုင္ပါတယ္။ ၿမိဳ႕ေလးရဲ႕ သမိုင္းေၾကာင္းကေတာ့ gietehorens (goat horns) ဆိတ္ခ်ိဳမ်ားဆိုတဲ့ အေခၚအေဝၚကေန ဆင္းသက္လာၿပီး Giethoorn လို႔အမည္တြင္လာတာျဖစ္ပါတယ္။ ၁၀ရာစုႏွစ္ေလာက္က ေရလႊမ္းမိုးၿပီးေနာက္ ရာေပါင္းမ်ားစြာေသာ ဆိတ္ခ်ိဳေတြနဲ႔အတူ ရွာေဖြေတြ႕ရွိခဲ့တာေၾကာင့္ ယခုလိုအမည္တြင္ေနတာပဲ ျဖစ္ပါတယ္။ ဒီၿမိဳ႕ေလးမွာ ေရေပၚစားေသာက္ဆိုင္ေတြ အင္းေတြ၊ မိုတယ္ေတြလည္း ရွိတာေၾကာင့္ အပန္းေျဖခရီးထြက္ဖို႔ဆိုရင္ တကယ့္ကိုထူးျခားေကာင္းမြန္တဲ့ ေနရာေလးျဖစ္ပါတယ္။

LM_Naung_Naung

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here