သင့်ရဲ့ကားအတွင်းပိုင်းကို သန့်ရှင်းစေဖို့အတွက် အောက်ဖော်ပြပါ အကြံပေးချက်များကို စမ်းကြည့်နိုင်ပါတယ်။
၁။ သံလွင်ဆီ
၂။ သွားတိုက်တံ
၃။ အရက်ပြန်
၅။ Diaper များ
၇။ Coke
#Lifestyle_Myanmar
#TB_Nandar
Source-wmnlife
Unicode
ကားပိုင်ဆိုင်သူများအတွက် ကားသန့်ရှင်းရေး သိကောင်းစရာများ
သင့်ရဲ့ကားအတွင်းပိုင်းကို သန့်ရှငး်စေဖို့အတွက် အောက်ဖော်ပြပါ အကြံပေးချက်များကို စမ်းကြည့်နိုင်ပါတယ်။
သင့်ရဲ့ကားကို အနံကောင်းပြီး သန့်ရှင်းနေပါစေဖို့ ဓါတုပစ္စည်းတွေ သုံးမယ့်အစား ကုန်ကျစရိတ်သတ်သာတဲ့ သဘာဝပစ္စည်းများကို အသုံးပြုပါ။
၁။ သံလွင်ဆီ
ကားကို သန့်ရှင်းရေးလုပ်တဲ့အခါ သံလွင်ဆီက ဘယ်လိုထိရောက်လဲဆိုတာ သိတဲ့သူနည်းပါတယ်။ leather တွေကို သံလွင်ဆီထက် ပိုကောင်းတဲ့ ထုတ်ကုန်မရှိပါဘူး။ ပထမဆုံး ဆပ်ပြာရေနွေးနွေးလေးနဲ့ ထိုင်ခုံတွေကို ဆေးကြောပါ။ နူးညံ့တဲ့ အဝတ်တစ်ခုနှင့် သံလွင်ဆီကို သုံးပြီး ကားအတွင်းပိုင်းရဲ့ လည်သာအစိတ်အပိုင်းတွေနှင့် လည်သာကူရှင်တွေကို သန့်ရှင်းပေးပါ။ ထိုင်ခုံတွေချွဲကျိကျိ မဖြစ်အောင်ဆီကို အလွန်အကျွံမသုံးပါနဲ့။ ပြီးမှ အဝတ်ခြောက်နဲ့ မျက်နှာပြင်တွေကို ခြောက်သွေ့အောင်သုတ်ပါ။
၂။ သွားတိုက်တံ
ကားသန့်ရှင်းရေးကိရိယာမှာ သွားတိုက်တံတစ်ချောင်းရှိဖို့ လိုအပ်ပါတယ်။ သွားတိုက်တံဖြင့် ထိုင်ခုံတွေ၊ ကျောမှီတွေ အကျိုအကြားက ဖုန်တွေကို အလွယ်တကူဖယ်ရှားနိုင်ပါတယ်။
၃။ အရက်ပြန်
Wiper တွေက အမြဲတမ်းသန့်စင်ဖို့ ခက်ခဲပါတယ်။သင့်ကားပေါ်က အညစ်အကြေးနှင့် ရေညှိတွေကို ဖယ်ရှားပစ်ဖို့ အရက်ပြန်နှင့် ပွတ်တိုက်ပေးသင့်တယ်လို့ အကြံပြုပါတယ်။ ညစ်ပေနေတဲ့နေရာတွေကို အရက်ပြန်အနည်းငယ် သုတ်ပါ။ ခြောက်သွေ့သွားအောင်ခဏထားပြီးမှ အဝတ်တစ်ခုနှင့် သုတ်ပေးပါ။
၄။ လေပေါက်တွေကို သန့်ရှင်းဖို့
ခဏခဏသန့်ရှင်းတာက အမြဲတမ်းတော့ မထိရောက်ပါဘူး။ တခါတရံ သင့်ကားအထဲမှာ မကောင်းတဲ့အနံ့အသက်တွေ ရှိနေနိုင်ပါတယ်။ ဒါက ဘာလို့လဲဆိုတော့ လေပေါက်တွေမှာ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေ ဖုံးလွှမ်းနေတာကြောင့် ဖြစ်ပါတယ်။ အဆိုပါ filter ကိုအစားထိုးပါ။ အစားမထိုးနိုင်လျှင် အညစ်အကြေးနှင့် အမှိုက်များကို ဆပ်ပြာရည် သို့ အရက်ပြန်ကို ဂွမ်းတံမှာစွတ်ပြီး ဖယ်ရှားနိုင်ပါတယ်။
၅။ Diaper များ
သင့်ကားကူရှင်တွေမှာ အစွန်းအထင်းတွေ၊ ကေ်ာဖီလိုအရာမျိုး ဖိတ်ကျခဲ့လျှင် ဖုံးလွှမ်းနေလျှင် ဒိုက်ပါကိုသုံးပြီး ဖယ်ရှားကြည့်ပါ။ ဒိုက်ပါများက အလွန်အစွမ်းထက်တဲ့ စုပ်ယူမှု ဂုဏ်သတ္တိရှိပါတယ်။
၆။ ဖုန်စုပ်စက်ဖြင့် သန့်ရှင်းခြင်း
သင့်ကားအတွင်းပိုင်းကို ဖုန်မစုပ်ခင် ပထမဆုံး ဘရပ်တစ်ခုနှင့် ဖုန်မှုန့်များကို သင့်ရှင်းသန့်ပါတယ်။ ဖုန်တွေကိုဖယ်ရှားဖို့ သေးငယ်တဲ့ ပန်းချီစုတ်တံတစ်ခုအသုံးပြုပါ။ ပြီးမှ ဖုန်စုပ်စက်ဖြင့် ဖုန်စုပ်ပေးပါ။
၇။ Coke
သံချေးအစွန်းအထင်းတွေ၊ အစက်အပြောက်တွေ ဖယ်ရှားတဲ့နေရာမှာ Coke အချိုရည်တွေက အစွမ်းထက်ပါတယ်။ ဒီအချိုရည်မှာ အစွန်းအထင်းတွေကို ဖယ်ရှားနိုင်တဲ့ corrosive ဂုဏ်သတ္တိရှိပါတယ်။ ဂျီးတွေကို ဆေးကြောဖို့ Coke နှင့်အိုးတိုက်စတီးဖတ်ကို အသုံးပြုပါ။ စက်ဝိုင်းပုံလှုပ်ရှားမှုအတိုင်း ပြုလုပ်ရပါမယ်။
#Lifestyle_Myanmar
#TB_Nandar
Source-wmnlife