ကာတြန္းထဲမွာ သြားလာေနရသလို ခံစားရေစမယ့္ ဆိုးလ္ၿမိဳ႕က ေကာ္ဖီဆိုင္

0
449
ဆိုးလ္ၿမိဳ႕က ေကာ္ဖီဆိုင္

ဒီေကာ္ဖီဆိုင္ေလးေတာ့ ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕မွာ ရွိတာပါ။ ေကာ္ဖီဆိုင္ထဲကို ေရာက္သြားရင္ သင္ဟာ ကာတြန္းစာအုပ္ထဲမွာ လမ္းေလွ်ာက္ေနသလို ခံစားရမွာပါ။

ေကာ္ဖီဆိုင္ရဲ႕တံခါးေပါက္ကေန ဝင္လိုက္ၿပီဆိုတာနဲ႔ နံရံေတြ၊ ၾကမ္းျပင္ေတြကေန ပရိေဘာဂေတြ၊ အိုးခြက္ပန္းကန္ေတြအထိ အတြင္းပိုင္းအျပင္အဆင္အားလံုးကို comic strips ေတြနဲ႔ မြမ္းမံထားတာကို ေတြ႕ရမွာပါ။ သင္ဟာ ရုပ္ျပကမာၻႀကီးထဲ ေရာက္သြားသလို ခံစားရမွာပါ။ ဒီေကာ္ဖီဆိုင္ေလးက ေသးငယ္ေပမယ့္ ဖြင့္လွစ္ၿပီးေနာက္ လူႀကိဳက္မ်ားလာခဲ့ပါတယ္။ နာမည္ႀကီး Yeonman-dong ခရိုင္မွာတည္ရွိတာေၾကာင့္ ေကာ္ဖီဆိုင္ရဲ႕လိပ္စာကို Cafe Yeonnam-dong 239-20 လို႔ေခၚပါတယ္။ သင္ဟာသရုပ္ေဖာ္ပံုေတြ၊ ရုပ္ျပေတြႀကိဳက္တဲ့သူဆိုရင္ ေနာက္တစ္ခ်ိန္ ဆိုးလ္ကိုသြားလည္တဲ့အခါ ဒီေကာ္ဖီဆိုင္ေလးကို သြားဖို႔ မေမ့ပါနဲ႔ေနာ္။


#Lifestyle_Myanmar
#LM_Nandar

Unicode

ကာတွန်းထဲမှာ သွားလာနေရသလို ခံစားရစေမယ့် ဆိုးလ်မြို့က ကော်ဖီဆိုင်
ဒီကော်ဖီဆိုင်လေးတော့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ရှိတာပါ။ ကော်ဖီဆိုင်ထဲကို ရောက်သွားရင် သင်ဟာ ကာတွန်းထဲမှာ လမ်းလျှောက်နေသလို ခံစားရမှာပါ။ ကော်ဖီဆိုင်ရဲ့တံခါးပေါက်ကနေ ဝင်လိုက်ပြီဆိုတာနဲ့ နံရံတွေ၊ ကြမ်းပြင်တွေကနေ ပရိဘောဂတွေ၊ အိုးခွက်ပန်းကန်တွေအထိ အတွင်းပိုင်းအပြင်အဆင်အားလုံးကို comic strips တွေနဲ့ မွမ်းမံထားတာကို တွေ့ရမှာပါ။

သင်ဟာ ရုပ်ပြကမ္ဘာကြီးထဲ ရောက်သွားသလို ခံစားရမှာပါ။ ဒီကော်ဖီဆိုင်လေးက သေးငယ်ပေမယ့် ဖွင့်လှစ်ပြီးနောက် လူကြိုက်များလာခဲ့ပါတယ်။ နာမည်ကြီး Yeonman-dong ခရိုင်မှာတည်ရှိတာကြောင့် ကော်ဖီဆိုင်ရဲ့လိပ်စာကို Cafe Yeonnam-dong 239-20 လို့ခေါ်ပါတယ်။ သင်ဟာသရုပ်ဖော်ပုံတွေ၊ ရုပ်ပြတွေကြိုက်တဲ့သူဆိုရင် နောက်တစ်ချိန် ဆိုးလ်ကိုသွားလည်တဲ့အခါ ဒီကော်ဖီဆိုင်လေးကို သွားဖို့ မမေ့ပါနဲ့နော်။


#Lifestyle_Myanmar
#LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here