ကလေး မအိပ်လို့ မြန်မြန်အိပ်အောင်ဆိုပြီး ဘီယာတိုက်တဲ့ အိမ်ဖော်ကလေးထိန်း

0
2145
အိမ်ဖော်ကလေးထိန်း
အိမ်ဖော်ကလေးထိန်း

Coconuts သတင်းရဲ့ တင်ပြချက်အရ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အသက် ၂၀ အရွယ် အိမ်ဖော်အလုပ် လုပ်ကိုင်တဲ့ အင်ဒိုနီးရှားအမျိုးသမီးဟာ ကလေး မအိပ်လို့ မြန်မြန်အိပ်အောင် ဆိုပြီး သူသောက်နေတဲ့ ဘီယာကို ကလေးကို တိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ကလေးထိန်း တိုက်ခဲ့တဲ့ဘီယာဟာ Bintang အမှတ်တံဆိပ်ပါ ဘီယာအမျိုးအစားဖြစ်ပြီး သူမသောက်နေရင်း ကလေးကိုပါ တိုက်ခဲ့တာပါ။ ပြီးတဲ့အခါ ဒီအဖြစ်အပျက်ကို သူမကိုယ်တိုင်ပဲ အရှေ့မှာ ဖုန်းထောင်ပြီ Video ရိုက်ကူးခဲ့ပါတယ်။

-Advertisement-

ကာယကံရှင်ကလေးရဲ့ မိခင်ဖြစ်သူက ဒီအကြောင်းကို သိတဲ့ အခါ အရမ်းကို ဒေါသဖြစ်မိပြီး အဆိုပါ ကလေးထိန်းရဲ့ လုပ်ရပ်ကို လူအများသိအောင် သူမရိုက်ကူးထားတဲ့ Video ကို facebook စာမျက်နှာပေါ်မှာ တင်ခဲ့ပါတယ်။ ပြီးတဲ့အခါ မိခင်ဖြစ်သူက သူမရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ပြစ်မှုကျူးလွန်ခဲ့တာကြောင့် တာဝန်ရှိအာဏာပိုင်များအနေနဲ့ ထိုက်တဲ့ ပြစ်မှုမျိုးပေးဖို့အတွက် တောင်းဆိုခဲ့ပါသေးတယ်။

ကလေးရဲ့ မိခင်ဖြစ်သူက Facebook သုံးစွဲသူတွေကို သူမကဲ့သို့ အဖြစ်မျိုးတွေဖြစ်အောင် မိမိကိုယ်တိုင်မဟုတ်ဘဲ ကိုယ့်ကလေးကို အခြားသူ လက်ထဲအပ်ထားခဲ့ရမယ်ဆိုရင် သေသေချာချာ စုံစမ်းစစ်ဆေးပြီးမှ ထားခဲ့သင့်ကြောင်းနဲ့ အိမ်ဖော်ကလေးထိန်းရဲ့ အပျက်သဘောဆောင်တဲ့ လုပ်ရပ်ကို လူအများသိအောင်ဆိုပြီး အခုလို Facebook ပေါ်မှာ မျှဝေရခြင်းဖြစ်တယ်လို့ဆိုပါတယ်။

#Lifestyle_Myanmar

#Thar_Nage

ဇနီးနဲ့ ကလေးဆုံးသွားလို့ ကလေးရဲ့ ကိုယ်တွင်းအင်္ဂါကို လှူဖို့ ဆုံးဖြတ်လိုက်တဲ့ ဖခင်

Zawgyi fonts

ကေလး မအိပ္လို႔ ျမန္ျမန္အိပ္ေအာင္ဆိုၿပီး ဘီယာတိုက္တဲ့ အိမ္ေဖာ္ကေလးထိန္း
Coconuts သတင္းရဲ့ တင္ျပခ်က္အရ ၿပီးခဲ့တဲ့ ရက္ပိုင္းမွာ အသက္ ၂၀ အရြယ္ အိမ္ေဖာ္အလုပ္ လုပ္ကိုင္တဲ့ အင္ဒိုနီးရွားအမ်ိဳးသမီးဟာ ကေလး မအိပ္လို႔ ျမန္ျမန္အိပ္ေအာင္ ဆိုၿပီး သူေသာက္ေနတဲ့ ဘီယာကို ကေလးကို တိုက္ခဲ့တယ္လို႔ ဆိုပါတယ္။ အဆိုပါ ကေလးထိန္း တိုက္ခဲ့တဲ့ဘီယာဟာ Bintang အမွတ္တံဆိပ္ပါ ဘီယာအမ်ိဳးအစားျဖစ္ၿပီး သူမေသာက္ေနရင္း ကေလးကိုပါ တိုက္ခဲ့တာပါ။ ၿပီးတဲ့အခါ ဒီအျဖစ္အပ်က္ကို သူမကိုယ္တိုင္ပဲ အေရွ႕မွာ ဖုန္းေထာင္ၿပီ Video ရိုက္ကူးခဲ့ပါတယ္။

ကာယကံရွင္ကေလးရဲ့ မိခင္ျဖစ္သူက ဒီအေၾကာင္းကို သိတဲ့ အခါ အရမ္းကို ေဒါသျဖစ္မိၿပီး အဆိုပါ ကေလးထိန္းရဲ့ လုပ္ရပ္ကို လူအမ်ားသိေအာင္ သူမရိုက္ကူးထားတဲ့ Video ကို facebook စာမ်က္ႏွာေပၚမွာ တင္ခဲ့ပါတယ္။ ၿပီးတဲ့အခါ မိခင္ျဖစ္သူက သူမရဲ့ ယုံၾကည္မွုကို အလြဲသုံးစားလုပ္ၿပီး ျပစ္မွုက်ဴးလြန္ခဲ့တာေၾကာင့္ တာဝန္ရွိအာဏာပိုင္မ်ားအေနနဲ႔ ထိုက္တဲ့ ျပစ္မွုမ်ိဳးေပးဖို႔အတြက္ ေတာင္းဆိုခဲ့ပါေသးတယ္။

ကေလးရဲ့ မိခင္ျဖစ္သူက Facebook သုံးစြဲသူေတြကို သူမကဲ့သို႔ အျဖစ္မ်ိဳးေတြျဖစ္ေအာင္ မိမိကိုယ္တိုင္မဟုတ္ဘဲ ကိုယ့္ကေလးကို အျခားသူ လက္ထဲ အပ္ထားခဲ့ရမယ္ဆိုရင္ ေသေသခ်ာခ်ာစုံစမ္းစစ္ေဆးၿပီးမွ ထားခဲ့သင့္ေၾကာင္းနဲ႔ အိမ္ေဖာ္ကေလးထိန္းရဲ့ အပ်က္သေဘာေဆာင္တဲ့ လုပ္ရပ္ကို လူအမ်ားသိေအာင္ဆိုၿပီး အခုလို Facebook ေပၚမွာ မၽွေဝရျခင္းျဖစ္တယ္လို႔ဆိုပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here