ကလေးရှိတဲ့ မိသားစုများထက် ပိုပြီးပျော်စရာကောင်းတဲ့ မိသားစုဆိုတာ

0
14

လက်မထပ်ရသေးတဲ့ အမျိုးသမီးတွေက ပျော်ရွှင်မှုနဲ့ ထိတွေ့ရဆုံးလို့ ဆိုကြပါတယ်။ ဒါပေမယ့် သားသမီးရှိတဲ့ မိဘများကိုတော့မမှီကြပါဘူးတဲ့။ အဲ့ဒီထက် ပိုပြီးပျော်စရာကောင်းတာက အရွယ်ရောက်ပြီးတဲ့သားသမီးရှိတဲ့ မိဘတွေလို့ လေ့လာချက်အသစ်တစ်ခုအရ သိရှိခဲ့ရပါတယ်။ ဘာလို့လည်းဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

-Advertisement-

သုတေသီများက လူ ၅၅၀၀၀ ကိုစစ်တမ်းကောက်ယူခဲ့ပါတယ်

ဂျာမနီနိုင်ငံ ဟမ်းဘတ်တက္ကသိုလ်က သုတေသီများက အသက် ၅၅ အထက် လူပေါင်း ၅၅၀၀၀ ကိုလေ့လာကြည့်ခဲ့ရာမှာတော့ အရွယ်ရောက်ပြီး ကိုယ့်ခြေထောက်ပေါ်ရပ်တည်နေတဲ့ သားသမီးများရဲ့မိဘများဟာ ဘဝအပေါ်ပိုပြီး စိတ်အားထက်သန် ပျော်ရွှင်လာကြပါသတဲ့။ သူတို့ဟာ စိတ်ဓါတ်ကျတာမျိုး၊ လစ်လျူရှုခြင်းလက္ခဏာတွေ နည်းပါးလာတာကိုတွေ့ရပါတယ်တဲ့။ သားသမီးများကိုစောင့်ရှောက်ဖို့၊ ငွေကြေးဥစ္စာရှာဖွေဖို့ စတာတွေအတွက် လုံးပန်းခဲ့ရတာကြောင့် သူတို့ရဲ့ ကိုယ်ပိုင် ဝါသနာတွေကို ပြုလုပ်ဖို့ စွန့်လွှတ်ထားခဲ့ရပါတယ်။ သားသမီးများအရွယ်ရောက်လာပြီး အတောင်အလက်စုံလို့ အသိုက်ကနေ ပျံထွက်သွားတဲ့ အချိန်မျိုးမှာတော့ ဖိအားတွေနည်းပါးလာပြီး သူတို့မှာ သူတို့ကိုယ်ပိုင်အချိန်လေးတွေကို ပြန်လည်ရရှိလာကြပါတယ်။

ဒါပေမယ့် သားသမီးများကတော့ မိဘတွေနဲ့ အဆက်အသွယ်မပြတ်ဖို့လိုပါတယ်

အသက်အရွယ်ကြီးပြင်းလာတဲ့အခါမှာတော့ သားသမီးများကို အရင်လိုစောင့်ရှောက် မနေနိုင်တော့ပေမယ့် မိဘဆိုတာ သားသမီးများကို စိုးရိမ်ပူပန်တတ်ကြတာဘဲမို့ မိမိသည် ယုံကြည်စိတ်ချစရာကောင်းပြီး ကိုယ့်ခြေထောက်ပေါ်အပြည့်အဝရပ်တည်နေနိုင်ပြီဖြစ်ကြောင်း မိဘများသိစေဖို့လိုအပ်ပါတယ်။ ဒါမှသာ မိဘနဲ့ခွဲနေရခြင်းအတွက် မိဘများအပေါ် အကျိုးရှိစေမှာဖြစ်ပါတယ်။ အမြဲတမ်းမဟုတ်ရင်တောင်မှ တတ်နိုင်သလောက် မိဘများဆီအလည်အပတ်ပြန်တာမျိုး၊ ဖုန်းဆက်စကားပြောတာမျိုးဖြစ်ဖြစ်လုပ်ပေးသင့်ပါတယ်။ မိဘများကို အထီးကျန်စိတ်ခံစားရတာမျိုးမှဝေးစေနိုင်သလို ကျန်းမာရေးလိုအပ်ချက်များကိုလည်း တစ်ဖန်ပြန်လည်စောင့်ရှောက်ပေးနိုင်မှာဖြစ်ပါတယ်။

တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ တော့မတူညီနိုင်ပါဘူး

ပိုမိုကောင်းမွန်တဲ့ ကလေးစောင့်ရှောက်ပံ့ပိုးမှုစနစ်ရှိတဲ့ နော်ဝေးလိုနိုင်ငံမျိုး၊ ဆွီဒင်လိုနိုင်ငံမျိုးမှာတော့ မိဘခွင့်လစာနဲ့ ကလေးစောင့်ရှောက်မှုခံစားခွင့်တွေရရှိထားတာမို့ အရွယ်ရောက်ပြီးတဲ့ သားသမီးများနဲ့ အတူတူနေထိုင်တာက အခြားသောကလေးမရှိတဲ့ ရွယ်တူများထက် ဘဝကို ပိုပြီး ကျေနပ်ပျော်ရွှင်ကြမှာဖြစ်ပါတယ်။

#Lifestyle_myanmar

#Dmo_aung

#Ref- Brightside

LEAVE A REPLY

Please enter your comment!
Please enter your name here