ကလေးရဲ့ လက်ချောင်းကြွက်သားလှုပ်ရှားမှုကို အားကောင်းစေဖို့ ကစားနည်းများနဲ့ သိကောင်းစရာများ

0
16

ကလေးရဲ့ fine motor skill (လက်ချောင်းကြွက်သားငယ်လေးတွေ လှုပ်ရှားမှု)က အသက် ၁၈လကနေ ၃နှစ်အထိ သိသာသာသာ စတင်ဖွံ့ဖြိုးပါတယ်။ သူတို့ရဲ့လက်တွေနဲ့ အရာဝတ္တုသေးသေးလေးတွေကို ဆုပ်ကိုင်ပြီး ကျွမ်းကျင်စွာကိုင်တွယ်နိုင်စွမ်းက အချိန်ကြာလာတာနဲ့အမျှ ဖွံ့ဖြိုးလာတာပါ။
စာရေးဖို့အဆင်သင့်ဖြစ်တဲ့အချိန်ကတော့ fine motor skills လို့ခေါ်တဲ့ ကြွက်သားငယ်လေးတွေ လှုပ်ရှားမှု သန်မာလာတဲ့အချိန်ပါ။ သီအိုရီအရ အသက် ၃နှစ်ကျော်လာရင် ကလေးအများစုဟာ အခက်အခဲမရှိဘဲ သူတို့ရဲ့လက်တွေနဲ့ သေးငယ်တဲ့ အရာဝတ္တုတွေကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်စွမ်း ရှိနေသင့်ပါတယ်။ သို့သော်လည်း ဒီအချိန်မှာ သင့်လျော်တဲ့ fine motor skills မဖွံ့ဖြိုးသေးတဲ့ ကလေးဟာ ရာခိုင်နှုန်းအနည်းငယ်ရှိပါတယ်။
ဒီလိုဖြစ်ရတာက သူတို့အသက်အရွယ်နှင့်အညီ သူတို့ရဲ့လက်ချောင်းကြွက်သားလှုပ်ရှားမှုဟာ သင့်လျော်တဲ့ ဖွံ့ဖြိုးတိုးတတ်မှုကို မရောက်ရှိတာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့နှင့်အတူ ဒီကျွမ်းကျင်မှုတွေကို လေ့ကျင့်ပေးဖို့ အရေးကြီးပါတယ်။
ဒီနည်းလမ်းက အချိန်ကြာလာတာနဲ့အမျှ လက်ရဲ့ကျွမ်းကျင်မှုနှင့်အတူ သူတို့လက်ချောင်းလေးတွေကို ဖွံ့ဖြိုးတိုးတတ်လာစေပါတယ်။

ကလေးရဲ့ fine motor skillsကို တိုးတတ်စေတဲ့ ဂိမ်းတွေနဲ့ တခြားလှုပ်ရှားမှုများ
သင့်ကလေးရဲ့ လက်ချောင်းကြွက်သားတွေ လှုပ်ရှားမှုကို တိုးတတ်စေဖို့ ကူညီနိုင်တဲ့ ဂိမ်းအမျိုးမျိုးကို စတိုးဆိုင်တွေမှာ ဝယ်ယူလို့ရပါတယ်။ ကလေးအတွက် အရေးကြီးဆုံးကတော့ ဒီအရေးပါတဲ့ skill တွေဖွံ့ဖြိုးတိုးတတ်မှုမှာ ပြဿနာတွေကို တားဆီးဖို့ အစောပိုင်း အသက်အရွယ်မှာ သူတို့ကို အသုံးပြုဖို့ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ သင့်ကလေးဟာ သူတို့ရဲ့ပတ်ဝန်းကျင်နှင့်အတူ အပြန်အလှန်ဆက်ဆံနိုင်မယ့် လှုပ်ရှားမှုအနည်းငယ်ကို တွေ့ရပါလိမ့်မယ်။
သို့သော် fine motor skill ဖွံ့ဖြိုးတိုးတတ်မှုက သင့်ကလေးရဲ့ ဖွံ့ဖြိုးမှု၊ ရင့်ကျက်မှုနှင့်အညီ ဖြစ်ပျက်တယ်ဆိုတာ မမေ့ပါနဲ့။ သင့်ကလေးရဲ့ လက်ချောင်းကြွက်သားလှုပ်ရှားမှုကို အားကောင်းလာစေဖို့ ကူညီပေးနိုင်တဲ့ လေ့ကျင့်ခန်းများကတော့

ကစားခြင်းနဲ့ အခြားလှုပ်ရှားမှုများ
ကလေးကစားစရာ အရုပ်တွေကို စတိုးဆိုင်တွေမှာ မျာပြားစွာဝယ်ယူရရှိနိုင်ပြီး ကစားခြင်းဟာ ကလေးရဲ့လက်ချောင်းလှုပ်ရှားမှုနဲ့ ကြွက်သားတွေကို သန်မာစေပါတယ်။ ဒီလိုလက်ချောင်းလှုပ်ရှားမှုနဲ့ လက်ချောင်းကြွက်သားသန်မာမှုဟာ ကလေးအရွယ်ရောက်လာတဲ့အချိန် ကြွက်သားနဲ့ပတ်သတ်တဲ့ ပြဿနာတွေကို ကာကွယ်နိုင်ဖို့အတွက် အရေးကြီးတဲ့ အရာြဖစ်ပါတယ်။ တကယ်လို့ကလေးမှာ အာဟာရချို့တဲ့မှုနဲ့ နှေးကွေးမှုတွေရှိလျှင် ယခုဖော်ပြတဲ့လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးဖို့ မမေ့ပါနဲ့။
လက်ဖဝါးတွေကို ဆုပ်ချည်ဖြန့်ချည်လုပ်ပေးပါ
ချိုမိုင်မိုင်ကစားနည်းဟာ ကလေးရဲ့လက်ချောင်းကြွက်သားတွေကို ပိုမိုသန်စွမ်းလာစေပြီး မြန်ဆန်စွာလှုပ်ရှားနိုင်စေဖို့ အထောက်အကူဖြစ်စေပါတယ်။

အရာဝတ္တုတွေကို ကိုင်တွယ်ခြင်း လွှတ်ချခြင်းတွေကို ပိုမိုမြန်ဆန်အောင် လေ့ကျင့်ပေးပါ။
ပလက်စတစ်ရွှံ့ နဲ့ကစားစေခြင်း၊ ဒရမ် ဂစ်တာကဲ့သို့ တူရိယာကစားစရာများနဲ့ ကစားခြင်းဟာ ကလေးရဲ့ လက်ချောင်းသန်စွမ်းမှု ကိုများစွာအထောက်အကူဖြစ်စေပါတယ်။
ပုံဆွဲခြင်း၊ ဆေးချယ်ခြင်း စတဲ့လေ့ကျင့်ခန်းတွေဟာ ကလေးရဲ့ motor skill နဲ့ဉာဏ်ရည်ဉာဏ်သွေးကို များစွာအထောက်အကူ ဖြစ်စေတာကြောင့် အားပေးသင့်ပါတယ်။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here