ကလေးရဲ့အနာဂတ်ရှေ့ရေးကို ပျက်စီးယိုယွင်းသွားစေနိုင်တဲ့ မိဘတွေရဲ့ အုပ်ထိန်းမှုအမှားများ

0
480
- Advertisement -

လူသားအားလုံးက အမှားနဲ့မကင်းဘူးဆိုသလိုပဲ မိဘတွေဟာလည်း သားသမီးတွေကို ထိန်းကျောင်းပြုစုပျိုးထောင်ရာမှာ တစ်ခါတစ်လေတော့ အမှားလုပ်မိတတ်ကြတာပါပဲ။ အရွယ်ရောက်လို့ လူကြီးဖြစ်လာသည့်တိုင်အောင် အစစအရာရာ ပြီးပြည့်စုံသေးတာမဟုတ်လို့ ကိုယ့်ရဲ့အပြုအမူတွေက အပြင်ပန်းမှာ ဘယ်လိုပုံစံဖြစ်နေမလဲ၊ အနာဂတ်မျိုးဆက်လေးတွေအပေါ်မှာ ဘယ်လိုသက်ရောက်သွားမလဲဆိုတာကို အမြဲတမ်းနားမလည်နိုင်ပါဘူး။ တချို့ပြုစုထိန်းကျောင်းနည်းတွေဟာဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးတွေကို ပိုဖြစ်စေနိုင်လို့ ဘယ်လိုအမှားတွေကို ရှောင်ကြဥ်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

-Advertisement-

၁။ ကလေးကို လူအများအရှေ့မှာ အပြစ်ပြောခြင်း

တစ်ခါတစ်ရံ မိဘတွေဒေါသထွက်လာပြီဆိုရင် အော်ဟစ်ပြီး တခြားလူ သူစိမ်းတွေအရှေ့မှာ အပြစ်ပေးတတ်ကြပါတယ်။ မိဘတွေအတွက်တော့ ဘေးလူတွေကို အာရုံမရှိပေမယ့်လည်း ကလေးတွေအတွက်ကတော့ ပတ်ဝန်းကျင်က လူတွေရဲ့အမြင်ကို အများကြီးဂရုစိုက်ပါတယ်။ အခုလို လူအများရှေ့မှာ ကလေးကိုအရှက်ခွဲလိုက်ခြင်းက သူတို့လေးတွေရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှု ပျက်ပြားသွားစေပြီး အချိန်ကြာတဲ့အထိ ရှက်စိတ်ဝင်သွားစေပါတယ်။

၂။ သူတို့ခံခဲ့ရတဲ့အတိုင်း ပြန်လည်ပြုမူခြင်း

မိဘတွေငယ်စဥ်ဘဝက ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေအတိုင်း ကိုယ်မွေးလာတဲ့ သားသမီးတွေအပေါ်မှာ လိုက်လံပြုမူစရာမလိုပါဘူး။ အပြစ်ပေးတယ်ဆိုတိုင်း ကလေးအားလုံးက ပြောစကားနားထောင်ပြီး ကိုယ်လိုချင်သလို ကြီးလာမှာမဟုတ်တာကြောင့် နည်းလမ်းပြောင်းပြီး ထိန်းကျောင်းသင့်ပါတယ်။

၃။ ကိုယ့်အတွက်သာ ကိုယ်ကြည့်ခြင်း

ကလေးတွေကို မကြာခဏ ဖက်ပေးခြင်း၊ ချစ်တယ်လို့ မပြောခြင်းတို့က အချိန်ကြာလာရင် စိတ်ပိုင်းဆိုင်ရာအရ မိသားစုဆီကနေ ကင်းဝေးသွားနိုင်ပါတယ်။ သူတို့လေးတွေရဲ့ ခံစားချက်တွေ၊ ထင်မြင်ချက်တွေကို နားထောင်မပေးသည့်အခါ၊ လျစ်လျူရှုသလိုမျိုး ပြုမူသည့်အခါ ကိုယ့်ရဲ့ကလေးတွေကလည်း တခြားသူတွေအပေါ်မှာ တစ်ပုံစံတည်း ပြုမူလာနိုင်ပါတယ်။

၄။ အကျင့်ဆိုးများ

မိဘတွေဟာ ကလေးတွေရဲ့ စံပြပုဂ္ဂိုလ်ပါ။ မိခင်တွေရဲ့ အလေ့အကျင့်တွေဟာ သူတို့ရဲ့သားသမီးတွေအပေါ်မှာ အများကြီးလွှမ်းမိုးနေပါတယ်။ ကျန်းမာရေးကို လိုက်စားတတ်တဲ့ အမျိုးသမီးတွေအတွက် သူတို့ရဲ့သားသမီးတွေဆီမှာ အဝလွန်ခြင်းဖြစ်နိုင်ခြေက ၇၅ ရာခိုင်နှုန်းလောက်ထိကို လျော့နည်းနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်စွာ နေထိုင်ပြုမူမယ်၊ လေ့ကျင့်ခန်းမှန်မှန်လုပ်မယ်၊ ဆေးလိပ်မသောက်ဘူး၊ အရက်မသောက်ဘူးဆိုရင် ကလေးတွေအတွက်လည်း အများကြီးကောင်းကျိုးဖြစ်စေပါလိမ့်မယ်။

၅။ အရမ်းအလိုလိုက်ခြင်း

မိဘဆိုတဲ့အတိုင်း သားသမီးကို အချစ်လွန်လွန်းလို့ သူတို့တောင်းသမျှ၊ ပူဆာသမျှကို အလိုလိုက်ရတာလည်း အမောပါပဲ။ ဒါပေမယ့် ကလေးအရွယ်ကတည်းက လိုချင်တာမှန်သမျှ ဝယ်ပေးထားမယ်ဆိုရင် တစ်ခြားသူအတွက် ဘာစဥ်းစားစာနာမှုမှမရှိတဲ့ လူတစ်ယောက်အဖြစ် ကြီးပြင်းလာပါလိမ့်မယ်။

၆။ အပြောအဆို၊ အပြုအမူကြမ်းတမ်းခြင်း

ကလေးတွေအနေနဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို မိဘတွေရဲ့ အပြုအမူတွေကိုကြည့်ပြီးတော့ အမြဲသင်ယူတတ်ကြပါတယ်။ မိဘတွေက အမြဲတမ်း ကြမ်းကြမ်းတမ်းတမ်း၊ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူတတ်တယ်ဆိုရင် ကလေးတွေကလည်း ပုံစံတူ လိုက်ပြီးပြုမူကြပါလိမ့်မယ်။

#Lifestyle_Myanmar

#Thinzar

Ref- brightside

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here