ကလေးများအတွက် လိင်ပိုင်းဆိုင်ရာ အယူအဆများ

ကလေးများအတွက် လိင်ပိုင်းဆိုင်ရာ အယူအဆများ

0
145

ကလေးဘ၀ဆိုတာ လူတစ်ဦးရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အဆင့်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ကလေးသူငယ်တွေ လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုတွေဖြစ်ရတာဟာ သူတို့ရဲ့ လူမှုပတ်၀န်းကျင်နှင့် ကြီးပြင်းလာမှုရဲ့ လွှမ်းမိုးမှုနှင့် ဆက်စပ်နေပါတယ်။ တစ်ချို့ကလည်း မျိုးရိုးဗီဇနှင့် ဟော်မုန်းနှင့်လည်း သက်ဆိုင်ပါတယ်။ ကလေးဘ၀မှာကတည်းက ကလေးတွေဟာ အရွယ်ရောက်ပြီးသားသူတွေရဲ့အပြုအမူအတိုင်း အတုခိုးတတ်ကြတယ်။ ဒါ့အပြင် သူတို့ရဲ့ လိင်တိမ်းညွှတ်မှုက လူတစ်ဦးချင်းစီရဲ့ ဆက်ဆံရေး၊ အခြေအနေတွေရဲ့ ရလဒ်တစ်ခုဖြစ်ပါတယ်။
ကလေးများအတွက် သူတို့ရဲ့ လိင်ဆိုင်ရာလက္ခဏာကို ဘယ်လိုဖွံ့ဖြိုးတိုးတက်စေကြောင်းရှင်းပြဖို့ ကြိုးစားသော သီအိုရီများစွာရှိပါတယ်။

-Advertisement-

လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှုဆိုတာ သင်ပြင်ဆင်နိုင်သောအရာတစ်ခုမဟုတ်

ကျွန်မတို့သိတဲ့အတိုင်း လိင်စိတ်တိမ်းညွှတ်မှုဆိုတာ တခြားလူတွေအပေါ် မှာ ကျွန်မတို့ ခံစားရတဲ့ ဆွဲဆောင်မှုနဲ့ ဆက်စပ်နေပါတယ်။ အကယ်၍များ ဒီဆွဲဆောင်မှုတွေက လိင်တူချင်း၊ လိင်တူဆက်ဆံသူများကိုသာလျှင် ဦးတည်နေမယ်ဆိုရင် လိင်တူဆက်ဆံသူအဖြစ် သတ်မှတ်ပါတယ်။ နောက်ထပ်ရှင်းရှင်းလင်းလင်းလုပ်ချင်တဲ့အရာတစ်ခုရှိပါတယ်။ လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုက သင်ပြုပြင်ပြောင်းလဲနိုင်သည့်အရာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကျွန်မတို့အနေနဲ့ လူတွေကို လိင်တူဆက်ဆံသူ (သို့) လိင်ကွဲတွေအဖြစ် မဆုံးဖြတ်သင့်ပါဘူး။

ကလေးများအတွက်

လိင်ပိုင်းဆိုင်ရာ ၀ိသေသလက္ခဏာကတော့ နို့စို့အရွယ်ကတည်းက ဖွံ့ဖြိုးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ တစ်ချို့ဖြစ်ရပ်တွေမှာ လူတွေဟာ လူကြီးဘ၀မရောက်မချင်း လိင်ပိုင်းဆိုင်ရာတိမ်းညွတ်မှုအား ထပ်မံအတည်ပြုခြင်းမရှိပါဘူး။ ကလေးများကြီးပြင်းလာတာနဲ့ အမျှ ကလေးဘ၀ရဲ့ နောက်ဆုံးအဆင့်မြီးကောင်ပေါက်အရွယ်မှာ လိင်ဆွဲဆောင်မှုနှင့် အလိုဆန္ဒပေါ်လာပါတယ်။ ဆယ်ကျော်သက်များဟာ သူတို့ရဲ့ ကိုယ်ခန္ဓာ၊ အရသာ၊ အကြိုက်နှင့် ခံစားချက်တွေကို စပြီးတွေ့ရှိလာကြပါတယ်။ ဒါတွေအားလုံးဟာ လိင်ပိုင်းဆိုင်ရာ လက္ခဏာတွေ တည်ဆောက်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
လိင်တူကိစ္စတွေမှာ တစ်ဦးချင်းက ကွဲပြားခြားနားစွာ ခံစားကြပြီး ကွာခြားချက်တွေက သူတို့ကို အံ့အားသင့်စေပါတယ်။ နောက်ပိုင်းအဆင့်မှာ လူမှုရေးအဆက်အသွယ်များကို စတင်သတိပြုမိလာပြီး သူတို့ရဲ့ အခြေအနကို လက်ခံလာကြတယ်။ ဒီရှာတွေ့ရှိမှုတွေက မြီးကောင်ပေါက်အရွယ်မှာ ပြုလုပ်သောအခါ အလွန်စိတ်သောကရောက်စေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စကားပြောကြတဲ့အခါ လူအများစုမှာ အသိညဏ်မလုံလောက်မှုက ကြောက်ရွှံ့မှုကို ဩဇာသက်ရောက်စေပါတယ်။

မိဘတွေရဲ့စိုးရိမ်ပူပန်မှုများ

လိင်တူဆက်ဆံခြင်းကို ဖော်ထုတ်ခြင်းက မိဘတွေအတွက် အလွန်စိုးရိမ်စရာကိစ္စဖြစ်ပါတယ်။ သူတို့ဟာ သူတို့ကလေးတွေဟာ ၀ေဖန်မှုများ၊ ခွဲခြားဆက်ဆံမှုများနှင့် အခွင့်အလမ်းနည်းပါးခြင်းတို့ရဲ့ သားကောင်များဖြစ်လာလိမ့်မယ်လို့ စိုးရိမ်တာကြောင့်ဖြစ်ပါတယ်။
ဒါ့အပြင် သူတို့ရဲ့ ကလေးများအပေါ်မိဘများရဲ့ ခြွင်းချက်မရှိသော ချစ်ခြင်းမေတ္တာကြောင့် လိင်တူဆက်ဆံခြင်းကို ငြင်းပယ်ခြင်းမကြာခဏဖြစ်ပွားလေ့ရှိပါတယ်။ ကလေးသူငယ်များအတွက် ယုံကြည်စိတ်ချမှုရှိစေဖို့ ဒီအဆင့်ကို ကျော်ဖြတ်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဒီအထောက်အပံ့က မိဘများသာမက ကလေးများအတွက် များစွာအကျိုးရှိပါတယ်။

လူမှုဆက်ဆံရေးက အဓိကသော့ချက်

တစ်ချို့ကိစ္စတွေမှာ မိဘတွေဟာ သူတို့ရဲ့ ကလေးများနှင့် အဆက်အသွယ်ပြတ်နေတတ်ပါတယ်။ တစ်ခါတလေ သူတို့က ရှက်တတ်ဖို့ ဒီလိုလုပ်ကြတာပါ။ တိတ်ဆိတ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် တားမြစ်ခြင်းတွေက ဖြေရှင်းတာထက်ပိုသော ပြဿနာများကိုသာ ဖြစ်ပေါ်စေကြောင်း သတိပြုဖို့ အရေးကြီးပါတယ်။ လိင်မှုကိစ္စ (သို့) လိင်ကွဲဖြစ်ခြင်းက လူတို့ရဲ့ အမွေအနှစ်ဖြစ်တယ် ဆိုတဲ့ ယုံကြည်ချက်က မိဘများနှင့် ကလေးများအကြားဆက်နွယ်မှုကို အကျိုးသက်ရောက်မှုတွေရှိပါတယ်။ ဒါဟာ လုံး၀မှားယွင်းသော ယုံကြည်ချက်ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ မိဘများ စိတ်ပိုင်းဆိုင်ရာ ကုသမှု သူတို့ရဲ့ ကလေးရဲ့ လိင်တူဆက်ဆံခြင်း ဟာ ပျောက်ကင်းစေလိမ့်မယ်ဆိုရင် ယုံကြည်ချက်ကို ရှောင်သင့်ပါတယ်။

အချိန်က ပြောင်းလဲပေးနိုင်ခြင်း

မကြာသေးမီနှစ်များအတွင်းက လိင်တူဆက်ဆံခြင်းအပေါ်ထားရှိသော သဘောထားတွေက အတော်လေးပြောင်းလဲသွားပါတယ်။ လူ့အဖွံ့အစည်းတွေ သွားစရာလမ်းတစ်လျှောက်မှာ လိင်တူချင်းစုံတွဲများစွာက ရာသက်ပန်ဆက်ဆံရေးထိန်းသိမ်းထားပြီး ကလေးမွေးစားနိုင်ကြပါတယ်။ ပတ်၀န်းကျင်၊ ကြီးပြင်းမှုတွေအရ ကလေးသူငယ်ရဲ့ လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုက အလွန်အရေးကြီးပါတယ်။ နောက်ပိုင်းမှာ သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာအမှတ်အသားကို သတ်မှတ်လို့ မရချင်ပါဘူး။ သင်ယူခြင်း (သို့) ကဲ့ရဲ့ရှုတ်ချခြင်းအပြုအမူများနှင့် မဆိုင်ပါဘူး။ ကလေးဘ၀မှာ စတင်ရှုတ်ထွေးသောလုပ်ငန်းစဥ်ရဲ့ ရလဒ်တစ်ခုဖြစ်ပြီး အခြားသူများက လက်ခံသင့်ပါတယ်။

Lifestyle_Myanmar

Nyein_Thu

sources-Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here