ကလေးထိန်းရ သက်သာအောင် နို့တိုက်တိုင်း နို့ဗူးထဲ အိပ်ဆေး ရောထည့်တဲ့ ကလေးထိန်း

0
2062
နို့ဗူးထဲအိပ်ဆေးရောထည့်တဲ့ကလေးထိန်း
နို့ဗူးထဲအိပ်ဆေးရောထည့်တဲ့ကလေးထိန်း

တစ်ချို့ မိဘတွေဟာ အလုပ်ကိစ္စ ဒါမှမဟုတ် အခြား အဆင်မပြေစရာ ကိစ္စရပ်တွေ ရှိနေတဲ့ အခါမျိုးမှာ သူတို့ရဲ့ ကလေးကို သူစိမ်းတွေ လက်ထဲမှာ ထိမ်းသိမ်းစောင့်ရှောက်ဖို့ အခကြေးငွေး ပေးပြီး ငှားရမ်း ထားတတ်ကြပါတယ်။ ဒါပေမဲ့ ကလေးထိန်းဆိုတာ ကိုယ့်ရဲ့ သွေးသားအရင်းအချာကို ထိန်းသိမ်းရတာ မဟုတ်တဲ့အတွက် တစ်ချို့သူတွေက မိဘကွယ်ရာမှာ လစ်ရင် လစ်သလို လူမဆန်တဲ့ လုပ်ရပ်မျိုးတွေနဲ့ ကိုယ့်သားသမီးအပေါ် ပြုမူ ဆက်ဆံတတ်ပါတယ်။

-Advertisement-

ကိုယ်တိုင်မဟုတ်ဘဲ ကလေးထိန်းငှားထားတဲ့ မိဘတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက febevierza912@ ဆိုတဲ့ Instagram အကောင့်ပိုင်ရှင် Vierza က သူ့မရဲ့ ကိုယ်တွေအဖြစ်အပျက်လေးကို မျှဝေပေးခဲ့ပါတယ်။ ဒါကတော့ သူမ ငှားရမ်းထားတဲ့ ကလေးထိန်းဟာ သူမရဲ့ကလေး နို့တိုက်တဲ့အခါတိုင်း နို့ဗူးထဲမှာ အိပ်ဆေးတွေ ရောရောတိုက်တဲ့ အဖြစ်အပျက်ပဲဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကိုတော့ သူမ သြဂုတ်လ ၁၄ရက်နေ့ကမှ သိလိုက်ရတာပါ။ တရုတ်သတင်းဌာနတစ်ခုရဲ့ အဆိုအရ အင်ဒိုနီးရှားဇနီးမောင်နှံဟာ ကလေးထိန်းဖို့အတွက် ju ဆိုတဲ့ ကလေးထိန်းတစ်ယောက်ကို ငှားရမ်းခဲ့ပါတယ်။ အစပိုင်းမှာတော့ Vierza က Ju ကို သဘောကျခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူမဟာကလေးတွေအပေါ်မှာလည်း သေသေချာချာ ကောင်းကောင်းဂရုစိုက်ပေးလို့ပါပဲ။

ဒါ့ကြောင့် Vierza တို့ ဇနီးမောင်နှံဟာ Ju ဆီမှာ ကလေး၂ယောက်ကို ၃လလောက်တောင် ထားခဲ့ဖို့ ယုံယုံကြည်ကြည် ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Vierza တစ်ယောက် သူမရဲ့ ကလေးတွေဟာ အချိန်အခါမဟုတ် အစောကြီး အိပ်အိပ်သွားတာမျိုး၊ ရှူးပေါက်တာမျိုးလည်း မရှိတော့ဘဲ အနှီးကို စမ်းကြည့်ရင် အမြဲလိုလို ခြောက်နေတာကို သထိထားမိလာပါတယ်။

သူမကလေးနဲ့ ပတ်သတ်ပြီး ကလေးမွေးဖူးတဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေနဲ့ မေးမြန်းကြည့်တဲ့အခါ သူမရဲ့ ကလေးအိပ်ပျော်တာ သာမန်မဟုတ်ကြောင်း သတိထားမိလာပါတယ်။ သူမယုံကြည်လောက်တဲ့ သူတစ်ယောက်က အခုလို လုပ်လိမ့်မယ်လို့ မယုံကြည်ခဲ့ပေမဲ့ နောက်ဆုံးတော့ ကလေးဆို့တဲ့နို့ဗူးထဲမှာ အိပ်ဆေးတွေ ပါလာတာကို လက်ပူးလက်ကြပ် မိခဲ့ပါတယ်။

ကလေးထိန်းဖြစ်သူ ju ဟာ သူမရဲ့ လုပ်ရက်ကို ရဲကို မတိုင်ဖို့ ငိုယိုတောင်းပန်ခဲ့ပြီး အခုလို သူမလုပ်တာဟာ ၃ရက်လောက်ပဲ ရှိပါသေးတယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ဆေးဆိုတဲ့ အမျိုးဟာ သောက်တိုင်းမကောင်းသလို အခုလို ငယ်ရွယ် နုနယ်တဲ့ ကလေးတွေအတွက် ပိုပြီး ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အဲ့ဒါကြောင့် Vierza တို့ ဇနီးမောင်နှံဟာ သူတို့ကလေးတွေကို ဆေးစစ်ချက်တွေယူဖို့ ဆေးရုံကို အမြန်ပို့ဆောင်လိုက်ရပါတယ်။

Ju ကိုတော့ ရဲဆီမှာ တိုင်ကြားတာမျိုး မရှိပေမဲ့ သူမရဲ့ Instagram အကောင့်မှာတော့ သူနဲ့ ပတ်သတ်ပြီး ကလေးမိဘတွေ သတိထား ရှောင်ကြဉ်နိုင်အောင် ပုံနဲ့တစ်ကွ အခုလို မျှဝေပေးခဲ့ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

ဘာသာရေးပွဲတော်မှာ ၁၀ရက်လောက် အလုပ်လုပ်ပြီးနောက် အာဟာရချို့တဲ့ပြီး သေဆုံးသွားတဲ့ ဆင်

Zawgyi Fonts

ကေလးထိန္းရ သက္သာေအာင္ နို႔တိုက္တိုင္း နို႔ဗူးထဲ အိပ္ေဆး ေရာထည့္တဲ့ ကေလးထိန္း
တစ္ခ်ိဳ႕ မိဘေတြဟာ အလုပ္ကိစၥ ဒါမွမဟုတ္ အျခား အဆင္မေျပစရာ ကိစၥရပ္ေတြ ရွိေနတဲ့ အခါမ်ိဳးမွာ သူတို႔ရဲ့ ကေလးကို သူစိမ္းေတြ လက္ထဲမွာ ထိမ္းသိမ္းေစာင့္ေရွာက္ဖို႔ အခေၾကးေငြး ေပးၿပီး ငွားရမ္း ထားတတ္ၾကပါတယ္။ ဒါေပမဲ့ ကေလးထိန္းဆိုတာ ကိုယ့္ရဲ့ ေသြးသားအရင္းအခ်ာကို ထိန္းသိမ္းရတာ မဟုတ္တဲ့အတြက္ တစ္ခ်ိဳ႕သူေတြက မိဘကြယ္ရာမွာ လစ္ရင္ လစ္သလို လူမဆန္တဲ့ လုပ္ရပ္မ်ိဳးေတြနဲ႔ ကိုယ့္သားသမီးအေပၚ ျပဳမူ ဆက္ဆံတတ္ပါတယ္။

ကိုယ္တိုင္မဟုတ္ဘဲ ကေလးထိန္းငွားထားတဲ့ မိဘေတြနဲ႔ ပတ္သက္ၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းက febevierza912@ ဆိုတဲ့ Instagram အေကာင့္ပိုင္ရွင္ Vierza က သူ႔မရဲ့ ကိုယ္ေတြအျဖစ္အပ်က္ေလးကို မၽွေဝေပးခဲ့ပါတယ္။ ဒါကေတာ့ သူမ ငွားရမ္းထားတဲ့ ကေလးထိန္းဟာ သူမရဲ့ကေလး နို႔တိုက္တဲ့အခါတိုင္း နို႔ဗူးထဲမွာ အိပ္ေဆးေတြ ေရာေရာတိုက္တဲ့ အျဖစ္အပ်က္ပဲျဖစ္ပါတယ္။

ဒီအျဖစ္အပ်က္ကိုေတာ့ သူမ ၾသဂုတ္လ ၁၄ရက္ေန႔ကမွ သိလိုက္ရတာပါ။ တ႐ုတ္သတင္းဌာနတစ္ခုရဲ့ အဆိုအရ အင္ဒိုနီးရွားဇနီးေမာင္ႏွံဟာ ကေလးထိန္းဖို႔အတြက္ ju ဆိုတဲ့ ကေလးထိန္းတစ္ေယာက္ကို ငွားရမ္းခဲ့ပါတယ္။ အစပိုင္းမွာေတာ့ Vierza က Ju ကို သေဘာက်ခဲ့ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ သူမဟာကေလးေတြအေပၚမွာလည္း ေသေသခ်ာခ်ာ ေကာင္းေကာင္းဂ႐ုစိုက္ေပးလို႔ပါပဲ။

ဒါ့ေၾကာင့္ Vierza တို႔ ဇနီးေမာင္ႏွံဟာ Ju ဆီမွာ ကေလး၂ေယာက္ကို ၃လေလာက္ေတာင္ ထားခဲ့ဖို႔ ယုံယုံၾကည္ၾကည္ ျဖစ္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Vierza တစ္ေယာက္ သူမရဲ့ ကေလးေတြဟာ အခ်ိန္အခါမဟုတ္ အေစာႀကီး အိပ္အိပ္သြားတာမ်ိဳး၊ ရွူးေပါက္တာမ်ိဳးလည္း မရွိေတာ့ဘဲ အႏွီးကို စမ္းၾကည့္ရင္ အျမဲလိုလို ေျခာက္ေနတာကို သထိထားမိလာပါတယ္။

သူမကေလးနဲ႔ ပတ္သတ္ၿပီး ကေလးေမြးဖူးတဲ့ သူငယ္ခ်င္းေတြ မိတ္ေဆြေတြနဲ႔ ေမးျမန္းၾကည့္တဲ့အခါ သူမရဲ့ ကေလးအိပ္ေပ်ာ္တာ သာမန္မဟုတ္ေၾကာင္း သတိထားမိလာပါတယ္။ သူမယုံၾကည္ေလာက္တဲ့ သူတစ္ေယာက္က အခုလို လုပ္လိမ့္မယ္လို႔ မယုံၾကည္ခဲ့ေပမဲ့ ေနာက္ဆုံးေတာ့ ကေလးဆို႔တဲ့နို႔ဗူးထဲမွာ အိပ္ေဆးေတြ ပါလာတာကို လက္ပူးလက္ၾကပ္ မိခဲ့ပါတယ္။

ကေလးထိန္းျဖစ္သူ ju ဟာ သူမရဲ့ လုပ္ရက္ကို ရဲကို မတိုင္ဖို႔ ငိုယိုေတာင္းပန္ခဲ့ၿပီး အခုလို သူမလုပ္တာဟာ ၃ရက္ေလာက္ပဲ ရွိပါေသးတယ္လို႔ ထြက္ဆိုခဲ့ပါတယ္။ ေဆးဆိုတဲ့ အမ်ိဳးဟာ ေသာက္တိုင္းမေကာင္းသလို အခုလို ငယ္ရြယ္ ႏုနယ္တဲ့ ကေလးေတြအတြက္ ပိုၿပီး ဆိုးက်ိဳးေတြ ျဖစ္ေပၚလာနိုင္ပါတယ္။ အဲ့ဒါေၾကာင့္ Vierza တို႔ ဇနီးေမာင္ႏွံဟာ သူတို႔ကေလးေတြကို ေဆးစစ္ခ်က္ေတြယူဖို႔ ေဆး႐ုံကို အျမန္ပို႔ေဆာင္လိုက္ရပါတယ္။

Ju ကိုေတာ့ ရဲဆီမွာ တိုင္ၾကားတာမ်ိဳး မရွိေပမဲ့ သူမရဲ့ Instagram အေကာင့္မွာေတာ့ သူနဲ႔ ပတ္သတ္ၿပီး ကေလးမိဘေတြ သတိထား ေရွာင္ၾကဥ္နိုင္ေအာင္ ပုံနဲ႔တစ္ကြ အခုလို မၽွေဝေပးခဲ့ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here