ကလေးတွေ အပြင်းအထန်ချောင်းဆိုးနေရင် မြန်မြန်သက်သာအောင် ဘယ်လိုလုပ်ပေးမလဲ

0
110
- Advertisement -

အေးချမ်းတဲ့ ဆောင်းတွင်းကာလမှာ ကလေးတွေ ချောင်းဆိုးတာ အဖြစ်များပါတယ်။ ချောင်းဆိုးတာဟာ အရမ်းခံရခက်တဲ့ အနေအထားပါ။ ဒီချောင်းဆိုးတာကို အချိန်တိုအတွင်း သက်သာစေဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒါ့ကြောင့် မေမေတို့ကလေးမှာ ချောင်းဆိုးနေရင် မြန်မြန်သက်သာစေဖို့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

-Advertisement-

၁။ ကြက်သွန်နီ+ ကြက်သွန်ဖြူ+နို့ အနည်းငယ်

ကြက်သွန်နီက အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ အဖျားတတ်ခြင်းနှင့် လည်ချောင်းနာခြင်းတို့ကို ထိရောက်စွာ ကုသပေးနိုင်ပါတယ်။ ကြက်သွန်ဖြူနှင့် ကြက်သွန်နီဥသေး ၃ဥကို နုပ်နုပ်စင်းပြီး နို့တစ်လီတာခန့် ထည့်ပြီး နွှေးပါ။ အားလုံး ပျော့ပျောင်းသွားတဲ့အထိ ကြိုပါ။ ပြီးနောက် မီးဖိုပေါ်ကနေချပြီး အရည်စစ်ပါ။ အရသာ ပိုကောင်းစေဖို့ ပျားရည်အနည်းငယ် ထည့်နိုင်ပါတယ်။ ကလေးက နေမကောင်းလျှင် အစာမစားခင် တစ်ဇွန်းတိုက်ပါ၊ တစ်နှစ်အောက် ကလေးတွေဆိုရင် တိုက်လို့မရပါဘူး။

၂။ နာနတ်သီးဖျော်ရည်

နာနတ်သီးမှာ Bromelain လို့ခေါ်တဲ့ ဒြပ်စင်တစ်မျိုးရှိပြီး ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးတဲ့ ဂုဏ်သတ္တိများ ရှိပါတယ်။ နာနတ်သီးဖျော်ရည်က လည်ပင်းရှိချွဲများကို လျော့နည်းစေပြီး ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။ တစ်ခါတစ်ရံမှာ အသီးဖျော်ရည်ချည်းပဲက ချောင်းဆိုးတာကို ဖယ်ရှားဖို့ မလုံလောက်ပါဘူး။ ဖျော်ရည်ထဲကို ဂျင်းနဲ့ ပျားရည်အနည်းငယ်ထည့်နိုင်ပါတယ်။ ဒီနည်းလမ်းကို အသုံးမပြုခင်မှာ သင့်ကလေးက နာနတ်သီးနဲ့ ဓါတ်မတည့်တာ မရှိဘူးဆိုတာ သေချာသိရပါမယ်။

၃။ ဂျင်းအုပ်ပေးပါ

ဂျင်းမှုန့် (သို့)ထောင်းထားတဲ့ ဂျင်း စားပွဲတင်ဇွန်း ၁ဇွန်းကို သံလွင်ဆီ၊ ပျားရည်၊ ဂျုံမှုန့်အနည်းငယ်နှင့် ပေါင်းစပ်ပါ။ ထိုရောနှောထားတာကို လက်ကိုင်ပုဝါတစ်ခုပေါ်တင်ပြီး ကလေးရင်ဘက်ပေါ်မှာ အုပ်ပါ။ အပေါ်က ပတ်တီးဖြင့် ဖွဖွလေးစည်းပေးထားပါ။ အိပ်ရာမဝင် ၃နာရီခန့်မှာ လုပ်ပေးရမှာ ဖြစ်ပါတယ်။ သတိထားရမှာက ကလေးရဲ့အသားအရေက sensitive အသားအရေဆိုရင် ယားယံခြင်းမှ ရှောင်ရှားဖို့ ဒီနည်းလမ်းကို မသုံးပါနဲ့။

၄။ နနွင်းနို့

နနွင်းနို့ဟာ အေးတဲ့သဘာဝရှိပြီး အိန္ဒိယမှလာတဲ့ ချောင်းဆိုးပျောက်ဆေးတစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့ပိုးသတ်ဆေးဂုဏ်သတ္တိကြောင့် လူသိများပါတယ်။ နို့အနည်းငယ်ကို နျွေးအောင်လုပ်ပြီး နနွင်းမှုန့်တစ်ဇွန်း ထည့်ပေးပါ ။ ကောင်းစွာမွှေပြီး အိပ်ရာမဝင်ခင် ကလေးအား တိုက်နိုင်ပါတယ်။

၅။ ဆား

ခြေထောက်ပေါ်ကို နွေးထွေးစေခြင်းက ချောင်းဆိုးခြင်းကို ဖယ်ရှားနိုင်ပါတယ်။ ဒယ်အိုးထဲမှာ ပင်လယ်ဆားအချို့ကို အပူပေးပါ။ အရမ်းပူစရာမလိုပါဘူး။ အပူချိန်က ကလေးအတွက် ခံနိုင်တဲ့ အနေအထားဖြစ်သင့်ပြီး သူတို့အသားအရေကို မလောင်ပါစေနဲ့။ ပြီးရင် ကလေးရဲ့ ခြေထောက်ပေါ်ကိုကပ်ပြီး အဝတ်တစ်ခုဖြင့် ပတ်ပတ်လည် ပတ်ထားပါ။ ဆားအေးသွားတဲ့အထိထားပါ။ ဆားအေးသွားမှ ဖယ်ရှားပြီး သူတို့ရဲ့ခြေထောက်ကို ခြေအိပ်လေးတွေ ဝတ်ပေးထားပါ။

၆။ ဆားငန်ရည်ဖြင့် ပလုတ်ကျင်းခိုင်းပါ

ဆားငန်ရေဟာ လည်ချောင်းနာရောဂါတွေကို ခဏသက်သာစေနိုင်ပါတယ်။ ရေတစ်ဖန်ခွက်ထဲကို ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်မှ ၄ပုံ၁ပုံအထိ ထည့်နိုင်ပါတယ်။ ဆားကိုပျော်သွားအောင်လုပ်ပြီး ပလုပ်ကျင်းခိုင်းပါ။ ရလဒ်ပိုကောင်းအောင် မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ဇွန်းထည့်နိုင်ပါတယ်။ ဒီရေကို မျိုချမိတာ (သို့) မတော်တဆသီးတာ မဖြစ်စေဖို့ ပလုပ်ကျင်းတတ်တဲ့ အရွယ်ကလေးတွေမှာသာ သုံးပါ။

၇။ ရေနွေးဖြင့် ရေချိုးပေးပါ

ရေနွေးဖြင့် ရေချိုးခြင်းက ချောင်းဆိုးခြင်းနောက်ကွယ်ရှိ ချွဲတွေကို ဖယ်ရှားပေးပါတယ်။ ညဘက်အချိန်မှာ ချောင်းဆိုးတာကို သက်သာစေပါတယ်။ ရလဒ်ပိုကောင်းအောင် ရေနွေးငွေ့ထဲကို ယူကလစ်ဆီတစ်စက်ထည့်နိုင်ပါတယ်။

၈။ ငှက်ပျောသီး၊ ရေနှင့် ပျားရည်

ဒီဆေးက bronchitis ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။ ဦးစွာ ရေအနည်းငယ်ကြိုပါ။ ငှက်ပျောသီးကို အခွံနွှာပြီး ခပ်ပျစ်ပျစ်ဖြစ်သွားအောင် ချေပါ။ အိုးတစ်ခုထဲကို ထည့်ပြီး သူတို့အပေါ်က ရေလောင်းထည့်ပါ။ မိနစ် ၃၀လောက်ပြုတ်ပါ။ အအေးခံထားပြီး ပျားရည်တစ်ဇွန်းထည့်ပါ၊ ကလေးအား တစ်နေ့ကို ၄ကြိမ်လောက် ၁၀၀ မီလီခန့်တိုက်ပါ။

Lifestyle_Myanmar

LM_Nandar

Source-brightside

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here