ကလေးတွေ ဖုန်းမသုံးဖြစ်အောင် ဂိမ်းစက်လေးတွေ ကိုယ်တိုင်တီထွင်ရင်း အောင်မြင်လာတဲ့ ဖေဖေ

0
75
ဂိမ်းစက်

ခေတ်ကြီး တိုးတက်လာတာနဲ့ အမျှ ကလေးတွေဟာ နေ့တိုင်းလိုလို ဖုန်းတွေ တီဗီဂိမ်းတွေပေါ်မှာပဲ အချိန် ကုန်ဆုံးလေ့ရှိကြပါတယ်။ ဒါတွေက သူတို့ရဲ့ ရည်မှန်းချက်တွေကို နောက်နှေးစေသလို ကျန်မာရေးဘက်မှာလည်း များစွာ ဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့ကြောင့် တရုတ်နိုင်ငံက ဖခင်တစ်ဦးဟာ သူ့ရဲ့ သားသမီးကို ဖုန်းပေးမသုံးစေချင်တဲ့ အတွက် ဖုန်းအစား သူကိုယ်တိုင်း ဂိမ်းစက်လေးတွေ တီထွင်ပေးခဲ့ပါတယ်။

-Advertisement-

South China Morning Post ရဲ့ အဆိုအရ အဆိုပါ အမျိုးသားဟာ ကတ်ထူပြားလေးတွေကို အများဆုံး အသုံးပြုပြီး ကလေးတွေအတွက် ဂိမ်းစက်လေးတွေ တီထွင်ပေးဖြစ်ခဲ့ပါတယ်။ သူ့တီထွင်ထားတဲ့ ဂိမ်းစက်လေးတွေဟာ ကလေးတွေရဲ့ ဉာဏ်ရည်ကို တိုးတက်စေသလို ကျန်းမာရေးအတွက်လည်း ဆိုးကျိုးတွေ မဖြစ်ပေါ်စေပါဘူး။

အဆိုပါ ဂိမ်းစက်လေးတွေကို ကလေးတွေအတွက် တီထွင်ပေးရင်း လူကြိုက်များလာခဲ့တာ အခုဆို ဆိုရှယ်မီဒီယာပေါ်မှာ follower ၂.၃ သန်းကျော်တောင်ရှိနေပါပြီ။ ကလေးအတွက် ဂိမ်းစက်တွေ တီထွင်ပေးရင် အွန်းလိုင်းကနေ တစ်ဆင့် video ရိုက် ပြန်လည်မျှဝေပေးခဲ့တာကြောင့် လူကြိုက်များလာခဲ့တာဖြစ်ပါတယ်။

ဖခင်ဖြစ်သူရဲ့ ဆန္ဒကတော့ သူ့ရဲ့ သားသမီးကို တစ်နေကုန် ဖုန်းတွေ၊ တီဗီဂိမ်းတွေပေါ်မှာပဲ အချိန်ဖြုန်းတာကို မလိုလားခဲ့ပါဘူး။ ဒါ့ကြောင့် သူကိုယ်တိုင် အခုလို ကစားစရာလေးတွေ တီထွင်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ငယ်စဉ်ကတည်းက တီထွင်နေရာတာ ဝါသနာပါသူဖြစ်တာကြောင့် ယခုသမီးလေးမွေးလာတဲ့ အချိန်မှာလည်း သူအတွက် အရုပ်တွေ ကစားစရာတွေ ကိုယ်တိုင် တီထွင်းပေးဖြစ်တာပါ။

အခုဆို သမီးလေးအတွက် ကစားစရာဆိုတာ ဝယ်ပေးစရာတောင်မလိုတော့ပါဘူး။ ဒါပေမဲ့ သူအတွက်တော့ ဒီလို ကစားစရာတွေ၊ ဂိမ်းစက်တွေ ပြုလုပ်ဖို့ အချိန် လဝက်လောက်အထိ ကြာချင် ကြာနိုင်ပါတယ်လို့ဆိုပါတယ်။ အစပိုင်းမှာတော့ ကိုယ့်သားသမီး ဆော့ဖို့ပဲ တီထွင်ထားခဲ့ပေမဲ့ နောက်ပိုင်းမှာလူကြိုက်များလာတာကြောင့် DIY packages အဖြစ် ပြန်လည်ရောင်းချခဲ့ပါတယ်။

အဆိုပါ တရုတ်အမျိုးသားဟာ “ကျွန်တော်ရဲ့ ရည်ရွယ်ချက်က ဒီတီထွင်မှုတွေကို အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် ပြောင်းချင်တာပါ။ ကျွန်တော့် DIY ပစ္စည်းလေးတွေက ကလေးတွေနဲ့ အတူတူရှိနေတဲ့ အချိန် မိဘအတွက်ရော၊ ကလေးတွေ အတွက်ပါ အဆင်ပြေစေမှာပါ။ ကစားစရာဆိုတာ ကလေးတွေနဲ့ပဲ အချိန်ကုန်တာများတဲ့အတွက် သူတို့ ကစားတဲ့ ကစားစရာအပေါ် မူတည်ပြီး သူတို့ရဲ့ဘဝမှာလည်း အကျိုးသက်ရောက်မှုများစွာရှိစေမှာပါ” လို့ဆိုထားပါတယ်။

#Lifestyle_Myanmar

#Thar_Nage

အကြွေးဆပ်ဖို့ အတွက် ဆိုင်းဘုတ်မှာ စာရေးပြီး ကျောက်ကပ်ရောင်းနေတဲ့ အမျိုးသား

Zawgyi fonts

ကေလးေတြ ဖုန္းမသုံးျဖစ္ေအာင္ ဂိမ္းစက္ေလးေတြ ကိုယ္တိုင္တီထြင္ရင္း ေအာင္ျမင္လာတဲ့ ေဖေဖ
ေခတ္ႀကီး တိုးတက္လာတာနဲ႔ အမၽွ ကေလးေတြဟာ ေန႔တိုင္းလိုလို ဖုန္းေတြ တီဗီဂိမ္းေတြေပၚမွာပဲ အခ်ိန္ ကုန္ဆုံးေလ့ရွိၾကပါတယ္။ ဒါေတြက သူတို႔ရဲ့ ရည္မွန္းခ်က္ေတြကို ေနာက္ေႏွးေစသို က်န္မာေရးဘက္မွာလည္း မ်ားစြာ ဆိုးက်ိဳးေတြျဖစ္ေပၚလာနိုင္ပါတယ္။ ဒါ့ေၾကာင့္ တ႐ုတ္နိုင္ငံက ဖခင္တစ္ဦးဟာ သူ႔ရဲ့ သားသမီးကို ဖုန္းေပးမသုံးေစခ်င္တဲ့ အတြက္ ဖုန္းအစား သူကိုယ္တိုင္း ဂိမ္းစက္ေလးေတြ တီထြင္ေပးခဲ့ပါတယ္။

South China Morning Post ရဲ့ အဆိုအရ အဆိုပါ အမ်ိဳးသားဟာ ကတ္ထူျပားေလးေတြကို အမ်ားဆုံး အသုံးျပဳၿပီး ကေလးေတြအတြက္ ဂိမ္းစက္ေလးေတြ တီထြင္ေပးျဖစ္ခဲ့ပါတယ္။ သူ႔တီထြင္ထားတဲ့ ဂိမ္းစက္ေလးေတြဟာ ကေလးေတြရဲ့ ဉာဏ္ရည္ကို တိုးတက္ေစသလို က်န္းမာေရးအတြက္လည္း ဆိုးက်ိဳးေတြ မျဖစ္ေပၚေစပါဘူး။

အဆိုပါ ဂိမ္းစက္ေလးေတြကို ကေလးေတြအတြက္ တီထြင္ေပးရင္း လူႀကိဳက္မ်ားလာခဲ့တာ အခုဆို ဆိုရွယ္မီဒီယာေပၚမွာ follower ၂.၃ သန္းေက်ာ္ေတာင္ရွိေနပါၿပီ။ ကေလးအတြက္ ဂိမ္းစက္ေတြ တီထြင္ေပးရင္ အြန္းလိုင္းကေန တစ္ဆင့္ video ရိုက္ ျပန္လည္မၽွေဝေပးခဲ့တာေၾကာင့္ လူႀကိဳက္မ်ားလာခဲ့တာျဖစ္ပါတယ္။

ဖခင္ျဖစ္သူရဲ့ ဆႏၵကေတာ့ သူ႔ရဲ့ သားသမီးကို တစ္ေနကုန္ ဖုန္းေတြ၊ တီဗီဂိမ္းေတြေပၚမွာပဲ အခ်ိန္ျဖဳန္းတာကို မလိုလားခဲ့ပါဘူး။ ဒါ့ေၾကာင့္ သူကိုယ္တိုင္ အခုလို ကစားစရာေလးေတြ တီထြင္ျဖစ္ခဲ့တာလို႔ ဆိုပါတယ္။ ငယ္စဥ္ကတည္းက တီထြင္ေနရာတာ ဝါသနာပါသူျဖစ္တာေၾကာင့္ ယခုသမီးေလးေမြးလာတဲ့ အခ်ိန္မွာလည္း သူအတြက္ အ႐ုပ္ေတြ ကစားစရာေတြ ကိုယ္တိုင္ တီထြင္းေပးျဖစ္တာပါ။

အခုဆို သမီးေလးအတြက္ ကစားစရာဆိုတာ ဝယ္ေပးစရာေတာင္မလိုေတာ့ပါဘူး။ ဒါေပမဲ့ သူအတြက္ေတာ့ ဒီလို ကစားစရာေတြ၊ ဂိမ္းစက္ေတြ ျပဳလုပ္ဖို႔ အခ်ိန္ လဝက္ေလာက္အထိ ၾကာခ်င္ ၾကာနိုင္ပါတယ္လို႔ဆိုပါတယ္။ အစပိုင္းမွာေတာ့ ကိုယ့္သားသမီး ေဆာ့ဖို႔ပဲ တီထြင္ထားခဲ့ေပမဲ့ ေနာက္ပိုင္းမွာလူႀကိဳက္မ်ားလာတာေၾကာင့္ DIY packages အျဖစ္ ျပန္လည္ေရာင္းခ်ခဲ့ပါတယ္။

အဆိုပါ တ႐ုတ္အမ်ိဳးသားဟာ “ကၽြန္ေတာ္ရဲ့ ရည္ရြယ္ခ်က္က ဒီတီထြင္မွုေတြကို အသက္ေမြးဝမ္းေက်ာင္းအလုပ္အျဖစ္ ေျပာင္းခ်င္တာပါ။ ကၽြန္ေတာ့္ DIY ပစၥည္းေလးေတြက ကေလးေတြနဲ႔ အတူတူရွိေနတဲ့ အခ်ိန္ မိဘအတြက္ေရာ၊ ကေလးေတြ အတြက္ပါ အဆင္ေျပေစမွာပါ။ ကစားစရာဆိုတာ ကေလးေတြနဲ႔ပဲ အခ်ိန္ကုန္တာမ်ားတဲ့အတြက္ သူတို႔ ကစားတဲ့ ကစားစရာအေပၚ မူတည္ၿပီး သူတို႔ရဲ့ဘဝမွာလည္း အက်ိဳးသက္ေရာက္မွုမ်ားစြာရွိေစမွာပါ” လို႔ဆိုထားပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here