ကလေးတွေ ကျန်းမာရေးအတွက် အာရှနိုင်ငံတစ်ချို့မှာ ကျင့်သုံးတဲ့ နည်းလမ်းများ

0
44

လေ့လာမှုတွေအရ ဂျပန်ကလေးတွေဟာ ကမ္ဘာပေါ်မှာ အကျန်းမာဆုံးကလေးတွေထဲက တစ်ချို့ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ ကလေးတွေကို ကျန်းမာအောင် ဘယ်လိုထားသလဲဆိုတာ ကျွန်တော်တို့ အတုယူသင့်သလို ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အလေ့အထတွေထဲမှာ ဒီအတွေးအခေါ်တွေ ထည့်သွင်းသင့်ပါတယ်။

တစ်ချို့အာရှနိုင်ငံတွေက ယဉ်ကျေးမှုစံချိန်စံညွှန်းတွေဟာ သင်ထင်မထားတဲ့ နည်းလမ်းနဲ့ ကလေးတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်တဲ့ နေရာမှာ အထောက်အကူဖြစ်တယ်ဆိုတာ သင်သိရင် အံ့သြသွားပါမှာ။ ဒါ့ကြောင့် လူတိုင်း ကိုယ့်ရဲ့သားသမီးတွေကို ကျန်းမာပြီး ပျော်ရွင်တဲ့ ဘဝတစ်ခုပေးနိုင်အောင် အာရှနိုင်ငံတချို့က ကလေးတွေ ကျန်းမာရေးအတွက် ဘယ်လိုနည်းလမ်းလေးတွေ ကျင့်သုံးသလဲဆိုတဲ့ လျှို့ဝှက်ချက်လေး တချို့ကို ဖော်ပြပေးချင်ပါတယ်။

၁။ ကလေးတွေကို အရမ်းနီးကပ်စွာ စာဖတ်ခြင်းကနေ တားဆီးပေးခြင်း

တရုတ်ကျောင်း အတော်များများမှာ ကလေးရဲ့မျက်လုံးကို ကျန်းမာနေစေဖို့ ထိုင်ခုံတွေမှာ ဘားတန်းလေးတွေ ထည့်ပေးထားပါတယ်။ စာဖတ်နေရင်း စာအုပ်ကို အနီးကပ်စိုက်ကြည့်ခြင်းဟာ နောက်ပိုင်းမှာ မျက်လုံးကို ထိခိုက်စေနိုင်တာကြောင့် ဘားတန်းတွေ ခံပေးထားခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဘားတန်းတွေက ကလေးကို ကိုယ်ဟန်အနေအထား ကောင်းမွန်စေဖို့လည်း ကူညီပေးပါတယ်။

၂။ မျက်စိလေ့ကျင့်ခန်း ဆောင်ရွက်ခြင်း

တရုတ်ပြည်မကြီးမှာ မူလတန်းနှင့် အလယ်တန်းကျောင်းသားတွေကို သွေးလည်ပတ်မှုစနစ် တိုးတတ်ကောင်းမွန်အောင်နှင့် မျက်စိကြွက်သားတွေ ဖြေလျှော့ဖို့ ရည်ရွယ်ပြီး မျက်စိလေ့ကျင့်ခန်း လုပ်ဆောင်ဖို့ ညွှန်ကြားလျက်ရှိပါတယ်။ အဆိုပါ လေ့ကျင့်ခန်းက တစ်နေ့နှစ်ကြိမ် လေ့ကျင့်ရပြီး မျက်လုံးတစ်ဝိုက်မတူညီတဲ့ ဧရိယာကို ပွတ်တိုက်ခြင်း အပါအဝင် လုပ်ဆောင်မှု ၆ခုပါဝင်ပါတယ်။

၃။ အပြင်ထွက်ပြီး စာမေးပွဲ ကျင်းပခြင်း

Students

နှစ်တစ်လျောက်လုံး ကျောင်းပြင်ပထွက်ပြီး စာမေးပွဲဖြေရတဲ့ အလေ့အကျင့်ဟာ တရုတ်နိုင်ငံတစ်ဝှမ်း ထင်ရှားခဲ့ပါတယ်။ ဒီအလေ့အကျင့်က အကန့်အသတ်ရှိတဲ့ အခန်းထဲမှာ နေရာချပေးတာထက် တခြားမမြင်နိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိတာကြောင့်ဖြစ်ပြီး ယေဘုယျအားဖြင့် ကျောင်းသားတွေကို စာခိုးချခြင်းကနေလည်း ကာကွယ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ဒါက ကျောင်းသားတွေကို ရံဖန်ရံခါ လေကောင်းလေသန့် ထိတွေ့ပေးဖို့ သာမက ကျောင်းသားတွေကို စိတ်ဖိစီးမှုက သက်သာစေဖို့လည်း ကူညီပေးပါတယ်။

၄။ နှာခေါင်းစည်း ဝတ်ဆင်ခြင်း

လူတွေဟာ ဆောင်းတွင်းမှာ အအေးမိပြီး နေမကောင်းဖြစ်ကြတာ ပိုများပါတယ်။ လူအများကြားမှာ နေ့စဉ်သွားလာလှုပ်ရှားရတဲ့အတွက် တခြားသူတွေကို ရောဂါပိုးတွေ ကူးစက်မှု ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဂျပန်မှာ လေကြောင်းကတဆင့် ပိုးမွှားကူးစက်ခြင်းမှ ကျဆင်းစေဖို့ အလာ့ဂျစ်ရှိတဲ့သူ၊ နေမကောင်းဘူးလို့ခံစားရတဲ့သူတွေဟာ ခွဲစိတ်ခန်းသုံးမျက်နှာဖုံးတွေကို ဝတ်ဆင်ကြရပါတယ်။ အအေးမိ တုပ်ကွေးရောဂါဖြစ်ပွားတဲ့ ကာလဆိုရင် နှာခေါင်းစည်းမျက်နှာဖုံးတွေရဲ့ ရောင်းအားက တိုးမြှင့်လျက်ရှိပါတယ်။

၅။ အတန်းတွေကို တိုက်ရိုက်ထုတ်လွှင့်ပြသခြင်း

University education

ရာသီဉတုဆိုးဝါးလို့ အတန်းမတတ်နိုင်တဲ့အခါ တချို့တရုတ်ကျောင်းဆရာတွေဟာ စာသင်ခန်းပြင်ပကနေ သူတို့ရဲ့ သင်ခန်းစာကို တိုက်ရိုက်ထုတ်လွှင့်ပေးကြပါတယ်၊။ ရာသီဉတုဆိုးဝါးလို့ ကျောင်းပိတ်ပစ်ရတဲ့ အခါမျိုးမှာ ကလေးတွေဟာ သူတို့ရဲ့အိမ်မှာပဲ သက်တောင့်သက်သာနဲ့ သင်ခန်းစာများကို လေ့လာသင်ယူလို့ရပါတယ်။ ဒါက ကျောင်းဝင်ခွင့်မရတဲ့ကလေးတွေ၊ ဝေးလံခေါင်ဖျားဒေသများက ကျောင်းသားတွေကိုလည်း အကူအညီဖြစ်စေပါတယ်။

၆။ အာဟာရမျှတတဲ့ နေ့လယ်စာကျွေးခြင်း

ဒုတိယကမ္ဘာစစ်အပြီးတွင် ကလေးတွေ ဆာလောင်မွတ်သိပ်ခြင်းမှ ကူညီဖို့ နေ့လယ်စာကျွေးတဲ့ အစီအစဉ်ကို ဂျပန်ကျောင်းတွေမှာ တီထွင်ခဲ့ကြပါတယ်။ ကလေးတွေ အာဟာရမျှတအောင် ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာများကိုသာ ကျွေးကြပါတယ်။ အများအားဖြင့် ထမင်း၊ ဟင်းသီးဟင်းရွက်၊ မီဆို၊ နှင့် ငါး သို့မဟုတ် အသားကို အသင့်အတင့် ကျွေးပါတယ်။ ဒေသအလိုက် စိုက်ပျိုးတဲ့ အစားအစာပေါ်မှာ အာရုံစိုက်လာစေဖို့လည်း ရည်ရွယ်ပါတယ်။

၇။ အိမ်ပြင်ပမှာ သာယာပျော်ရွင်ခြင်း

ခြေလျှင်တောင်တတ်ခြင်း၊ စခန်းချခရီးထွက်ခြင်းကဲ့သို့ activities များက ပိုပိုပြီး လူကြိုက်များလာခြင်းပါတယ်။ အိမ်ပြင်ပမှာ လှုပ်ရှားမှုတချို့ ရှိခြင်းကို တောင်ကိုရီးယားမှာ အရေးကြီးဆုံးတစ်ခုအဖြစ် ရှုမြင်ကြပါတယ်။ မြို့ပြမှာ နေထိုင်တဲ့သူတွေတောင် စခန်းချခရီးစဉ်မှတဆင့် အားလပ်ချိန်ယူကြတာကို လူသိများကြပါတယ်။ ဒီအစီအစဉ်များက အပန်းဖြေဖို့အတွက်သာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအသိအမြင်ပေါ်မှာ အလေးပေးထားတာ ဖြစ်ပါတယ်။

၈။ အနီးအနားတစ်ဝိုက် သွားတဲ့အခါ လမ်းလျှောက်ခြင်း

အာရှနိုင်ငံအတော်များများမှာ လူတွေဟာ အများပြည်သူပို့ဆောင်ရေးဘက်စ်ကားတွေ၊ မော်တော်ကားတွေ အသုံးပြုမယ့်အစား လမ်းလျှောက်ခြင်းအပေါ် ကြီးမားတဲ့ အလေးထားမှုကို ပေးထားပါတယ်။ ဥပမာ- ဟိုနားဒီနားသွားရမယ့်နေရာဆိုရင် ဘက်စ်ကားမစီးဘဲ လမ်းလျှောက်သွားတာမျိုးပါ။ တောင်ကိုရီးယားက လူတွေဟာ သူတို့ရဲ့နေ့စဉ်ခြေလှမ်းတွေကို ရေတွက်ဖို့ ကူညီတဲ့ ပစ္စည်းတွေကို ပိုပိုပြီးလူကြိုက်များလာကြပါတယ်။ ထို့ပြင် များစွာသော အာရှနိုင်ငံများရှိ ကလေးတွေဟာ အထူးသဖြင့် မြို့ပြဒေသများမှာ ဘက်စ်ကား စီးမယ့်အစား သူတို့ဒေသဆိုင်ရာကျောင်းကို လမ်းလျှောက်သွားဖို့ ပိုပြီးကြိုက်ကြပါတယ်။

၉။ အင်တာနက် မှီခိုအားထားမှုကို စောင့်ကြည့်လေ့လာခြင်း

ကမ္ဘာတစ်ဝှမ်းမှာ ဆိုရှယ်မီဒီယာပစ္စည်းတွေကို မျက်နှာနှင့်မခွာတမ်း သုံးနေကြတဲ့ ကလေးတွေ ပိုပိုပြီးများလာပါတယ်၊ တောင်ကိုရီးယားမှာ ဒီလိုမျိုးက မရှိသလောက် ရှားပါတယ်။ ဒါပေမယ့် နောက်ထပ်လုပ်ဆောင်မှုများအနေနဲ့ တိုင်းပြည်တွေမှာ အင်တာနက်မှီခိုအားထားမှုကို တိုက်ဖျက်ဖို့ လုပ်ဆောင်နေကြပါပြီ။ အင်တာနက်စွဲနေကြတဲ့ လူငယ်တွေကို ကူညီပေးဖို့ ရည်ရွယ်တဲ့ ကုသရေးစင်တာတွေ၊ ပြန်လည်ထူထောင်ရေးနှင့် camp အမျိုးမျိုးတွေ ရှိလာပါတယ်။ အစိုးရက 16နှစ်အောက်ကလေးတွေကို ညသန်းခေါင်ကျော် အင်တာနက်သုံးစွဲခြင်းကနေ တားဆီးဖို့ ဥပဒေတွေတောင် ချမှတ်ထားပါတယ်။

၁၀။ ကလေးတွေကို ပိုပြီးတာဝန်ယူမှု ပေးခြင်း

ဂျပန်နိုင်ငံက ကလေးတွေဟာ တခြားနိုင်ငံကလေးတွ မျှော်လင့်ထားမှာမဟုတ်တဲ့ activities တွေအများကြီးလုပ်ရပါတယ်။ ကလေးတွေဟာ သူတို့ဘာသာသူတို့ကျောင်းသွားဖို့ ၊ မိသားစု ဝေယျာဝစ္စတွေကို လုပ်ဖို့နှင့် ကျောင်းစောင့်အစား ကိုယ့်အတန်းကိုယ် သန့်ရှင်းဖို့ လုပ်ကြရပါတယ်။ ဒါက ကလေးတွေကို ကိုယ့်ကိုယ်ကို ပိုကောင်းအောင် ဘယ်လိုဂရုစိုက်ရမလဲဆိုတာ လေ့လာသင်ယူဖို့ ကူညီပေးပြီး လွတ်လပ်မှုနှင့် တာဝန်ယူတတ်မှု သင်ယူဖို့ ကူညီပေးပါတယ်။

၁၁။ တတ်နိုင်သလောက် ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစာစားချိန် ပြုလုပ်ခြင်း

အာရှနိုင်ငံအတော်များများမှာ ကလေးတွေအတွက် ကျန်းမာစွာ စားစေဖို့ မတူညီတဲ့ နည်းလမ်းတွေကို ရှာဖွေကြပါတယ်။ ဂျပန်နိုင်ငံမှာတော့ ကလေးတွေကို သကြား၊ နို့ထွက်ပစ္စည်း၊ အဆီ၊ အသားစတာတွေကို အလေးပေးမကျွေးဘဲ ဟင်းသီးဟင်းရွက်ကိုသာ အဓိကထားပြီး ကျွေးကြပါတယ်။ ဟင်းချိုက အာရှအစားအသောက်အတော်များများမှာ အဓိကအစားအစာဖြစ်ပါတယ်၊ တရုတ်နိုင်ငံသားတွေဟာ ဟင်းချိုချက်ရင် goji berries၊ စပါးလင်နှင့် ဂျင်းကဲ့သို့ ကျန်းမာရေးနှင့် ညီညွတ်တဲ့ ပစ္စည်းအမျိုးမျိုးကို အသုံးပြုခြင်းကြတာကို တွေ့ရပါတယ်။

တရုတ်၊ ဂျပန်အပါအဝင် အာရှနိုင်ငံများစွာမှာ ကလေးတွေကို လက်ဖက်ရည်ပုံမှန်တိုက်လေ့ရှိပါတယ်။ လက်ဖက်ရည်ဟာ ကလေးရဲ့ အမြင်အာရုံကို ကူညီခြင်းကဲ့သို့ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရှိနိုင်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here