ကလေးတွေအတွက် မိဘတွေဆီကနေ နေ့စဉ်ကြားဖို့ လိုတဲ့ စကားအသုံးအနှုန်း (၇)ခု

0
138

မိဘအုပ်ထိန်းမှုက အရမ်းခက်ခဲနိုင်ပါတယ်၊ မိဘတစ်ယောက်အဖြစ်သင်ယူဖို့ အခက်ခဲဆုံးတွေထဲက တစ်ခုကတော့ ကလေးတွေကို ဘယ်လိုပြောရမလဲဆိုတာ ဖြစ်ပါတယ်။ တခါတရံမှာ မိဘတွေရဲ့ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်တဲ့ စကားလုံးတွေကို ပြောမိကြပါတယ်။ အများစုကတော့ အလုပ်ကနေ အိမ်ပြန်လာတဲ့အချိန် ၊ ပင်ပန်းနေတဲ့အချိန်၊ စိတ်တိုနေတဲ့အချိန်မှာ ပြောမိတတ်ကြပါတယ်။’ နင့်လောက်ဆိုးတဲ့ ကလေး မတွေ့ဖူးဘူး’၊ ‘သွား! ငါ့ရှေ့မှာမနေနဲ့’၊ ‘ငါ့ကိုအနှောက်အယှက် မပေးစမ်းနဲ့’ စတဲ့ စကားလုံးများက ကလေးစိတ်ကို နာကျင်စေပါတယ်။

နေ့တိုင်းမေမေတို့ရဲ့ ကလေးကို ပြောဖို့ စကားလုံး ၇ခု
စိတ်ဓါတ်ခိုင်မာတဲ့ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ချင်ရင် ကလေးကို မှန်ကန်တဲ့ မက်ဆေ့ချ်တွေ ပေးပို့သင့်ပါတယ်။ သားသားမီးမီးတွေ မကြာခဏ ပိုပြီးကြားဖို့လိုတဲ့ စကားလုံး(၇) လုံးရှိပါတယ်။

၁။ မေ့မေ့အချစ်ဆုံးလေး

ကလေးတွေကို လသားအရွယ်ကနေ ၁နှစ် ၂နှစ်အရွယ်အထိတော့ ချစ်တယ်ဆိုတဲ့ စကားလုံးကို သင်ပြောကောင်းပြောပါလိမ့်မယ်။ နည်းနည်း အရွယ်ရောက်လာတဲ့အခါ မေမေတို့အနေနဲ့ ဒီစကားလုံးတွေက ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပုံရပါတယ်။ ဘယ်အသက်အရွယ်ဘဲဖြစ်ဖြစ် ကလေးတစ်ယောက်အတွက် ဒီစကားလုံးတွေက အရေးကြီးပါတယ်နော်။ စကားလုံးတွေနဲ့ မေမေတို့ရဲ့ အချစ်ကို ဖော်ပြပါ။ မေမေတို့ကလေးက မေမေတို့ချစ်တယ်ဆိုတာ သိဖို့ လိုအပ်ပါတယ်။

၂။ သမီး/သားလေးအတွက် မေမေဂုဏ်ယူတယ်

ကလေးကို confident ရှိတဲ့ လူတစ်ယောက်အဖြစ် ကြီးပြင်းစေချင်ရင် သူတို့ကို ဂုဏ်ယူကြောင်း ပြောပေးပါ။ ယှဉ်ပြိုင်မှုတစ်ခုမှာ သူတို့ ဘယ်နေရာ ယူခဲ့တယ်ဆိုတာ အရေးမကြီးပါဘူး။ မေမေတို့ရဲ့ ချီးကျူးစကား ပြောပေးဖို့ပဲ လိုပါတယ်။

၃။ အဆင်ပြေလား,ထပ်ကြိုးစားဦး

ကျရှုံးမှုက အောင်မြင်မှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းဆိုတာ ကလေးတွေ နားလည်ဖို့ လိုပါတယ်။ သူတို့အမှတ်မကောင်းလို့ မဆူပါနဲ့။ ထပ်ကြိုးစားဖို့ ပြောပါ။ တခါတရံမှာ အတွေ့အကြုံတွေက နာကျင်စေနိုင်တာကြောင့် သင့်ကလေးကို အားပေးဖို့လိုပါတယ်။ သူတို့ဟာ နောက်တချိန်မှာ ဘယ်လိုကြိုးစားရမယ်ဆိုတာ သိလာပါလိမ့်မယ်။

၄။ သား/သမီးကို မေမေယုံတယ်

ကလေးတွေ အမှီခိုကင်းကင်း ပြုမှုဆောင်ရွက်နိုင်စေဖို့ မကြာခဏ ပြောပေးသင့်တဲ့ စကားအသုံးအနှုန်း ဖြစ်ပါတယ်။ ဒီစကားလုံးတွေက သင့်ကလေးကို ယုံကြည်မှုပေးပြီး တာဝန်ယူမှုကို သင်ပေးပါတယ်။ မိဘတွေက သူတို့ကို ယုံကြည်ကိုးစားလျှင် ကလေးဟာ မိဘအပေါ် လိမ်လည် လှည့်စားနိုင်မှာ မဟုတ်ပါဘူး။

၅။ ကျေးဇူးတင်ပါတယ်

သူတို့အရုပ်လေးတွေကို သန့်ရှင်းရေးလုပ်နေရင်တောင် အရာရာတိုင်းအတွက် ကလေးကို ကျေးဇူးပါ လို့ပြောပေးပါ။ ဒီစကားအသုံးအနှုန်းက တခြားသူတွေနှင့် သင့်အပေါ် ထို့နည်းတူ လုပ်ဆောင်ဖို့ ကလေးကို သင်ပေးပါလိမ့်မယ်။

၆။ ကျေးဇူးပြုပြီး ကူညီပါဦး

ကလေးတိုင်းက ‘ငါဟာ အရေးပါတဲ့ သူပါလားလို့’ ခံစားဖို့ လိုပါတယ်။ သားသားမီးမီးတွေကို သူတို့လုပ်နိုင်တဲ့အရာလေးတွေကို ဝိုင်းကူပေးဖို့ အကူအညီတောင်းပါ။ အဖေရဲ့ ကားကို ရေဆေးပေးရရင်တောင် သူတို့ဂုဏ်ယူပါတယ်။ ‘သား/သမီးမရှိဘဲ ဒီအလုပ်တွေလုပ်ဖို့ ခက်ခဲတယ်’ စတဲ့ စကားလုံးလေးတွေ ပြောပေးဖို့ မမေ့ပါနဲ့နော်။

၇။ မေ့မေ့ဘဝထဲမှာ သား/သမီးရှိတဲ့အတွက် အရမ်းပျော်တယ်

မေမေတို့ကလေးဟာ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်အတွင်းမှာ သူတို့ပတ်ဝန်းကျင်ကမ္ဘာကြီးနဲ့ ဆက်ဆံရတဲ့အခါ ပြဿနာတွေ မကြာခဏ ရှိပါလိမ့်မယ်။ ဆယ်ကျော်သက်တစ်ယောက်ဟာ မိဘက စိတ်မချလို့ ညဘက်အပြင် မသွားနဲ့ပြောတဲ့အခါ၊ နေရာတကာ လိုက်ချုပ်ချယ်တဲ့အခါ ‘သူများအမေတွေက မချုပ်ချယ်ဘူး၊ ငါ့အမေက ငါ့ကိုချစ်တာကော ဟုတ်ရဲ့လား’လို့ မိဘတွေရဲ့ အချစ်ကို သံသယ စဝင်တတ်ပါတယ်။ ဒါ့ကြောင့် ကလေးတွေကို သူတို့ရှိနေလို့ သင်ပျော်ရတဲ့ အကြောင်း ပြောပြပေးပါ။

ကလေးတိုင်းဟာ ရိုသေလေးစားမှုရှိပြီး ချစ်စရာကောင်းတဲ့ လူတစ်ယောက်အဖြစ် confident ရှိသူတစ်ယောက်အဖြစ် ကြီးပြင်းရပါမယ်။ ဒီစကားအသုံးအနှုန်းများက ကူညီပေးနိုင်ပါတယ်။ နေ့တိုင်း အပြုသဘောဆောင်တဲ့ အရာတစ်ခုခုကို ပြောပေးပါ။ ကလေးနှင့် မေမေတို့ရဲ့ သံယောဇဉ်က ခိုင်မာလာပါလိမ့်မယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

ကေလးေတြအတြက္ မိဘေတြဆီကေန ေန႔စဥ္ၾကားဖို႔ လိုတဲ့ စကားအသုံးအႏႈန္း (၇)ခု
မိဘအုပ္ထိန္းမႈက အရမ္းခက္ခဲႏိုင္ပါတယ္၊ မိဘတစ္ေယာက္အျဖစ္သင္ယူဖို႔ အခက္ခဲဆုံးေတြထဲက တစ္ခုကေတာ့ ကေလးေတြကို ဘယ္လိုေျပာရမလဲဆိုတာ ျဖစ္ပါတယ္။ တခါတရံမွာ မိဘေတြရဲ႕ ကေလးရဲ႕ စိတ္ပိုင္းဆိုင္ရာကို ထိခိုက္ေစႏိုင္တဲ့ စကားလုံးေတြကို ေျပာမိၾကပါတယ္။ အမ်ားစုကေတာ့ အလုပ္ကေန အိမ္ျပန္လာတဲ့အခ်ိန္ ၊ ပင္ပန္းေနတဲ့အခ်ိန္၊ စိတ္တိုေနတဲ့အခ်ိန္မွာ ေျပာမိတတ္ၾကပါတယ္။’ နင့္ေလာက္ဆိုးတဲ့ ကေလး မေတြ႕ဖူးဘူး’၊ ‘သြား! ငါ့ေရွ႕မွာမေနနဲ႔’၊ ‘ငါ့ကိုအေႏွာက္အယွက္ မေပးစမ္းနဲ႔’ စတဲ့ စကားလုံးမ်ားက ကေလးစိတ္ကို နာက်င္ေစပါတယ္။

ေန႔တိုင္းေမေမတို႔ရဲ႕ ကေလးကို ေျပာဖို႔ စကားလုံး ၇ခု
စိတ္ဓါတ္ခိုင္မာတဲ့ ကေလးတစ္ေယာက္ကို ျပဳစုပ်ိဳးေထာင္ခ်င္ရင္ ကေလးကို မွန္ကန္တဲ့ မက္ေဆ့ခ်္ေတြ ေပးပို႔သင့္ပါတယ္။ သားသားမီးမီးေတြ မၾကာခဏ ပိုၿပီးၾကားဖို႔လိုတဲ့ စကားလုံး(၇) လုံးရွိပါတယ္။

၁။ ေမ့ေမ့အခ်စ္ဆုံးေလး

ကေလးေတြကို လသားအ႐ြယ္ကေန ၁ႏွစ္ ၂ႏွစ္အ႐ြယ္အထိေတာ့ ခ်စ္တယ္ဆိုတဲ့ စကားလုံးကို သင္ေျပာေကာင္းေျပာပါလိမ့္မယ္။ နည္းနည္း အ႐ြယ္ေရာက္လာတဲ့အခါ ေမေမတို႔အေနနဲ႔ ဒီစကားလုံးေတြက ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္သြားပုံရပါတယ္။ ဘယ္အသက္အ႐ြယ္ဘဲျဖစ္ျဖစ္ ကေလးတစ္ေယာက္အတြက္ ဒီစကားလုံးေတြက အေရးႀကီးပါတယ္ေနာ္။ စကားလုံးေတြနဲ႔ ေမေမတို႔ရဲ႕ အခ်စ္ကို ေဖာ္ျပပါ။ ေမေမတို႔ကေလးက ေမေမတို႔ခ်စ္တယ္ဆိုတာ သိဖို႔ လိုအပ္ပါတယ္။

၂။ သမီး/သားေလးအတြက္ ေမေမဂုဏ္ယူတယ္

ကေလးကို confident ရွိတဲ့ လူတစ္ေယာက္အျဖစ္ ႀကီးျပင္းေစခ်င္ရင္ သူတို႔ကို ဂုဏ္ယူေၾကာင္း ေျပာေပးပါ။ ယွဥ္ၿပိဳင္မႈတစ္ခုမွာ သူတို႔ ဘယ္ေနရာ ယူခဲ့တယ္ဆိုတာ အေရးမႀကီးပါဘူး။ ေမေမတို႔ရဲ႕ ခ်ီးက်ဴးစကား ေျပာေပးဖို႔ပဲ လိုပါတယ္။

၃။ အဆင္ေျပလား,ထပ္ႀကိဳးစားဦး

က်ရႈံးမႈက ေအာင္ျမင္မႈရဲ႕ အေရးပါတဲ့ အစိတ္အပိုင္းဆိုတာ ကေလးေတြ နားလည္ဖို႔ လိုပါတယ္။ သူတို႔အမွတ္မေကာင္းလို႔ မဆူပါနဲ႔။ ထပ္ႀကိဳးစားဖို႔ ေျပာပါ။ တခါတရံမွာ အေတြ႕အႀကဳံေတြက နာက်င္ေစႏိုင္တာေၾကာင့္ သင့္ကေလးကို အားေပးဖို႔လိုပါတယ္။ သူတို႔ဟာ ေနာက္တခ်ိန္မွာ ဘယ္လိုႀကိဳးစားရမယ္ဆိုတာ သိလာပါလိမ့္မယ္။

၄။ သား/သမီးကို ေမေမယုံတယ္

ကေလးေတြ အမွီခိုကင္းကင္း ျပဳမႈေဆာင္႐ြက္ႏိုင္ေစဖို႔ မၾကာခဏ ေျပာေပးသင့္တဲ့ စကားအသုံးအႏႈန္း ျဖစ္ပါတယ္။ ဒီစကားလုံးေတြက သင့္ကေလးကို ယုံၾကည္မႈေပးၿပီး တာဝန္ယူမႈကို သင္ေပးပါတယ္။ မိဘေတြက သူတို႔ကို ယုံၾကည္ကိုးစားလွ်င္ ကေလးဟာ မိဘအေပၚ လိမ္လည္ လွည့္စားႏိုင္မွာ မဟုတ္ပါဘူး။

၅။ ေက်းဇူးတင္ပါတယ္
သူတို႔အ႐ုပ္ေလးေတြကို သန္႔ရွင္းေရးလုပ္ေနရင္ေတာင္ အရာရာတိုင္းအတြက္ ကေလးကို ေက်းဇူးပါ လို႔ေျပာေပးပါ။ ဒီစကားအသုံးအႏႈန္းက တျခားသူေတြႏွင့္ သင့္အေပၚ ထို႔နည္းတူ လုပ္ေဆာင္ဖို႔ ကေလးကို သင္ေပးပါလိမ့္မယ္။

၆။ ေက်းဇူးျပဳၿပီး ကူညီပါဦး
ကေလးတိုင္းက ‘ငါဟာ အေရးပါတဲ့ သူပါလားလို႔’ ခံစားဖို႔ လိုပါတယ္။ သားသားမီးမီးေတြကို သူတို႔လုပ္ႏိုင္တဲ့အရာေလးေတြကို ဝိုင္းကူေပးဖို႔ အကူအညီေတာင္းပါ။ အေဖရဲ႕ ကားကို ေရေဆးေပးရရင္ေတာင္ သူတို႔ဂုဏ္ယူပါတယ္။ ‘သား/သမီးမရွိဘဲ ဒီအလုပ္ေတြလုပ္ဖို႔ ခက္ခဲတယ္’ စတဲ့ စကားလုံးေလးေတြ ေျပာေပးဖို႔ မေမ့ပါနဲ႔ေနာ္။

၇။ ေမ့ေမ့ဘဝထဲမွာ သား/သမီးရွိတဲ့အတြက္ အရမ္းေပ်ာ္တယ္
ေမေမတို႔ကေလးဟာ အထူးသျဖင့္ ဆယ္ေက်ာ္သက္အ႐ြယ္အတြင္းမွာ သူတို႔ပတ္ဝန္းက်င္ကမာၻႀကီးနဲ႔ ဆက္ဆံရတဲ့အခါ ျပႆနာေတြ မၾကာခဏ ရွိပါလိမ့္မယ္။ ဆယ္ေက်ာ္သက္တစ္ေယာက္ဟာ မိဘက စိတ္မခ်လို႔ ညဘက္အျပင္ မသြားနဲ႔ေျပာတဲ့အခါ၊ ေနရာတကာ လိုက္ခ်ဳပ္ခ်ယ္တဲ့အခါ ‘သူမ်ားအေမေတြက မခ်ဳပ္ခ်ယ္ဘူး၊ ငါ့အေမက ငါ့ကိုခ်စ္တာေကာ ဟုတ္ရဲ႕လား’လို႔ မိဘေတြရဲ႕ အခ်စ္ကို သံသယ စဝင္တတ္ပါတယ္။ ဒါ့ေၾကာင့္ ကေလးေတြကို သူတို႔ရွိေနလို႔ သင္ေပ်ာ္ရတဲ့ အေၾကာင္း ေျပာျပေပးပါ။

ကေလးတိုင္းဟာ ႐ိုေသေလးစားမႈရွိၿပီး ခ်စ္စရာေကာင္းတဲ့ လူတစ္ေယာက္အျဖစ္ confident ရွိသူတစ္ေယာက္အျဖစ္ ႀကီးျပင္းရပါမယ္။ ဒီစကားအသုံးအႏႈန္းမ်ားက ကူညီေပးႏိုင္ပါတယ္။ ေန႔တိုင္း အျပဳသေဘာေဆာင္တဲ့ အရာတစ္ခုခုကို ေျပာေပးပါ။ ကေလးႏွင့္ ေမေမတို႔ရဲ႕ သံေယာဇဥ္က ခိုင္မာလာပါလိမ့္မယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here