ကလေးတွေမှာ သတိထားပေးဖို့လိုတဲ့ အန္တရာယ်ဖြစ်စေသော အရာ(၅)ခု

0
344

အမေရိကန်နိုင်ငံမှာ ကလေးတွေ ကုလားထိုင်အမြင့်ပေါ်ကနေ ပြုတ်ကျပြီး ဒဏ်ရာရတဲ့ အရေအတွက်ဟာ နေ့စဉ်နေ့တိုင်းရှိတယ်လို့ သိရပါတယ်။ အိမ်ပြင်ထွက်ဆော့မှသာ ကလေးတွေကို ဂရုစိုက်ပေးသင့်တာမဟုတ်ပါဘူး။ အိမ်မှာပဲဖြစ်ဖြစ်၊ ကစားကွင်းမှာပဲဖြစ်ဖြစ် ပုန်းကွယ်နေတဲ့ အန္တရာယ်တွေရှိတာကြောင့် အမြဲတမ်းဂရုစိုက်ပေးနေဖို့ လိုပါတယ်။ အထူးသဖြင့် ထိုင်တတ်ခါစ၊ လမ်းလျှောက်တတ်ခါစအရွယ်လေးတွေကို သတိနှင့် ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။

-Advertisement-

၁။ Wအနေအထားထိုင်ခြင်း

Wအနေအထားက အထူးသဖြင့် သူတို့အတွက် သက်တောင့်သက်သာစေဖြစ်တာကြောင့် ကြမ်းပြင်ပေါ်မှာ ထိုင်ကစားတဲ့အခါ ကလေးအများစု ရွေးချယ်ကြတဲ့ နည်းလမ်းတစ်ခုပါ။ သို့သော် ဒီအနေအထားက ကလေးတွေအတွက် အန္တရာယ်အရှိဆုံး အနေအထားဖြစ်တာကြောင့် ဆရာဝန်များက ဒီလိုမထိုင်စေဖို့ မိဘတွေကို အကြံပြုထားပါတယ်။ ကလေးရဲ့ ဖွံ့ဖြိုးဆဲ ခြေထောက်အဆစ်နှင့် တင်ပါးဆုံးရိုးကို သက်ရောက်မှုရှိနိုင်ပြီး ပုခုံး၊ လည်ပင်းနဲ့ နောက်ကျောပေါ်ကို ဖိအားဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။ နောက်ပိုင်းမှာ ခြေထောက်ခွင်တာတွေ ဖြစ်လာနိုင်ပါတယ်။

၂။ တက်ဘလက်တွေ ပေးထားခြင်း (အထူးသဖြင့် လသားအရွယ်မှာ )

ကလေးတွေဟာ တီဗီရှေ့မှာ၊ ဖုန်းစခရမ်ရှေ့မှာ အထူးသဖြင့် သူတို့ကြိုက်တဲ့ ကာတွန်းကားတွေ ၊အရုပ်တွေပြထားမယ်ဆိုရင် အချိန်အကြာကြီး ငြိမ်နေတတ်ကြပါတယ်။ ဖန်ပြားပြင်က ထုတ်လွှင့်တဲ့ အပြာရောင်အလင်းဟာ ကလေးတွေအတွက် အန္တရာယ် ဖြစ်နိုင်တာကြောင့် စခရင်ပေးကြည့်တဲ့ အချိန်ကို လျှော့ချဖို့ ဆရာဝန်တွေက မိဘတွေကို သတိပေးထားပါတယ်။ အပြာရောင်အလင်းနှင့် အလွန်အကျွံထိတွေ့တဲ့အခါ ခေါင်းကိုက်တာ၊ လည်ပင်း၊ ပုခုံးနာကျင်တာ၊ မျက်လုံးခြောက်သွေ့ ကျိန်းစက်တာတွေ ဖြစ်လာယုံမက စိတ်တိုတဲ့ အပြုအမှုတွေ လည်းဖြစ်လာတတ်ပါတယ်။ ပင်ပန်းနွမ်းနယ်တာတွေ ခံစားရစေပြီး သူတို့ရဲ့ အိပ်စက်ချိန်နှင့် နိုးချိန်သံသရာကို သက်ရောက်မှုလည်း ရှိစေနိုင်ပါတယ်။

၃။ ကုလားထိုင်ပေါ်မှာ မတ်တပ်ရပ်ခြင်း

ဒါက အထူးသဖြင့် လမ်းလျှောက်ခါစ ကလေးတွေအကြားမှာ ဒဏ်ရာအရဆုံး အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ကလေးတွေဟာ များသောအားဖြင့် ကုလားထိုင်လို အမြင့်တွေပေါ် တတ်ချင်ကြပါတယ်။ ကုလားထိုင်အမြင့်တွေကနေ ပြုတ်ကျခြင်းက အထူးသဖြင့် ခေါင်းကို ထိခိုက်ဒဏ်ရာရစေတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းမှာပဲ ကုလားထိုင်အမြင့်ပေါ်ကနေ ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရတဲ့ ကလေးဟာ နာရီတိုင်း ရှိတယ်လို့ဆိုပါတယ်။ ကလေးတွေကို ကုလားထိုင်ပေါ်မှာ မတ်တပ်ရပ်ပေးတာတို့ ခွင့်မပြုသင့်ကြောင်း မိဘတွေကို အကြံပေးထားပါတယ်။

၄။ trampolines ပေါ်မှာခုန်ခြင်း

စပရိန်ရဲ့ ကန်အားနဲ့ ပြုလုပ်ထားတဲ့ trampolinesပေါ်မှာ ခုန်ပေါက်ကစားတာက ကလေးတွေအတွက် အန္တရာယ်မရှိဘူးထင်ရပေမယ့် တကယ်တော့ ပြင်းထန်တဲ့ အန္တရာယ်တွေ ပေးစေနိုင်ပါတယ်။ ကလေးအထူးကုဆရာဝန်များအဆိုအရ ဒီလိုဆော့တာကြောင့် ကလေးတွေဟာ ခေါင်းဒဏ်ရာရတာတွေ၊ အရိုးကျိုးတာတွေ မကြာခဏ ဖြစ်လေ့ရှိပြီး ထိခိုက်ဒဏ်ရာပြင်းထန်ပါက ဦးနှောက်ပျက်စီးတာတွေတောင် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

၅။ အကာအကွယ်ဦးထုပ်မပါဘဲ စက်ဘီးပေးစီးခြင်း

စက်ဘီးစီးတာက ကလေးတွေကို သန်မာစေတဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် စက်ဘီးစီးတဲ့အခါ ကလေးဆောင်း ဆိုင်ကယ်ဦးထုပ်လေးတွေ ဆောင်းပေးတာက ကလေးတွေအတွက် အန္တရာယ်ကင်းစေနိုင်ပါတယ်။ မတော်တဆလဲကျတဲ့အခါ ဦးခေါင်းကို ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာ မရအောင် တားဆီးနိုင်ပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

ကေလးေတြမွာ သတိထားေပးဖို႔လိုတဲ့ အႏၲရာယ္ျဖစ္ေစေသာ အရာ(၅)ခု
အေမရိကန္ႏိုင္ငံမွာ ကေလးေတြ ကုလားထိုင္အျမင့္ေပၚကေန ျပဳတ္က်ၿပီး ဒဏ္ရာရတဲ့ အေရအတြက္ဟာ ေန႔စဥ္ေန႔တိုင္းရွိတယ္လို႔ သိရပါတယ္။ အိမ္ျပင္ထြက္ေဆာ့မွသာ ကေလးေတြကို ဂ႐ုစိုက္ေပးသင့္တာမဟုတ္ပါဘူး။ အိမ္မွာပဲျဖစ္ျဖစ္၊ ကစားကြင္းမွာပဲျဖစ္ျဖစ္ ပုန္းကြယ္ေနတဲ့ အႏၲရာယ္ေတြရွိတာေၾကာင့္ အၿမဲတမ္းဂ႐ုစိုက္ေပးေနဖို႔ လိုပါတယ္။ အထူးသျဖင့္ ထိုင္တတ္ခါစ၊ လမ္းေလွ်ာက္တတ္ခါစအ႐ြယ္ေလးေတြကို သတိႏွင့္ ကာကြယ္ေစာင့္ေရွာက္ေပးဖို႔ လိုအပ္ပါတယ္။

၁။ Wအေနအထားထိုင္ျခင္း

Wအေနအထားက အထူးသျဖင့္ သူတို႔အတြက္ သက္ေတာင့္သက္သာေစျဖစ္တာေၾကာင့္ ၾကမ္းျပင္ေပၚမွာ ထိုင္ကစားတဲ့အခါ ကေလးအမ်ားစု ေ႐ြးခ်ယ္ၾကတဲ့ နည္းလမ္းတစ္ခုပါ။ သို႔ေသာ္ ဒီအေနအထားက ကေလးေတြအတြက္ အႏၲရာယ္အရွိဆုံး အေနအထားျဖစ္တာေၾကာင့္ ဆရာဝန္မ်ားက ဒီလိုမထိုင္ေစဖို႔ မိဘေတြကို အႀကံျပဳထားပါတယ္။ ကေလးရဲ႕ ဖြံ႕ၿဖိဳးဆဲ ေျခေထာက္အဆစ္ႏွင့္ တင္ပါးဆုံး႐ိုးကို သက္ေရာက္မႈရွိႏိုင္ၿပီး ပုခုံး၊ လည္ပင္းနဲ႔ ေနာက္ေက်ာေပၚကို ဖိအားျဖစ္ေစတယ္လို႔ ေဖာ္ျပထားပါတယ္။ ေနာက္ပိုင္းမွာ ေျခေထာက္ခြင္တာေတြ ျဖစ္လာႏိုင္ပါတယ္။

၂။ တက္ဘလက္ေတြ ေပးထားျခင္း (အထူးသျဖင့္ လသားအ႐ြယ္မွာ )

ကေလးေတြဟာ တီဗီေရွ႕မွာ၊ ဖုန္းစခရမ္ေရွ႕မွာ အထူးသျဖင့္ သူတို႔ႀကိဳက္တဲ့ ကာတြန္းကားေတြ ၊အ႐ုပ္ေတြျပထားမယ္ဆိုရင္ အခ်ိန္အၾကာႀကီး ၿငိမ္ေနတတ္ၾကပါတယ္။ ဖန္ျပားျပင္က ထုတ္လႊင့္တဲ့ အျပာေရာင္အလင္းဟာ ကေလးေတြအတြက္ အႏၲရာယ္ ျဖစ္ႏိုင္တာေၾကာင့္ စခရင္ေပးၾကည့္တဲ့ အခ်ိန္ကို ေလွ်ာ့ခ်ဖို႔ ဆရာဝန္ေတြက မိဘေတြကို သတိေပးထားပါတယ္။ အျပာေရာင္အလင္းႏွင့္ အလြန္အကြၽံထိေတြ႕တဲ့အခါ ေခါင္းကိုက္တာ၊ လည္ပင္း၊ ပုခုံးနာက်င္တာ၊ မ်က္လုံးေျခာက္ေသြ႕ က်ိန္းစက္တာေတြ ျဖစ္လာယုံမက စိတ္တိုတဲ့ အျပဳအမႈေတြ လည္းျဖစ္လာတတ္ပါတယ္။ ပင္ပန္းႏြမ္းနယ္တာေတြ ခံစားရေစၿပီး သူတို႔ရဲ႕ အိပ္စက္ခ်ိန္ႏွင့္ ႏိုးခ်ိန္သံသရာကို သက္ေရာက္မႈလည္း ရွိေစႏိုင္ပါတယ္။

၃။ ကုလားထိုင္ေပၚမွာ မတ္တပ္ရပ္ျခင္း

ဒါက အထူးသျဖင့္ လမ္းေလွ်ာက္ခါစ ကေလးေတြအၾကားမွာ ဒဏ္ရာအရဆုံး အေၾကာင္းရင္းတစ္ခုျဖစ္ပါတယ္။ ကေလးေတြဟာ မ်ားေသာအားျဖင့္ ကုလားထိုင္လို အျမင့္ေတြေပၚ တတ္ခ်င္ၾကပါတယ္။ ကုလားထိုင္အျမင့္ေတြကေန ျပဳတ္က်ျခင္းက အထူးသျဖင့္ ေခါင္းကို ထိခိုက္ဒဏ္ရာရေစတဲ့ အေၾကာင္းရင္းေတြ ျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံ တစ္ႏိုင္ငံတည္းမွာပဲ ကုလားထိုင္အျမင့္ေပၚကေန ျပဳတ္က်ၿပီး ထိခိုက္ဒဏ္ရာရတဲ့ ကေလးဟာ နာရီတိုင္း ရွိတယ္လို႔ဆိုပါတယ္။ ကေလးေတြကို ကုလားထိုင္ေပၚမွာ မတ္တပ္ရပ္ေပးတာတို႔ ခြင့္မျပဳသင့္ေၾကာင္း မိဘေတြကို အႀကံေပးထားပါတယ္။

၄။ trampolines ေပၚမွာခုန္ျခင္း

စပရိန္ရဲ႕ ကန္အားနဲ႔ ျပဳလုပ္ထားတဲ့ trampolinesေပၚမွာ ခုန္ေပါက္ကစားတာက ကေလးေတြအတြက္ အႏၲရာယ္မရွိဘူးထင္ရေပမယ့္ တကယ္ေတာ့ ျပင္းထန္တဲ့ အႏၲရာယ္ေတြ ေပးေစႏိုင္ပါတယ္။ ကေလးအထူးကုဆရာဝန္မ်ားအဆိုအရ ဒီလိုေဆာ့တာေၾကာင့္ ကေလးေတြဟာ ေခါင္းဒဏ္ရာရတာေတြ၊ အ႐ိုးက်ိဳးတာေတြ မၾကာခဏ ျဖစ္ေလ့ရွိၿပီး ထိခိုက္ဒဏ္ရာျပင္းထန္ပါက ဦးေႏွာက္ပ်က္စီးတာေတြေတာင္ ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။

၅။ အကာအကြယ္ဦးထုပ္မပါဘဲ စက္ဘီးေပးစီးျခင္း

စက္ဘီးစီးတာက ကေလးေတြကို သန္မာေစတဲ့ ကိုယ္လက္လႈပ္ရွားမႈ တစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ စက္ဘီးစီးတဲ့အခါ ကေလးေဆာင္း ဆိုင္ကယ္ဦးထုပ္ေလးေတြ ေဆာင္းေပးတာက ကေလးေတြအတြက္ အႏၲရာယ္ကင္းေစႏိုင္ပါတယ္။ မေတာ္တဆလဲက်တဲ့အခါ ဦးေခါင္းကို ျပင္းထန္တဲ့ ထိခိုက္ဒဏ္ရာ မရေအာင္ တားဆီးႏိုင္ပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here