ကလေးတွေကို ခရစမတ်လက်ဆောင် တိတ်တိတ်လေးပေးခဲ့တဲ့ အထက်တန်းကျောင်းသားလေး

0
53

ဒီဇင်ဘာလဆိုတာ ခရစ်စမတ်စိတ်၀ိညာဉ်ရဲ့ တိကျတဲ့ အချိန်ကာလတစ်ခု ဖြစ်သလို ချစ်ခင်ကြင်နာခြင်းတွေကလည်း နေရာအနှံ့ကနေပြီးတော့ ရောက်လာတတ်ပါတယ်။ လူတွေဟာဆိုရင် နှစ်တစ်နှစ်ရဲ့ ဘယ်လို အချိန်တွေမှာပဲ ဖြစ်ဖြစ် မကြာခဏ ပေးကမ်းစွန့်ကြဲလိုတဲ့ ဆန္ဒတွေရှိကြပါတယ်။ တစ်ချို့ ပေးဆပ်မှုတွေမှာ မျှော်လင့်ထားပြီးတဲ့ ဖြစ်ရပ်တစ်ခုဆိုပေမဲ့လည်း ကျွန်မတို့ကို surprise ဖြစ်စေပြီးတော့ ကျေးဇူးတင်နေရဆဲပါပဲ။ အဲ့သလို အဖြစ်အပျက်တွေထဲက ဒေသခံကျောင်းတစ်ကျောင်းမှရှိတဲ့ Santa’s Secret ဆိုင်နှင့်အတူ ပရဟိတလုပ်ခဲ့တဲ့ Erika Mills ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာလေးကို မျှ၀ေပေးလိုက်ပါတယ်။

-Advertisement-

မိခင်တစ်ယောက်က အထက်တန်းကျောင်းအကြီးအကဲတစ်ဦးဟာ ကလေးတွေကို သူတို့ရဲ့ မုန့်ဖိုးထဲက ပိုက်ဆံတွေနဲ့ လက်ဆောင်တွေကို ရွေးချယ်စေခဲ့တာကို သတိထားမိခဲ့ပါတယ်။ အမျိုးသမီးကြီးဟာ ဖေ့စ်ဘွတ်မှာဆိုရင် သူ့ရဲ့အတွေ့အကြုံတွေကို တင်ပြခဲ့ပြီး နောက်ပိုင်းမှာ Timmmy Sweeney လို့ သတ်မှတ်ခံရတဲ့ လျှို့၀ှက်ဆန်းကြယ်တဲ့ လူငယ်လေးကို ချီးမွမ်းခဲ့တယ်။

ကြင်နာတတ်တဲ့ လူငယ်လေး ပြုလုပ်လိုက်တဲ့ သာမန်အဖြစ်အပျက်လေးက သူ့အတွက် သူ့ရဲ့တစ်ဦးတည်းသော အမေဆီကနေပြီးတော့ ကြီးမားတဲ့ ချီးမွမ်းမှုကြီး ကို ရလိုက်တယ်။ အဲရီကာဟာဆိုရင် သူမရဲ့ ဖေ့ဘွတ်မှာ အကြောင်းအရာအသေးစိတ်ကို ပြောပြပေးထားပါတယ်။ ”ဒီနေ့ ကျွန်မကျောင်းမှာ Santa Secret ဆိုင်နဲ့အတူ စေတနာ့၀န်ထမ်းလုပ်ခဲ့တယ်။ ကလေးတွေတော်တော်များများက အထက်တန်းကျောင်းသားတွေဖြစ်ပြီးတော့ ဒီနေ့မွန်းလွဲပိုင်းမှာတော့ ထူးထူးခြားခြားမိန်းကလေးတွေကြားမှာ ကောင်လေးတစ်ယောက်ရှိနေခဲ့တယ်။

သူက ကျွန်မစားပွဲမှာ ကလေးတွေကို ကူညီပေးနေတယ်။ ကလေးတစ်ယောက်က သူလိုချင်တာတွေ၀ယ်ဖို့အတွက် ပိုက်ဆံအလုံအလောက် မရှိခဲ့ဘူး။ဒါကြောင့်မို့လို့ အဲ့ဒီအကြီးတန်းက ကလေးက ပိုက်ဆံအိတ်ဖွင့်လိုက်တယ်။ သူဟာ သူ့ရဲ့ညီမလေး ဒါမှမဟုတ် သူ့ရဲ့ ဆွေမျိုးအရင်းအခြာတစ်ယောက်ဖြစ်လိမ့်မယ်လို့ ကျွန်မ ယူဆခဲ့တဲ့အတွက် ဒီကိစ္စကို ကျွန်မအလေးထားပြီး မစဥ်းစားဖြစ်ခဲ့ဘူး” ပြီးတော့ သူမက သူရဲ့ ကြင်နာယုယတတ်မှု လုပ်ရပ်နဲ့အတူ သူမအံ့အားသင့်ခဲ့ရတဲ့အကြာင်းရင်းကိုပါ အသေးစိတ်ပြောပြခဲ့ပါတယ်။ ”ဒါပေမဲ့ မိနစ်အနည်းငယ်လောက်အကြာမှာတော့ အလားတူအဖြစ်အပျက်မျိုးထပ်ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကိုသိလားလို့ ကျွန်မမေးလိုက်တယ်။”ဟင့်အင်း”တဲ့။ ဒီဆယ်ကျော်သက်လေးက ကလေးတွေကို သူတို့ရဲ့ မိသားစုတွေအတွက် သူတို့ရဲ့ ခရစ်စမတ်စရင်းနဲ့အတူ တိတ်တဆိတ်ကူညီပေးနေခဲ့တာပါ။ လက်ဆောင်ပေးခံရတဲ့ ကလေးတွေတောင်မှမသိခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မအနေနဲ့ ဒီမှာ တင်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ကျောင်းမှာ အကောင်းဆုံးကလေးတွေရှိတယ်ဆိုတာ ကျိန်ဆိုရတာဟာ အရမ်းပီတိဖြစ်လို့ပါပဲ။’

ဒီကိစ္စဟာ လုံး၀ချီးမွမ်းရမယ့် အရာပါ။ ကျွန်မတို့ မှာ လိုအပ်နေတဲ့သူတွေအတွက် ကူညီပေးနေတဲ့သူတွေ တွေ့တဲ့အခါ အရမ်း၀မ်းသာရပါတယ်။ ဒါဟာဆိုရင် ကလေးတွေအတွက် အမှန်တကယ်အံ့ဩစရာကောင်းတဲ့မှော်ပညာအတွေ့အကြုံတစ်ခုအဖြစ် ခရစ်စမတ်ရဲ့ပြောင်းလဲနည်းတစ်မျိုးပါပဲ”လို့ အယ်ရီကာက ပြောခဲ့ပါတယ်။
Lifestyle_Myanmar

Nyein_Thu

source-boredpanda

LEAVE A REPLY

Please enter your comment!
Please enter your name here