ကလေးငယ်ရဲ့ဦးနှောက်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အကူအညီဖြစ်စေမယ့် နေ့စဉ်အလေ့အကျင့်များ

0
57
- Advertisement -

ကိုယ့်ရဲ့မိသားစုဘဝထဲကို နောက်ထပ်အသက်တစ်ချောင်း ဝင်ရောက်လာတယ်ဆိုတာဟာ ပျော်စရာကောင်း၊ စိတ်လှုပ်ရှားစရာကောင်းသလို တစ်ချိန်တည်းမှာပဲ တာဝန်ဝတ္တရားတွေပါ တွဲကပ်ပြီးပါလာတာကြောင့် အနည်းငယ်တော့ ကြောက်လန့်တကြားဖြစ်နေနိုင်ပါတယ်။ မိဘတစ်ယောက်အနေနဲ့ လုပ်သင့်တဲ့အရာ၊ သတိထားရမယ့်အရာတွေက အလွန်များပြားလှတာကြောင့် တွန့်ဆုတ်နိုင်လှပါတယ်။

-Advertisement-

ရင်သွေးလေး မွေးဖွားလာတဲ့အချိန်မှာ သူတို့ရဲ့ဦးနှောက်အရွယ်အစားက အရွယ်ရောက်ပြီးသားလူကြီးတစ်ယောက် ဦးနှောက်ရဲ့ လေးပုံတစ်ပုံဖြစ်တဲ့ ၃ ပေါင်လောက်သာ အလေးချိန်ရှိပါတယ်။ တဖြည်းဖြည်းအရွယ်ရောက်လာတဲ့အခါမှသာ ဦးနှောက်အရွယ်အစားကလည်း တဖြည်းဖြည်းကြီးထွားလာတာဖြစ်ပါတယ်။ ဦးနှောက်ဖွံ့ဖြိုးမှုက မျိုးရိုးဗီဇအလိုက်ဆိုပေမယ့်လည်း ကမ္ဘာကြီးနဲ့ကလေးရဲ့ ဆက်သွယ်ရေးပေါ်မှာလည်း မူတည်နေပါတယ်။ ဒီနေရာမှာ မိဘရဲ့အခန်းကဏ္ဍက အရေးကြီးလာပါပြီ။ အနာဂတ်သင်ယူမှုတွေ၊ ကျန်းမာရေး၊ အောင်မြင်မှု စတာတွေအတွက် လိုအပ်တဲ့အခြေခံအုတ်မြစ်ကို ဆောက်တည်ဖို့ရန် ကလေးကိုကောင်းကောင်းကျွေး၊ ကျန်းမာပျော်ရွှင်အောင်ထားပေးခြင်းဖြင့် ကူညီပေးနိုင်ပါတယ်။

တီတီတာတာ စကားပြောပါ

အစပိုင်းမှာတော့ အတန်ငယ်ပေါကြောင်ကြောင်နိုင်သလို ထင်ကောင်းထင်ရနိုင်ပေမယ့် ကလေးကိုတီတီတာတာစကားလေးတွေ ပြောပေးခြင်းက သူတို့လေးတွေရဲ့စိတ်ကိုလှုံ့ဆော်ပေးပြီး စကားတက်မြောက်မှုကို စောစောစီးစီးဖွံ့ဖြိုးဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ကလေးအသက် ၂ နှစ်အရွယ်ရှိ စကားလုံးစွမ်းရည်က ကျောင်းတက်ဖို့ အဆင်သင့်ဖြစ်မဖြစ်ကို သေချာပေါက်ခန့်မှန်းနိုင်ပြီး ရှေးဦးကလေးလူငယ် ဘာသာစကား ဖွံ့ဖြိုးမှုကတော့ အသက် ၁၁ နှစ်အရွယ်၌ စာတတ်မြောက်ခြင်းပေါ်မှာ လွှမ်းမိုးမှုရှိနိုင်ပါတယ်။

နို့ချိုတိုက်ကျွေးပါ

Springer Nature မှ ထုတ်ပြန်ထားတဲ့ သုတေသနအရ မိခင်နို့ရည်ဟာ ကလေးရဲ့ အသိဥာဏ်ဖွံ့ဖြိုးမှုကို ပံ့ပိုးပေးပြီး ဦးနှောက်ဖွံ့ဖြိုးကြီးထွားမှုအပေါ် သက်ရောက်နိုင်ပါတယ်။

စာအုပ်ဖတ်ပြပါ

အဝတ်တွေလျှော်စရာတစ်ပုံကြီးရှိနေလို့ ဒါမှမဟုတ် ညစာမချက်ရသေးလို့ စသဖြင့် အိမ်မှုကိစ္စတွေ လုပ်စရာရှိနေသေးတဲ့အခါ ကလေးကိုစာအုပ်ဖတ်ပြဖို့ဆိုတာက အရေးသိပ်မကြီးတော့တဲ့ ကိစ္စတစ်ခုလိုဖြစ်သွားနိုင်ပါတယ်။ သို့သော်လည်း ကလေးတွေအတွက်ထုတ်ထားတဲ့ စာအုပ်လေးတွေကို ပုံမှန်ဖတ်ပြပေးခြင်းက ကလေးရဲ့ IQ ပေါ်ကို များစွာကောင်းကျိုးဖြစ်စေပါတယ်။ ငယ်သေးတဲ့အချိန်မှာ ကိုယ်ဖတ်ပြတာတွေကို နားမလည်နိုင်သေးတာမှန်ပေမယ့်လည်း ကိုယ်ပြောလိုက်တဲ့ လေယူလေသိမ်း၊ ပြောပုံပြောနည်း၊ ဖတ်ပုံဖတ်နည်းတွေကို သေချာလိုက်မှတ်တတ်နေပါပြီ။

ဥာဏ်ရည်ကိုအထောက်အကူဖြစ်စေမယ့် ကစားစရာတွေနဲ့ ပေးဆော့ပါ

ဈေးပေါပြီး ပလတ်စတစ်နဲ့လုပ်ထားတဲ့ ကစားစရာတွေကို သူတို့အရှေ့မှာချပေးထားခြင်းက သူတို့အတွက် ဘာအထောက်အကူမှမဖြစ်စေသလို ဖွံ့ဖြိုးတိုးတက်မှုတွေလည်း ရှိလာစေမှာမဟုတ်ပါဘူး။ ကလေးလသားပိုင်းမှာဆိုရင် သူတို့မြင်သမျှက အနက်၊ အဖြူ၊ ခဲရောင်တွေချည်းဖြစ်တာကြောင့် ရောင်စုံအရုပ်တွေဝယ်ပေးထားလည်း အသုံးဝင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကလေးလသားပိုင်းမှာ အသံထွက်တဲ့အရုပ်တွေ သို့မဟုတ် ပုံစံဒီဇိုင်းအစုံရှိတဲ့ အရုပ်တွေကိုဝယ်ပေးခြင်းက ကလေးအတွက် ပိုအဆင်ပြေပါတယ်။

အတူတူဆော့ကစားပါ

ကလေးငယ်ချိန်မှာ အသံ၊ အမြင်တွေက အရေးကြီးဆုံးဆိုပေမယ့်လည်း မိဘနဲ့အတူဆော့ကစားခြင်းရဲ့ အကျိုးကျေးဇူးကိုလည်း လျှော့တွက်လို့မရပါဘူး။ ကစားစရာတွေကို လက်ထဲမှာကိုင်ပြီး ဆော့ကစားခြင်းက ကလေးရဲ့ရှေးဦးဖွံ့ဖြိုးမှုကို အများကြီးအထောက်အကူဖြစ်စေပါတယ်။

Lifestyle_Myanmar

Thinzar

Source- familyminded

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here