ကလေးငယ်တွေ စကားပြော နှောင့်နှေးခြင်းကိုကုသနိုင်မယ့် နည်းလမ်းများ

0
61

စောစောစီးစီး စကားပြောတတ်တာကြ ကလေးတွေအတွက် ဘာသာစကာကျွမ်းကျင်မှုနှုန်းကိုတိုးတက်စေပါတယ်။ မောင် နှမတွေတောင်စကားပြောဆိုမှုချင်းမတူကြပါဘူး။ တချို့က နောက်ကျတယ်။ တချို့ကစောတယ်၊စကားတတ်တယ် အဲ့ဒီလိုမျိုးပေါ့။

-Advertisement-

သင့်ရဲ့ကလေးကြီးထွားလာတာနဲ့အမျှ သူတို့ရဲ့ စကားပြောဆိုနိုင်မှုစွမ်းရည်တွေက တိုးတက်လာသင့်ပါတယ်။ နှစ်နှစ်အရွယ်ကလေးဆိုရင် “ဒါသားဘောလုံး” တို့ “ကွတ်ကီးတွေပေးပါ”စတဲ့ စကားလုံးအတိုလေးတွေစပြောသင့်ပါပြီ။အသက်၂နှစ်ခွဲလောက်မှာ ကလေးဘာသာ စကားကို သိပ်မကျွမ်းတဲ့လူတွေတောင် သင့်ကလေးစကားရဲ့ ထက်၀က်လောက်ကို နားလည်အောင် ပြောတတ်ဖို့လိုပါတယ်။

အသက်၃ နှစ်ဆိုရင်တော့သင့်ကလေးစကားတွေကို လူအများစုအကုန်နားလည်အောင် ပြောနိုင်သင့်ပါပြီနော်.သင့်ကလေးက အဲ့ဒီလိုစကားပြောဖို့ တုံ့ပြန်ဖို့ ရုန်းကန်နေရပြီဆို တတ်ကျွမ်းသူတွေနဲ့ အမြန်ပြသင့်ပါတယ်နော်။ အောက်ကအချက်လေးတွေဖတ်ကြည့်လိုက်ပါ။

စကားလုံးနဲ့ဘာသာစကားကို ထိခိုက်စေတဲ့ပြဿနာ

အကြားအာာရုံဆုံးရှုံးခြင်း အာရုံအပြောင်းအလဲမြန်တဲ့ပြဿနာ၊ ဖွံဖြိုးမှုနှောင့်နှေးတာ၊ Autismရောဂါ စတာတွေတွေ့ခဲ့ရင် တတ်ကျွမ်းနားလည်သူတွေနဲ့ အမြန်ပြဖို့လိုပါတယ်။ အချိန်မနှောင်းခင် ပြနိုင်မှ နောက်ပိုင်းသူတို့ရဲ့ ဘ၀ကောင်းမွန်သွားမှာပါ။ အိမ်တွင်းနည်းတွေနဲ့ အချိန်ကုန်ခံမနေပါနဲ့နော်.

လမ်းညွှန်မှုတွေကိုလိုက်နာဖို့အခက်အခဲရှိခြင်း
ပြောသင့်တဲ့စကားလုံးထက် နည်းနည်းလေးပဲပြောနိုင်ခြင်း
စကားထစ်ငေါ့ခြင်း
စာရေးစာဖတ်မှုမှာ အခက်အခဲဖြစ်ခြင်း
သင့်ကလေးရဲ့ပြောဆိုပုံကိုသင်ကိုယ်တိုင်နဲ့အခြားလူတွေနားမလည်နိုင်ခြင်း
လှောင်ပြောင်မှုခံရရင် ၀မ်းနည်းခြင်း သို့မဟုတ် စိတ်ပျက်ခြင်း
စကားပြောနှေးခြင်း
ပုံမှန်မဟုတ်သော တုံပြန်မှုများ
ပုံမှန်မဟုတ်တဲ့ကစားမှုများ စတဲ့အချက်တွေက သင့်ကလေးဟာ စကားပြောစွမ်းရည်မှာ ပြဿနာဖြစ်နေပြီလို့ အနီရောင်သတိပေးချက်တွေဖြစ်ပါတယ်။ သင့်ကလေးရဲ့ စကားပြောပုံကြောင့် တခြားကလေးတွေက သူတို့ထက် ငယ်တယ်လို့တောင် ထင်တတ်ကြပါတယ်။

စကားမပြောတတ်စေတဲ့အကြောင်းများ

စကားပြောနှေးတာနဲ့ပက်သက်ပြီး အကြောင်းရင်းများစွာရှိနိုင်ပါတယ်။ အကြားအာရုံဆုံးရှုံတာ၊ လျာခင်တိုတာ၊ သင်ယူမှုစွမ်းရည်ချို့တဲ့တာ၊ အထီးကျန်စိတ်၀ေဒနာရောဂါလိုနေထိုင်တာ၊ Autismzပုံစံမျိုးဖြစ်နေတာ၊ ခြေလက်တွေသိပ်လှု ပ်ရှားမှုမရှိတာ စတဲ့အကြောင်းတွေက စကားပြောဆိုမှုကိုနှောင့်နှေးစေတဲ့အရာတွေပဲဖြစ်ပါတယ်။ ဒါပေမယ့်စကားပြောနှောင့်နှေးတာနဲ့ပက်သက်ပြီး တတ်ကျွမ်းသူတွေက သင့်ကလေးကို ကူညီပေးနိုင်ပါတယ်။

စကားပြောကုထုံးကမျှော်လင့်ချက်(Speech Theraphy)

သင့်ကလေးကို ဘာသာစကားနဲ့ပက်သက်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်ဆီ(Speech Theraphy) ခေါ်သွားဖို့လိုပါတယ်။ သင့်ကလေးကို ပညာရှင်က အကဲဖြတ်ပြီး ကုသမှုတစ်ခုစီအတွက် အစီအစဉ်တွေ ရေးဆွဲပါလိမ့်မယ်။

သူတို့ကုထုံးတွေမှာ ကလေးတွေကို တက်တက်ကြွကြွကစားခိုင်းတာ၊ ကလေးတွေနဲ့စကားပြောတာ၊ စာအုပ်တွေနဲ့ ရုပ်ပုံတွေပြသတာ၊ သီချင်းတွေနားထောင်ခိုင်းတာ စတာတွေပါ၀င်ပါတယ်။ တစ်ခါတစ်လေသူတို့တွေက ဘာသာစကားလှုပ်ရှားမှုတွေဖြစ်တဲ့ ဘယ်လိုအသံထွက်ရမယ် ဘယ်လိုစားရမယ် ဆိုတာတွေနဲ့လိုအပ်တဲ့အစာတွေကို ကျွေးပြီးကုသကြတာလည်းဖြစ်ပါတယ်။

စောစောသိတာက အဓိက

ကိုယ့်ကလေးက ဘယ်လိုကလေးလဲ၊ ဘာတွေဖြစ်နေလဲဆိုတာကို စောစောသိထားတာကအရေးကြီးပါတယ်။ ဒါကြောင့်အချိန်တန်ပြောလာမှာပဲလို့တွေးပြီးမနေပါနဲ။ ကျွမ်းကျင်သူတွေနဲ့ပြသခြင်းက အကောင်းဆုံးဖြစ်သလို စကားပြောကုထုံးပညာရှင်တစ်ယောက်နဲ့လေ့ကျင့်ပေးခိုင်းခြင်းက သင့်ကလေးကိုမြန်မြန်တိုးတက်စေပါလိမ့်မယ်။

#Lifestyle_Myanmar

#Mg_Htet

REF_intermountainhealt.com

LEAVE A REPLY

Please enter your comment!
Please enter your name here