ကမ်းခြေမှာ ခြေဗလာနဲ့ လမ်းလျှောက်လို့ ကပ်ပါးပိုး ကူးစက်ခံရတဲ့ အမျိုးသမီး

0
509
Cutaneous larva Migrans

အသက် ၃၁နှစ်အရွယ် Nurul Ezzatul Akma ဆိုတဲ့ အမျိုးသမီးဟာ မကြာသေးမီက မိသားစုနဲ့ အတူ Dickson ကမ်းခြေကို အပန်းဖြေခရီးထွက်ခဲ့ပါတယ်။ အဲ့ဒီနောက် သူမကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးကို facebook ပေါ်မှာ တင်ပြီး သူမလိုပဲ ကမ်ခြေသွားမယ်ဆိုရင် ဘယ်လိုတွေ ကြိုတင်ကာကွယ် ရမလဲဆိုတာ သတိပေးထားခဲ့ပါတယ်။ သူမဟာ ကမ်းခြေရောက်တဲ့အခါမှာတော့ ခြေဗလာနဲ့ လေညင်းခံလမ်းလျှောက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် Cutaneous larva Migrans လို့ လူသိများတဲ့ အနာရောဂါဖြစ်ခဲ့ရပါတယ်။

-Advertisement-

အဆိုပါ အနာဟာ သူမခြေဖဝါးမှာဖြစ်တာ ဖြစ်ပြီး ပထမတော့ သူမခရီးပန်းလာလို့ အာရုံကြော ပြဿနာတစ်ခုခု ခံစားနေရတယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ပတ်အကြာမှာတော့ သူမရဲ့ ခြေဖဝါးမှာ သွေးကြောပုံစံ အနီလိုင်းလေးတွေ ပေါ်နေတာ ထင်ထင်ရှားရှားတွေ့မြင်ခဲ့ရပါတယ်။ ဖိနပ်ကြောင့် ဖြစ်တာနေမယ်လို့ယူဆပေမဲ့ ထိုနေရာဟာ တစ်ဖြည်းဖြည်းနဲ့ ရောင်ရမ်း ဖုထွက်လာခဲ့ပါတယ်။ အနှိပ်သည်တစ်ယောက်ကို သွားရောက်ပြသတဲ့အခါမှာလည်း အာရုံကြောကြောင့်ဖြစ်တာလို့ ဆိုပါတယ်။

အဲ့ဒီနောက် သူမရဲ့ ခြေဖဝါးဟာ မယုံနိုင်လောက်အောင် ယားယံလာတာ သတိပြုမိလာပါတယ်။ အဆိုပါ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး သူမခံစားနေရတဲ့ ဒဏ်ရာကို ဓာတ်ပုံရိုက်ကာ facebook ပေါ်မှာ ပုံတင်အကူအညီတောင်းဆိုခဲ့ပါတယ်။ သိနားလည်တဲ့ သူအချို့ မန့်ထားတဲ့ comment တွေ ဝင်ဖတ်ပြီးနောက်မှာတော့ သူမရဲ့ အနာဟာ သာမန်မဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ်။ ဒါ့ကြောင့် သူငယ်ချင်း မိတ်ဆွေတို့ရဲ့ တိုက်တွန်းမှုနဲ့ သူမရဲ့ အနာကို စစ်ဆေးဖို့ Ara Damansara ပုဂ္ဂလိကဆေးရုံမှာ သွားရောက်ပြသခဲ့ပါတယ်။

ဆရာဝန်က သူမရဲ့ အကြောင်းကို မေးတဲ့အခါမှာတော့ သူမ ကမ်းခြေကို သွားခဲ့ဖူးကြောင် ဆရာဝန်ကို ပြောပြခဲ့ပါတယ်။ ဆရာဝန်စစ်ဆေးပြီးတဲ့ အခါသူမရဲ့ ခြေဖဝါးဟာ Cacing Kerawit ဒါမှမဟုတ် Cacing Tambang လို့ ခေါ်တဲ့ ကပ်ပါးပိုးဝင်ခဲ့တာလို့ ဆိုပါတယ်။ အဆိုပါ ပိုးကို Hookworm လို့လည်း လူသိများပါတယ်။ ဆရာဝန်ရဲ့ ရှင်းပြချက်အရ အဆိုပါပိုးဟာ ခွေးတွေ၊ ကြောင်တွေ မစင်စွန့်တဲ့ နေရာတစ်ဝှိုက်မှာ ရှိတတ်တာဖြစ်ပြီး ထိုကနေ တစ်ဆင့် ကူးစက်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Nurul ဟာ သူအိပ်နေတဲ့ အခါမှာလည်း ခြေဖဝါးနေရာတစ်ဝှိုက်က ရွေ့လျားမှုတစ်ခုခု ခံစားနေရတယ်လို့ဆိုပါတယ်။ ဆရာဝန်ရဲ့ အကြံပြုချက်အရ အရေပြားအထူးကုနဲ့ ထပ်မံပြသပြီး တတိယမြောက်ဆေးထိုးပြီးတဲ့အခါမှာတော့ ထိုခြေဖဝါးနေရာတစ်ဝှိုက်မှာ ရွေ့လျားမှုမရှိတော့ဘဲ သက်သာပျောက်ကင်းလာပါတယ်။ အဲ့ဒီနောက် သူမရဲ့ အတွေ့အကြုံလေးကို အွန်လိုင်းပေါ်ကနေ တစ်ဆင့် ပြန်လည်မျှဝေပေးခဲ့ပါတယ်။

အထူးသဖြင့် ကလေးတွေအနေနဲ့ လမ်းလျှောက်တဲ့အခါ ဖိနပ်ကို သေသေချာချာစီးဖို့၊ သူမကဲ့သို့ မဖြစ်အောင် ခရီးသွားမယ်ဆိုရင်လည်း ဆရာဝန်တွေ သတ်မှတ်ပေးထားတဲ့ Zentel ဆေးကို ယူဆောင်သွားဖို့ အကြံပေးမျှဝေထားခဲ့ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

မေမေတို့မဖြစ်မနေ သိထားရမယ့် ကလေးတစ်ယောက်ကို ကြမ်းတမ်းစွာ လှုပ်ရမ်းခြင်းရဲ့ အန္တရာယ်

Zawgyi Fonts

ကမ္းေျခမွာ ေျခဗလာနဲ႔ လမ္းေလၽွာက္လို႔ ကပ္ပါးပိုး ကူးစက္ခံရတဲ့ အမ်ိဳးသမီး
အသက္ ၃၁ႏွစ္အရြယ္ Nurul Ezzatul Akma ဆိုတဲ့ အမ်ိဳးသမီးဟာ မၾကာေသးမီက မိသားစုနဲ႔ အတူ Dickson ကမ္းေျခကို အပန္းေျဖခရီးထြက္ခဲ့ပါတယ္။ အဲ့ဒီေနာက္ သူမၾကဳံေတြ႕ခဲ့ရတဲ့ အျဖစ္အပ်က္ေလးကို facebook ေပၚမွာ တင္ၿပီး သူမလိုပဲ ကမ္ေျခသြားမယ္ဆိုရင္ ဘယ္လိုေတြ ႀကိဳတင္ကာကြယ္ ရမလဲဆိုတာ သတိေပးထားခဲ့ပါတယ္။ သူမဟာ ကမ္းေျခေရာက္တဲ့အခါမွာေတာ့ ေျခဗလာနဲ႔ ေလညင္းခံလမ္းေလၽွာက္ခဲ့တယ္လို႔ ဆိုပါတယ္။ အဲ့ဒီေနာက္ Cutaneous larva Migrans လို႔ လူသိမ်ားတဲ့ အနာေရာဂါျဖစ္ခဲ့ရပါတယ္။

အဆိုပါ အနာဟာ သူမေျခဖဝါးမွာျဖစ္တာ ျဖစ္ၿပီး ပထမေတာ့ သူမခရီးပန္းလာလို႔ အာ႐ုံေၾကာ ျပႆနာတစ္ခုခု ခံစားေနရတယ္လို႔ ထင္ခဲ့ပါတယ္။ ဒါေပမဲ့ တစ္ပတ္အၾကာမွာေတာ့ သူမရဲ့ ေျခဖဝါးမွာ ေသြးေၾကာပုံစံ အနီလိုင္းေလးေတြ ေပၚေနတာ ထင္ထင္ရွားရွားေတြ႕ျမင္ခဲ့ရပါတယ္။ ဖိနပ္ေၾကာင့္ ျဖစ္တာေနမယ္လို႔ယူဆေပမဲ့ ထိုေနရာဟာ တစ္ျဖည္းျဖည္းနဲ႔ ေရာင္ရမ္း ဖုထြက္လာခဲ့ပါတယ္။ အႏွိပ္သည္တစ္ေယာက္ကို သြားေရာက္ျပသတဲ့အခါမွာလည္း အာ႐ုံေၾကာေၾကာင့္ျဖစ္တာလို႔ ဆိုပါတယ္။

အဲ့ဒီေနာက္ သူမရဲ့ ေျခဖဝါးဟာ မယုံနိုင္ေလာက္ေအာင္ ယားယံလာတာ သတိျပဳမိလာပါတယ္။ အဆိုပါ အျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီး သူမခံစားေနရတဲ့ ဒဏ္ရာကို ဓာတ္ပုံရိုက္ကာ facebook ေပၚမွာ ပုံတင္အကူအညီေတာင္းဆိုခဲ့ပါတယ္။ သိနားလည္တဲ့ သူအခ်ိဳ႕ မန္႔ထားတဲ့ comment ေတြ ဝင္ဖတ္ၿပီးေနာက္မွာေတာ့ သူမရဲ့ အနာဟာ သာမန္မဟုတ္ဘူးဆိုတာ သိလိုက္ရပါတယ္။ ဒါ့ေၾကာင့္ သူငယ္ခ်င္း မိတ္ေဆြတို႔ရဲ့ တိုက္တြန္းမွုနဲ႔ သူမရဲ့ အနာကို စစ္ေဆးဖို႔ Ara Damansara ပုဂၢလိကေဆး႐ုံမွာ သြားေရာက္ျပသခဲ့ပါတယ္။

ဆရာဝန္က သူမရဲ့ အေၾကာင္းကို ေမးတဲ့အခါမွာေတာ့ သူမ ကမ္းေျခကို သြားခဲ့ဖူးေၾကာင္ ဆရာဝန္ကို ေျပာျပခဲ့ပါတယ္။ ဆရာဝန္စစ္ေဆးၿပီးတဲ့ အခါသူမရဲ့ ေျခဖဝါးဟာ Cacing Kerawit ဒါမွမဟုတ္ Cacing Tambang လို႔ ေခၚတဲ့ ကပ္ပါးပိုးဝင္ခဲ့တာလို႔ ဆိုပါတယ္။ အဆိုပါ ပိုးကို Hookworm လို႔လည္း လူသိမ်ားပါတယ္။ ဆရာဝန္ရဲ့ ရွင္းျပခ်က္အရ အဆိုပါပိုးဟာ ေခြးေတြ၊ ေၾကာင္ေတြ မစင္စြန္႔တဲ့ ေနရာတစ္ဝွိုက္မွာ ရွိတတ္တာျဖစ္ၿပီး ထိုကေန တစ္ဆင့္ ကူးစက္တာျဖစ္နိုင္တယ္လို႔ ဆိုပါတယ္။

Nurul ဟာ သူအိပ္ေနတဲ့ အခါမွာလည္း ေျခဖဝါးေနရာတစ္ဝွိုက္က ေရြ႕လ်ားမွုတစ္ခုခု ခံစားေနရတယ္လို႔ဆိုပါတယ္။ ဆရာဝန္ရဲ့ အႀကံျပဳခ်က္အရ အေရျပားအထူးကုနဲ႔ ထပ္မံျပသၿပီး တတိယေျမာက္ေဆးထိုးၿပီးတဲ့အခါမွာေတာ့ ထိုေျခဖဝါးေနရာတစ္ဝွိုက္မွာ ေရြ႕လ်ားမွုမရွိေတာ့ဘဲ သက္သာေပ်ာက္ကင္းလာပါတယ္။ အဲ့ဒီေနာက္ သူမရဲ့ အေတြ႕အၾကဳံေလးကို အြန္လိုင္းေပၚကေန တစ္ဆင့္ ျပန္လည္မၽွေဝေပးခဲ့ပါတယ္။

အထူးသျဖင့္ ကေလးေတြအေနနဲ႔ လမ္းေလၽွာက္တဲ့အခါ ဖိနပ္ကို ေသေသခ်ာခ်ာစီးဖို႔၊ သူမကဲ့သို႔ မျဖစ္ေအာင္ ခရီးသြားမယ္ဆိုရင္လည္း ဆရာဝန္ေတြ သတ္မွတ္ေပးထားတဲ့ Zentel ေဆးကို ယူေဆာင္သြားဖို႔ အႀကံေပးမၽွေဝထားခဲ့ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here