ကမ်းခြေမှာ Free Style ပုံလေးတွ ရိုက်ချင်သူအတွက် Position လေးတွေ

0
2493

အားလပ်ရက်မှာ ကမ်းခြေတစ်ခုကိုသွားပြီး အပန်းလဲ ဖြေရင်း အမှတ်တရပုံလေးတွေလည်း ရိုက်ဖို့စိတ်ကူးထားသူတွေအတွက် ကမ်းခြေနဲ့ ကိုက်ညီမဲ့ Sexy ကျကျ Position လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Position 1

ရေကူးကန်ဘောင်ပေါ်မှာ အထားကျကျရိုက်မယ်ဆိုရင် ဘေးတစောင်းအနေအထားမျိုးနေပေးရမှာဖြစ်ပြီး ခြေထောက်နှစ်ခုကို ပူးထားခြင်း၊ ထပ်ထားခြင်း မလုပ်ပါနဲ့။ ပုံမှာပြထားသလိုခြေထောက်တစ်ချောင်းက ကုန်းပေါ်မှာဆို တစ်ချောင်းကရေထဲကို ချထားပေးလိုက်ပါ။ ဒီလိုဆို အထားကျကျတဲ့ free style ပုံလေးတစ်ပုံကို ရရှိမှာဖြစ်ပါတယ်။

Position 2

ခုံတံလျားတစ်ခုပေါ်မှာ ရိုက်မယ်ဆိုရင် ကင်မရာရှေ့ကနေ တည့်တည့်ကြီးနေပြီး ကိုယ်ဟန်အနေအထားက တောက်တောက်ကြီး မနေပါနဲ့။ ဒီလိုနေရာမျိုးမှာ ခန္ဓာကိုယ်က အနည်းငယ်စောင်းပြီး ခါးကို အနောက်သို့ အနည်းငယ်နွဲ့ထားပေးပါ။ ပြီးလျှင်ခြေထောက်အနေအထားကလည်း ပုံမှာဖော်ပြထားသလို တစ်ချောင်းကို ထောက်ထားပြီးတစ်ချောင်းကို အရှေ့သို့ ဆင်းထားလိုက်ပါ။

Position 3

ရေထဲကနေရိုက်မယ်ဆိုရင် ဒီလိုပုံလေးက သင့်အတွက် အသင့်တော်ဆုံးပုံလေးပဲဖြစ်ပါတယ်။ ရိုက်တဲ့အခါ ကင်မရာနဲ့ အရမ်းနီးကပ်ပြီး အပေါ်စီးကနေ ရိုက်တဲ့ခါ မျက်နှာအနေအထားက လည်ပင်မပေါ်အောင်ဖြစ်တတ်ပါတယ်။ ဒီအနေအထားမျိုးကသင့်အတွက် ကြည့်မကောင်းပါဘူး။ ဒါ့ကြောင့် ဒီလို​ Position မျိုးရိုက်မယ်ဆိုရင် ကင်မရာကို အပေါ်သို့ အရမ်းမရောက်အောင်ထားပြီး လည်ပင်ကို ပေါ်အောင် ရိုက်ပေးလိုက်ပါ။

Position 4

ကမ်းခြေမှာပဲဖြစ်ဖြစ် ရေကူးကန်မှာပဲဖြစ်ဖြစ် သဘာဝကျတဲ့ ပုံလေးတွေကို လိုချင်ရင် ဓာတ်ပုံရိုက်တဲ့အခါ လူနဲ့ ကင်မရာကို အလယ်မကျဘေးမကျ ခပ်စောင်းစောင်းလေး ယူထားပေးပါ။ တစ်ကိုယ်လုံးကို ထင်ပေါ်အောင် ရိုက်တာထက်မျက်နှာတစ်ခုထဲကို ထင်းနေအောင် ထားပြီး ကျန်တဲ့ ခန္ဓာကိုယ်အပိုင်းတွေကို အနည်းငယ်မှုန်ဝါးနေတာက ပိုပြီး အသက်ဝင်ပါတယ်။

Position 5

ရေထဲကနေ ခေါင်းလေးပဲ ဖော်ထားတဲ့ပုံလေးရိုက်တာ လွယ်တယ်ဆိုပေမဲ့ ကိုယ်ဟန်အနေအထားက မမှန်ရင် မလှပါဘူး။ ဒီလိုရေထဲကနေ ခေါ်ဖော်တဲ့ပုံလေးရိုက်မယ်ဆိုရင် လည်ပင်ပါပေါ်အောင်ရိုက်မှ ကြည့်ကောင်းမှာပါ။ ဒီလိုမှမဟုတ်ပဲခေါ်လေးတစ်ခုပဲဖော်ထားရင်တော့ ရေနစ်နေသလိုဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့် ရေထဲမှာ ခေါင်းလေးပဲ ဖော်ပြီးရိုက်မယ်ဆိုရင် မေးစေ့နဲ့ ရေမျက်နှာပြင်ဟာ အနည်းဆုံး ၄-၆ လက်မလောက် ခွာပြီး ရိုက်ဖို့ လိုအပ်ပါတယ်။

Position 6

မြက်ခင်းပြင်ပေါ်မှာ ဓာတ်ပုံရိုက်မယ်ဆိုရင် ဒူးထောက်ပြီး ရိုက်တာထက်စာရင် ခန္ဓာကိုယ်တစောင်းအနေအထားလေးနဲ့ ခြေထောက်ကို အနည်းငယ် မတင်မကျလေးဆင်းထားပြီး ရိုက်တာက မြက်ခင်းနဲ့ ကိုယ်ဟန်အနေအထားက သဘာဝကျကျနဲ့ကိုက်ညီမှုရှိပါတယ်။

Position 7

ရိုးရှင်းပြီး လှပတဲ့ မတ်တပ်ရပ်အနေအထား ရိုက်မယ်ဆိုရင် ကိုယ်ဟန်အနေအထားက စစ်သားတစ်ယောက်လို တောက်တောက်ကြီးနဲ့ ဒဲ့ကြီး ရပ်နေလို့မရပါဘူး။ ဒီလိုအခြအနေမျိုးမှာ ပုံရိုက်မယ်ဆိုရင် ခန္ဓာကိုယ်ကို အနည်းငယ်စောင်းပြီး ခါးဆစ်လေးတွေပေါ်အော်နေပေးဖို့လိုအပ်ပါတယ်။ မျက်နှာတစ်ခုသာ ကင်မရာဘက်ကို လှည့်ထားပေမဲ့ ခြေထောက်လေးက ပုံမှာပြထားသလို အနည်းငယ်စောင်းစောင်းပြီး လမ်းလျှောက်နေဟန် ကိုယ်ဟန်အနေအထားကို ပြုလုပ်ပေးပါ။

Position 8

ရေထဲမှာ ခြေထောက်ချပြီး ရိုက်ချင်တာပဲဖြစ်ဖြစ်၊ ခုံတန်းလျားလေးမှာ ထိုင်ပြီး ရိုက်ချင်တာပဲဖြစ်ဖြစ် ဒီလိုအနေအထားမျိုးမှာ ခန္ဓာကိုယ်အနေအထားလေးက တင်မလွဲပုံစုံလေး ခန္ဓာကိုယ်ကို အနည်းငယ်စောင်းပြီး ရိုက်ပေးတာက သင့် ပုံစံကို ပိုပြီး ကြည့်ကောင်းစေပါတယ်။

Position 9

Position 10

Position 11

Position 12

#Lifestyle_Myanmar

Credit photo – Bright Side

သာမန်အိမ်တွေထက် ကြီးကျယ်ခမ်းနားတဲ့ ကမ္ဘာ့အကောင်းဆုံး အကျဉ်းထောင်များ

LEAVE A REPLY

Please enter your comment!
Please enter your name here