ကမ္ဘာလှည့်ခရီးသွားတွေ နောက်တစ်ကြိမ် ပြန်လာလိုတဲ့ နေရာ (၇)နေရာ

0
30

ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ရဲ့ အဆိုအရ ပြီးခဲ့တဲ့နှစ်က ကမ္ဘာလှည့်ခရီးသည် ၁.၄ ဘီလီယံအထိ ရှိခဲ့တယ်လို့ သိရပါတယ်။ ခရီးသွားလာမှုတွေ ပိုများလာတဲ့ သဘောပါ။ ခရီးသွားတဲ့သူတိုင်းမှာ ဘယ်နိုင်ငံသွားရင် ဘယ်ကိုရောက်အောင်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးတွေ ရှိကြပြီး မရောက်လိုက်ရတဲ့အခါ ခရီးစဉ်နဲ့ပတ်သတ်ပြီး မတင်းမတိမ်ဖြစ်ခြင်းနဲ့ အဆုံးသတ်ရပါတယ်။ လူကြိုက်များတဲ့ ခရီးသွား ဆွဲဆောင်မှုပေါ် သုံးသပ်ထားတဲ့ စာရင်းများအရ အမြဲတမ်း ပြန်သွားချင်တဲ့ နေရာလေးတွေနဲ့ လူအများစု နောက်တစ်ခေါက် ပြန်မသွားလိုတဲ့ နေရာလေးတွေရှိပါတယ်။ ဒါ့ကြောင့် ယနေ့မှာ စာဖတ်ပရိတ်သတ်တွေကို ခရီးသွားအများစု နောက်တစ်ခေါက်အမြဲတမ်း ပြန်သွားချင်တဲ့ နေရာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

-Advertisement-

၁။ ဘန်ကောက်မြို့ ၊ ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံရဲ့ မြို့တော်ဟာ နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် ဦးရေ အများဆုံးနိုင်ငံဖြစ်ပါတယ်။ တစ်နှစ်လျှင် လူဦးရေ ၂၅သန်းကျော်ရှိပြီး အရေအတွက်က ဆက်တိုးပွားနေပါတယ်။ ဘန်ကောက်ဟာ ခြားနားမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ဘယ်တော့မှ မအိပ်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသည် အများစုက ဒီမြို့နှင့် ပတ်သတ်ပြီး ရီဗျူးကောင်းလေးတွေ ချန်ထားခဲ့ကြပါတယ်။ ဘန်ကောက်ဟာ မှော်ဆန်တဲ့နေရာတစ်ခုပါပဲ။ ဗုဒ္ဓဘာသာရဲ့ တည်ငြိမ်အေးချမ်းမှုနှင့် ခေတ်မီမြို့ပြဘဝကို ထူးခြားစွာ ပေါင်းစပ်ထားတာပါပဲ။ ကျွန်တော်တို့ အဲဒီကို ငါးကြိမ်ရောက်ခဲ့ပြီး နောက်တစ်ခေါက် ပြန်သွားပါဦးမယ်လို့ ဖော်ပြထားပါတယ်။

၂။ ဗီယင်နာ၊ သြစတြီးယား

ဗီယင်နာဟာ ဥရောပရှိ အကြီးမားဆုံး မြို့တစ်မြို့ဖြစ်ပြီး ၎င်းဟာ ဘဝရဲ့ အကောင်းဆုံးအရည်အသွေးရှိသော မြို့များစာရင်းတွင် ထိပ်ဆုံးမှ ရှိပါတယ်။ သြစတြေးယားနိုင်ငံရဲ့မြို့တော်ဟာ အေးဆေးတည်ငြိမ်ပြီး ခမ်းနားထည်ဝါသော နေရာတစ်ခုဖြစ်ပါတယ်။

ဗီယင်နာဟာ လမ်းတိုင်းမှာ သမိုင်းတို့နဲ့ ပြည့်နှက်နေတဲ့ ပြတိုက်ကြီးတစ်ခုလိုပါပဲ။ ဗီယင်နာဟာ အနုပညာသမိုင်းပြတိုက်၊ အဲလ်ဘတ်တီနာပြခန်း၊ Leopold ပြတိုက်နဲ့ Belvedere ပြတိုက် စတဲ့ ပြတိုက်တွေနဲ့ ပြည့်နှက်နေပါတယ်။ တစ်ခေါက်သွားပြီးရင် အားလုံးကို သွားကြည့်ဖို့ဆိုတာ မလွယ်ပါဘူး။. ဒါ့ကြောင့် လူတွေက ဒီမြို့ကို နောက်တစ်ခေါက် ပြန်လာချင်ကြပါတယ်။

၃။ စင်္ကာပူ

စင်္ကာပူဟာ အရမ်းစျေးကြီးတဲ့ မြို့ဖြစ်သော်လည်း ခရီးသွားတွေကြားမှာ အရမ်းနာမည်ကြီးပါတယ်။ ပြီးခဲ့တဲ့နှစ်က လူ ၁၅သန်းခန့် လာရောက်လည်ပတ်ခဲ့ပါတယ်။ ပင်လယ်နှင့် မနီးမဝေးမှာ တည်ရှိသော်လည်း စင်္ကာပူဟာ အပန်းဖြေစခန်း ဖွင့်တဲ့ မြို့မဟုတ်ပါဘူး။ Feng Shui စည်းမျဉ်းတွေနဲ့ အညီတည်ဆောက်ထားတဲ့ ခေတ်ဆန်လွန်းတဲ့ မိုးမျှော်တိုက်တွေ၊ သန့်ရှင်းနေတဲ့ ပန်းခြံတွေ၊ ကမ္ဘာကအကြီးဆုံး ဖယ်ရီဘီးတွေနဲ့ အပတ်စဉ်ပွဲတော်တွေက ကမ္ဘာလှည့်ခရီးသည်တွေ ဒီမြို့ကို လည်ပတ်လို့ ဘယ်တော့မှ ငြီးငွေ့စရာ မရှိတဲ့ အကြောင်းရင်းဖြစ်ပါတယ်။

၄။ ဖလောရင့်စ်၊ အီတလီ

အတိတ်ကာလမှာ ဖလော့ရင့်စ်ဟာ ဥရောပရဲ့ ယဉ်ကျေးမှု ဗဟိုချက်ဖြစ်ခဲ့ပြီး Renaissance ရဲ့ ပုခက်ဖြစ်လာခဲ့ပါတယ်။ လီယိုနာဒို ဒါဗင်ချီ၊ မီရှန်ဂဲလို၊ ဒန်၊ ဂယ်လီလီယိုနှင့် အခြားထူးခြားတဲ့ လူများစွာဟာ ဒီမှာနေထိုင်ပြီး အလုပ်လုပ်ခဲ့ကြတာကြောင့် ဒီမြို့ရှိလေထုဟာ special atmosphere တစ်ခုနှင့်အတူ ပြည့်နှက်နေပါတယ်။

နှစ်စဉ် လူပေါင်း ငါးသန်း လာရောက်လည်ပတ်သော်လည်း Tuscany ရဲ့မြို့တော်ဟာ ခေတ်ရေစီးကြောင်းနေရာမဟုတ်ပါဘူး။ ကမ္ဘာ့အကျော်ကြားဆုံး လက်ရာများနှင့် ပြည့်နေတဲ့ မြို့ဖြစ််ပြီးိ အရာအားလုံးကို တစ်ပြိုင်နက်တည်း မြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

၅။ နယူးယောက် ၊ ယူအက်အေ

နယူးယောက်ဟာ Friends နဲ့ Sex and the City လို လူကြိုက်များဆုံးရုပ်ရှင်တွေ၊ တီဗီရှိုးတွေရဲ့ အဓိက focus ဖြစ်ပါတယ်။ ဒါက လူအများစုအတွက် အိမ်မက်တစ်ခုဖြစ်တဲ့ “The Big Apple” ကို ဘာ့ကြောင့် အလည်သွားကြသလဲဆိုတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ နိုင်ငံခြားခရီးသွား ၁၃သန်းကျော် နှစ်တိုင်းလာရောက်တဲ့နေရာလည်းဖြစ်ပါတယ်။

၆။ လစ္စဘွန်း၊ ပေါ်တူဂီ

World Travel Awards ရဲ့ ဂျူရီက လစ္စဘွန်းကို ၁၉၉၉ခုနှစ်မှာ ဥရောပခရီးသွားလုပ်ငန်းအတွက် အကောင်းဆုံးနေရာလို့ သတ်မှတ်ခြံပါတယ်။ လွန်ခဲ့သော ၁၀ နှစ်အတွင်း မြို့တော်ဟာ ဆု ၄ကြိမ်ရရှိခဲ့ပါတယ်။ ဆုအားလုံးရှိသော်လည်း မြို့ဟာ လူစုလူဝေးတွေနဲ့ ပြည့်နှက်နေတဲ့ နေခြင်းမရှိပါဘူး။ လစ္စဘွန်းဟာ အနောက်ဥရောပရဲ့ နောက်ဆုံးမြို့တော်ဖြစ်ပြီး ခရီးသွားလုပ်ငန်းဟာ ကျယ်ပြန့်စွာ မပျံ့နှံနိုင်သေးပါဘူး။

သို့သော် ဒါက ပေါ်တူဂီရဲ့ မြို့တော်ကို လာရောက်ဖို့ တစ်ခုတည်းသော အကြောင်းရင်းမဟုတ်ပါဘူး။ သမုဒ္ဒရာလေ၊ သဲကျောက်ဖြူတွေနဲ့ သွယ်ထားတဲ့ လမ်းများ၊ အံ့သြဖွယ်ကောင်းတဲ့ ဗိသုကာ၊ အဝါရောင် သံလမ်းရထားများနှင့် ပျော်ရွင်ဖွယ် ကောင်းသော နေထိုင်သူများစတဲ့ ဒီအရာတွေက ကမ္ဘာလှည့်ခရီးသည်တွေကို သံလိုက်လို ဆွဲဆောင်ထားပါတယ်။

1611B-92 : Lisbon – Canaries Cruise, November 2016

၇။ လိုင်ယွန်၊ ပြင်သစ်

ကမ္ဘာလှည့်ခရီးသည်များဟာ ပြင်သစ်ကိုသွားဖို့ စီစဉ်တဲ့အခါ လိုင်ယွန်အကြောင်းကို မကြာခဏ မေ့နေတတ်ကြပါတယ်။ ဒါပေမယ့် gastronomy ရဲ့မြို့တော်လို့ စဉ်းစားကြပါတယ်။ ထို့အပြင် သုတေသနအရ ဒီမြို့ဟာ ပြင်သစ်မှာနေထိုင်ဖို့ ဆွဲဆောင်မှု အရှိဆုံးနေရာဖြစ်ပါတယ်။
လိုင်ယွန်ဟာ အချစ်ဇာတ်လမ်းနှင့် မိသားစုခရီးစဉ်နှစ်ခုစလုံးအတွက် အကောင်းဆုံးဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ လည်ပတ်ဖို့ မဖြစ်နိုင်တဲ့ သမိုင်းဝင်အထိမ်းအမှတ် အဆောက်အဦးများ၊ လမ်းများ၊ စားသောက်ဆိုင်များနဲ့ ပြည့်နှက်နေပါတယ်။

စာဖတ်ပရိတ်သတ်ကြီးအတွက် ခရီးသွားတွေ နောက်တစ်ကြိမ် ပြန်လာခဲတဲ့ နေရာ (၇)နေရာကို ဆက်ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်ဖတ်ပေးပါဦးနော်။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here