ကမ္ဘာလှည့်ခရီးသည်တွေ နောက်တစ်ခေါက် သွားမလည်ချင်ကြတဲ့ နေရာများ

0
368

တချို့နာမည်ကြီး ခရီးသွားဆိုဒ်တွေဟာ သူတို့ရဲ့ လက်ကမ်းစာစောင်ထဲမှာ ခရီးစဉ်တွေကို သွားလည်ချင်စရာ ကောင်းအောင် ညွှန်းထားတတ်ကြပါတယ်။ ဒါပေမယ့် သွားလည်တဲ့အခါ ကိုယ့်ရဲ့ မျှော်လင့်ချက်တွေက ခရီးစဉ်ရဲ့ အထင်အမြင် တစ်ခုလုံးကို ပျက်စီးစေနိုင်တာ ရှိပါတယ်။ ခရီးသွားသူအများစုက ကိုယ်နှစ်သက်တဲ့ ခရီးစဉ်ဆိုရင် နောက်တစ်ခေါက် ပြန်သွားချင်ကြပေမယ့် အောက်မှာဖော်ပြထားတဲ့နေရာတွေကတော့ နောက်တစ်ခေါက် ပြန်မသွားချင်လောက်အောင် ခရီးသွားဧည့်သည်တွေကို စိတ်ပျက်စေတဲ့ နေရာတွေပါ။

-Advertisement-

၁။ အီတလီရှိ Verona ကဂျူလီယက် ရုပ်ထု

ဒဏ္ဍာရီအရ ဂျူလီယက်ရဲ့ လက် (သို့) ညာဘက်ရင်ဘက်ကို ထိခြင်းက ကိုယ့်ဆီကို စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေရောက်လာလိမ့်မယ်လို့ ဆိုပါတယ်။ ရုပ်ထုရဲ့ နားမှာ အမြဲတမ်းလိုလို ခရီးသွားဧည့်သည်တွေ ပြည့်နေလေ့ရှိပါတယ်။ ထောင်ပေါင်းများစွာသော အချစ်ရှာဖွေသူ ခရီးသွားဧည့်သည်တွေရဲ့ ထိတွေ့မှု ၊ လက်ဆွဲမှုတွေကြောင့် ရုပ်ထုရဲ့ ရင်ပတ်နှင့် လက်ကောက်ဝတ်တွေဟာ ပျက်စီးခဲ့ရပါတယ်။

၂။ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်ရှိ ရေသူမရုပ်

ယခင်က ဒိန်းမတ်စာရေးဆရာ Hans Christian Andersen ရဲ့ ပုံပြင်ထဲမှ ရေသူမလေးဟာ ကိုပင်ဟေဂင်ဆိပ်ကမ်းရဲ့ ကျောက်တုံးပေါ်မှာ တည်ရှိပါတယ်။ ဒီနေ့ခေတ်မှာ ဒီရုပ်ထုကို ကြည့်ရဖို့ မလွယ်တော့ပါဘူး။ ၂၀၀၇ခုနှစ်မှာ ကိုပင်ဟေဂင် အရာရှိများက ခရီးသွားဧည့်သည်တွေ တတ်ခြင်းနှင့် ဖျက်ဆီးခြင်းမှ တားဆီးဖို့ ဒီရုပ်ထုကို မီတာအတော်ဝေးဝေးရှိတဲ့ နေရာကို ရွှေ့ပြောင်းလိုက်ပါတယ်။
ခရီးသွားဧည့်သည်တွေကို တကယ် စိတ်ပျက်စေတာကတော့ ရုပ်ထုရဲ့ အရွယ်အစားပါ။ ခရီးသွားတွေဟာ ကြီးကျယ်ခမ်းနားတဲ့ အထိမ်းအမှတ် အဆောက်အဦးကို ကြည့်ဖို့ မျှော်လင့်ထားကြပေမယ့် အမြင့် ၁.၂၅ မီတာ(၄.၁ပေ)သာရှိတဲ့ ရေသူမရုပ်ထုကိုသာ တွေ့မြင်ရပါတယ်။

၃။ အင်္ဂလန်၊ လီဗာပူးလ်ရှိ The Beatles Story

ဒီနာမည်ကြီး bandရဲ့ ဖန်အစစ်တွေကတော့ သူတို့အကြိုက်ဆုံး ဂီတသမားတွေရဲ့ အကြောင်းကို ဘာမှရှာတွေ့ရမှာ မဟုတ်တာကြောင့် ဒီပြတိုက်ကို အရမ်းစိတ်ပျက်ကြပါလိမ့်မယ်။ ဒီနေရာမှာ တီးဝိုင်းအဖွဲ့ဝင်တွေနဲ့ သက်ဆိုင်တဲ့ ပစ္စည်းအနည်းသာရှိပြီး ထိုပြတိုက်မှာ မျှဝေထားတဲ့ အကြောင်းအရာအားလုံးက အများပြည်သူ သိထားပြီးသားတွေပဲဖြစ်ပါတယ်။ ဝင်ကြေး ၁၅ယူရို(ခန့်မှန်းခြေ ဒေါ်လာ ၂၀) ပေးရတဲ့ ဒီပြတိုက်ဟာ ခရီးသွားတွေရဲ့ အချိန်နှင့် ငွေတွေ ပေးရကျိုးမနပ်တဲ့ နေရာဖြစ်ပါတယ်။

၄။ ဂျာမနီ၊ ဘာလင်တီဗီတာဝါ

ဘာလင်ရှိ အမြင့်ဆုံးအဆောက်အအုံမှ နက္ခတ်တာရာကြည့်မျှော်စင်ဟာ ၂နာရီနီးပါး အတန်းရှည်ကြီး စောင့်ဆိုင်းရတဲ့ ခရီးသွား ဧည့်သည်တွေရဲ့ မျှော်လင့်ချက်နှင့် မကိုက်ညီပါဘူး။ တခါတရံမှာ line ticket ကို ကျော်ဖို့အတွက် ယူရို ၁၆.၅၀ ပေးရပါတယ်။
ညစ်ပတ်နေတဲ့ ပြတင်းပေါက်တွေ၊ များပြားတဲ့ ခရီးသွားဧည့်သည်တွေ နှင့် စျေးအရမ်းကြီးတဲ့ တီဗီမျှော်စင်ဘားဟာ ကမ္ဘာလှည့်ခရီးသည်တိုင်းအတွက် အကြီးအကျယ်စိတ်ပျက်စရာ ဖြစ်ပါတယ်။

၅။ အိုင်ယာလန်နိုင်ငံ၊ Dublin မှာရှိတဲ့ Temple Bar

ခရီးသွားအေဂျင်စီတွေကတော့ Temple Bar ဟာ Dublin ကိုသွားတဲ့အခါ မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့ နေရာလို့ ဆိုခဲ့ကြပါတယ်။ ညနေခင်းတွေမှာ ဘားကိုဝင်ဖို့ နာရီပေါင်းများစွာ အမြဲတမ်း တန်းစီစောင့်ရပါတယ်။
ဒီဘားဟာ အရမ်းအလုပ်များပြီး လူများစွာပြည့်နေတာကြောင့် ဝန်ထမ်းတွေအနေနဲ့ စားပွဲတွေကို သန့်ရှင်းရေးလုပ်ဖို့၊ အော်ဒါကောက်ဖို့ စီမံနိုင်ခြင်း မရှိသလောက်ပါပဲ။ ဘားဟာ စျေးအရမ်းကြီးပေမယ့် ဒေသခံတွေကြားမှာ ရေပန်းမစားပါဘူး။

၆။ ပြင်သစ်နိုင်ငံ ရှိ ပီကာဆိုပြတိုက်

ကမ္ဘာကျော်စပိန် အနုပညာရှင် ပါဘလို ပီကာဆိုရဲ့ လက်ရာတွေကို သွားကြည့်ဖို့ ဆုံးဖြတ်ထားရင် Antibes မြို့ဟောင်းရှိ သူ့ပြတိုက်မှာ တစ်နာရီလောက်ကြာအောင် အချိန်ပေးနိုင်ရပါမယ်။ သင့်အတွက်တော့ သွားလည်ရကျိုးနပ်မှာ မဟုတ်ပါဘူး။ ခင်းကျင်းပြသထားတဲ့ စုဆောင်းမှုတွေထဲမှာ အနုပညာရှင်ရဲ့ ပုံကြမ်းတွေနဲ့ ကြွေပြားတွေသာ ပါဝင်ပါတယ်။ ပီကာဆိုရဲ့ အနုပညာ သုတေသီတွေသာ ပိုစိတ်ဝင်စားပါလိမ့်မယ်။

၇။ အင်ဒိုနီးရှား၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံရှိ ကမ်းခြေများ

ထိုင်း၊ အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံရှိ ကမ်းခြေတွေကို အားလပ်ရပ်ခရီးသွားတဲ့ လူအများစုဟာ ဟိုတယ်ဧရိယာထဲက မထွက်ချင်ကြပါဘူး။ ပင်လယ်နှင့် ကမ်းခြေတစ်ဝိုက်ဟာ အရမ်း ညစ်ပတ်တာကြောင့်ဖြစ်ပါတယ်။ စိတ်အနှောက်အယှက်အဖြစ်ဆုံးကတော့ ခရီးသွားဧည့်သည်တွေသာမက ဒေသခံများကိုယ်တိုင်က ပင်လယ်ကမ်းခြေတွေကို ညစ်ညမ်းစေတာပဲ ဖြစ်ပါတယ်။

၈။ ယူအက်စ်၊ နယူးယောက်ရှိ Times Square

(သင်ထင်ထားသလောက် မကြီးမားတဲ့) Times Square မှာလမ်းလျှောက်မယ်ဆိုရင် ဒီနေရာကို လာရောက်လည်ပတ်လိုသူ အများအပြားကြောင့် စိတ်ပျက်သွားနိုင်ပါတယ်။ အဲ့ဒီနေရာဟာ မြန်မြန်ညစ်ပတ်လာပြီး ဆွဲဆောင်မှုမရှိတော့ပါဘူး။

၉။ ဘာလီရှိ Ubud စပါးခင်းများ

ကျော်ကြားတဲ့ အဆင့်မြင့်ဆန်စပါးစိုက်ခင်းတွေဟာ ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ အကြိုက်ဆုံးနေရာတစ်ခုဖြစ်ပါတယ်။ ဝင်ကြေး( ရူပီယာ ၁၀၀၀၀=$1)၊ ဓါတ်ပုံရိုက်ရင်( ရူပီယာ ၂၀၀၀၀=$1.50) ဒန်းစီးမယ်ဆိုရင် (ရူပီယာ ၁၀၀၀၀၀= $7) ပေးရတာကြောင့် ခရီးသွားဧည့်သည်တွေ ပိုက်ဆံဖြုန်းရတဲ့ အကြောင်းရင်း ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် ဒန်းတွေဟာ အရမ်းနိမ့်တဲ့နေရာတွေမှာရှိပြီး ခရီးသွားဧည့်သည်တွေ အများအပြားရှိတာကြောင့် လမ်းကျဉ်းကျဉ်းလေးတွေမှာ လမ်းလျှောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ရှိပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here