ကမ္ဘာပေါ်က အမျိုးသမီးတိုင်း ချစ်သူဆီက မျှော်လင့်တောင့်တတတ်တဲ့ အရာလေးများ

0
563

အမျိုးသမီးတွေရဲ့စိတ်ဟာ လှို့ဝှက်ဆန်းကြယ်ပြီး ရှုပ်ထွေးပွေလီလှကြောင်း ဒဿနပညာရှင်များစွာက မှတ်ချက်ပေးခဲ့ကြပါတယ်။ ဆရာကြီးပီမိုးနင်းကိုယ်တိုင်တောင် မိန်းမစိတ်ကျမ်းဆိုတဲ့ စာအုပ်ကြီးပြုစုရေးသားခဲ့တာပါ။ အမျိုးသားအများစုကတော့ အမျိုးသမီးတွေရဲ့ စိတ်ဟာရှုပ်ထွေးလွန်းပြီး ခန့်မှန်းရခက်တာကြောင့် သူတို့ဘာကိုလိုချင်တယ်ဆိုတာကို သိဖို့ဆိုတာ ဖြစ်နိုင်ချေမရှိဘူးလို့ ယုံကြည်ကြပါတယ်။ မိန်းကလေးတွေရဲ့စိတ် ဘယ်လောက်ပဲရှုပ်ထွေးပါစေ အချစ်နဲ့ပတ်သတ်လာရင်တော့ တူညီတဲ့စိတ်တွေ ရှိနေကြတယ်ဆိုရင် မအံ့သြပါနဲ့။ ယခုဖော်ပြမယ့် အချက်တွေက မိန်းကလေးတိုင်း ချစ်သူဆီကနေ မျှော်လင့်နေတတ်တဲ့ အရာတွေကို ဖော်ထုတ်ပေးပါလိမ့်မယ်။
၁။ လေးစားမှု
ကမ္ဘာပေါ်မှာရှိတဲ့ လူအားလုံးလေးစားမှုကို လိုချင်ကြတာဟာ အမှန်တရားတစ်ခုပါ။ ဒါပေမယ့် အမျိုးသမီးတွေကတော့ သူတို့ရဲ့လက်တွဲဖော်ဆီက လေးစားခံရမှုဟာ နည်းလွန်းလှကြောင်း ထုတ်ဖော်ပြောခဲ့ကြပါတယ်။ တကယ်လည်း ကမ္ဘာကြီးမှာ ဟိုးအရင်ကတည်းက အမျိုးသမီးတွေဟာ အလိုလိုနောက်တန်းပို့ခံရပြီး ဓလေ့တွေ၊ ယဥ်ကျေးမှုတွေ၊ ဘာသာရေးတွေကြောင့် အမျိုးသားတွေထက် လေးစားခံရမှု လျော့နည်းခဲ့ကြပါတယ်။ တကယ်တော့ အမျိုးသားနဲ့အမျိုးသမီးဟာ ဥာဏ်ရည်ပိုင်းနဲ့ တာဝန်ယူနိုင်မှု တူညီကြတာကြောင့် တန်းတူပဲဖြစ်သင့်တယ်လို့ ယုံကြည်ပါတယ်။ Relationship မှာလည်း ထို့အတူပါပဲ။ အမျိုးသမီးတွေဟာ ချစ်သူဆီကနေ သူတို့ကိုလေးစားစွာဆက်ဆံပြီး နေရာပေးဖို့ကို ထုတ်မပြောပေမယ့် အမြဲတမ်းမျှော်လင့်နေကြတာပါ။

၂။ အာရုံစိုက်ခံရမှု
ချစ်သူရဲ့အာရုံစိုက်ခံရမှုကို မလိုချင်တဲ့မိန်းကလေး ဘယ်မှာရှိမှာလဲ။ ဒါကြောင့် ထိတွေ့ခြင်း၊ ဖက်ခြင်း၊ တစ်နေ့တာအတွင်း စကားတွေပြောပေးခြင်းကို အလေ့အကျင့်တစ်ခုလို ပြုလုပ်ပေးရင် သင့်ကိုပိုပိုပြီးချစ်လာမှာ အသေအချာပါပဲ။ ဒီအရာလေးက သင်တို့နှစ်ယောက်ရဲ့ နှောင်ကြိုးလို့ ယုံကြည်ထားလိုက်ပါ။

၃။ ရိုးသားမှု
အဆင်ပြေနေတဲ့ relationship တိုင်းကိုကြည့်လိုက်ရင် လေးစားမှုလိုပဲ ရိုးသားမှုကလည်း ထပ်တူကြနေတာကို သင်တွေ့ရမှာပါ။ ရိုးသားမှုကို ချစ်သူနှစ်ဦးသားလုံး အလေ့အကျင့်တစ်ခုလိုမွေးမြူမယ်ဆိုရင် ခိုင်မြဲစွာလက်တွဲနိုင်ပါလိမ့်မယ်။ တကယ်လို့ သူမက သင့်ကိုမေးခွန်းတစ်ခုမေးလာတဲ့အခါ အမြဲတမ်းရိုးသားစွာဖြေပါ။

၄။ ပျော်စရာ
သင်အချစ်အကြောင်းတွေးလာတဲ့အခါ၊ သို့မဟုတ်လက်ထပ်ပြီးသူမနဲ့ အတူတူကလေးတွေမွေးလာတဲ့အခါ၊ အတူတူအိုမင်းလာတဲ့အခါမှာ လူတွေဘာကြောင့် အိမ်ထောင်ပြုတယ်ဆိုတဲ့ မေးခွန်းအကြောင်းကို သင်တွေးတော့မှာမဟုတ်ပါဘူး။ ချစ်သူနဲ့လက်တွဲတယ်၊ လက်ထပ်တယ်ဆိုတာဟာ တကယ်တော့ ပျော်စရာတွေကို မျှဝေခံစားဖို့ပါပဲ။ ကောင်မလေးပဲဖြစ်ဖြစ်၊ အဖွားကြီးပဲဖြစ်ဖြစ် ချစ်သူနဲ့အတူ ပျော်စရာတွေဖန်တီးရတာကို ခုံမင်တယ်ဆိုတာ မမေ့ပါနဲ့။

၆။ ရိုမန်တစ်
ဆင်းဆင်းရဲရဲ၊ ချမ်းချမ်းသာသာ ဘယ်လိုအမျိုးသမီးပဲဖြစ်ဖြစ် ချစ်သူရဲ့ရိုမန်တစ်ဆန်မှုကို လိုလားကြပါတယ်။ သူတို့ရဲ့နှုတ်ကဖွင့်မပြောကြပေမယ့် သူများအတွဲတွေရိုနေကြတာတွေ့ရင် သင်လည်းသူအပေါ်ယခုလိုပြုမူဖို့ မျှော်လင့်တောင့်တနေတတ်တာကို သတိရပေးပါ။ ငွေကြေးအကုန်အကျခံပြီး ရိုမန်တစ်မဆန်ပေးနိုင်ရင်တောင်မှ ပန်းစည်းတခု၊ အနမ်းတပွင့်နဲ့တင် ကျေနပ်ပါလိမ့်မယ်။
LM_Naung_Naung
Lifestyle_Myanmar

၁။ လေးစားမှု

၂။ အာရုံစိုက်ခံရမှု

၃။ ရိုးသားမှု

၎။ ပျော်စရာ

၆။ ရိုမန်တစ်
LM_Naung_Naung
Lifestyle_Myanma

LEAVE A REPLY

Please enter your comment!
Please enter your name here